← Chapters

အခန်း ၅၅၁

Vol. 37 Ch. 551

အခန်း ၅၅၁

Vol. 37 Ch. 551

အခန်း ( ၅၅၁ ) ခန္ဓာကိုယ်တွင်း အပူဓာတ်များခြင်း။

ဟောက်ချန်ဟွမ်းကတော့ သူနှင့် သူ့ဇနီးလေးရဲ့ ညစာကို ရုတ်တရက် ကြားဝင်နှောင့်ယှက်လာသော လူစုကို သိပ်ပြီး ကြည်ကြည်လင်လင် မရှိတော့။ ထိုလူစုကို ညစာ ဝင်စားဖို့ ဖိတ်ခေါ်နေသော စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ သူ့မျက်နှာက မည်းမှောင်သွားပြီး စိတ်မပါလက်မပါ ပုံစံ ဖြစ်သွားခဲ့သည်။

စုယန်ယန်က သူ ဘာတွေးနေမှန်း သိသည်။ သူမ သူ့လက်ကို အရင် ဆုပ်ကိုင်လိုက်၏။ “ သွားစားရအောင်။ ကျွန်မ ဒီနေ့ အရသာရှိတဲ့ ဟင်းပွဲ အသစ် နည်းနည်းပါးပါး ချက်ထားတယ်။ ရှင် မစားရင် ကျွန်မ ချက်ရကျိုးမနပ်ဘူး။ ”

ဟောက်ချန်ဟွမ်း ချက်ချင်းလက်ငင်း စိတ်ပြောင်းသွား၏။

အဲ့ဒီဟင်းလျာတွေကို သူ့အတွက် ပြင်ဆင်ပေးထားတယ် ဆိုတာ အသိအသာပဲလေ ၊ ဘာလို့ သူက ဒီအပြင်လူတွေကို စားခွင့်ပြုရမှာလဲ။ သူ ခဏနေရင် များများလေး ပိုစားရမယ် … ။

မစ်စ်ကျန်းက ထိုနှစ်ယောက်ကြားမှ ဆက်ဆံပုံကို ကြည့်ကာ အရင် အံ့ဩသွားပြီးမှ ဟောက်ချန်ဟွမ်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

တိတိကျကျ ပြောရမည် ဆိုလျှင် သူမက ဟောက်ချန်ဟွမ်းရဲ့ ပြန်သက်သာလာသော ခြေထောက်တွေကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေတာ ဖြစ်သည်။

သူ တကယ်ကြီး … ပြန်သက်သာတာလာပဲ။

သခင်ကြီးကျန်းနှင့် ဟောက်ချန်ဟွမ်းရဲ့ အဖေက သူငယ်ချင်းဟောင်းတွေပါ။ ထိုဆက်ဆံရေးကြောင့် Juan Qingrun ဟာ ဟောက်ချန်ဟွမ်းကို သူမ ကလေးဘဝတုန်းက တွေ့ဖူးသည်။ သူမက သူ့ကို ဦးလေးဟောက်လို့တောင် ခေါ်ဖူးပါသည်။

ပြဿနာထဲ ဟောက်မိသားစု ကျရောက်နေချိန်မှာ သူမအသက် ဆယ်နှစ်သာ ရှိသေးရဲ့။ သူမရဲ့ အဘိုးက ပြဿနာ တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ နေ့စဉ်နေ့တိုင်း မျက်မှောင်ကြုတ်နေခဲ့တယ် ဆိုတာကိုပဲ သူမ မှတ်မိသည်။

အဲ့ဒီ နှစ် အပိုင်းအခြားတွေ ကျော်လွန်သွားတော့မှ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေကို သူမ သိရတာ ဖြစ်သည်။ သူတို့ကုမ္ပဏီကို စိတ်ရှုပ်စရာကောင်းသော ဦးလေးဟောက်က လွှဲပြောင်းယူခဲ့ကာ ကြည့်ကောင်းသော ဦးလေးဟောက်ကတော့ အက်ဆီးဒင့် တစ်ခုကြောင့် ခြေထောက်အကြောသေသွားပြီး ဘယ်တော့မှ နောက်တစ်ကြိမ် လမ်းမလျှောက်နိုင်တော့။

ထိုအချိန်တုန်းကတော့ သူ့မြေးမလေးဟာလည်း နှစ် အနည်းငယ် အကြာမှာ အဲ့ဒီလို ကံမကောင်းသူတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကျန်းချင်းရို့သည် ကုန်ဆုံးသွားသော နှစ်တွေအလိုက် များစွာ အသက်ကြီးလာခဲ့ပြီ ဖြစ်သည့် အဘိုးဖြစ်သူကို ကြည့်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်၏။

ထိုသို့ ကိုင်ထားရင်း သူမ မတော်တဆ ဖြစ်ခဲ့တဲ့ အချိန်အကြောင်း ပြန်တွေးကြည့်မိသည်။ အဲ့ဒီတုန်းက သူမရဲ့ အဘိုးဟာ ဆေးရုံခုတင်ပေါ်မှာ ညတိုင်း သူမ မသိအောင် တိတ်တိတ်လေး ကျိတ်ငိုနေခဲ့ရှာသည်။ အဘိုးက သူမ အိပ်ပျော်သွားပြီ ဟူသော အထင်ဖြင့် တိုးတိတ်စွာ နောင်တရလျက် အရင်တုန်းက သူ လုပ်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်တွေကြောင့် ဝဋ်ပြန်လည်တာပဲဟု တွေးတောနေတတ်သည်။

ကျန်းချင်းရို့ကတော့ သူမက အဘိုးရဲ့ မြေး ဖြစ်နေသော်လည်း ဒါကို ဝဋ်လည်တာလို့ မထင်််မိပါ။ ဟိုးအရင်တုန်းက အဘိုးဟာ သူမနှင့် သူမမောင်လေးကို ကာကွယ်ရန် အတွက် တစ်ကိုယ်ကောင်းဆန်ခဲ့ရတာမို့ သူမက အခုလို အဖြစ်အပျက်နှင့် ထိုက်တန်ပါသည်။

“ သွားရအောင်လေ အဘိုး။ ”

သခင်ကြီးကျန်းက သူ့မြေးမလေးကို နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် တိုးညင်းစွာ ပြန်ပြောကာ သူမလေးရဲ့ လက်ကို ဖွဖွ ဆွဲ၍ ခေါ်လာခဲ့လိုက်၏။

စုယန်ယန်က ညစာစားချိန်မှာ တခြား လူတွေပါ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ ပြင်ဆင်ထားသော ဟင်းလျာ အများစုက ဟောက်ချန်ဟွမ်း အတွက် သင့်တော်သည်။

“ ချန်ဟွမ်းက အခုတလော ခန္ဓာကိုယ်တွင်း အပူဓာတ်တွေ တော်တော် များနေလို့ သူ ဒီည ပေါ့ပေါ့ပါးပါးပဲ စားမှာရယ်။ ရှင်တို့ ကြိုက်ပါ့မလားတော့ ကျွန်မ ‌မသေချာဘူး။ ”

ဟောက်ချန်ဟွမ်း : “ … ” ဒါပေါ့ ၊ ဒီဟင်းလျာတွေကို သူ့အတွက် ချက်ထားတာပဲလေ … ။

“ သူ တော်တော်လေး အပူကြီးနေတာလား။ ” သခင်ကြီးကျန်းတို့ သုံးယောက်က ဟောက်ချန်ဟွမ်းကို နူးညံ့သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ကျန်းချန့်ဝမ်က သခင်လေးကျန်းကို သေသေချာချာ စိုက်ကြည့်နေသည်။ ဟောက်ချန်ဟွမ်း အပူကြီးနေတယ် ဆိုတဲ့ အထောက်အထားကို လိုက်ရှာနေသကဲ့သို့ ဟောက်ချန်ဟွမ်းကို ခေါင်းစခြေဆုံး ကြည့်နေတာပင်။ ညစာ စားနေရင်း ဟောက်ချန်ဟွမ်း တစ်ယောက် ရုတ်တရက်ကြီး ‌ဒေါသပေါက်ကွဲကာ ပါးစပ်ထဲကနေ မီးလုံးတွေ မှုတ်ထုတ်လိုက်မှာကို သူ စိုးရိမ်သည်။

ဟောက်ချန်ဟွမ်းသာ သူ တွေးနေတဲ့ အတွေးတွေကို သိသွားလျှင် သူ့ကို ချက်ချင်း ထပြီး ကျိန်ဆဲလောက်သည်။

ဟောက်ချန်ဟွမ်းက အပူကြီးနေတာ မှန်သော်လည်း သူဟာ မီးလုံးတွေ မှုတ်ထုတ်တဲ့ နဂါး တစ်ကောင်တော့ မဟုတ်ရပါ။

All Chapters