← Chapters

အခန်း ၅၅၇

Vol. 38 Ch. 557

အခန်း ၅၅၇

Vol. 38 Ch. 557

အခန်း ( ၅၅၇ ) အစိမ်းရောင်တောက်တောက်။

စုယန်ယန်သည် အံ့အားသင့်သွားကာ စိုးရိမ်တကြီး ပုံစံပေါက်နေသော သခင်ကြီးကျန်းနှင့် ကျန်းချင်းရို့ကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။

သူမ စိတ်ထဲကနေ ကျိတ်ပြ သက်ပြင်းချလိုက်၏။ ဒီကောင်စုတ်လေးကတော့ တကယ့်ကို လူတွေကို စိတ်ပူအောင် လုပ်နေတာပဲ။

“ အဲ့လို လုပ်စရာ မလိုပါဘူး။ ” စုယန်ယန်က ကျန်းချန်းဝမ်ရဲ့ အကြံပြုချက်ကို မျက်နှာတည်ဖြင့် ငြင်းဆန်လိုက်သည်။

“ ကလေးတွေက ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအကြောင်း မတွေးသင့်ဘူး။ နစ်နာကြေး ပေးတာတွေ ၊ အခကြေးငွေ ပေးတာတွေ ဆိုတာ လူကြီးတွေရဲ့ ကိစ္စတွေပါ။ အဲ့ကိစ္စတွေက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ”

“ ဘာလို့ ကျွန်တော်နဲ့ ဘာမှ မဆိုင်ရတာလဲ။ ” ကျနထျန်းဝမ်က သူ့အစ်မရဲ့ ခြေထောက်တွေကို ချက်ချင်း လှမ်းကြည့်ကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ “ ကျွန်တော် ကလေး မဟုတ်တော့ဘူး။ ”

“ ဒီစကား မပြောခင် မင်းရဲ့ အစိမ်းရောင် ဆံပင်တွေကို အမည်းရောင် ပြန်ဆိုးလိုက်ဦး။ ”

ကျန်းချန်းဝမ် : “ … ” ဟူး ၊ ငါ အရမ်း ဒေါသထွက်သွားပြီ။ ဒီလို မတရားမှုမျိုးကို ငါ ငြိမ်မခံနိုင်ဘူး။

စုယန်ယန်ကတော့ သူ စိတ်ဆိုးသွားလား ၊ စိတ်မဆိုးသွားဘူးလား ဆိုတာ ဂရုမစိုက်ဘဲ သခင်ကြီးကျန်းကို တစ်ချက် ကြည့်ကာ ဤကောင်စုတ်လေးကို အိမ်ပြန်ခေါ်သွားဖို့ မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

သခင်ကြီးကျန်းကလည်း ဒီကောင်လေး ထိတ်လန့်စရာ စကား တစ်ခုခု ပြောလိုက်မှာကို စိုးရိမ်နေတာ ဖြစ်သည်။ သူက ကျန်းချန်းဝမ်ရဲ့ ပါးစပ်ကို လက်ဖြင့် အုပ်ကာ အကြီးဆုံး မြေးမလေးနှင့် မြေး အငယ်လေး ကျန်းချန်းဝမ်ရဲ့ လက်ကို ဆွဲကာ အလျင်အမြန် ထွက်လာခဲ့လိုက်သည်။

စုယန်ယန်သည် သူတို့ ထွက်သွားတာကို ကြည့်ရင်း ဘယ်လိုမှ မအောင့်နိုင်ဘဲ ရယ်မိသည်။

သို့သော် သူမ အကြာကြီး မရယ်နိုင်သေးခင်မှာပဲ သူမရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က ဆွဲလှည့်လိုက်ကာ သူမခင်ပွန်းရဲ့ အိုးအောက်ခြေကဲ့သို့ မည်းမှောင်နေသော မျက်နှာကို ရင်ဆိုင်လိုက်ရပါသည်။

“ ဘာဖြစ်လို့လဲဟင်။ ” စုယန်ယန်က အပြစ်ကင်းစင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

“ မင်း သူ့ကို အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြုံးပြနေတယ်လေ။ ”

ဟောက်ချန်ဟွမ်းက စကားပြောရင်း အံကြိတ်လိုက်သည်။

စုယန်ယန်ရဲ့ နှုတ်ခမ်း တစ်ဖက်က ကွေးညွှတ်သွားကာ သူ့ကို စနောက်လိုက်သည်။ “ ရှင် သူ့ကို စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးလား။ ”

“ မထင်ပါဘူး။ ”

“ အဟက် အဟက် အဟက် … ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ မည်းမှောင်နေသော မျက်နှာကို ကြည့်ကာ ရယ်မိတော့သည်။ “ သူ့ဆံပင် အစိမ်းရောင်က ရှင်နဲ့ လိုက်တယ်လို့ မထင်ဘူးလား။ ”

ဟောက်ချန်ဟွမ်းရဲ့ မည်းမှောင်နေသော မျက်နှာက ချက်ချင်းပဲ အစိမ်းရောင် ပြောင်းသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ မြင်ခဲ့သော စာကြောင်း နှစ်ကြောင်းကို သူ သွားသတိရမိသည်။

အချစ် ဆိုတာ လူတွေကို ဦးတည်ရာမရ ထိတ်လန့်ကြောက်ရွံ့စေတဲ့ အစိမ်းရောင်တောက်တောက် အလင်းတန်းလေးပါပဲ။

ပျော်ရွှင်စရာ ဘဝကို လိုချင်ရင် မင်းက သူများမိန်းမရဲ့ အငယ်အနှောင်း ဖြစ်ဖို့ လိုတယ်။

အဓိပ္ပာယ်မရှိလိုက်တာ ၊ ဘယ်သူကမှ သူ့ကို အစိမ်းရောင် ဆံပင် ဆိုးအောင် လာလုပ်လို့ မရဘူး … ။

စုယန်ယန်က ရှုံ့မဲ့သထက် ရှုံ့မဲ့လာသော သူမခင်ပွန်းရဲ့ မျက်နှာ အမူအရာကို ကြည့်ကာ ရယ်ချင်စိတ်ကို ဖိနှိပ်ရင်း ရှင်းပြလိုက်သည်။ “ ကျွန်မက သူ့ကို ကလေး တစ်ယောက်ကို ကြည့်တဲ့ အကြည့်နဲ့ ကြည့်နေတာပါ။ ကလေးတွေက ဂျစ်ကန်ကန်နိုင်ပေမဲ့ အရမ်းလည်း ချစ်စရာကောင်းတယ်လေ။ ကျွန်မကို လာဉာဏ်များနေတာကို မြင်ရင် စိတ်ဆိုးမိပေမဲ့လည်း တစ်ချိန်တည်းမှာပဲ စိတ်ဆိုးရခက်ပြီး ရယ်မိတယ်။ ပြီးတော့ ကျွန်မ သူ့ကို ကြည့်နေရင်းနဲ့ ရှင့်အကြောင်းကိုပဲ တောက်လျှောက် တွေးမိနေတာ။ ”

“ မင်းက ကိုယ့်အကြောင်းကို တွေးနေတာ။ ” ဟောက်ချန်ဟွမ်းရဲ့ အမူအရာက အေးခဲသွားသည်။ သူတို့ နှစ်ယောက်မှာ ရှိ‌တဲ့ တူညီတဲ့ အချက်တွေ အကြောင်း သူ တကယ် နားမလည်ပါ။

ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လာသော စုယန်ယန်ရဲ့ မျက်လုံးလေးတွေက တောက်ပနေသည်။ “ သူက အဲ့လောက် အသက်မကြီးသေးပါဘူး။ ကျွန်မ သူ့ကို ကြည့်ရင်းနဲ့ ရှင်လည်း အက်ဆီးဒင့် မဖြစ်ခက်တုန်းက အသက် တူတူလောက် ဖြစ်မလားလို့ ထင်မိတယ်။ ”

ဟောက်ချန်ဟွမ်း အနည်းငယ် အံ့အားသင့်သွား၏။ တကယ်တော့ သူ့မိဘတွေ အက်ဆီးဒင့်ဖြစ်ချိန်မှာ သူကလည်း ကျန်းချန်းဝမ်နှင့် သက်တူရွယ်တူနီးပါးလောက်သာ ရှိသေးသည်။

“ အဲ့ဒီတုန်းက ရှင်ရော သူ့လို ဂျစ်ကန်ကန်နိုင်တဲ့ အချိန်မျိုး ရှိခဲ့တယ် မဟုတ်ဘူးလား။ ရှင် သူ့လို ဆံပင် အစိမ်းရောင် ဆိုးရင်တောင် ဆိုးခဲ့နိုင်သေးတယ်။ ” စုယန်ယန် နောက်တစ်ခေါက် ထပ်မရယ်မောဘဲ မနေနိုင်ပေ။

ဟောက်ချန်ဟွမ်း : “ … ” မဟုတ်ဘူး ၊ ကိုယ် အဲ့လို မလုပ်ခဲ့ဘူး။ မင်း အတွေးလွန်နေပြီ။

“ ကိုယ်က သူ့လောက် ကလေးမဆန်ဘူး။ ”

စုယန်ယန်က ခပ်တိုးတိုး ရယ်ကာ သူ့ကို ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်သည်။ “ အဲ့တော့ သူ ကလေးဆန်တယ် ဆိုတာကိုတော့ ရှင် သိတယ်ပေါ့။ သူနဲ့ ငြင်းခုန်နေတဲ့ ရှင်က ပိုလို့ဝောာင် ကလေးဆန်တာ မဟုတ်ဘူးလား။ ”

“ ကိုယ် … ” ဟောက်ချန်ဟွမ်းမှာ ပြောစရာ စကားတွေ ပျောက်ဆုံးသွားသည်။ “ ကိုယ် မင်းကို သူ့ကို အဲ့လိုမျိုး ပြုံးပြဖို့ ခွင့်မပြုဘူး။ ”

“ နောက်တစ်ခေါက် ထပ်တွေ့တဲ့အခါ သူ့ပုံစံ ပုံမှန် ဖြစ်မနေရင်တော့ ကျွန်မ အဲ့ဒါကို အာမ,မခံနိုင်ဘူး။ ” မဟုတ်ရင် သူ့ခေါင်းပေါ်က အဲ့ဒီ အစိမ်းရောင် အလင်း ၊ အဟမ်း … အစိမ်းရောင် ဆံပင်က သူမအတွက် သတိမထားမိဘဲ နေဖို့ ခက်ခဲသည်။

အစိမ်းရောင် ဆံပင် တစ်မျိုးတည်း မဟုတ်။ သူ သူ့ဆံပင်ကို အနီရောင် ၊ ခရမ်းရောင် ၊ အဝါရောင် ၊ သက်တန့်လို အရောင်စုံတွေ ဆိုးထားရင်တောင် ဘာမှ ထူးမှာ မဟုတ်။ သူမလည်း ဟောက်ချန်ဟွမ်းရဲ့ ဆံပင်ကို ဖြည်းဖြည်းချင်း အနီရောင် ဆိုးရင် ဆိုးနိုင်လိမ့်မည်။

“ ဟဟ … ” စုယန်ယန်သည် ဘယ်လိုမှ မတတ်နိုင်ဘဲ ဉာဏ်များစွာ ရယ်မောလိုက်မိသည်။

All Chapters