← Chapters

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း (၅၇၇) အထူး သတင်းအချက်လက်။

သူ့မှာ တစ်ခါတုန်းက ရှိခဲ့ဖူးသော အားသာချက်လေး မရှိဝောာ့ပြီ ဖြစ်ကာ အခုတော့ သူက အမျိုးသမီး ဇာတ်လိုက်ကို ထိပ်ဆုံး ရောက်အောင် ကူညီပေးဖို့ နေနေသာသာ သူ့ကိုယ်သူပင် မကာကွယ်နိုင်ဝောာ့။ သဘာဝကျစွာပင် သူ စွန့်ပစ်ခံလိုက်ရပါသည်။

“ အဲ့တော့ ဟောက်ရှောက်ဖုန်းက စွန့်ပစ်ခံလိုက်ရပြီပေါ့။ အဲ့ဒီ သို့ထျန်းယီဆိုတဲ့ တစ်ယောက်က အမျိုးသားဇာတ်လိုက် အသစ် ဖြစ်လာတာလား။ ” စုယန်ယန်သည် မျက်ခုံး နှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုတ်လိုက်မိသည်။ “ ဝမ်ကျင့်ဖျင်ရဲ့ ရွှေရောင် အခွင့်အလမ်းက နည်းနည်းလေး အားကောင်းလွန်းနေတာ မဟုတ်လား။ သူမက အမျိုးသားဇာတ်လိုက်ကိုတောင် လွယ်လွယ်လေးနဲ့ ပြောင်းလဲပစ်နိုင်တယ်။ အကယ်၍ ချန်ဟွမ်းက အဲ့ဒီ သို့ထျန်းယီဆိုတဲ့ တစ်ယောက်ကို လက်ရှိ ဟောက်ရှောက်ဖုန်းလို အခြေအနေမျိုး ရောက်သွားအောင် ဖိနှိပ်နိုင်ဖို့ အများကြီး ကြိုးစားခဲ့ရင်တောင်မှ ဝမ်ကျင့်ဖျင်က အမျိုးသားဇာတ်လိုက်ကို ပြောင်းလဲပစ်လိုက်ရင် ငါတို့ ကြိုးစားခဲ့သမျှက သဲထဲရေသွန် ဖြစ်သွားမှာ မဟုတ်လား။ ”

ဂိမ်းလောက အသုံးအနှုန်းတွေအရ ဆိုလျှင် ဝမ်ကျင့်ဖျင်က သူမရဲ့ ကိုယ်ပိုင် အသက်သွင်း ချပ်ဝတ်တန်ဆာကို ဝယ်ယူထားတာ ဖြစ်သည်။

သူမတို့လို အသက် တစ်ချောင်းပဲ ရှိတဲ့ ၊ အဓိက ဇာတ်ကောင် မဟုတ်တဲ့ လူတွေက ဒီလို ကံတရားဆီက ကောင်းချီးပေးခံထားရတဲ့ ဝမ့်ကျင်ဖျင်ကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ။

သူမတို့ ပြင်ဆင်ထားလျှင်တောင်မှ ဝမ်ကျင့်ဖျင်တို့က အရမ်း အထိနာမှာ မဟုတ်။ ရံဖန်ရံခါ တိုက်ခိုက်မှုက သူတို့ကို စိတ်ပျက်သွားစေဖို့ လုံလောက်ရုံသာ ရှိသည်။

[ အဲ့ကိစ္စကိုတော့ စိတ်မပူပါနဲ့ Host ။ အမျိုးသမီးဇာတ်လိုက်မှာ အမျိုးသားဇာတ်လိုက်ကို တစ်ကြိမ်ပဲ ပြောင်းလဲပိုင်ခွင့် ရှိတာပါ။ ]

စုယန်ယန်သည် စိတ်အေးလက်အေး ဖြစ်သွားရမည့်အစား အန္တရာယ်ကြီးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။ “ နင့်ကို ကြည့်ရတာ ဝမ်ကျင့်ဖျင်ရဲ့ အခြေအနေကို ကောင်းကောင်းကြီး နားလည်နေသလိုပဲ။ ”

[ စနစ်က ကမ္ဘာ့စည်းမျဉ်းတွေကို နားလည်တယ်။ ပြီးတော့ အဲ့ဒီ စည်းမျဉ်းတွေကို စိန်ခေါ်နိုင်ဖို့ Host ကို ကူညီပေးတယ်လေ။ ]

မှန်ပါသည်။ ကိုယ့်အကြောင်းနှင့် ကိုယ့်ရန်သူအကြောင်းကို နားလည်ပါက တိုက်ပွဲတိုင်းမှာ အနိုင်ရရှိလိမ့်မည်။

ဒါပေမဲ့ စုယန်ယန်ကတော့ ထိုစည်းမျဉ်းကာ သူမအား ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံမှ လာသော တာအိုဘုန်းတော်ကြီးဟာ ကိစ္စရပ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ တစ်ယောက်နှင့် တူနေသည်ဟု ခံစားရသည်။

သူမတို့ ရောက်နေသာ ကမ္ဘာကြီးက တစ်ဖက်လူရဲ့ ကြိုးကိုင်ချယ်လှယ်မှုအောက်မှ စစ်ဘုရင်ဘုတ်ပြားလေးနှင့် တူသည်။

သူမပဲ ဖြစ်ဖြစ် ၊ ဝမ်ကျင့်ဖျင်ပဲ ဖြစ်ဖြစ် .. နှစ်ယောက်လုံးက နယ်ရုပ်လေးတွေပါပဲ။

ထိုသို့ နားလည်သွားခြင်းက စုယန်ယန်ကို စိတ်မသက်မသာဖြစ်စေသော်လည်း သူမ တတ်နိုင်တာ ဘာမှ မရှိပေ။

“ ဒါဆို ဘာလို့ ငါ့ရဲ့ တိုးတက်မှု အဆင့်က သုည ဖြစ်နေတာလဲ။ အရင်တုန်းက ငါ ကြိုးစားခဲ့တာတွေ အကုန်လုံး အလကား ဖြစ်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်လား။ ”

[ အမျိုးသားဇာတ်လိုက်က ရွှေရောင် အခွင့်အလမ်း လုပ်ငန်းစဉ်ကို စတင် လုယူနေပြီမို့လို့ Host ရဲ့ အောင်မြင်မှု အဆင့်က သုညကို ပြန်ရောက်သွားတာပါ။ ဟောက်ချန်ဟွမ်းက စာအုပ်ထဲမှာ အမြှောက်စာ ဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ Host ဆီမှာ ကုသခံပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အမျိုးသားဇာတ်လိုက် ဖြစ်ဖို့ စံချိန်စံညွှန်းတွေ ပြည့်မီသွားပြီ။ အမျိုးသားဇာတ်လိုက်ရဲ့ တိုးတက်မှု လုပ်ငန်းစဉ်ကို ဖြည်လိုက်တော့ Host ရဲ့ တိုးတက်မှု လုပ်ငန်းစဉ်ကလည်း Host ရဲ့ လက်တွဲဖော်ရဲ့ တိုးတက်မှု လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်သွားပြီး တူညီတဲ့ သက်ရောက်မှုကို ကံကြမ္မာအဖြစ် ရရှိလိုက်တာပါ။ ]

စုယန်ယန် ဆွံ့အသွားသည်။ ကြားရတာ နားရှုပ်စရာကောင်းသော်လည်း အနှစ်ချုပ်လိုက်လျှင် သူမက တစ်ကိုယ်တည်း တိုက်ပွဲဝင်နေရာမှ အဖွဲ့လိုက် အနေအထားသို့ ပြောင်းလဲသွားပုံရသည်။

စုယန်ယန်သည် သူမ စိတ်ချမ်းသာသင့်လား ၊ စိတ်ညစ်သင့်လား ဆိုတာ မသိတော့ပေ။

စနစ်က စုယန်ယန်အပေါ် ဒီလို ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ပစ်တင်တာ မှန်သည်ဟု မခံစားရသောကြောင့် ခဏအကြာတွင် စက်ရုပ်သံဆန်ဆန် အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

[ Host က ရွှေရောင် အခွင့်အလမ်းတွေကို လုယူတဲ့ မစ်ရှင်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားမှာ တိုက်ရိုက် ပဋိပက္ခတွေ ဘယ်တော့မှ မရှိသလောက် နည်းအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် Host ကို ဆုချတဲ့အ‌နေနဲ့ အထူး သတင်းအချက်အလက် တစ်ခု ပြောပြပါ့မယ်။ ]

“ အထူး သတင်းအချက်အလက် .. ဟုတ်လား။ ဘယ်လိုမျိုး အထူး သတင်းအချက်အလက်လဲ။ ”

စနစ် : “ … ” ငါ ဒီမေးခွန်းကို ပြန်မဖြေနိုင်ဘူး။ စုယန်ယန်လည်း ထိုမေးခွန်းက အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်ဟု ခံစားရသည်။ သူမ မရယ်မိဘဲ မနေနိုင်ပေ။ “ ထားလိုက်ပါတော့။ ဘယ်လို အထူး သတင်းအချက်အလက်မျိုးပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မြန်မြန်သာ ပြောပြ။ နင် ငါ့ကို ဘာတွေ ဘယ်လောက်တောင် ဖုံးကွယ်ထားလဲ ဆိုတာ သိချင်တယ်။ ”

စနစ် : “ … ”

[ အမျိုးသမီးဇာတ်လိုက်က ဒေသခံ တစ်ယောက် မဟုတ်ဘူး။ ]

“ ဒေသခံ တစ်ယောက် မဟုတ်ဘူး … ” စုယန်ယန် မျက်ခုံး တစ်ချက် ပင့်လိုက်သည်။

“ သူမက ဒီက မဟုတ်ဘူးလို့ နင် ပြောချင်တာလား။ ”

စနစ် နှုတ်ဆိတ်သွား၏။

စုယန်ယန်ရဲ့ အလိုလို သိစိတ်က ဒီကိစ္စသာ အဲ့လောက် မရိုးရှင်းဘူးလို့ ပြောနေသည်။ သူမ နှစ်စက္ကန့်လောက် ဆွံ့အသွားပြီးမှ ဝတ္ထုထဲမှာ တခြား အဓိပ္ပာယ် တစ်ခု ရှိနေကြောင်း နားလည်သွားသည်။

“ နင် ပြောချင်တာက … သူမကလည်း အချိန်ကူးပြောင်းသူ တစ်ယောက်လား။ ”

စနစ်က အကြာကြီး နှုတ်ဆိတ်သွားသည်။ စုယန်ယန်သည် အစတုန်းကတော့ သူ ဘာမှ ပြန်ဖြေမှာ မဟုတ်ဘူးလို့ ထင်ထားသော်လည်း သူက နောက်ဆုံးမှာ ပြန်ဖြေခဲ့သည်။

[ ဟုတ်တယ်။ ]

စုယန်ယန်မှာ ပြောစရာ စကားပင် မရှိတော့။ ဒီတိုးတက်မှုက နည်းနည်းလေး … စိတ်လှုပ်ရှားစရာကောင်းသားပဲ … ။

++++++

All Chapters