Chapters

အခန်း ၅၅၄

Vol. 37 Ch. 554

အခန်း ၅၅၄

Vol. 37 Ch. 554

အခန်း ( ၅၅၄ ) နှလုံးသားဖြူစင်သူ။

စုယန်ယန်က မျက်ခုံးပင့်ကာ အတည်ပြုသည့်အနေဖြင့် မေးလိုက်သည်။ “ ဒါဆို ဦးလေးက … ”

“ အဆင်ပြေတယ် ဆိုရင် အမြန်ဆုံး ကုသမှုခံယူတာက အကောင်းဆုံးပါပဲ။ ”

“ ကောင်းပါပြီ။ ဒါဆို ဒီည စကြတာပေါ့။ နေရာထိုင်ခင်း ကိစ္စကို ရှင်တို့ဘာသာ စီစဉ်လို့ ရပါတယ်။ ”

ကျန်းချန်းဝမ်က တအံ့တဩ ဝင်ပြောသည်။ “ ဒီညလား … ။ ”

စုယန်ယန်က သူ့ကို လှည့်ကြည့်လိုက်၏။ “ ဘာဖြစ်လို့လဲ။ အရမ်း လောနေတယ်လို့ ရှင် ထင်လို့လား။ ဒါဆို ကျွန်မတို့ ရက် နည်းနည်းလောက် ရွေ့ဆိုင်းထားကြမလား။ ”

“ မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ၊ ကျွန်တော် ပြောတာ အဲ့လို သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ခင်ဗျား လုံလုံလောက်လောက် မပြင်ဆင်ရသေးမှာကို ကျွန်တော် စိုးရိမ်လို့ပါ။ ”

သူ့အစ်မက ခန္ဓာကိုယ်အောက်ပိုင်း အကြောသေနေတာလေ။ အကြိမ် အနည်းငယ်လောက် ကိုင်ကြည့်ရုံနဲ့ သူမ ကုသနိုင်ပါ့မလား … ။

“ ကျွန်မ ဘာတွေ ပြင်ဆင်ရမှာလဲ။ ရှင့်ညီမရဲ့ ရောဂါကို မကုသခင် ကျွန်မ ရေမိုးချိုး ၊ အဝတ်အစားလဲဖို့ လိုတယ်လို့တော့ မပြောနဲ့နော်။ အဲ့စည်းမျဉ်းတွေ အကုန်လုံးက ဘယ်ကနေ ရောက်လာတာလဲ။ ”

ကျန်းချန်းဝမ် : “ … ” ဒါ ဘယ်လောက်တောင် ရှုပ်ထွေးလိုက်တဲ့ သဘောထားကြီးလဲ။ သူမ ဒီစကားမျိုး ပြောလိုက်တော့ သူမရဲ့ ပုံစံက ပိုလို့တောင် မယုံကြည်ရတဲ့ ပုံစံ ပေါက်သွားပြီ။

စုယန်ယန်ကတော့ သူ ဘာတွေးနေလဲ ဆိုတာကို ဂရုမစိုက်။ သူမ တံခါးနား သွားကာ အော်ပြောလိုက်သည်။ “ ဦးလေးကျန်းရေ ၊ ကျွန်မကို သေတ္တာလေး ကူ,မပေးပါဦး။ ”

“ လာပြီ။ ”

ဦးလေးကျန်းက ချက်ချင်း ရောက်လာပြီး သူမအတွက် သေတ္တာကို ကူသယ်ပေးခဲ့သည်။

သေတ္တာလေးထဲမှာ စုယန်ယန်ရဲ့ အပ်စိုက်ကုထုံး ကိရိယာ အစုံအလင်သာမက မီးခိုးငွေ့နှင့် အပူပေး ကုသရာတွင် သုံးသော ပစ္စည်း ကိရိယာများကဲ့သို့ ကိရိယာတွေလည်း ရှိသည်။

“ အယ် … ဖြည်းဖြည်း … ။ ”

“ မကြောက်ပါနဲ့။ အပ်ရဲ့ ပုံစံက ကြောက်စရာကောင်းပေမဲ့ အစ်မ ထိုးလိုက်ရင်တော့ နာမှာ မဟုတ်ဘူးရယ်။ ”

ကျန်းချင်းရို့သည် အပြုံး တစ်ခုကို အားယူပြုံးပြလိုက်သော်လည်း သူမရဲ့ နှလုံးသားထဲမှာတော့ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ သူမ ကိုယ့်ကိုယ်ကိုယ် အာရုံပြောင်းအောင် လုပ်ဖို့သာ တတ်နိုင်၏။ “ ညီမရဲ့ ခြေထောက်တွေကို တကယ် ကုသလို့ ရမှာလားဟင်။ ”

“ ချန်ဟွမ်းရဲ့ ခြေထောက်တွေ ထိခိုက်ထားတဲ့ အချိန်ကို မင်း မြင်ဖူးလား။ ”

“ ဟင့်အင်း ၊ ဒါပေမဲ့ ကြားတော့ ကြားဖူးတယ်။ သူ — ”

“ အရင်တုန်းက သူလည်း ညီမလိုပဲ။ ဒါပေမဲ့ အခုရော သူ့အခြေအနေက ဘယ်လိုလဲ။ ”

“ လူကောင်းပကတိအတိုင်း သက်သာသွားပြီ။ ”

“ ဟုတ်တယ် ၊ သူ သက်သာသွားပြီ။ သူတောင် လူကောင်းလို ပြန်သက်သာနိုင်သေးရင် မင်းကရော ဘာလို့ မသက်သာနိုင်ရမှာလဲ။ ”

ကျန်းချင်းရို့ တစ်ယောက် အံ့အားသင့်သွားပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်အိုင်ဝဲတက်လာသည်။ သူမအဘိုးက သူမရဲ့ ခြေထောက်တွေအား ကုသပေးနိုင်မည့် လူကို ဇွဲကြီးစွာ ရှာနေခဲ့တာ နှစ် အနည်းငယ် ကြာခဲ့ပါပြီ။ ဒါပေမဲ့ ထိုလူတွေရော ၊ ကျန်တဲ့ လူတွေ အကုန်လုံးကရော သူမခြေထောက်တွေကို ကုသလို့ ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြသည်။

ဒါပေမဲ့ အခုတော့ ဒီလူတွေက သူမအား သူမနှင့်တစ်ပုံစံတည်း ထိခိုက်ခဲ့ဖူးသော လူတွေပင် ပြန်သက်သာနိုင်သေးလျှင် သူမကရော ဘာလို့ မသက်သာနိုင်ရမှာလဲလို့ ပြောနေကြသည်။

ကျန်းချင်းရို့သည် သူမရဲ့ မျက်ရည်တွေကို ဖုံးကွယ်ရန်အတွက် ခေါင်းအုံးကို မျက်နှာအပ်ကာ ပွတ်လိုက်၏။ “ ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ်ရှင် … ”

“ နောက် နှစ်လ ၊ သုံးလလောက် ကြာတော့မှ အစ်မကို မင်း ဒီစကား ပြောတာ ပိုကောင်းမယ်။ ”

“ ဟုတ် ဟုတ်။ ” သူမ နှစ် အနည်းငယ်ကြာအောင် စောင့်ခဲ့ပြီးပြီ ဖြစ်သည်။ နှစ်လ ၊ သုံးလ ဆိုတဲ့ အချိန်ကို သူမ ယုံကြည်စောင့်ဆိုင်းနိုင်ပါသည်။