← Chapters

အခန်း ၅၆၂

Vol. 38 Ch. 562

အခန်း ၅၆၂

Vol. 38 Ch. 562

အခန်း ( ၅၆၂ ) ပြော‌တော့ တခြား ၊ လုပ်တော့ တခြား။

မစ်စတာလန်သည် သူ့စားဖိုမှူရဲ့ အချက်အပြုတ်လက်ရာအပေါ် အလွန် ယုံကြည်ချက်ရှိနေခဲ့သည်။ ဟောက်ချန်ဟွမ်းမှာ သီးသန့် စားဖိုမှူး ရှိနေလျှင်တောင် သူ့စားဖိုမှူးလောက် လက်ရာကောင်းမှာ မဟုတ်ဘူးလို့ ခံစားရသည်။

စုယန်ယန်ရဲ့ သရုပ်မှန်ကို သိနေသော ယန်ရှောင်ယန်နှင့် လန်မင်ဟန်ရဲ့ မျက်နှာပေါ်မှာတော့ ထူးထူးဆန်းဆန်း အကြည့်တွေ ရှိနေကြလေသည်။

မိသားစု တစ်စုမှာ ရှိတဲ့ စားဖိုမှူးရဲ့ အချက်အပြုတ်လက်ရာက မဖြစ်မနေ အရမ်း ကောင်းမနေနိုင်သော်လည်း တင်ဆက်သူ ချက်ပြုတ်ထားသော ဟင်းလျာတွေကတော့ အနံ့အရသာရှိရုံသာမကဘဲ အမြင်လည်း လှသည်။ ထို့ကြောင့် စုယန်ယန်က သူတို့အိမ်က ဟင်းပွဲတွေကို သိပ်အထင်ကြီးမှာ မဟုတ်လောက်။

အခြား တစ်ဖက်၌ လန်ကျားယီကတော့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့အလာကို အမှောင်ထဲမှာ အရူး တစ်ယောက်လို တစ်ချိန်လုံး ထိုင်စောင့်နေခဲ့သည်။

ဘာ့ကြောင့်မှန်း သူ မသိသော်လည်း သူ့ရဲ့ အဒေါ်အပေါ် အလိုလိုပင် ကောင်းသော ခံစားချက် ရှိသည်။ သူတို့မှာ တူညီတဲ့ အိုင်ဒေါ ရှိတာကြောင့်လည်း ဖြစ်နိုင်သည်။

သူ့အိုင်ဒေါ : “ … ” မဟုတ်ဘူး ၊ မင်း တွေးတာတွေ အရမ်း များနေပြီ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ လန်မိသားစုအိမ်တော်ကို ရောက်သွားချိန်မှာ ( ၁၁ ) နာရီထိုးလုပါပြီ။ လန်မိသားစုဝင်တွေက သူ့ကိုယ်သူတို့ အတတ်နိုင်ဆုံး သဘာဝကျကျ ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ကြိုးစားထားကြသော်လည်း ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ကိုတော့ အိုးတိုးအမ်းတမ်းနှင့် အနေရခက်မနေစေချင်ပါ။

သို့သော်လည်း ဟောက်ချန်ဟွမ်းတို့ နှစ်ယောက်ကို မြင်ချိန်မှာ သူတို့ရဲ့ တောက်ပသော မျက်လုံးတွေက သူတို့ရဲ့ ခံစားချက်တွေကို သစ္စာဖောက်သွားသည်။

“ မင်း … ” သခင်ကြီးလန်က သူ ကြိုတင်ပြင်ဆင်ထားသော ဇာတ်ညွှန်းကို မေ့လျော့သွားကာ ဟောက်ချန်ဟွမ်းကို တုန်ရီစွာ လက်ညိုးထိုးမိလိုက်သည်။

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ ခံစားချက် အရိပ်အငွေ့တွေ ယှက်သန်းသွားသည်။ သခင်ကြီးလန်ရဲ့ လက်ကို သူ အရင် ဆုပ်ကိုင်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ ဦးလေးလန် … ကျွန်တော် … ပြန်ကောင်းသွားပြီ။ ”

သူ့စကားကို ကြားတော့ သခင်ကြီးလန်ရဲ့ မျက်လုံးတွေ ရဲတက်လာသည်။

သခင်ကြီးလန်က သူ့လက်ကို ခပ်ဖွဖွ ‌‌ဆုပ်ကိုင်ကာ ပြန်ပြောသည်။ “ မင်း ပြန်သက်သာသွားတာ ကောင်းလိုက်တာ။ မင်းက ငယ်လာ်း ငယ်သေးတယ်။ အနာဂတ်မှာ မင်းအတွက် နေ့ကောင်းရက်သာတွေ အများကြီး စောင့်နေလိမ့်မယ်။ မင်းတို့ နှစ်ယောက်လုံး ကျန်းမာပျော်ရွှင်ကြပါစေကွယ်။ ”

ထိုစကား အနည်းငယ်က လူအိုကြီး တစ်ယောက်ရဲ့ အရိုးသားဆုံး ‌ဆုမွန်ကောင်းတွေ ဖြစ်လေသည်။

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ နွေးထွေးမှုတွေ ပြည့်နှက်သွားသည်။ သခင်မကြီးလန်က သူမခင်ပွန်းရဲ့ နောက်လက် တစ်ဖက်ကို ကိုင်ကာ မကျေမနပ် ပြောလိုက်သည်။ “ လူငယ်တွေ လာတယ် ဆိုတာ ရှားတယ် ၊ ရှင်က ဘာလို့ သူတို့ကို အထဲဝင်ဖို့ မခေါ်တာလဲ။ ရှင် ဘာလို့ တံခါးနားမှာ ရပ်စောင့်နေတာလဲ။ ”

သခင်ကြီးလန်ဟာ အိပ်မက်ကနေ လန့်နိုးလာပုံရသည်။ “ ဟုတ်သားပဲ ၊ ဟုတ်သားပဲ ၊ ဟုတ်သားပဲ။ ငါ ဘယ်လောက် ပျော်သွားလဲ ဆိုတာ ကြည့်ပါဦး။ ငါ အထဲဝင်ခိုင်းဖို့ မေ့သွားတယ်။ လာ ၊ အိမ်ထဲကို မြန်မြန် ဝင်ခဲ့။ ”

သခင်ကြီးလန်က ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဆွဲကာ အိမ်ထဲ ဝင်ခိုင်းတော့ ဟောက်ချန်ဟွမ်းကလည်း မငြင်းပါ။ သူ့ရဲ့ လက်တစ်ဖက်က စုယန်ယန်ကို ‌ကိုင်လျက် သူနှင့်အတူ အိမ်ထဲကို ခေါ်လာခဲ့ပြီး နောက်လက် တစ်ဖက်ကိုတော့ သခင်ကြီးလန်က ကိုင်ထားသည်။

ယန်ရှောင်ယန်နှင့် လန်ကျားယီက စုယန်ယန်နှင့် သူမလက်ထဲမှ အပူခံဓာတ်ဘူးကို သတိထားမိသွားသည်။

“ အန်တီလေး ဘာကြီးကို ကိုင်ထားတာလဲဟင်။ ကြည့်ရတာ ဘူးကြီး တစ်ဘူးလိုပဲ။ အရမ်း လေးမယ် ထင်တယ်။ ”

စုယန်ယန်က ထိုမေးခွန်းကို ကြားချိန်မှာ ချက်ချင်းပဲ သူမကို နားလည်သော အပြုံး တစ်ပွင့်ဖြင့် ပြန်ပြုံးပြလိုက်၏။ “ နင် အခုတလော အစာ စားချင်စိတ် မရှိဘူး ၊ အမြဲတမ်း အန်ချင်‌နေတယ်လို့ ကျားယီဆီက ငါ ကြားထားတယ်။ အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့ စားဖိုမှူး တစ်ယောက်ကို နင့်အတွက် နည်းနည်းပါးပါး ချက်ခိုင်းထားတာ။ နင် ကြိုက်ရော ကြိုက်ပါ့မလား ငါ သိချင်တယ်။ ”

ယန်ရှောင်ရန်ရဲ့ မျက်လုံးတွေ ဝင်းလက်သွားသလို အပူခံဓာတ်ဘူးကို ကြည့်နေသော အကြည့်ကလည်း ပြောင်းလဲသွားသည်။

လန်မင်ဟန်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မွေးနေ့ဧည့်ခံပွဲအပြီးမှာ သူ့ဇနီးက သူ့ကို စုယန်ယန်ရဲ့ သရုပ်မှန်အကြောင်း ပြောပြပြီး ထိုကိစ္စကို အချိန် တစ်ခုထိ လျှို့ဝှက်ထားပေးဖို့ တောင်းဆိုခဲ့သည်။

နောက်ဆုံးတော့ စုယန်ယန်က သူ့အဘိုးနှင့် အဘွားကို ဘာ့ကြောင့် အဲ့ဒီလို ကြီးမားတဲ့ ဂျင်ဆင်း တစ်ခု ပေးခဲ့လဲ ဆိုတာ သူ နားလည်သွားခဲ့သည်။

လန်မင်ဟန်သည် သူတို့ကို ကလေး အမြန် ရအောင် ကူညီပေးခဲ့ရုံသာကမ သူတို့အဘွားရဲ့ အစာ စားချင်စိတ် ပြဿနာကိုပါ ဖြေရှင်းပေးခဲ့သော ဤကျေးဇူးရှင်ကို အလွန် အမြင်ကြည်လင်သည်။

သူ့ဇနီး ခံစားနေရသော ဝေဒနာကို သက်သာစေနိုင်သော တစ်စုံတစ်ခု ရှိနေကြောင်း သူ ကြားသည်နှင့် ထိုအပူခံဓာတ်ဘူးကို အလျင်အမြန် လက်လွှဲယူလိုက်၏။ သူက သူတော်ကောင်းယောင်ဆောင်ကာပင် ပြောလိုက်သေးသည်။ “ မင်းတို့တွေ အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ မင်းတို့တွေ လာမယ်ဆို ဒီတိုင်းပဲ လာခဲ့ပါ။ ဘာမှ ဝယ်မလာခဲ့ပါနဲ့။ ”

စုယန်ယန် ဆွံ့အသွားသည်။ သူ အဲ့လို စကားမျိုး ပြောမယ် ဆိုရင်တောင် အပူခံဓာတ်ဘူးကိုတော့ သူမဆီကနေ ချက်ချင်းကြီး ယူမသွားသင့်ဘူးလေ … ။

All Chapters