← Chapters

အခန်း ၅၅၈

Vol. 38 Ch. 558

အခန်း ၅၅၈

Vol. 38 Ch. 558

အခန်း ( ၅၅၈ ) အိပ်ဆောင် ညီအစ်မများ။

စုယန်ယန်ရဲ့ အကြည့်ဟာ သူ့ခေါင်းပေါ်မှာ ခဏလောက် ရပ်တန့်နေတာကို ဟောက်ချန်ဟွမ်း သတိပြုမိသည်။

သူမရဲ့ ရယ်သံကို ကြားတော့မှ သူမ ဘာတွေးနေလဲ ဆိုတာကို နားလည်ကာ စိတ်လည်း စိတ်ဆိုး ၊ ရယ်လည်း ရယ်ချင်သွားမိသည်။

စုယန်ယန် သတိမထားမိတုန်း သခင်ကြီးကျန်းကို ဖုန်းဆက်ဖို့ သူ ဆုံးဖြတ်လိုက်၏။ သခင်ကြီးကျန်းအား သူ့ရဲ့ ဂျစ်တိဂျစ်ကန် မြေးလေးကို ဆုံးမသွန်သင်ပေးစေချင်သည်။

သူ ဂျစ်တိဂျစ်ကန်နိုင်တဲ့ ကိစ္စက ဘာလို့ ဒီလောက် အရေးကြီးသွားမှန်း မသိသော သခင်လေးကျန်း : “ … ” သူ ဘယ်သူ့ကို စော်ကားခဲ့လို့လဲ။

အခု ကျန်းမိသားစု ကိစ္စကိုလည်း ဖြေရှင်းပြီးသွားပြီမို့ စုယန်ယန်ရဲ့ တာဝန် တစ်ခုလည်း လျော့သွားပြီ ဖြစ်သည်။

နောက်တစ်နေ့မနက် ရောက်တော့ စုယန်ယန်သည် စိတ်ခံစားချက်ကောင်းနေ‌ကာ အလုပ်ကို အချိန်မီ သွားခဲ့သည်။ သို့သော် မမျှော်လင့်ထားသော အသိအကျွမ်း တစ်ယောက်နှင့် လမ်းမှာ သွားဆုံသည်။

“ အန်တီလေး။ ”

အန်တီလေးတဲ့လား။ စုယန်ယန် ဇဝေဇဝါဖြစ်စွာ လှည့်ကြည့်လိုက်တော့ သူမကို ပျော်ရွှင်စွာ လက်ဝှေ့ရမ်းပြနေသော လန်ကျားယီကို တွေ့လိုက်ရပါသည်။

ဒီလူက ဘာလို့ သူမရဲ့ ကုမ္ပဏီကို လာရတာလဲ။

“ အန်တီလေးလား … ” လန်ကျားယီရဲ့ စကားကြောင့် ခြေလှမ်းရပ်သွားသော သည် စုယန်ယန်ကို အံ့ဩတကြီး ကြည့်နေခဲ့သည်။

သူမတို့ရဲ့ အသက်လောက်ပဲ ရှိတဲ့ ဒီမိန်းကလေးကို လန်ကျားယီရဲ့ အဒေါ်လို့ သူမ မယုံနိုင်ပေ။

သူမရဲ့ စိတ်ကို ဖတ်မိပုံပေါ်သော စုယန်ယန်က လန်ကျားယီကို စိတ်ပျက်လက်ပျက် မျက်စောင်းထိုးကာ စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။ “ နင် ငါ့ကို နာမည်ရင်းအတိုင်း ခေါ်လို့ ရတယ်လို့ နင့်ကို ပြောပြီးသားလေ။ အန်တီလေးလို့ အခေါ်ခံရတာ ငါ့ကိုယ်ငါ အသက်ကြီးသလို ခံစားရတယ်။ ”

လန်ကျားယီက သူမရဲ့ ခေါင်းကို မလုံမလဲ ပွတ်ကာ ခပ်တိုးတိုး အသံဖြင့် မကျေမနပ် ပြောလိုက်သည်။ “ ယောင်းမနဲ့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို မရီးရှေ့မှာ အပြောအဆို မယဉ်ကျေးလို့ ဆိုပြီး အပြစ်ပြောနေလို့ ကျွန်တော် ဒီလို ခေါ်တာ မဟုတ်ဘူးလား။ ”

သူ ဒီလို ပြောနေပြီမို့ စုယန်ယန်ကလည်း ထိုအကြောင်း ဆက်ပြောမနေတော့ပေ။ သူမရဲ့ အကြည့်ကို သူဘေးက မိန်းကလေးဆီ ပြောင်းလိုက်၏။

“ ဒါက … ”

“ မင်္ဂလာပါ ဥက္ကဌစု။ ကျွန်မနာမည် အန်ရူစုပါ။ ကျွန်မက ဒီနေ့ ဥက္ကဌစုရဲ့ ကုမ္ပဏီနဲ့ လက်တွဲပူပေါင်းထားတဲ့ ပရောဂျက်အတွက် ဆွေးနွေးဖို့ လာခဲ့တဲ့ ဇာတ်ညွှန်းဆရာမပါ။ ”

“ ဇာတ်ညွှန်းဆရာမ .. ဟုတ်လား။ ” စုယန်ယန်ရဲ့ မျက်လုံးတွေက သူတို့ နှစ်‌ယောက်ကို အပြန်ပြန် အလှန်လှန် ကြည့်နေပြီးမှ အပြုံးလေးဖြင့် မေးလိုက်သည်။ “ မင်းနဲ့ သူနဲ့က ဘယ်လို ပတ်သက်နေတာလဲ။ ”

အန်ရူစုသည် သူမကို တည့်တိုးဆန်လွန်းလိမ့်မည်ဟု ထင်မထားခဲ့။ သူမ စက္ကန့်အနည်းငယ်လောက် အံ့ဩဆွံ့အသွားမိသည်။

လျန်ကျားယီက ချက်ချင်း ပြန်ပြောသည်။ “ သူမက ကျွန်တော်နဲ့ ကျောင်း တစ်ကျောင်းတည်းက ထွက်တဲ့ ကျွန်တော့်ဂျူနီယာပါ။ ကျွန်တော့်ရဲ့ လတ်ရှိ ကောင်မလေး ဆိုရင်လည်း မမှားဘူး။ ”

“ မင်းရဲ့ ကောင်မလေး … ” စုယန်ယန်ရဲ့ ခေါင်းထဲ ဖျတ်ခနဲ လင်းသွားသည်။

“ မင်းအဘိုးရဲ့ မွေးနေ့ပွဲတုန်းက မင်းရဲ့ မရီးကို မင်း ပြောပြခဲ့တဲ့ ကောင်မလေး ဆိုတာလား။ ”

လန်ကျားယီက အနည်းငယ် ရှက်ရွံ့သွားသော်လည်း စုယန်ယန်ရှေ့မှာ သူ့ကောင်မလေးကိုယ်စား စကားကောင်းကောင်းလေးတွေကို ပြောပေးဖို့ မမေ့လျော့ခဲ့ပေ။ “ ကျွန်တော်တို့စုစုလေးက ပုံဆွဲ အရမ်း တော်တယ် အန်တီလေးရဲ့။ အင်တာနက်ပေါ်က လူတွေ အများကြီးကလည်း သူမ ကာတွန်း စုတ်ချက်လေးတွေ ဆွဲနေတာကို ကြည့်ရတာ သဘောကျကြတယ်။ ပြီးတော့ သူမက တင်ဆက်သူရဲ့ ပရိသတ် ဆိုလည်း ဟုတ်တယ်။ ”

အဲ့ဒီတော့မှ စုယန်ယန်သည် လန်ကျားယီက သူမအား သူတို့ နှစ်ယောက်ရဲ့ အောင်သွယ်တော် မြားနတ်မောင် ဖြစ်သည်ဟု ပြောခဲ့ဖူးကြောင်း ပြန်သတိရသွားသည်။ အဲ့ဒီ ကိစ္စကြောင့် တစ်စုံတစ်ယောက်က သူ့ကောင်မလေးကို ဒီထောင်ချောက်ထဲ ဆွဲထည့်ခဲ့တာလား။

“ အိုး ၊ တကယ်လား။ ဒါဆို သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ID နာမည်က ဘာလဲ။ ငါ သူမကို မှတ်မိလောက်မယ် ထင်တယ်။ ”

လန်ကျားယီက သူ့ကောင်မလေးကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အန်ရူစုက သူမကို အဲ့ဒီလို ကြည့်နေသော စုယန်ယန်ကို မြင်ချိန်မှာ နှုတ်ခမ်းထောင့်စွန်းလေးတွေ တွန့်ချိုးသွားသည်။ သူမ အိုးတိုးအမ်းတမ်း ပြောလိုက်၏။ “ အမ်း ၊ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကျွန်မရဲ့ ID က ‘ ငါ့အခန်းဖော်က အရူးပဲ ’ ဆိုတာပါ။ ”

“ ဟမ်။ ” စုယန်ယန်က မျက်ခုံး တစ်ဖက် ပင့်လိုက်သည်။ ထို ID နာမည်ကို ရင်းနှီးနေသလို ခံစားရ၍ ခဏလောက် စဉ်းစားကြည့်လိုက်တော့ အတွေး တစ်ခုက သူမခေါင်းထဲ ဝင်ရောက်လာသည်။ “ အန်ရူစု … ။ မင်း … ”

အန်ရူစုက သူမနှင့် အကြည့်ချင်းဆုံသွားကာ တစ်နည်းနည်းဖြင့် သူမရဲ့ တခြား သရုပ်မှန်ကို ဖုံးကွယ်လိုက်ပါသည်။ “ အိုး ၊ ကျွန်မမှာ အင်တာနက်ပေါ်မှာ သုံးတဲ့ တခြား နာမည် တစ်ခုလည်း ရှိသေးတယ်။ အန်းကျစ်ရော့စု တဲ့။ ”

တကယ်ကြီး သူမ ဖြစ်နေတာပဲ။ အန်းကျစ်ရော့စုက အွန်လိုင်းပေါ်မှာ သူမရဲ့ နာမည်ကို ကူညီရှင်းလင်းပေးခဲ့တဲ့ အိပ်ဆောင် ညီအစ်မတွေထဲက တစ်ယောက် မဟုတ်ဘူးလား။

All Chapters