← Chapters

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း ( ၅၆၄ ) ကျွန်တော်တို့ ကြိုးစားပါ့မယ်။

တခြား လူတွေက ကလေးမွေးရာမှာ ဝင်မကူညီနိုင်လောက်သော်လည်း မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုကိုတော့ အခုလို အချိန်မျိုးတွေမှာ အမြဲတမ်း အသုံးပြုလို့ ရသည်။

အနည်းဆုံးအနေဖြင့် ကလေးမွေးနေသူအား သူမဘေးမှာ သူမကို အားပေးပြီး သူမအတွက် စိုးရိမ်နေသူတွေ အများကြီး ရှိကြောင်း စုယန်ယန် အသိပေးနိုင်ပါလိမ့်မည်။ သူမ ကလေးမွေးနေချိန်မှာ အတွေးအခေါ်ကောင်းတွေနှင့် သည်းခံမှုတွေ ၊ ကြိုးစားမှုတွေ ရှိလာလိမ့်မည်။

စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ ရှောင်ယန် အတွက် ကျွန်မ ယူလာတဲ့ ဟင်းပွဲ နှစ်ပွဲကို ကျွန်မရဲ့ ဒေါ်လေးလည်း စားထားပါတယ်။ သူမ ကိုယ်ဝန်သက်နုစဉ်ကာလတုန်းက ကျွန်မရဲ့ အိမ်မှာ အချိန် တစ်ခု ကြာအောင် နေခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ လ အနည်းငယ်အတွင်း သူမမှာ အစာစားချင်စိတ် သိပ်မရှိတော့ စားလိုက် ၊ အန်လိုက်နဲ့ သံသရာလည်နေခဲ့တာ။ နောက်ဆုံး ဒီဟင်းပွဲ နှစ်ပွဲကို စားပြီးတော့မှ သူမ သက်သာသွားခဲ့တာလေ။ ”

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ရဲ့ မနက်ခင်း ပျို့အန်ခြင်း လက္ခဏာတွေဟာ ကိုယ်ဝန်ရပြီး လ အနည်းငယ် အကြာမှာ လက္ခဏာပြလေ့ရှိသည်။ ချင်ရွယ်ရူရဲ့ မနက်ခင်း ပျို့အန်ခြင်း ဝေဒနာကလည်း အရင်တုန်းက အတော် ပြင်းထန်ခဲ့သော်လည်း ကံကောင်းချင်‌ဝောာ့ သူမက အဲ့ဒီအချိန်မှာ စုအိမ်တော်တွင် ရှိနေခဲ့လေသည်။

စုယန်ယန်က သူမရဲ့ ခန္ဓာကိုယ်မှာ ဘာဝေဒနာမှ မကျန်တော့တဲ့ အချိန် အတိုင်းအတာ တစ်ခုထိ ကူညီပြုစုပေးခဲ့သည်။

ယန်ရှောင်ယန်ရဲ့ မနက်ခင်း ပျို့အန်ခြင်း ဝေဒနာကတော့ အတော်လေး နောက်ကျမှ လက္ခဏာပြခဲ့သည်။ လွန်ခဲ့တဲ့ ငါးလတုန်းကမှသာ စတင် လက္ခဏာပြခဲ့တာ ဖြစ်ကာ အဲ့ဒီအချိန်မှာ ကလေးကလည်း ဖွံ့ဖြိုးနေပြီ ဖြစ်သည်။ ချင်ရွယ်ရူနှင့် ယှဉ်လိုက်ပါက သူမအတွက် သေချာပေါက် ပိုခက်ခဲလိမ့်မည်။

လန်မိသားစုဝင်တွေက အနည်းငယ် အံ့ဩသွားကြကာ ယန်ရှောင်ယန်ရှေ့မှ ဟင်းပွဲ နှစ်ပွဲကို ချက်ချင်း ကြည့်လိုက်ကြသည်။

စုယန်ယန်က သူမအတွက် စွပ်ပြုတ် တစ်ပန်းကန် ချက်ပေးထားသည်။

အပူခံဓာတ်ဘူးကလည်း အတော်လေး အရည်အသွေးကောင်းတာမို့ စွပ်ပြုတ်နှင့် ဟင်းလျာတွေကို ထုတ်ယူလိုက်ချိန်မှာ အငွေ့တထောင်းထောင်းနှင့် ပူနွေးနေဆဲ ရှိသေးသည်။ အစားအသောက်တွေရဲ့ မွှေးပျံ့သော ရနံ့က ထမင်းစားပွဲမှာ ရှိနေသော လူတိုင်းရဲ့ နှာခေါင်းထဲကို ပျံ့လွင့်ဝင်ရောက်လာခဲ့သည်။

ထိုအချိန် စားပွဲပေါ်မှာ အခြေခံအားဖြင့် အေးစက်သော ဟင်းပွဲတွေ ၊ အဆာပြေ မုန့်တွေသာ ပြည့်နှက်နေသည်။ ထိုဟင်းပွဲ နှစ်ပွဲရဲ့ မွှေးရနံ့ ပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိုမွှေးရနံ့က ဟင်းပွဲတွေကြားမှာ ထင်းထွက်နေပါသည်။

လန်မိသားစုဝင်တွေရဲ့ မျက်လုံးတွေက အနည်းငယ် တဖျတ်ဖျတ် လက်သွားပေမဲ့ ထိုဟင်းပွဲက ကိုယ်ဝန်သည် အမျိုးသမီးတွေ အတွက် ဆိုတာကိုတော့ သူတို့ သတိရနေပါသေးသည်။ သူတို့ ဘယ်လောက်ပဲ စားချင်နေပါစေ ၊ လုစားလို့ မရပါ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကတော့ အိမ်မှာ စားရတာ ရိုးနေပြီမို့ ဟန်မပျက် တည်တည်ငြိမ်ငြိမ်ပါပဲ။

စုယန်ယန်သည် မွေးနေ့ပွဲတုန်းက သူမ စားခဲ့သော မုန့်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ သူမ အရသာကို သေချာ ခံပြီးနောက် ကျန်သော မုန့်တွေကို ဟောက်ချန်ဟွမ်းအား ကျွေးလိုက်၏။

သူ့ဇနီး ကျွေးသော အစားအသောက်တွေကို စားရခြင်းနှင့် အသားကျနေသော ဟောက်ချန်ဟွမ်းကလည်း ဘာမှ တွေးမနေဘဲ စားလိုက်သည်။

မျက်စိရှေ့မှာ အရာရာတိုင်းကို မြင်လိုက်ရသော လန်မိသားစုဝင်များ : “ … ” သူတို့ရဲ့ အပြန်အလှန် ဆက်ဆံတဲ့ အပြုအမူတွေက အချစ်တွေနဲ့ တောက်ပနေလိုက်ပုံများ သူတို့ရဲ့ မျက်စိတောင် ကန်းသွားတော့မလားပဲ … ။

သူတို့တွေ ကြည့်နေကြသော အကြည့်တွေက သိသာလွန်း၍ စုယန်ယန်သည် နောက်ဆုံးဝောာ့ သူမတို့ဟာ ကိုယ့်အိမ်မှာကိုယ် ရောက်နေတာ မဟုတ်မှန်း နားလည်သွားသည်။ သူမရဲ့ လှုပ်ရှားနေသော လက်က ဆတ်ခနဲ ရပ်သွားသလို မျက်နှာလေးလည်း ရဲတက်သွားသည်။

စုယန်ယန် ရှက်သွားတာကို သတိထားမိသော မစ်စ်လန်က မေးလိုက်သည်။ “ ယန်ယန် ၊ မင်း ကလေးတွေကို ချစ်လား။ ”

စုယန်ယန်က သူမနံဘေးရှိ လူကို အလိုလို ကြည့်လိုက်ကာ တီးတိုး ပြန်ဖြေလိုက်သည်။ “ ဟုတ်ကဲ့။ ကျွန်မ ကလေးချစ်တတ်ပါတယ်။ ”

“ ဒါဆို မင်းတို့ နှစ်ယောက် ပိုကြိုးစားရမယ်နော်။ ”

စုယန်ယန်ရဲ့ မျက်နှာက စတော်ဘယ်ရီသီးလေးလို နီရဲသွားသော်လည်း ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ လက်ကို ဆုပ်ကိုင်ကာ ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ “ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ ”

ဒီလူကတော့ နည်းနည်းလေးတောင် အရှက်မရှိဘူးပဲ။

စုယန်ယန်သည် သူ့ကို ရှက်ရွံ့စွာ မျက်စောင်းထိုးလိုက်မိသည်။

သူမ မသိလိုက်တာကဝောာ့ ထိုအကြည့်ဟာ သူတို့ နှစ်ယောက်ရဲ့ စည်းဝါးကျစွာ လိုက်လျောညီထွေဖြစ်နေသော ဆက်ဆံရေးရဲ့ အမှတ်အသား ဆိုတာပါပဲ။

သူတို့ စကားပြောနေစဉ်မှာ နောက်ဆုံးတော့ ပူပူလောလော ဟင်းပွဲတွေလည်း ရောက်လာခဲ့သည်။

လန်မိသားစုရဲ့ စားဖိုမှုးက အချိုပွဲတွေ လုပ်ရာမှာ အလွန် တော်သော်လည်း ပူပူလောလော ဟင်းပွဲတွေနှင့် ပတ်သက်လာလျှင်တော့ အနည်းငယ် လိုအပ်ချက် ရှိနေပါသေးသည်။

သို့သော်လည်း အပြင်က အထက်တန်း စားသောက်ဆိုင်တွေနှင့် ယှဉ်လိုက်လျှင် သူ့လက်ရာကို အတော်လေး ကောင်းသည်ဟု သတ်မှတ်လို့ ရပါသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် မလာခင်မှာ မနက်စာ စားခဲ့ပြီးသားမို့ အရမ်းကြီး ဗိုက်ဆာမနေသဖြင့် ဖြည်းဖြည်းချင်း အေးအေးဆေးဆေးသာ စားနေခဲ့ကြသည်။

အခြားတစ်ဖက်၌ စောစောတုန်းက ခံတွင်းပျက်နေခဲ့သော စုယန်ယန်သည် စုယန်ယန် ပြင်ဆင်ပေးထားသော ကြက်သားကို စားပြီးနောက် ခံတွင်းတွေ့ကာ အစာစားချင်စိတ် တက်လာ၏။

စုယန်ယန် ယူလာခဲ့တဲ့ ဟင်းပွဲ နှစ်ပွဲကပဲ အရသာရှိနေတာ မဟုတ်ပါ။ လန်မိသားစု စားဖိုမှူး ပြင်ဆင်ပေးထားသော အစားအစာတွေက အစ အလွန် စားကောင်းနေသောကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေကြတာ ဖြစ်သည်။

“ ရှောင်ယန် ၊ နင့်ရဲ့ အစာ စားချင်စိတ်က ဒီနေ့ အများကြီး ပိုကောင်းလာပြီနော်။ ”

All Chapters