← Chapters

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း ( ၅၆၁ ) ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ကို ရှင် မနာလိုဖြစ်နေတာလား။

အလုပ်ပိတ်ရက်သို့ ရောက်သောအခါ စုယန်ယန်သည် လိမ္မော်ခွံ ၊ ဆီးသီးနှင့် ကြက်သားတို့ကို ရောချက်ထားသော ဟင်းလျာ တစ်ခွက်နှင့် သင်္ဘောသီး ဝက်ဗိုက်သား စွပ်ပြုတ်ကို ချက်ပြုတ်ရန် အိပ်ရာစောစော ထခဲ့သည်။

သူမ ထိုဟင်းလျာတွေကို ထုပ်ပိုးကာ လန်မိသားစုသို့ ကိုယ်တိုင် သွားပို့ရန် ပြင်ဆင်နေလိုက်သည်။

မနက် အစောကြီး အိပ်ရာထကာ သူများတွေအတွက် ချက်ပြုတ်နေသော သူ့ဇနီးလေးအတွက် ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားက နာကျင်သွား၏။ မနက်ခင်းစောစော နှစ်ကိုယ်တူ အချိန်လေး မရှိတော့သည့်အတွက်လည်း စိတ်ဓာတ်ကျသွားရသည်။

မီးဖိုချောင်ထဲက‌နေ အပူခံဓာတ်ဘူးကို ကိုင်ထားလျက် ထွက်လာသော စုယန်ယန်ကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်း ညည်းညူလိုက်မိသည်။ “ ကိုယ်တို့က အဲ့ကို ဧည့်သည်တွေအနေနဲ့ သွားမှာလေ။ သူတို့အတွက် စားစရာတွေ ယူသွားပေးဖို့ မလိုပါဘူးကွာ။ ”

“ လိုတာပေါ့။ ကျွန်မတို့က အဲ့ကို ဧည့်သည်တွေအနေနဲ့ သွားမှာ ဆိုတော့ လက်ဗလာအတိုင်း သွားလို့ အဆင်မပြေဘူးလေ။ တခြားလူတွေသာ အဲ့အကြောင်း သိသွားရင် ကျွန်မတို့မှာ အခြေခံကျင့်ဝတ်လေးတွေတောင် မရှိဘူးလို့ ပြောကြလိမ့်မယ်။ ပြီးတော့ ကျွန်မက သူတို့မိသားစုနဲ့ မတူဘူး။ ဒီဟင်းတွေကို လန်မိသားစုရဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ မြေးချွေးမလေးအတွက် သေချာ ပြင်ပေးထားတာ။ ဦးလေး ဖြစ်တဲ့ ရှင်က ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ကို မနာလိုဖြစ်နေတာလား။ ”

မှန်ပါသည်။ ဤဟင်းလျာတွေက ကိုယ်ဝန်ရှိနေသော ယန်ရှောင်ယန် အတွက်ပင်။

သခင်ကြီးလန်ရဲ့ ပြီးခဲ့တဲ့ မွေးနေ့ပွဲတုန်းက စုယန်ယန်သည် ဂျင်းဆင်း တစ်ခုကို လက်ဆောင်ပေးကာ ဂျင်းဆင်းကို အာဟာရပြည့်ဝစွာ စားသုံးနိုင်မည့် နည်းလမ်း အနည်းငယ်ကိုလည်း ရေးပေးထားခဲ့သည်။ ထိုဂျင်ဆင်းက ဟောက်ချန်ဟွမ်းကို တစ်ခါတုန်းက ကူညီပေးခဲ့ဖူးသော လန်မိသားစုမှ အဘိုး နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အားပြည့်စေရန် အတွက် ဖြစ်ပါသည်။

သူမတို့က ဧည့်သည်တွေအနေနှင့် သွားရမှာ ဖြစ်သော်လည်း လက်ဗလာနှင့် သွားလို့ မဖြစ်ပါ။

လန်မိသားစုရဲ့ မိသားစု နောက်ခံ အနေအထားနှင့် ဆိုလျှင် သူတို့က တန်ဖိုးကြီး ပစ္စည်းတွေကို လိုချင်မှာ မဟုတ်။ လက်ရှိ အချိန်မှာ သူတို့ ဂရုစိုက်တာက သူတို့မိသားစုရဲ့ ကျန်းမာရေးပါပဲ။

အရင်တုန်းက စုယန်ယန်ဟာ လန်မိသားစုရဲ့ သက်ကြီးပိုင်း နှစ်ယောက်ကို အားပြည့်စေဖို့ အားဖြည့်ဓာတ်စာတွေ ပေးခဲ့ဖူးသည်။ လန်မိသားစုရဲ့ လူ အနည်းစုကတော့ သန်မာပြီး အာဟာရဓာတ်တွေ သိပ်မလိုအပ်ပေ။ သူတို့ ဂရုစိုက်တဲ့ တစ်ဦးတည်းသော လူက ကိုယ်ဝန်ရှိနေတဲ့ ယန်ရှောင်ယန် ဖြစ်သည်။

မမျှတသော ဆက်ဆံမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသော အားကောင်းမောင်းသန် အမျိုးသား တစ်ယောက် : “ … ” မလွယ်လိုက်တာ။

ဟောက်ချန်ဟွမ်းသည် လန်မိသားစုကို ပေးဖို့ သူ လက်ဆောင်ပြင်ပြီးသားပါလို့ ပြောဖို့ ပါးစပ်ဟလိုက်သော်လည်း လန်မိသားစုဟာ စုယန်ယန်ရဲ့ ဟင်းလျာတွေကို ပိုသဘောကျရင် ကျနေနိုင်တာပဲဟု ပြန်တွေးမိသွား၏။

“ ကိုယ်က မင်း ပင်ပန်းနေတာကို မမြင်ချင်လို့ပါ။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းကို ဖက်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ “ ဟင်းပွဲ နှစ်ပွဲလောက်ပဲ ချက်ရတာပါ။ ဘာမှ မပင်ပန်းပါဘူး။ ပြီးတော့ ကျွန်မကို ကူညီပေးနေတဲ့ တခြား လူတွေလည်း ရှိသားပဲ။ ကဲပါ ၊ ဒီအကြောင်း မပြောဘဲ နေရအောင်။ မြန်မြန် သွားကြမယ်။ ကျွန်မတို့ နောက်ကျနေရင် သူတို့က ကျွန်မတို့ကို စောင့်နေရလိမ့်မယ်။ ”

“ ဟုတ်ပါပြီဗျာ။ ”

လန်မိသားစုဝင်တွေကဝောာ့ ဤတွေ့ဆုံပွဲ အသေးစားလေးကို အလွန် အလေးအနက်ထားနေခဲ့ကြသည်။ သူတို့ မနက်စောစော ထကာ ပြင်ဆင်နေခဲ့ကြ၏။

“ ငါ ဒီလို ဝတ်ထားရင် အရမ်း ရှေးဆန်ပြီး တင်းမာတဲ့ ပုံစံ ပေါက်မနေပါဘူးနော် … ” သခင်ကြီးလန်က သူ့ခန္ဓာကိုယ်ပေါ်က ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို လက်ဖြင့် တို့ထိရင်း သူ့နံဘေးရှိ ဇနီးဖြစ်သူကို အတည်ပြုခိုင်းဖို့ လှည့်မေးလိုက်သည်။

“ ဟင့်အင်း ၊ အဲ့လို မဖြစ်ပါဘူး။ အဆင်ပြေတယ်။ အရမ်းလည်း လေးနက်တဲ့ ပုံစံ မပေါက်သလို အရမ်းလည်း ပေါ့ပါးတဲ့ ပုံစံ မပေါက်ဘူး။ ရှင် ခါတိုင်းလို မျက်နှာတည်ကြီးနဲ့ မနေရင် သူတို့ ရှင့်ကို ကြောက်မှာ မဟုတ်ပါဘူး။ ”

ထိုစကားကြောင့် သခင်ကြီးလန်ရဲ့ နှုတ်ခမ်းတွေ တင်းတင်း စေ့ပိတ်သွားကာ အိုးတိုးအမ်းတမ်း ခံစားလိုက်ရသည်။ များသောအားဖြင့် သူ တမင်တကာ ခပ်တည်တည် နေတာ မဟုတ်ရပါ။ သူ့ကို အမြဲတမ်း ဒေါသထွက်အောင် လုပ်သော အရှုပ်ထုပ် ကောင်စုတ်လေးတွေကြောင့်သာ သူ့မျက်နှာက တည်တင်းနေတာ ဖြစ်သည်။ သူ့ကို အပြစ်တင်လို့ ရမတဲ့လား။

သခင်ကြီးလန်သည် စိတ်ထဲမှာ ထိုအတွေးကို တွေးလျက် သူ့သားလေးကို မကျေနပ်ချက်တွေ အနည်းငယ် ပါဝင်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

အေးအေးဆေးဆေး လဲလျောင်းနေရင်း အဖျားခတ်ခံလိုက်ရသော မစ်စတာလန် တစ်ယောက် ပြောစရာစကားမရှိ ဖြစ်သွားရသည်။

မစ်စတာလန်သည် အကြောင်းပြချက်မရှိ ရှက်ရွံ့သွား၏။ သူ့အဖေရဲ့ သေစေနိုင်လောက်သော အကြည့်ကို ရှောင်ရှားကာ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ မီးဖိုချောင်ထဲမှာ ဟင်းပွဲတွေကို ပြင်နေတာ ဘယ်လိုလဲ။ ”

“ စွပ်ပြုတ်က အစောကြီးကတည်းက ကျက်နေတာ။ နေ့လယ်စာအတွက် အဆင်သင့်ပဲ။ တခြား ဟင်းပွဲတွေနဲ့ အဆာပြေ စားစရာတွေကိုလည်း ပြင်ပြီးပြီ။ သူတို့ ရောက်လာတာနဲ့ ဟင်းတွေကို ကျွန်မတို့ ပြန်နွှေးလိုက်မယ်။ မဟုတ်ရင် ခဏနေ ဟင်းတွေ အကုန် အေးသွားလိမ့်မယ်။ ”

သူ့ဇနီးရဲ့ စကားတွေကို ကြားတော့မှ မစ်စတာလန်က စိတ်သက်သာရာ ရသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။ “ ကောင်းတယ်။ ငါတို့စားဖိုမှူးရဲ့ အချက်အပြုတ်စွမ်းရည်‌တွေက မဆိုးဘူးပဲ။ သူတို့ တစ်ခါ စားပြီးတာနဲ့ စားပြီးရင် စားချင်နေရင် အကောင်းဆုံးပဲ။ ”

တကယ်လို့ ဟောက်ချန်ဟွမ်းတို့ စုယန်ယန်တို့ နှစ်ယောက်ဟာ သူတို့အိမ်က စားဖိုမှူးရဲ့ ဟင်းချက်လက်ရာကို အစွဲကြီး စွဲသွားကြလျှင် သူတို့အိမ်ကို အရင်ဆုံး လာရောက်လည်ပတ်ကြပါလိမ့်မည်။ အဲ့လိုဆိုလျှင် သူတို့ရဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးအတွက်လည်း ဘာမှ စိုးရိမ်စရာ မရှိ။

All Chapters