← Chapters

အခန်း ၅၇၈

Vol. 39 Ch. 578

အခန်း ၅၇၈

Vol. 39 Ch. 578

အခန်း ( ၅၇၈ ) အမျိုးသားဇာတ်လိုက်အသစ်ရဲ့ နောက်ခံ။

“ ဝမ်ကျင့်ဖျင်ကလည်း အချိန်ကူးပြောင်းသူလား။ သူမ ဘယ်အချိန်တုန်းက အချိန်ကူးပြောင်းလိုက်တာလဲ။ သူမက အစကတည်းက အချိန်ကူးပြောင်းသူလား ၊ ဒါမှမဟုတ် ငါ ပြန်လည် မွေးဖွားလာလို့ သူမလည်း ပြောင်းလဲသွားတာ။ အဲ့ဒါက လိပ်ပြာတောင်ပံခတ်သံ သက်ရောက်မှုကြောင့်လား။ ”

[ ငါ နားလည်သလောက်တော့ ဝမ်ကျင့်ဖျင်က မူလ အမျိုးသားဇာတ်လိုက် ဟောက်ရှောက်ဖုန်းနဲ့ မတွေ့ခင်ကတည်းက အချိန်ကူးပြောင်းလာခဲ့တာပဲ။ Host နဲ့ ဘာမှ မဆိုင်ပါဘူး။ ]

တခြား အဓိပ္ပာယ်အရ ပြောရလျှင် မူရင်းဇာတ်လမ်း မစတင်မီကတည်းက သူမက အချိန်ကူးပြောင်းလာတာ ဖြစ်သည်။ မူရင်းဇာတ်လမ်းပဲဖြစ်စေ ၊ အရင်ဘဝပဲဖြစ်စေ ဝမ်ကျင့်ဖျင်က အစကတည်းက အချိန်ကူးပြောင်းလာသူ တစ်ယောက်ပင်။

ထိုအတွေးကြောင့် စုယန်ယန် ခေါင်းနားပန်းကြီးသွားသည်။

“ သူမ ဘယ်‌ကနေ အချိန်ကူးပြောင်းလာတာလဲ။ ”

[ လေ့လာစုံစမ်းကြည့်သလောက်တော့ ဝမ်ကျင့်ဖျင်က ရှေးခေတ်ရဲ့ အဓိက မီးတောင်ပေါက်ကွဲခြင်း အစောပိုင်း ကာလကနေ အချိန်ကူးပြောင်းလာခဲ့တာပါ။ ]

“ ရှေးခေတ် … ဟုတ်လား။ ” စုယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ ပထမဆုံး သတိရတာက ဝမ်ကျင့်ဖျင်ရဲ့ အချက်အပြုတ် လက်ရာ ဖြစ်သည်။

“ အဲ့ဒါဆို တကယ်တော့ သူမရဲ့ မိသားစုမှာ ဘိုးဘွားပိုင် ဟင်းချက်နည်းတွေ တစ်ခုမှ မရှိဘူးပေါ့။ သူမက အချိန်ကူးပြောင်းပြီး သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို ဟင်းပွဲတွေ အကုန်လုံး ယူလာခဲ့တာလား။ ”

[ အင်း။ သူမရဲ့ ရွှေရောင် အခွင့်အလမ်းတွေက ကူညီနေတာကြောင့်သာ သူမ ချက်ပြုတ်သမျှ ဟင်းလျာတွေမှာ ကုသနိာင်တဲ့ အာနိသင် ရှိပြီး ရောဂါ ဝေဒနာတွေနဲ့ နာကျင်မှုတွေကို ကုသနိုင်တာ။ ]

ကံမကောင်းစွာဖြင့် ထိုရွှေရောင်အခွင့်အလမ်းက စုယန်ယန်နှင့် ဆုံတွေ့ပြီးနောက်ပိုင်းမှာ အစွမ်းမရှိတော့။

ထို့ပြင် သူမက ပလက်ဖောင်းကနေလည်း ဘန်းခံခဲ့ရသည်။ သူမရဲ့ ရွှေရောင် အခွင့်အလမ်းလေးတွေကို ကောင်းကောင်း အသုံးမချရသေးခင်မှာပဲ အလကား ဖြစ်သွားခဲ့ရသည်။

“ အဲ့ဒါပဲလား။ သူမမှာ တခြား အထူး ရွှေရောင် အခွင့်အလမ်းတွေ မရှိတော့ဘူးလား။ ”

[ အဲ့ဒါကိုတော့ Host ဘာသာ Host စုံစမ်းကြည့်မှ သိမှာပါ။ ]

စုယန်ယန် ဆွံအသွားသည်။ အဲ့ဒါဆို ငါ့ဆီမှာ နင် ရှိတော့ရော ဘာအသုံးဝင်မှာလဲ။

စုယန်ယန်ရဲ့ ခံစားချက်က ရိုလာကိုစတာ စီးနေရသလို နိမ့်လိုက် ၊ မြင့်လိုက် ဖြစ်နေသည်။ သူမ အတက်အကျတွေ အများကြီး ကြုံတွေ့ခဲ့ရဖူးသည်။ သူမရဲ့ ကြင်နာတတ်သော စိတ်နှလုံးကြောင့်သာ မဟုတ်လျှင် နှလုံးရောဂါ ရနေခဲ့ပြီ ဖြစ်သည်။

ဟောက်ချန်ဟွမ်း ပြန်ရောက်လာပြီး သူမရဲ့ ပျက်ယွင်းနေသော မျက်နှာကို မြင်တော့ တစ်စုဲတစ်ယောက်က သူမကို နောက်တစ်ကြိမ် ဒေါသထွက်အောင် လုပ်ပြန်ပြီလို့ ထင်သွားခဲ့သည်။

“ ဘာဖြစ်လို့လဲ။ မင်းကို စိတ်ညစ်အောင် ဘယ်သူ လုပ်တာလဲ။ ”

“ ဘာမှ မဖြစ်ပါဘူး။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခါးကို ဖက်ကာ သူ့ရဲ့ နှစ်သိမ့်ပေးသော ရင်ခွင်ထဲကို မှီနွှဲ့ထားလိုက်သည်။ “ ဝမ်ကျင့်ဖျင် ဟောက်ရှောက်ဖုန်းအပေါ် ဖောက်ပြန်နေတဲ့ သို့ထျန်းယီဆိုတဲ့ လူကြောင့်ပါ။ ”

“ မင်းလည သိနေတာလား။ ”

“ ကျွန်မ အခုမှ သိတာပါ။ သူက ဘယ်လို လူမျိုးလဲဟင်။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပေးရင် တိုးလျစွာ ပြောလိုက်သည်။ “ သို့ မိသားစုက အခြေခိုင်ပြီးသား မိသားစု တစ်စုပါ။ သူတို့က ဖျော်ဖြေရေးလောကမှာ အောင်မြင်တယ် ၊ ပြီးတော့ အဆင့်မြင့် အထက်တန်း စားသောက်ဆိုင်တွေလည်း ရှိတယ်။ ”

“ ဖျော်ဖြေရေးလောကနဲ့ အဆင့်မြင့် အထက်တန်း စားသောက်ဆိုင်တွေ … ” ထိုနယ်ပယ် နှစ်ခုက သူမကို အချိန်မရွေး အထိနာစေနိုင်သော ရန်သူတွေ ဖြစ်လာနိုင်သည်။

“ သို့ ကော်ပိုရေးရှင်းရဲ့ လက်အောက်က ဟားယီ အန်တာတိန်းမန့်က နေရာ တစ်ခု ရပြီးသား အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခုပဲ။ အဲ့ကုမ္ပဏီက တုန်ချမ်းထက် အများကြီး ပိုကြီးတယ်။ ”

“ ဟားယီ … ” စုယန်ယန် အံ့ဩသွား၏။ နောက်ဆုံးတော့ သူမ ထိုနာမည်ကို အရင်တုန်းက ကြားခဲ့ဖူး‌ကြောင်း ပြန်သတိရသွားသည်။

သို့ထျန်းယီက မူလအားဖြင့် ဇာတ်လမ်းရဲ့ ဒုတိယ တစ်ဝက်လောက်အထိ အလွန် ဆိုးသွမ်းသော ဗီလိန် တစ်ယောက် ဖြစ်ခဲ့တာပင်။ သူက ကိန်းကြီးခမ်းကြီးနိုင်သော မိသားစုကြီး ဖြစ်တဲ့ သို့ မိသားစုရဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်ကာ ဟောက်ရှောက်ဖုန်းထက် အများကြီး ပိုအရည်အချင်းရှိသည်။

အရေးကြီးဆုံး အရာကတော့ သူ့မှာ သနားညှာတာစိတ် မရှိပေ။

သူ့မျက်လုံးထဲမှာ အသုံးချလို့ ရသော လူနှင့် သူ့အတွက် ဘာမှ အသုံးမဝင်သော လူ ဆိုပြီး လူ နှစ်မျိုးနှစ်စားပဲ ရှိသည်။

သူ တစ်စုံတစ်ခုကို ကြိုက်နှစ်သက်သည်နှင့် တစ်ပြိုင်နက် တန်ကြေး ဘယ်လောက် ပေးရပါစေ ၊ မသမာသော နည်းလမ်း တချို့ကို အသုံးပြုရမည် ဆိုလျှင်တောင် သေချာပေါက် ပိုင်ဆိုင်မှ ရမည်။

အစတုန်းက ဝမ်ကျင့်ဖျင်နှင့် သူနှင့် တွေ့ဆုံချိန်မှာ ဇာတ်လမ်းရဲ့ ဒုတိယ တစ်ဝက်ကို ရောက်နေပြီ ဖြစ်သည်။

ထိုအချိန်မှာ သူတို့ နှစ်ယောက်လုံး ကိစ္စများစွာကို တွေ့ကြုံဖြတ်သန်းခဲ့ပြီးပြီမို့ ဟောက်ရှောက်ဖုန်းကလည်း အတော်လေး ရင့်ကျက်လာခဲ့ပါပြီ။ သူ့ပုံစံက ကိုယ့်အတွက်ကိုယ်ပဲ သိတဲ့ အခုလက်ရှိ ပုံစံလို မဟုတ်ပေ။

ထို့ပြင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်ကလည်း သူတို့ကို အရံ အမျိုးသားသရုပ်ဆောင်များစွာရဲ့ ပိုင်ဆိုင်မှုတွေကို ရရှိစေခဲ့သည်။ ဟောက်ရှောက်ဖုန်းမှာ သို့ထျန်းယီထက်ပင် ပိုင်ဆိုင်မှုတွေ များနေသေးရဲ့။

သို့ထျန်းယီက သူ ငွေအမြောက်အမြား ရင်းနှီးထားသော ဒရာမာထဲမှာ ဝမ်ကျင့်ဖျင်ကို မြင်တွေ့ရာမှ စ၍ သူတို့ နှစ်ယောက်ကြား ပဋိပက္ခ စတင်လာခဲ့တာ ဖြစ်သည်။

ထိုအချိန်မှာ ဝမ်ကျင့်ဖျင်က အထိုက်အလျောက် နာမည်ကျော်ကြားနေပြီ ဖြစ်သည်။ အဓိက အချက်ကတော့ သူမမှာ ထပ်တလဲလဲ မျက်နှာအရိုက်ခံရသော ရှက်စရာ အဖြစ်အပျက်တွေ မရှိတာကြောင့်ပါပဲ။ အပြင်လူတွေကလည်း သူမအပေါ် အကောင်းမြင်ကြသည်။

++++++

All Chapters