← Chapters

အခန်း ၅၆၅

Vol. 38 Ch. 565

အခန်း ၅၆၅

Vol. 38 Ch. 565

အခန်း ( ၅၆၅ ) ဗီအိုင်ပီ အခွင့်အရေးများ။

‌ယန်ရှောင်ယန်က လူတိုင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ “ ဆီးသီးနဲ့ ကြက်သားကို ရောချက်ထားတဲ့ ဟင်းပွဲက ချိုချိုချဉ်ချဉ်လေးနဲ့ အရမ်း စားချင်စရာကောင်းတယ်။ ”

“ နင် အခု ဘယ်လို နေလဲ။ အန်ချင်သလို ခံစားရလား။ ” မစ်စ်လန်က ပျော်ရွှင်နေသော်လည်း သူမ ဒီလို အခြေအနေမျိုးကို အရင်တုန်းက မကြုံဖူးတာတော့ မဟုတ်ပါ။ စားသည် ၊ ပြီးရင် စားသမျှ အကုန် ပြန်အန်ထွက်သည်။

ယန်ရှောင်ယန်က ဝေဒနာ သက်သာလာသလို ခံစားရလျက် ခေါင်းခါပြလိုက်သည်။ “ ဟင့်အင်း ၊ ကျွန်မရဲ့ အစာအိမ်ထဲမှာ နွေးပြီး နေရတာ သက်သောင့်သက်သာ ရှိတယ်။ လုံးဝ အန်ချင်စိတ် မရှိဘူး။ ”

အစာ စားပြီးတာနှင့် မအီမသာ ဖြစ်ပြီး ပျို့တက်လာတဲ့ အရင်အခေါက်တွေလို မဟုတ်ပါ။

လန်မိသားစုဝင်တွေ အလွန် ပျော်ရွှင်သွားကြ၏။ သူတို့က အခုတလော ယန်ရှောင်ယန် ခံတွင်းပျက်နေတာကို စိုးရိမ်နေကြတာပင်။

သူမ ခံတွင်းပျက်နေတာကို မြင်တော့ သူတို့စိတ်ထဲကို ပထမဆုံး ဝင်လာတဲ့ အရာက စုယန်ယန်ထံမှ လန်ကျားယီ ရရှိထားသော ဆူးပါတဲ့ နှင်းဆီတွေ ဖြစ်သည်။

ထိုအချိန်တုန်းက စုယန်ယန်က သူ့ကို ဆူးပါသော နှင်းဆီတွေ ထည့်ထားသည့် ဘူး တစ်ဘူးကို ပေးခဲ့သည်။ သူမက သူ့ကို လူ တစ်ယောက်ဟာ အများကြီးလည မစားသင့်သလို ခဏ ခဏလည်း မစားသင့်ကြောင်း ပြောခဲ့သည်။ အကယ်၍ အချိန်တို အတွင်း နှင်းဆီပန်းတွေကို ကုန်အောင် မစားနိုင်လျှင် နေရောင်အောက်မှာ အခြောက်ခံပြီး မူလ အခြေအနေအတိုင်း ထိန်းသိမ်းထားလို့ ရသည်။ အခြောက်ခံပြီး လက်ဖက်ရည် လုပ်သောက်ခြင်းရဲ့ အရသာကလည်း အတူတူပါပဲ။

ထို့ကြောင့် သူတို့တွေဟာ နှင်းဆီပန်းတွေကို အရေးပေါ် အခြေအနေတွေအတွက် အခြောက်ခံထားခဲ့ကြသည်။

ယန်ရှောင်ယန်ရဲ့ အခြေအ‌နေကို သူတို့ မြင်,မြင်ချင်း ပထမဆုံး လုပ်ချင်တဲ့ အရာက အခြောက်ခံထားသော နှင်းဆီပန်းတွေကို သူမအား ပေးလိုက်ချင်တာပင်။ သို့သော်လည်း စားသောက်ဆိုင်ကို အကြိမ်များစွာ ရောက်ဖူးသော လန်ကျားယီက သူတို့ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နှင်းဆီပန်းတွေကို မစားသင့်ကြောင်း ပြောပြခဲ့သည်။

တစ်ခုတည်းသော အဖြေကတော့ အဆုံးထိ သွားလိုက်ခြင်းပင်။ သူတို့ထဲမှ လူ အနည်းငယ်က အတွေ့အကြုံရှိ ပရိသတ် အဖွဲ့ဝင် တစ်ယောက် ဆိုတဲ့ လန်ကျားယီရဲ့ အထောက်အထား ( လန်မိသားစုနှင့် ဟောက်မိသားစုကြားမှ ခင်မင်မှု ) ကို အသုံးချ၍ အရှက်မဲ့စွာ သွားအကူအညီတောင်းဖို့ပင် တွေးနေခဲ့ကြပါပြီ။ သို့သော် သူတို့ အကူအညီမတောင်းရသေးခင်မှာပဲ စုယန်ယန်က ဒီကို အရင် ရောက်လာပြီး သူတို့ လိုအပ်သော အကူအညီကို ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြ။

မစ်စ်လန်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ သူမက စုယန်ယန်ကို ဟင်းပွဲ နှစ်ပွဲ အကြောင်း မေးမြန်းကြည့်ချင်နေသည်။ “ ယန်ယန် ၊ ဒီဟင်းပွဲ နှစ်ပွဲက … ”

သူမ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ လန်ကျားယီက ဖြတ်ပြောသည်။ “ အန်တီလေး ၊ ဒီဟင်းပွဲ နှစ်ပွဲက တင်ဆက်သူရဲ့ ဆိုင်က ဟင်းပွဲတွေနဲ့ ဘာလို့ နည်းနည်း တူနေရတာလဲ။ ”

အရင်တုန်းကဆို ဟင်းတွေထဲမှာ လိမ္မော်ခွံကို အသုံးပြုတာ မရှိခဲ့တာမို့ လန်ကျားယီ ဒီလို သံသယရှိတယ် ဆိုတာ သဘာဝကျသည်။

သင်္ဘောသီးကလည်း ထူးမခြားနား။ လူများစွာက သင်္ဘောသီးကို အသီး အဖြစ်သာ သုံးခဲ့ကြတာ ဖြစ်သည်။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာသာ သူမက သင်္ဘောသီးကို သုံးကာ အရသာရှိသော ဟင်းလျာတွေကို ချက်ပြုတ်လေ့ရှိသည်။

စုယန်ယန်က ထိုမေးခွန်းကြောင့် ထိတ်လန့်သွားသော်လည်း ကိုယ့်စိတ်ကိုယ် ပြန်ထိန်းလိုက်ပါသည်။ “ အဟမ်း ၊ နင် ပြောတာ မှန်ပါတယ်။ ဒီဟင်းပွဲက တင်ဆက်သူရဲ့ စားသောက်ဆိုင်ကပဲလေ။ ”

လန်ကျားယီက မျက်မှောင်ကြုတ်ရင်း တအံ့တဩ ပြန်ပြောသည်။ “ ဒီလိုဆို အန် .. အန်တီလေးက အဲ့ဒီက ဟင်းလျာကို ဘယ်လိုလုပ် ယူလာတာလဲ။ ”

တရုတ် တိုင်းရင်းဆေးတွေမှာ လူ တစ်ဦးတစ်ယောက်ချင်းစီအတွက် ဦးတည်ထားသော သီးသန့် ကုသမှုတွေ အမြဲ ရှိသလိုပင် ဆေးဖက်ဝင်ဟင်းလျာတွေကလည်း အတူတူပဲ ဖြစ်သည်။

မတူညီသော လူတွေက မတူညီသော အချိန်မှာ မတူညီသော အရာတွေကို စားဖို့ လိုအပ်သလို ထည့်သွင်းရသော တရုတ် ဆေးဖက်ဝင် ပါဝင်ပစ္စည်း ပမာဏကလည်း မတူ ကွဲပြားသည်။

လူ တစ်ယောက်ကို အစားအစာကြောင့် အသက်ဆုံးရှုံးစေသည်ဟု ဆိုကာ စုယန်ယန်ရဲ့ စားသောက်ဆိုင်ကို မဟုတ်မမှန် စွပ်စွဲခဲ့သော လူကို လာဘ်ထိုးခဲ့သလိုပါပဲ ၊ သူကလည်း သူ့အတွက် ရည်ရွယ်ထားသော အစားအသောက်တွေကို တခြားသူတွေ စားဖို့ လျို့ဝှက် ထုတ်‌ယူနေခဲ့သည်။

ကံကောင်းစွာဖြင့် ထိုလူ့အမေရဲ့ ရောဂါ ဝေဒနာက သူ့အခြေအနေထက် ပိုပြင်းထန်နေခဲ့သည်။ သူ့မှာ ရှိသော ဆေးဝါး ပမာဏကလ အနေတော်ပဲမို့ ဆေးဖက်ဝင် ဟင်းလျာတွေမှာ ဘာပြဿနာမှ မရှိခဲ့။

တကယ်လို့ ဆေးဝါး ပမာဏကသာ အရမ်း များနေခဲ့ရင် ပြဿနာအတွက် အပြစ်တင်ခံရမှာ သူတို့လား ဆိုတာ ဘယ်သူ သိမှာလဲ။

ထို့ကြောင့် ထိုဖြစ်ရပ်အပြီးမှာ စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေက ဘယ်သူ့ကိုမှ ဆေးဖက်ဝင် ဟင်းလျာတွေအား အပြင်ထုတ်သွားခွင့်မပေးဘဲ ပိုလို့တောင် သတိ ဝီရိယရှိလာခဲ့ကြသည်။

စုယန်ယန်ရဲ့ ဆေးဖက်ဝင် ဟင်းလျာကို စားသောက်ဆိုင်ပြင်ပမှာ မြင်ရတာကို လန်ကျားယီက ဘယ်လိုလုပ် မအံ့ဩဘဲ နေမှာလဲ။

စုယန်ယန်ကို ကြည့်နေသော လန်ကျားယီရဲ့ အကြည့်က စည်းကမ်းမလိုက်နာဘဲ စာမေးပွဲ အဖြေလွှာတွေကို တိတ်တဆိတ် ခိုးယူသွားတဲ့ ကျောင်းသူဆိုး တစ်ယောက်ကို ကြည့်နေသလိုပင်။

စုယန်ယန် : “ ??? ”

“ အင်း … ” စုယန်ယန်က မျက်လုံးလှိမ့်ကာ ခပ်တိုးတိုး ‌ပြောလိုက်သည်။ “ နင့်ဦးလေးက စားသောက်ဆိုင်ရဲ့ ဗီ .. ဗီအိုင်ပီ စားသုံးလေ။ အဲ့တော့ သူ့မှာ တခြား သူတွေမှာ မရှိတဲ့ အထူး အခွင့်အရေး နည်းနည်းပါးပါး ရှိတယ်။ ”

ဟောက်ချန်ဟွမ်းသည် သူ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို ပထမဆုံးအကြိမ် ပြန်သွားခဲ့တုန်းက စုယန်ယန် သူ့ကို ပြောခဲ့သော စကားတွေကို ရုတ်တရက် ပြန်သတိရကာ ချက်ချင်းပဲ သူ့မျက်လုံးတွေ မည်းမှောင်သွား၏။

All Chapters