အခန်း ၅၆၈
Vol. 38 Ch. 568
အခန်း ( ၅၆၈ ) ချစ်စရာအကောင်းဆုံး ကလေးလေး။
လန်မင်ဟန်က စက္ကန့်ပိုင်းလောက် ကြာအောင် ဆွံ့အသွားပြီး ပြုံးပြလိုက်သည်။ “ ငါ ဘာမှ မဟုတ်တာကို စိုးရိမ်နေမိတယ် ထင်ပါတယ်။ မင်းနဲ့ အန်တီလေးလို့ အမြန်ဆုံး ကလေးရပြီး ဘဝ တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ”
ဟောက်ချန်ဟွမ်းက သူ့ကို ကြည့်ကာ ခပ်တိုးတိုး ပြန်ပြောခဲ့သည်။ “ ကျေးဇူးတင်ပါတယ်။ ” သူရဲ့ ဆုတောင်းအတွက် ကျေးဇူးတင်တာလား ၊ သတိပေးစကားအတွက် ကျေးဇူးတင်တာလား ဆိုတာကတော့ မသေချာ မသဲကွဲပါ။
သူတို့ အိမ်ပြန်ရောက်တော့ စုယန်ယန်က စိတ်လှုပ်ရှားနေဆဲ ရှိသေးသည်။ သူမက မစ်စ်လန် ပေးလိုက်သော လက်ဆောင်လေးများကို စုယန်ယန်အား ထုတ်ကြွားနေသည်။
“ ဒီမှာ ကြည့်စမ်း။ ဒါ ယောင်းမ ပေးလိုက်တဲ့ လက်ဆောင်လေးလေ။ ”
ဟောက်ချန်ဟွမ်းက ပြုံးကာ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ အဲ့ဒါ ဘာလဲ။ ”
“ ကျွန်မလည်း မသိဘူး။ သူမ ပြောတာတော့ ဒါကို ကျွန်မအတွက် သေချာလေး ပြင်ဆင်ပေးထားတာမို့ အိမ်ပြန်ရောက်ရင် ဖွင့်ကြည့်လိုက်ပါတဲ့။ ”
ဟောက်ချန်ဟွမ်းက မျက်ခုံးပင့်လိုက်သည်။ “ စိတ်ဝင်စားစရာကောင်းသားပဲ။ ”
“ ရှင် အဲ့ဒါကို ကြည့်ချင်လား။ ” စုယန်ယန်သည် ဘူးဘေးထဲမှာ ကြည့်ဖို့ အဆင်မပြေသော တစ်စုံတစ်ခု ရှိနေမှာကို စိုးရိမ်မိသော်လည်း ဟောက်ချန်ဟွမ်းကို ဖုံးကွယ်ထားဖို့တော့ ရည်ရွယ်ချက်မရှိပေ။
“ ကိုယ် ဖွင့်ပေးမယ်။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ထံမှ လက်ရောမြောက်သော လက်ဆောင်ဘူးလေးကို ယူပြီး ဖွင့်ကြည့်လိုက်၏။ သူ အံ့ဩသွားရပါသည်။
“ ဒါ ဘာလဲ။ ကျောက်စိမ်းလား။ ” စုယန်ယန်က ထိုပစ္စည်းကို ထုတ်ယူကာ အပြန်ပြန် အလှန်လှန် ကြည့်လိုက်သည်။ သူမပုံစံက စိတ်ရှုပ်ထွေးသလို ပုံစံ ဖြစ်သွားသည်။ “ ဘာလို့ ဒီကျောက်စိမ်းက နည်းနည်းလေး ထူးဆန်းနေတာလဲ။ တိရစ္ဆာန် တစ်ကောင်ကောင်နဲ့ တူသလိုပဲ။ ”
“ ချီလင်နဂါးနဲ့ တူတာ။ ”
“ ဟမ်။ ”
“ ဒါက ချီလင်နဂါး ပုံစံလေ။ ”
“ ချီလင်နဂါး … ။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ ”
ဟောက်ချန်ဟွမ်းက သူမကို လေးလေးနက်နက် စိုက်ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ သူမက မင်းကို အမြန်ဆုံး ကိုယ်ဝန်ရှိစေချင်နေတာ။ ”
စုယန်ယန် ဆွံ့အသွားသည်။ အေးစက်သော ကျောက်စိမ်းတုံးလေးက သူမလက်ထဲမှာ ပူပြင်းတောက်လောက်နေသလို ခံစားရကာ မျက်နှာလေး အနီရောင် ပြောင်းသွားမိသည်။
“ ဒါဆို ရှင်ရော။ ”
“ ဘာကိုလဲ။ ”
“ ရှင်ရော မကြာခင် ကလေး လိုချင်လား။ ”
စုယန်ယန် ဒီမေးခွန်းကို လေးနက်သော လေသံဖြင့် သူ့ကို မေးဖူးတာ ဒါ ပထမဆုံး အကြိမ်ပါပဲ။ အရင်တုန်းကတော့ သူတို့တွေ တစ်ယောက်ကို တစ်ယောက် စနောက်နေခဲ့ကြတာသာ များသည်။
ဟောက်ချန်ဟွမ်း အံ့ဩသွားကာ သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ ကိုယ် လိုချင်ပေမဲ့ လိုလည်း မလိုချင်ဘူး။ ”
စုယန်ယန်က နားမလည်နိုင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ ရှင် ကလေးတွေကို သဘောမကျဘူးလား။ ”
“ သဘောကျပါတယ်။ ဒီတိုင်း … ”
“ သဘောကျရုံပဲကျတာလား။ ”
“ ကိုယ်တို့ လက်ထပ်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ ယန်ယန်။ ”
“ ဟမ်။ ” စုယန်ယန်က ချက်ချင်းပဲ အတွေး တစ်ခုကို တွေးမိသွားသည်။ သူမ သူ့ကို မော့ကြည့်လိုက်၏။ “ ရှင် ကျွန်မရဲ့ အရင်လို အချိန် အများကြီး အတူ ရှိမနေရတော့မှာကို တွန့်ဆုတ်နေတာလား။ ”
ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကို လူမိသွားသောကြောင့် နားရွက်တွေ အနည်းငယ် ရဲတက်သွားသော်လည်း သူ့မျက်လုံးတွေကတော့ သူမကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေခဲ့ပါသည်။
တကယ်တော့ လောလောဆယ်မှာ သူတို့ရဲ့ ဟန်နီးမွန်းကာလကို သူ အဆုံးရှုံးမခံနိုင်သေးပေ။ သူမကို ပိုင်ဆိုင်ရခြင်းက သူ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်ပင်။ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်လေး အတွင်းမှာ သူ့စိတ်အာရုံတွေကို ကလေး တစ်ယောက်နှင့် မျှဝေရပါဦးမည်။ သူက နည်းနည်းလေးတော့ သဘောထားကျဉ်းမြောင်းတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝန်ခံရပါမည်။
စုယန်ယန် တစ်ယောက် ရယ်ရမလား ၊ ငိုရမလား မသိတော့။ “ ရှင်က ကလေး တစ်ယောက်ကိုတောင် မနာလိုဖြစ်နေတာပဲ။ ရှင်က တကယ့်ကို … ”
268 02
စုယန်ယန်ရဲ့ စကား မဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို ပွေ့ဖက်လိုက်သည်။ “ သဘာဝအတိုင်းပဲ သွားရအောင်ပါ။ မင်း ကိုယ်ဝန်ရှိတဲ့ တစ်နေ့ကျ ကိုယ်တို့မှာ ကလေးရလာမှာပေါ့။ မရှိသေးတော့လည်း စောင့်ကြတာပေါ့။ ”
ဟောက်ချန်ဟွမ်းက စကား ခဏ ရပ်ကာ ကွဲအက်သော အသံဖြင့် ပြောလိုက်သည်။ “ ယန်ယန် … ကိုယ့်ဘဝမှာ ကလေး ရလာလိမ့်ယ်လို့ ကိုယ် တစ်ခါမှ တွေးမကြည့်ဖူးဘူး။ ”
“ ရှင် အခု တွေးကြည့်လို့ ရပြီလေ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခါးကို တင်းကျပ်စွာ သိုင်းဖက်ထားလိုက်သည်။ “ ရှင် အိမ်မှာ ကလေးတွေ အများကြီး မလိုချင်ရင် ကျွန်မတို့ တစ်ယောက်ပဲ ယူလို့ ရပါတယ်။ ဒါပေမဲ့ နှစ်ယောက် ရှိတာက ပိုကောင်းမယ်လို့ဝောာ့ ကျွန်မ ထင်တယ်။ ကျွန်မနဲ့ ကျွန်မအစ်ကိုလို အဖော်လည်း ရလိမ့်မယ်။ ကျွန်မရဲ့ အစ်ကိုက ဟိုးကလေးဘဝကတည်းက ကျွန်မကို အမြဲတမ်း မျက်စိအောက်က အပျောက်မခံဘဲ တုန်နေအောင် ချစ်ပြီး ဂရုစိုက်ပေးခဲ့တာ။ ကျွန်မ ငယ်ငယ်တုန်းက အရမ်း ပျော်ခဲ့ရတာလေ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ၊ အိမ်မှာ ကလေးလေးတွေ ဘယ်လောက်ရှိရှိ ရှင်ကတော့ ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ချစ်စရာအကောင်းဆုံး ကလေးလေး ဖြစ်နေမှာ။ ”
“ ခွီး … ” ကိုယ်ပျောက်လူသားကဲ့သို့ တိတ်ဆိတ်စွာ ကားမောင်းနေသော ဒရိုင်ဘာ ရှောင်ကုသည် ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။
ရယ်ပြီးသွားတော့မှ သခင်လေး သိသွားမှာကို စိုးရိမ်၍ မျက်နှာလုံး နီရဲတက်လာတဲ့ အထိ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။ ဘယ်လောက်တောင် ဆိုးလဲ ဆိုရင် စတီယာရင်ကို ကိုင်ထားတဲ့ သူ့လက်တောင် ပြေလျော့ကျသွားတော့မလိုပါပဲ။
ဟောက်ချန်ဟွမ်းက အဲ့ဒါကို သတိပြုမိပေမဲ့ သူ့ကို ဘာမှ ပြဿနာ မရှာခဲ့ပေ။ သူ ထိန်းချုပ်မရစွာ ပြုံးရင်း ပြောလိုက်သည်။ “ မင်း ကားပေါ်မှာ ကလေးချော့သိပ်ဖို့ ကြိုးစားနေတာလား။ ”