← Chapters

အခန်း ၅၇၄

Vol. 39 Ch. 574

အခန်း ၅၇၄

Vol. 39 Ch. 574

အခန်း ( ၅၇၄ ) အမေတို့ ကွာရှင်းလို့ မရဘူး။

ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာက စာရွက်လေး တစ်ရွက်လို ဖြူစုတ်သွားသည်။ မစ်စ်ဟောက်ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး မေးလိုက်၏။ “ ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ကုန်တာလဲ အမေ။ အဖေနဲ့ အမေက အမြဲတမ်း အိမ်ထောင်ရေး အဆင်ပြေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူက ရုတ်တရက်ကြီး … ”

မစ်စ်ဟောက်သည် နောက်တစ်ကြိမ် မျက်ရည်တွေ စီးကျလာမိသည်။

သူမနဲ့ ဟောက်ချီဟန်က အိမ်ထောင်ရေး အဆင်ပြေတယ်တဲ့လား။

အနည်းဆုံးတော့ အပြင်လူတွေရဲ့ အမြင်မှာ သူတို့က ပျော်ရွှင်စရာ မိသားစု တစ်စုနဲ့ အဆင်ပြေ သင့်မြတ်တဲ့ စုံတွဲ တစ်တွဲ ဖြစ်နေတာ ၊ ပြီးတော့ ထူးချွန်တဲ့ သား တစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါသည်။

ဒါပေမဲ့ အမှန်တရားကတော့ ဟောက်ရှောက်ဖုန်းရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်လို့ ဟောက်ချီဟန်မှာ ငြင်းဆန်လို့ မရသော တာဝန် ရှိနေတာပဲ ဖြစ်သည်။

ဟောက်ချီဟန်က သိပ်အရည်အချင်းမရှိသောကြောင့် ငယ်ငယ်ကတည်းက ‘ လူညံ့ ’ လို့ အခေါ်ခံရတာကို မုန်းသည်။ ဟောက်ကော်ပိုရေးရှင်းရဲ့ ဦးဆောင်သူ ဖြစ်လာပြီးနောက်ပိုင်း ဘေးပတ်ဝန်းကျင်က လူတွေရဲ့ ချီးမွမ်းမြှောက်ပင့်စကားတွေက သူ့အား သွေးနားထင်ရောက်သွားစေခဲ့သည်။ သူ့ကိုယ်သူ ညံ့ဖျင်းတယ်လို့ ခံစားခဲ့ရဖူးပေမဲ့ အခုတော့ သူ မော်ကြွားထောင်လွှားနိုင်ပါပြီ။

အဲ့ဒါတောင် ဟောက်ချီဟန်က သူမကို သူ့အတွက် အသုံးမကျသည့် သား တစ်ယောက်ကို မွေးထားသည်ဟု မျက်နှာပြောင်တိုက်စွာ ပြောရဲသေးသည်။ အသုံးမကျတဲ့ မျိုးစေ့တွေကို သူ့ဆီကနေ သူမ ရခဲ့တာ ဖြစ်သည်။

ဒီနှစ်တွေ တစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် တခြား လူတွေထက် မြင့်မြတ်သာလွန်သည်ဟု အထင်ရောက်နေသော ဒီယောကျာ်းရဲ့ မဟာဖိုဝါဒီ စိတ်ကြီးကို သူမ သည်းခံနိုင်ခဲ့သည်။ အဲ့လို သည်းခံနိုင်တာကလည်း သူ့ကို ချစ်တဲ့ အချစ်စိတ်ကြောင့်ရယ် ၊ သူကိုယ်တိုင်ကလည်း သူမကို ဂရုစိုက်ပေးတာကြောင့်ရယ်ပါ။ သူက သူမ သည်းခံနိုင်သော အတိုင်းအတာကို ဘယ်တော့မှ မကျော်ဖူးခဲ့။ အခြားတစ်ဖက်၌ သူ့မိသားစုနောက်ခံက သူမနှင့် သူမရဲ့ ကလေးကို အဆင်ပြေ လွယ်ကူသော ဘဝ တစ်ခု ပေးနိုင်တာကြောင့်လည်း ပါသည်။ သူမ သည်းမခံနိုင်သော်လည်း ဒီလို ဘဝမျိုးကို အဆုံးရှုံးမခံနိုင်ပါ။

ဒါပေမဲ့ အခုဝောာ့ …

ဟောက်ရှောက်ဖုန်းက ငိုပဲ ငိုနေပြီး ဘာမှ မပြောသော အမေဖြစ်သူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သေချာလေး စဉ်းစားကြည့်လိုက်ဝောာ့ ဟောက်ချီဟန် ဖောက်ပြန်ရခြင်းအတွက် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ကို သူ အမြန် ရှာတွေ့သွားသည်။

“ ဟိုမိန်းမ .. ဟိုမိန်းမက အဖေ့ကို ရည်ရွယ်ချက်ရှိရှိ မြူဆွယ်လို့ အဖေ ပါသွားတာ ဖြစ်မယ်။ အဖေက ဘယ်လို လူမျိုးလဲ ဆိုတာ အဲ့မိန်းမ နားလည်တယ်။ အဖေ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ် ဆိုတာကို သိလို့ တမင်တကာ မြူဆွယ်ခဲ့တာပဲ။ ”

အမှန်တကယ်သာ အဲ့လို ဆိုလျှင် ထိုမိန်းမမှာ အခု ကိုယ်ဝန်လည်း ရှိနေပြီမို့ သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လိမ့်မည်။

သူက ဟောက်ကော်ပိုရေးရှင်းထဲကနေ နှင်ထုတ်ခံထားရပြီးသား လူ။ အကယ်၍ ဟိုမိန်းမက သား တစ်ယောက် မွေးလိုက်ရင် သူ့အဖေက ဟောက်‌ကော်ပိုရေးရှင်းကို အဲ့ဒီကလေးဆီ လွှဲပြောင်းပေးလိုက်မှာလား။

ဟင့်အင်း ၊ မဖြစ်နိုင်ဘူး။ ဟောက်ကော်ပိုရေးရှင်းက သူ့အပိုင် ၊ သူနဲ့ပဲ သက်ဆိုင်သင့်တာ … ။ အဲ့ဒီ တရားမဝင် ကလေးကို သူနဲ့ သက်ဆိုင်တဲ့ အရာကို ခိုးယူခွင့်မပေးနိုင်ဘူး။

“ အဖေ ဘာပြောလဲ။ သူနဲ့ အဲ့မိန်းမနဲ့က … ”

“ သူ တခြား ဘာပြောနိုင်ဦးမှာလဲ။ သူက ငါနဲ့ ကွာရှင်းချင်နေတာလေ ၊ ငါ့ပါးကိုတောင် ရိုက်ခဲ့သေးတယ်။ ”

မစ်စ်ဟောက်သည် ရွယ်ပိုင်လီ လဲကျသွားပြီးနောက် နာကျင်မှုကြောင့် ငိုကြွေးနေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူမ အဲ့လောက်ကြီး မနာပါ။

ဟောက်ချီဟန်က သူ့ကလေး ဘာမှ မဖြစ်ကြောင်း သိသွားတော့မှ စိတ်အေးသွားကာ မစ်စ်ဟောက်ကို ပြဿနာရှာဖို့ စိတ်အားသွားသည်။

သူက သူမရဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပိတ်ရိုက်ကာ သူမရဲ့ ခင်ပွန်းအနေဖြင့် သူ့အပေါ် သူမ ထားရှိသော လက်ကျန် မျှော်လင့်ချက် အပိုင်းအစလေးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။

“ ကွာရှင်းမယ် .. ဟုတ်လား။ ” ဟောက်ရှောက်ဖုန်း အော်ပြောမိသွားသည်။ “ အမေတို့ ကွာရှင်းလို့ မရဘူးနော်။ လုံးဝ ကွာရှင်းလို့ မရဘူး။ ”

သူ့ရဲ့ ရုတ်တရက် ကျယ်လောင်သွားသော အသံကြောင့် မစ်စ်ဟောက်က ထိတ်လန့်သွားသည်။ သူမ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသော ဗလာနတ္ထိ အကြည့်ဖြင့် သူ့ကို ကြည့်နေမိသည်။

ဟောက်ရှောက်ဖုန်း လည်ချောင်းနင်သလို ခံစားလိုက်ရ၏။ သူ သတိပြန်ဝင်လာပြီးနောက် မစ်စ်ဟောက်ရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ အဖေနဲ့ ကွာရှင်းလို့ မရဘူးနော် အမေ။ အခု အဖေ့မှာ တခြား မိန်းမနဲ့ ရတဲ့ ကလေး ရှိနေပြီ။ အမေ အဖေနဲ့ ကွာရှင်းလိုက်တာနဲ့ အဖေက ကျွန်တော်တို့ကို ဖယ်ထုတ်ပစ်မှာ သေချာတယ်။ အမေက အဲ့မိန်းမကို ကျွန်တော်တို့အိမ်မှာ နေပြီး ၊ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို သုံးပြီး အစတုန်းက ကျွန်တော်တို့နဲ့ သက်ဆိုင်ခဲ့တဲ့ ဘဝကို ပိုင်ဆိုင်စေချင်တာလား။ ”

မစ်စ်ဟောက်က သူမရဲ့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သကဲ့သို့ မျက်လုံးထဲမှာလည်း ခါးသီးမှုတွေ ဖုံးလွှမ်းသွား၏။

သူမ အဲ့ဒီလို ဖြစ်နေတာကို မြင်တော့ ဟောက်ရှောက်ဖုန်းကလည်း မီးတောက်ကို ဆက်လက်၍ ယပ်ခတ်ပေးနေခဲ့သည်။

“ အမေက ဟောက်မိသားစုရဲ့ တရားဝင် မစ်စ်ဟောက် ၊ ပြီးတော့ ကျွန်တော်ကလည်း ဟောက်မိသားစုရဲ့ တရားဝင် သခင်လေး။ အမေ မကွာရှင်းသေးသရွေ့ ဟောက်မိသားစုရဲ့ တရားဝင် အိမ်ထောင်ရှင်မ ဖြစ်နေမှာပဲ။ ဟိုမိန်းမက သူ့ကိုယ်သူ ဘာထင်နေတာလဲ။ သူမ ကလေးမွေးနိုင်တယ် ဆိုရင်တောင် အဲ့ကလေးက တရားမဝင် ကလေး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အမေ ကွာရှင်းပေးလိုက်တာနဲ့ ကျွန်တော်တို့မှာ တကယ့်ကို ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သင့်တဲ့ အရာအားလုံးကို အဲ့ဒီ မကောင်းတဲ့ မိန်းမနဲ့ သူ့သားကို ပေးလိုက်ရလိမ့်မယ်။ အမေက အဲ့လို ဖြစ်စေချင်တာလား။ ”

++++++

All Chapters