← Chapters

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း ( ၅၇၆ ) အမျိုးသားဇာတ်လိုက် ပြောင်းသွားဝာာလား။

ထိုမြင်ကွင်းက ကုလားအုတ်၏ ကျောရိုးကို ချိုးဖျက်လိုက်သည့် ကောက်ရိုးမျှင်ကဲ့သို့ ဟောက်ရှောက်ဖုန်း၏ နောက်ဆုံးလက်ကျန် ဆင်ခြင်တုံ့တရားကို ပျက်စီးသွားစေသည်။

သူ ပရိုဂျက်တာလေးကို အဝေးရောက်သွားအောင် ကန်ထုတ်ပစ်လိုက်၏။

လွင့်ထွက်သွားသော ပရိုဂျက်တာလေးက နံရံနှင့် ထိတိုက်ကာ ဝမ်ကျင့်ဖျက်အပေါ် ထားသော ဟောက်ရှောက်ဖုန်းရဲ့ နောက်ဆုံး မျှော်လင့်ချက်လိုပဲ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားခဲ့သည်။

“ မကောင်းတဲ့ မိန်းမ ၊ မကောင်းတဲ့ မိန်းမ ၊ မကောင်းတဲ့ မိန်းမ။ ” ဟောက်ရှောက်ဖုန်းသည် အလွန် ဒေါသထွက်ကာ အခန်းထဲရှိ ပစ္စည်းတိုင်းကို ရိုက်ခွဲနေတော့လေသည်။

“ မင်းကများ ရာရာစစ ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ … ”

တစ်နေ့တည်းနှင့် ပြင်းထန်သော ကိစ္စ နှစ်ခုကို ကြုံတွေ့ခဲ့ရသော ဟောက်ရှောက်ဖုန်းသည် ကမ္ဘာကြီး တစ်ခုလုံးက သူ့ကို ဆန့်ကျင်တိုက်ခိုက်နေသလို ခံစားလိုက်ရသည်။

[ အမျိုးသမီးဇာတ်လိုက်ရဲ့ ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အခမ်းကို လုယူနိုင်တဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်။ တိုးတက်မှု + ၅ ၊ လက်ရှိ အောင်မြင်မှု ၅၀ % ။ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူတဲ့ လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုက တစ်ဝက် အနေအထားကို ကျော်လွန်သွားပါပြီ။ အမျိုးသားဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူခြင်း လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုကလည်း တစ်ဝက်ကို ရောက်နေပါပြီ။ ]

[ Host ရဲ့ လက်တွဲဖော်က ဟောက်မိသားစုရဲ့ အမွေဆက်ခံသူ ဟောက်ချန်ဟွမ်း ဖြစ်ပါတယ်။ ကမ္ဘာ့အမျိုးသားဇာတ်လိုက်က သို့ ကော်ပိုးရေးရှင်းရဲ့ သခင်လေး သို့ထျန်းယီအဖြစ် တရားဝင် ပြောင်းလဲသွားပါပြီ။ အမျိုးသားဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်း ကုန်ဆုံးချိန်ကို ရေတွက်ခြင်း စတင်ပါပြီ။ ၃ .. ၂ .. ၁ .. ။ အမျိုးသားဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းဟာ တရားဝင် စတင်ပါပြီ။ လက်ရှိ လုပ်ငန်းစဉ် အောင်မြင်မှုက သုညပါ။ ]

[ တစ်ချိန်တည်းမှာပဲ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူခြင်း လုပ်ငန်းစဉ်ကလည်း သုညအဆင့်ကို ပြန်ရောက်သွားပါပြီ။ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းတွေကို လုယူပြီး မင်းတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကျေးဇူးပြုပြီး အလုပ်ကြိုးစားပေးကြပါ Host နဲ့ လက်တွဲဖော်။ ]

စုယန်ယန်သည် သူမရဲ့ ခေါင်းထဲမှာ ထွက်ပေါ်လာသော စက်ရုပ်သံဆန်ဆန် အသံကြောင့် အံ့ဩသွားသည်။ ထို့နောက် ကျန်သော မက်ဆေ့ခ်ျတွေကိုပါ တစ်ဆက်တည်း ကြားလိုက်ရကာ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွား၏။

“ ဘာ .. ဘာတွေ ဖြစ်ကုန်တာလဲ။ ကမ္ဘာ့အမျိုးသားဇာတ်လိုက်က ဟောက်ရှောက်ဖုန်း မဟုတ်ဘူးလား။ သို့ ကော်ပိုရေးရှင်းရဲ့ သခင်လေးကရော ဘာဖြစ်သွားတာလဲ။ ပြီးတော့ အမျိုးသားဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို ငါ လုယူပြီးတာတောင် ငါ့ရဲ့ လုပ်ငန်းစဉ် အောင်မြင်မှုအဆင့်က သုညအဆင့်ကို ပြန်ရောက်သွားတာလဲ။ ]

[ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ Host ။ မူလ အမျိုးသားဇာတ်လိုက်က တကယ်ပဲ ဟောက်ရှောက်ဖုန်းပါ။ ဒါပေမဲ့ ကမ္ဘာကြီးက အမျိုးသမီးဇာတ်လိုက်ကို အဓိက ဇာတ်လိုက် ဖြစ်စေချင်နေတယ်။ လွန်ခဲ့တဲ့ တစ်မိနစ်တုန်းက စနစ်က အမျိုးသမီးဇာတ်လိုက်နဲ့ မူလ အမျိုးသားဇာတ်လိုက်ကြားက ဆက်ဆံရေးဟာ လုံးဝ ပြိုကွဲသွားပြီလို့ ဆုံးဖြတ်ခဲ့တယ် ၊ ပြီးတော့ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကလည်း ထိခိုက်သွားတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီးဇာတ်လိုက်က ဒုတိယ အမျိုးသားဇာတ်လိုက်ကို ရွေးချယ်ပြီးသွားပါပြီ။ ]

စုယန်ယန် ကြောင်အသွားသည်။ “ အမျိုးသားဇာတ်လိုက်ရဲ့ အသွင်အပြင်က အမျိုးသမီးဇာတ်လိုက်ရဲ့ ရွေးချယ်မှုအပေါ် မူတည်နေတယ်လို့ နင် ပြောချင်တာလား။ ”

[ ဟုတ်တယ်။ ]

စုယန်ယန်သည် ရယ်ရမလား ၊ ဒေါသထွက်ရမလား မသိတော့ပေ။

စနစ်သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ နောက်တစ်ကြိမ် စကားထပ်ပြောခဲ့သည်။

[ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းနဲ့ နှိုးဆော်ချက်တွေကို လူသိအောင် အဆင့်မြှင့်တင်ဖို့ လိုတယ်။ ]

စုယန်ယန် မျက်ခုံးပင့်လိုက်မိသည်။ ဒီအဖြေက မရေရာဘူး ဆိုတာ သူမ ပြောနိုင်သည်။

“ အဲ့ဒါကို အဆင့်မြှင့်တင်ပြီးပြီလား ၊ ဒါမှမဟုတ် ဘယ်အချိန်မှာ အဆင့်မြှင့်တင်မှာလဲ ဆိုတာ နင် ငါ့ကို ပြောလို့ ရတာပဲ။ ဘယ်လို လုပ်ချင်လဲ။ ”

ထိုအခြေအနေ နှစ်ခုက တူသယောင်ယောင် ရှိသော်လည်း တကယ်တမ်းမှာတော့ လုံးဝ မတူသော စကားလုံးတွေပင်။

စနစ်က ထပ်မံ တိတ်ဆိတ်ငြိမ်သက်သွားသည်။

စုယန်ယန်မှာ နောက်တစ်ခေါက် သက်သေပြရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။

“ နောက်ပိုင်းမှ ပြောမှာလား။ ”

တစ်နည်းတစ်ဖုံ ပြောရလျှင် စနစ် ကိုယ်တိုင်တောင် မသိသေးသော ဖုံးကွယ်ထားတဲ့ ဇာတ်လမ်း‌နှင့် သတိပေးချက် တချို့ ရှိပါသည်။ ထိုအရာတွေကို ဖွင့်နိုင်ရန် အဆင့်မြှင့်တင်ဖို့ လိုသည်။

“ အမျိုးသားဇာတ်လိုက်ဘဝကနေ ဟောက်ရှောက်ဖုန်း ကန်ထုတ်ခံလိုက်ရတာက ဟောက်ကော်ပိုရေးရှင်းကနေ သူ ကန်ထုတ်ခံလိုက်ရတာနဲ့ တစ်ခုခု ပတ်သက်နေလား။ ”

[ ကမ္ဘာ့ကံကြမ္မာအရ အမျိုးသားဇာတ်လိုက်မှာ အမျိုးသမီးဇာတ်လိုက်ကို အောင်မြင်မှု အထွဋ်အထိပ် ရောက်အောင် တွန်းပို့ပေးနိုင်ဖို့အတွက် သေချာတဲ့ မိသားစုနောက်ခံ တစ်ခု ရှိဖို့ လိုပါတယ်။ ]

စုယန်ယန် နားလည်သွားသည်။

ဟောက်ရှောက်ဖုန်းက ဟောက်ကော်ပိုရေးရှင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ တစ်ဖြစ်လဲ ဟောက်မိသားစုရဲ့ တရားဝင် သခင်လေး ဖြစ်နေတာကြောင့်သာ အမျိုးသားဇာတ်လိုက်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်သည်။ အနာဂတ်မှာ သူက ဟောက်ကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူ ဖြစ်လာမှာ သေချာသည်။

သို့သော်လည်း သူမနှင့် ဟောက်ချန်ဟွမ်းကြောင့် သူဟာ ဟောက်ကော်ပိုရေးရှင်းကနေ နှင်ထုတ်ခံခဲ့ရသည်။

တစ်ချိန်တည်းမှာပဲ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတာနှင့် ဟောက်ချီဟန်ရဲ့ ဖောက်ပြန်ခြင်း ကိစ္စတွေက ဟောက်ရှောက်ဖုန်းဟာ ဟောက်ကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူ မဟုတ်တော့ဘူးလို့ အဓိပ္ပာယ်သက်ရောက်သွားစေသည်။ ဟောက်မိသားစုရဲ့ ဆက်ဆံသူ ဆိုတဲ့ သူ့နေရာကိုပင် ဆုံးရှုံးရင် ဆုံးရှုံးသွားနိုင်လောက်သည်။

++++++

All Chapters