← Chapters

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း (၅၇၁) သူမမှာ ကိုယ်ဝန်ရှိနေတာလား။

‘ သိပ်စိတ်ပျက်စရာကောင်းတယ် ’ ဟူသော စကားက မစ်စ်ဟောက်ကို ရှူးရှူးရှားရှား ဖြစ်သွားစေသည်။ “ အခုတော့ ရှင်က ကျွန်မကို စိတ်ပျက်စရာကောင်းတယ်လို့ တွေးပြီပေါ့လေ။ ရှင် ကျွန်မကို လက်ထပ်တုန်းကကျ စိတ်ပျက်စရာကောင်းတဲ့ မိန်းမလို့ ဘာလို့ မခေါ်ခဲ့တာလဲ။ ”

“ ဘာလို့လဲ ဆိုတော့ မျက်စိကန်းနေတဲ့ ငါက မင်းကို သဲသဲကွဲကွဲ မမြင်နိုင်ခဲ့လို့ပဲ။ ” ဟောက်ချီဟန်သည် မစ်စ်ဟောက်ရဲ့ မေးခွန်းတွေကြောင့် တစ်ချိန်လုံး စိတ်ပျက်လက်ပျက် မကျေမနပ်ဖြစ်နေခဲ့ရသော ခံစားချက်ကို ဖိနှိပ်ထားရသည်။ “ အရင်တုန်းကတော့ မင်းကို နူးညံ့သိမ်မွေ့ပြီး သဘောထားကြီးတယ်လို့ ငါ ထင်ခဲ့ဖူးတယ်။ အဲ့လို မဟုတ်ရင်တောင်မှ ၊ ငါ့ကို စီးပွားရေးလုပ်ငန်းတွေမှာ ဝင်မကူညီပေးနိုင်ရင်တောင်မှ မိသားစုရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ကို စိတ်ပူစရာမလိုအောင် ထားလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးကျ ဘာဖြစ်သွားလဲ။ မင်းက ဝက်လိုပဲ တုံးအတယ်။ ပြဿနာ တစ်ခုခုနဲ့ ရင်ဆိုင်ရတိုင်း အသံကုန် အော်တော့တာပဲ။ မင်းရဲ့ အပြုအမူတွေက လုံးဝ အဆင့်အတန်း မရှိဘူး။ အဲ့လို အသုံးမကျတဲ့ သား တစ်ယောက်ကို မင်း ပျိုးထောင်နိုင်ခဲ့တာ အံ့ဩစရာ မရှိဘူး။ မင်းကြောင့် ငါ သိက္ခာကျတယ်။ ”

မစ်စ်ဟောက်က အစကတည်းက ဒေါသထွက်နေခဲ့သော်လည်း ဟောက်ချီဟန်အား သူမတို့သားအကြောင်းကို ဒီလို လေသံမျိုးဖြင့် ပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဤဖြစ်ရပ်က သူမအား ဟောက်ရှောက်ဖုန်း ဒဏ်ရာရကာ ဆေးရုံတက်ခဲ့ရသော နေ့ကို ပြန်သတိရသွားစေသည်။

ဟောက်ချီဟန်သည် အဲ့ဒီနေ့တုန်းက သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိလှဘဲ ဆေးရုံတက်နေရသော သားဖြစ်သူကို အပေါ်ယံလောက်ပဲ ကြည့်ပြီး ပြန်သွားခဲ့သည်။

ထိုအကြောင်းကို ပြန်တွေးရင်း မစ်စ်ဟောက်ရဲ့ ဒေါသကလည်း ငယ်ထိပ်ကို နောက်တစ်ကြိမ် ဆောင့်တက်လာပြန်သည်။ “ အသုံးမကျတဲ့ သား .. ဟုတ်လား။ ရှောက်ဖုန်းက ကျွန်မသား ဆိုရင် ရှင့်သားရော မဟုတ်လို့လား။ အခုတော့ ရှင်က သူ့ကို တကယ်ပဲ အထင်သေးနေပြီပေါ့လေ။ သူ့ကို ရတနာ တစ်ပါးလို ဆက်ဆံပြီး လူတိုင်းကို လိုက်ကြွားခဲ့တာ ဘယ်သူလဲ။ ရှောက်ဖုန်းရဲ့ ဗီဇတစ်ဝက်က ရှင့်ဗီဇတွေပဲ။ သူက အသုံးမကျရင် ရှင်ကလည်း အသုံးမကျတဲ့ အဖေ တစ်ယောက်ပဲ။ ”

“ မင်း ဘာပြောလိုက်တယ် … ” ဘယ်ယောက်ျားမဆို ၊ အထူးသဖြင့် ဟောက်ချီဟန်လို မဟာ ဖိုဝါဒီသမား တစ်ယောက်ဟာ မိန်းမ တစ်ယောက်က သူ့ကို အသုံးမကျဘူးလို့ ပြောတာကို သည်းခံမှာ မဟုတ်ပါ။

မစ်စ်ဟောက်ရဲ့ စကားကြောင့် သူလည်း ထောင်းခနဲ ဒေါသထွက်သွားသည်။

သူ မစ်စ်ဟောက်ကို လက်ညိုးထိုးကာ ကြိမ်းမောင်းလိုက်၏။ “ မင်းကို ဒီနှစ်တွေ တောက်လျှောက် ဘယ်သူ ရှာကျွေးခဲ့တာလဲ ဆိုတာ မေ့မနေနဲ့။ မင်းက နှစ် ( ၂၀ ) ကျော်ကြာအောင် ငါ့အပေါ် ကပ်ပါးကောင် တစ်ကောင်လို မှီခိုနေခဲ့တာတောင်မှ ငါ့ကို မျက်နှာပြောင်တိုက်ပြီး အသုံးမကျဘူးလို့ ပြောရဲသေးတယ်။ မင်းက သုံးစားမရတဲ့ အမှိုက်ထက်တောင်မှ ပိုဆိုးတယ်။ ”

“ ဟောက်ချီဟန် … ရှင်က မကောင်းတဲ့ လူယုတ်မာ။ ”

ဟောက်ချီဟန်သည် သူမနှင့် ဆက်လက် ငြင်းခုံမနေနိုင်တော့ပေ။ တံခါးကို လက်ညိုးထိုးပြကာ သူ အော်ပြောလိုက်သည်။ “ တော်လောက်ပြီ။ မင်းက ဘာမှ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ စိတ်ပျက်စရာ မိန်းမပဲ။ တော်လိုက်တော့ ၊ အခု တော်လိုက်တော့။ ငါ့အတွင်း‌ရေးမှူးကို ခဏနေ မင်းဆီ ကွာရှင်းစာချုပ် ပို့ခိုင်းလိုက်မယ်။ အဲ့ဒါကို ချက်ချင်း လက်မှတ်ထိုးလိုက် ၊ ငါတို့ ကွာရှင်းကြမယ်။ ”

ဟောက်ချီဟန်နောက်မှာ ပုန်းနေသော ရွှယ်ပိုင်လီက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။

ကွာရှင်းစာချုပ်တဲ့လား။ မစ်စတာဟောက်ရဲ့ ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရတော့ဘဲ တုန်ရီသွားရင်း အမြင်အာရုံမှာလည်း အမှောင်ဖုံးလွှမ်းသွားသည်။

ဒီလူက သူမကို ကွာရှင်းချင်တယ်တဲ့လား။ သူတို့တွေ နှစ် ( ၂၀ ) ကျော်ကြာ လင်မယား ဖြစ်လာခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သူမဟာ ‘ သိပ်စိတ်ပျက်စရာ‌ကောင်းတဲ့ မိန်းမ ’ လို့ အခေါ်ခံခဲ့ရသည်။ သူမရဲ့ သားကို အသုံးမကျဘူးလို့ ယူဆလျှင် ကိစ္စမရှိပါ။ ဒါပေမဲ့ တကယ်တမ်းမှာ ဒီလူက တခြား မိန်းမ တစ်ယောက်အတွက်နှင့် သူမကို ကွာရှင်းချင်နေတာပင်။ သူ့ကိုယ်သူ ဘာထင်နေတာလဲ … ။

မစ်စ်ဟောက်က ရွှယ်ပိုင်လီရဲ့ အပြုံးကို မြင်ချိန်မှာ ဒေါသဖြင့် မျက်နှာရှုံ့မဲ့သွားသည်။

“ ရှင်က ကျွန်မနဲ့ ကွာရှင်းချင်တယ်ပေါ့လေ .. ဟုတ်လား။ ကျွန်မ ရှင့်ကို ပြောပါရစေဦး ၊ ရှင် ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမှာ မဟုတ်ဘူး။ ရှင့်ကို လက်ထပ်ပေးပါလို့ ရှင်ကိုယ်တိုင်ပဲ ကျွန်မကို ဟိုးအရင်တုန်းက တောင်းတောင်းပန်ပန် ပြောခဲ့တာ။ အခု ရှင့်မှာ တခြား မိန်းမ တစ်ယောက်လည်း ရှိလာရော ကျွန်မကို ကန်ထုတ်ချင်နေပြီပေါ့လေ။ အိပ်မက်ပဲ မက်နေလိုက်။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ နတ်ဘုရား တစ်ပါးကို ဆင့်ခေါ်ဖို့ ဆိုတာ လွယ်ပေမဲ့ နှင်ထုတ်ဖို့ကတော့ မလွယ်ဘူး။ ကျွန်မက ရှင်နဲ့ ကွာရှင်းဖို့ သဘောတူလိုက်ပြီး ဒီမိန်းမကို နေရာလွှဲပေးရမယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ”

ဒါက သူ့ဇနီး အလွန် ဒေါသပေါက်ကွဲနေတာကို ဟောက်ချန်ဟန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါ။ သူ ခဏလောက် ဆွံ့အသွားပြီးမှ မစ်စ်ဟောက်သည် ပိုလို့တောင် စိတ်ပျက်စရာကောင်းပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ခံစားလိုက်ရသည်။

“ မင်း ရူးနေပြီ။ ”

“ ကျွန်မက ရူးနေပြီ .. ဟုတ်လား။ ဟုတ်တယ် ၊ ကျွန်မ ရူးနေပြီ ၊ ကျွန်မက အရူးမ။ ကျွန်မ ဒီနေ့ ဘယ်လောက်တောင် ရူးသွားပြီလဲ ဆိုတာ ရှင့်ကို ပြမယ်။ ” မစ်စ်ဟောက်သည် ထိုစကားကို ပြောပြီးနောက် ရွှယ်ပိုင်လီကို ခုန်အုပ်လိုက်၏။

အလွန် ကြောက်ရွံ့နေသော ရွှယ်ပိုင်လီက နောက်ကို ချက်ချင်း ခြေတစ်လှမ်း ဆုပ်လိုက်ရင်း ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ဟောက်ချီဟန်သည် လျင်မြန်စွာ သတိဝင်လာကု မစ်စ်ဟောက်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး တွန်းထုတ်ပစ်လိုက်၏။

မစ်စ်ဟောက်က နည်းနည်းလေး ခလုတ်တိုက်မိသွားပြီးမှ ရွှယ်ပိုင်လီရဲ့ ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။ “ အစ်ကိုဟန် … ။ ကလေး … ကျွန်မရဲ့ ဗိုက်ထဲက ကလေး။ အမယ်လေး ၊ ကျွန်မ ဗိုက်နာလိုက်တာ။ ”

++++++

All Chapters