← Chapters

အခန်း ၅၆၃

Vol. 38 Ch. 563

အခန်း ၅၆၃

Vol. 38 Ch. 563

အခန်း ( ၅၆၃ ) တူညီသော အကြောင်းအရာများ။

မစ်စတာလန်နှင့် ကျန်လူတွေက စုယန်ယန်အကြောင်း မသိသဖြင့် ဘာမှ သိပ်မပြောကြ။

သို့သော်လည်း ထိုအတွေးဟာ စုယန်ယန်ရဲ့ စိတ်ရင်းကို ပေါ်လွင်စေသော အမှတ်အသား တစ်ခု ဖြစ်သည်။ ထို့ပြင် သခင်ကြီးလန်ရဲ့ မွေးနေ့ပွဲအတွင်း စုယန်ယန် သူတို့ကို ပေးခဲ့တဲ့ ဂျင်ဆင်းက သူတို့ကို မနာလိုစိတ်ဖြင့် ပင့်သက်ရှိုက်မိစေသည်။

လန်မင်ဟန်က ကိစ္စတွေကို ဦးဆောင်နေတာကို မြင်တော့ မစ်စ်လန်က ဝင်ပြောလိုက်သည်။ “ အတော်ပဲ။ နောက်လည်း နောက်ကျနေပြီ ဆိုတော့ အရင် စားကြရအောင်။ စကားပြောတာက ခဏနေမှ စကားပြောလို့ ရတယ်။ ”

ယန်ရှောင်ယန်နှင့် သူမခင်ပွန်းက ဘူးထဲမှာ ရှိသော ပစ္စည်းတွေအကြောင်း အလွန်အမင်း သိ‌ချင်နေပြီမို့ ဘာမှ မကန့်ကွက်ကြ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ဧည့်သည်တွေ ဖြစ်သည်။

တင်ဆက်သူက ပြောစရာရှိတာ ပြောပြီးပြီ ဖြစ်သောကြောင့် သဘာဝကျစွာပင် သူတို့မှာ ကန့်ကွက်စရာ မရှိပါ။

သူတို့လူစုသည် အတွင်းခန်းထဲရှိ ထမင်းစားပွဲဆီသို့ နေရာရွေ့လိုက်ကြသည်။ လန်မိသားစုမှာ မိသားစုဝင်တွေ အများကြီး ရှိပြီး အများစုက အတူတူ နေကြတာပင်။ ထို့ကြောင့် ထမင်းစားပွဲကလည်း အတော်လေး ကြီးသည်။

လန်မိသားစုရဲ့ အသက်အကြီးဆုံး လူကြီး နှစ်ယောက်က အဓိက ထိုင်ခုံတွေမှာ ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ မစ်စတာလန် ၊ မစ်စ်လန်နှင့်‌ ဟောက်ချန်ဟွမ်းတို့ ထိုင်နေကြသည်။

အကျိုးသင့် အကြောင်းသင့် ပြောရလျှင် လန်မင်ဟန်နှင့် သူ့ဇနီးဟာ မစ်စတာလန်နှင့် မစ်စ်လန်ရဲ့ ဘေး ၊ လန်ကျားယီနှင့် ဘေးချင်းယှဉ် ထိုင်သင့်သည်။

သို့သော်လည်း ယန်ရှောင်ယန်က အပူခံဓာတ်ဘူးထဲက ပစ္စည်းတွေအကြောင်း သိချင်နေသောကြောင့် ဘာမှ သိပ်မတွေးဘဲ စုယန်ယန်ဘေးမှာ ဝင်ထိုင်လိုက်သည်။

လန်မင်ဟန်က သူ့ဇနီး ဘယ်သွားသွား နောက်က တကောက်ကောက် လိုက်ကာ ဘေးမှာ ထိုင်တတ်သည်။

လန်ကျားယီက တစ်မိနစ် နောက်ကျသွား၏။ စုယန်ယန်ရဲ့ ဘေးထိုင်ခုံတွေမှာ လူပြည့်သွားပြီ ဖြစ်ကြောင်း သူ သဘောပေါက်သွားချိန်မှာ စက္ကန့်ပိုင်းလောက် အံ့ဩသွားပြီးမှ မစ်စ်လန်ဘေးမှာ ဝင်ထိုင်လိုက်သည်။ စုယန်ယန်အပေါ် ထားရှိသော သူ့အကြီးဆုံး အစ်ကိုနှင့် မရီးရဲ့ နွေးထွေးသော ခံစားချက်အကြောင်း နားမလည်နိုင် ဖြစ်သွားသည်။

မစ်စ်လန်ကလည်း အဲ့ဒါကို မြင်ကာ အံ့ဩသွားသည်။ သူမ ပြုံးကာ မေးလိုက်၏။ “ ရှောင်ယန်က ယန်ယန်နဲ့ ဘယ်တုန်းက အရမ်း ရင်းနှီးသွားတာလဲ။ ”

မစ်စ်လန်သည် သူမ အနည်းငယ် ရိုင်းပျသွားမိကြောင်း နားလည်လိုက်သည်။ သူမ ဘာမှ မပြောနိုင်သေးခင်မှာပဲ စုယန်ယန်က ပြုံးရင်း ပြောလာသည်။ “ ဦးလေးလန်ရဲ့ မွေးနေ့ပွဲတုန်းက ရှောင်ယန်နဲ့ ကျွန်မနဲ့ ခဏလောက် စကားပြောဖြစ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ ဒေါ်လေးကလည်း ကိုယ်ဝန်ရှိနေတာလေ။ ကျွန်မမှာ ရှောင်ယန်နဲ့ တူတဲ့ အကြောင်းအရာတွေ ရှိနေတော့ ပိုပြီး စကားပြောဖြစ်ခဲ့တယ်။ ”

လူတိုင်းက သူမရဲ့ စကားတွေကြောင့် အခြေအနေကို နားလည်သွားသည်။ စကားပြောဖို့ အကောင်းဆုံး အကြောင်းအရာက ကလေးအကြောင်း ဖြစ်သည်။

စုယန်ယန်မှာ ကလေး မရှိသော်လည်း နီးစပ်ရင်းနှီးသော ဆွေမျိုးတွေတော့ ရှိသည်။ ထို့ကြောင့် သူတို့အတွက် တစ်ယောက်အကြောင်း တစ်ယောက် နားလည်သိကျွမ်းဖို့ လွယ်သည်။

လူတိုင်းက သူတို့ကိုယ်သူတို့ အမှန်တရားကို နားလည်သွားပြီဟု ထင်နေကြသော်လည်း ယန်ရှောက်ယန်ကတော့ ကြောင်အနေဆဲ ရှိသေးသည်။

စုယန်ယန် ဘာမှ မပြောခင်တုန်းက စုယန်ယန်ရဲ့ ဒေါ်လေးမှာ ကိုယ်ဝန်ရှိနေကြောင်း သူမ မသိခဲ့ပေ။ စုယန်ယန်နှင့် ဆွေးနွေးဖို့ ဆိုရင် ထည့်ပြောမနေနဲ့တော့။

သို့သော်လည်း စုယန်ယန်ဟာ ဖျားနာမှုတွေနှင့် ပတ်သက်သော ဆေးဖက်ဝင်ဟင်းလျာတွေကို ချက်ပြုတ်ဖန်တီးရန် အတွက် “ မိသားစုထဲမှာ ရှိတဲ့ မိသားစုဝင် တစ်ယောက်က နေမကောင်းဖြစ်နေပြီး အာဟာရဓာတ် လိုအပ်နေတယ် ” ဟူသော ဆင်ခြေကို မကြာခဏ သုံးလေ့ရှိသည်ဟု ပြန်တွေးမိသွားသည်။

ဒီလို ပြန်တွေးကြည့်တော့မှ သူမ အဲ့ဒီတုန်းက သောက်ခဲ့သော ဆေးဖက်ဝင်ဟင်းလျာကလည်း ထို‌အဒေါ် ဆိုသူ အတွက် ပြင်ဆင်ထားတာ ဖြစ်ကာ သူမမှာလည်း တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ရှိနေခဲ့သည်။

ကလေးလေး မွေးလာမည့် အချိန်ကို မျှော်လင့်စောင့်စားနေကြသော သားနှင့် ချွေးမကြောင့် အခုတလော စိတ်ချမ်းသာနေသော မစ်စ်လန်သည် စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ မျက်လုံးတွေ တောက်ပသွားသည်။ “ မင်းရဲ့ ဒေါ်လေးမှာလည်း ကိုယ်ဝန်ရှိနေတာလား။ ”

“ ဟုတ်ကဲ့။ သူမ ကိုယ်ဝန်လွယ်ထားတာ ( ၈ ) လတောင် ကျော်နေပါပြီ။ ”

“ အိုး ၊ ( ၈ ) လ ကျော်နေပြီ ဆိုဝောာ့ ကလေးမွေးခါနီးနေပြီ မဟုတ်ဘူးလား။ ”

“ ဟုတ် ၊ ဂျူးဒိတ်ကလည်း တစ်လပဲ လိုတော့တာရယ်။ ချန်ဟွမ်းနဲ့ ကျွန်မက သူမဆီ သီတင်းပတ် နည်းနည်းပါးပါး‌လောက် သွားလည်ဖို့ စီစဉ်ထားတယ်။ သူမဘေးမှာ လူ သိပ်မရှိတော့ဘူး ၊ ပြီးတော့ ကျွန်မရဲ့ အဒေါ်က အသက်လည်း မငယ်တော့ဘူး ဆိုတော့ ကျွန်မတို့ အဲ့ဒီကို သွားရင် ကလေးမွေးခါနီးလာတဲ့အခါ သူတို့တွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ပြီး ပြဿနာတွေ မတက်အောင် သူမကို ဂရုစိုက်ပေးလို့ ရတယ်လေ။ ”

ထိုစကားကို ကြားတော့ မစ်စ်လန်က နားလည်မှုဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ “ ဒါပေါ့ ဒါပေါ့။ ကိုယ်ဝန်ဆောင်ရတယ် ဆိုကတည်းက လွယ်မှ မလွယ်တာ ၊ ကလေးမွေးရတာဆို ပိုလို့တောင် မလွယ်သေးတယ်။ ဒီလို အချိန်မျိုးမှာ ကိုယ့်ကို ကူညီပေးမယ့် မိသားစုဝင် နည်းနည်းပါးပါး ထပ်တိုးလာတာက ကိုယ် ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေလိမ့်မယ်။ ”

All Chapters