← Chapters

အခန်း ၅၇၉

Vol. 39 Ch. 579

အခန်း ၅၇၉

Vol. 39 Ch. 579

အခန်း (၅၇၉) သူတို့ကို ကိုင်တွယ်တဲ့နေရာမှာ ကိုယ် မင်းကို ကူညီပေးမယ်။

သို့ထျန်းယီသည် ဝမ်ကျင့်ဖျင်ကို သူ့ကုမ္ပဏီနှင့် လိုလိုလားလား စာချုပ်,ချုပ်စေချင်ခဲ့သော်လည်း သူမကို ဆက်ဆံပုံက ကွဲပြားသည်။

သူ ဝမ်ကျင့်ဖျင်ကို အလွန်တရာ သဘောကျသွားရတဲ့ အကြောင်းပြချက် အစစ်အမှန်ကတော့ ကိစ္စရပ်တွေ အများကြီးက ဝမ်ကျင့်ဖျင်ရဲ့ အချက်အပြုတ် စွမ်းရည်ဟာ သူ့ဝေဒနာကို အမှန်တကယ် ကုသပေးနိုင်ကြောင်း နားလည်သွားစေသောကြောင့် ဖြစ်သည်။

သို့ထျန်းယီက အသက်ရှည်ရှည် နေရမှာ မဟုတ်သော ရှားပါး သွေးရောဂါ တစ်မျိုးနှင့် မွေးဖွားလာတာပင်။ ရောဂါထလာချိန်တိုင်း အပ်ချောင်း သန်းပေါင်းများစွာက သူ့ခန္ဓာကိုယ်ကို ထိုးစိုက်နေသလို ၊ ပုရွက်စိတ် အကောင် သန်းပေါင်းများစွာက သူ့ကို ကိုက်နေသလို ခံစားရသည်။

ဝမ်ကျင့်ဖျင်ရဲ့ ထူးခြားချက်က သူ့ကို သူမအား ချစ်မိသွားစေခဲ့ကာ သူမကို သူ့နံဘေးမှာ ထားရန် အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။

ထိုအချိန်တုန်းကတော့ ဟောက်ရှောက်ဖုန်းနှင့် ဆက်ဆံရေး အဆင်ပြေကာ အလုပ်အကိုင် အတည်တကျလည်း ရှိနေသော ဝမ်ကျင့်ဖျင်သည် အဲ့ဒီလို အရူး တစ်ယောက်ရဲ့ သည်းကြီးမည်းကြီး သဘောကျခြင်းကို သဘာဝကျစွာပင် မလိုချင်ခဲ့ပေ။

သူမက သူ့ကို ချက်ချင်း ငြင်းဆန်ခဲ့ကာ သူမမှာ သူမ သဘောကျရသော ချစ်သူ ရှိကြောင်းပင် ပြောခဲ့သည်။

သာမန်လူတွေက ထိုအဖြေကို ကြားလျှင် လက်လျှော့လိုက်မှာ ဖြစ်သော်လည်း သို့ထျန်းယီရဲ့ အတွေးတွေကတော့ အများကြီး တည့်တိုးဆန်ကာ ရက်စက်သည်။

သူ တွေးလိုက်၏။ ‘ မင်းမှာ သဘောကျရတဲ့ လူ ရှိတယ် ဆိုတော့ အဲ့ဒီလူ သေသွားရင် မင်း သဘောကျတဲ့ လူ မရှိတော့ဘူးမို့လား။ ’

ထိုအချိန်မှာ ဝမ်ပျင့်ဖျင်က ရှိုးပွဲ အနည်းငယ်ကို ရိုက်ကူးထကာ လော့ဝေပင်းနှင့် ဆက်ဆံရေးအဆင်ပြေနေသဖြင့် ဟောက်ရှောက်ဖုန်းက မကျေမနပ် ဖြစ်နေခဲ့သည်။

ဝမ်ကျင့်ဖျင်ကို ထိုကဲ့သို့ နှောင့်ယှက်နေသော လူ တစ်ယောက် ရှိကြောင်းနှင့် ဝမ်ကျင့်ဖျင်က ထိုလူ့အား သူ့နာမည်ကို ပြောမပြခဲ့ကြောင်း ဟောက်ရှောက်ဖုန်း သိသွားချိန်မှာ သို့ထျန်းယီက ဟောက်ရှောက်ဖုန်းကို ဝမ်ကျင့်ဖျင် သဘောကျနေသူမှာ လော့ဝေပင်းဟု ထင်သွားစေခဲ့လေသည်။

အကျိုးဆက်အနေဖြင့် လော့ဝေပင်းက သူ့ကို တိုက်ခိုက်လာသော တိုက်ခိုက်မှု အများစုကို ပိတ်ဆို့ခဲ့ကာ သူကတော့ နောက်ကွယ်မှာ ပုန်းရင်း အကျိုးအမြတ်တွေကို ရယူဖို့ စောင့်နေခဲ့သည်။

လော့ဝေပင်းရဲ့ သနားစရာကောင်းသော အဆုံးသတ်က သို့ထျန်းယီရဲ့ မတော်တဆ အကြံအစည်ကြောင့်လည်း အများကြီး ပါသည်။

ဒီတစ်ခေါက်မှာတော့ သို့ထျန်းယီက မြန်မြန်ဆန်ဆန်ပဲ ဝမ်ကျင့်ဖျင့်ရဲ့ ကောင်လေး ဖြစ်သွားခဲ့သည်။ အကြောင်းပြချက်က ဝမ်ကျင့်ဖျင်ရဲ့ ထူးခြားမှုကို သူ ရှာတွေ့သွားပြီး သူမက သူ့ဝေဒနာကို ကုသပေးနိုင်ကြောင်း သိသွားတာကြောင့်ပဲ ဖြစ်ဖို့ များသည်။

အဲ့ဒီလို လူ တစ်ယောက်ကို ဝမ်ကျင့်ဖျင်အား စွန့်ပစ်သွားအောင် လုပ်ဖို့ အလွန် လွယ်ကူပါသည်။ ဝမ်ကျင့်ဖျင် တစ်ယောက်တည်းကပဲ သူ့ရောဂါကို ကုသပေးနိုင်တာ မဟုတ်မှန်း ၊ သူ့အတွက် ဝမ်ကျင့်ဖျင်ထက် ပိုအသုံးဝင်‌တဲ့ လူ ရှိနေမှန်း သိသွားလျှင် လုံလောက်ပါပြီ။

သို့သော်လည်း စုယန်ယန်ကတော့ ဤနည်းလမ်းကို အသုံးမပြုချင်ပါ။ နျဉ်ချီလွေ့နှင့် လော့ဝေပင်းရဲ့ ညီမလေးကို သူမ ကုသပေးပြီး ဇာတ်ကြောင်းထဲကနေ သူတို့ကို ခွဲထုတ်ပစ်ချင်ခဲ့တဲ့ အကြောင်းပြချက်က ထိုအမျိုးသား အရံ ဇာတ်ကောင် နှစ်ယောက်လုံးက လူကောင်းတွေ ဖြစ်နေလို့ပါ။

တကယ်လို့ ဝမ်ကျင့်ဖျင်နှင့် တခြား လူတွေကိုသာ သူမ မတွေ့ခဲ့လျှင် တစ်မိသားစုလုံး အကြောင်းပြချက်မရှိ ဖျက်ဆီးခံလိုက်ရမှာ မဟုတ်ဘဲ သာယာသော ဘဝလေး ရှိနေလိမ့်မည်။ သူမ တစ်ယောက်တည်း ကံမကောင်းလျှင် ကိစ္စမရှိပေမဲ့ သူမရဲ့ မိသားစုကိုပါ ပြဿနာထဲ ဆွဲထည့်မိသလို ဖြစ်သွားခဲ့ရသည်။

သို့ထျန်းယီကတော့ မတူပေ။ သူက ရက်စက်ပြီး နားလည်ရခက်သော စိတ်ထားလည်း ရှိသည်။

သူ့ကို ကူညီပေးတာက ကျား တစ်ကောင်ကို ကျားသားရေ သွားတောင်း‌တာနှင့် ဘာမှ မကွာပေ။ အဆုံးသတ်မှာ သူမက သူဆီက ကျေးဇူးတင်ခံရမှာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်တောင် ပြဿနာထဲ ဆွဲထည့်မိနိုင်သည်။

အခုဆို သူက ဝမ်ကျင့်ဖျင်နှင့် ပတ်သက်နေပြီမို့ သူမကို ထိခိုက်နစ်နာစေနိုင်သော ရန်သူတွေ ဖြစ်လာပြီ ဆိုတာ ပြောစရာ မလိုတော့ပေ။

“ အဲ့ဒီ လူက အန္တရာယ်ရှိတယ်။ မလိုအပ်ရင် သူ့ကို တစ်ယောက်တည်း သွားမပတ်သက်တာ ၊ ဒါမှမဟုတ် သူနဲ့ ပြဿနာမဖြစ်အောင် နေတာက အကောင်းဆုံးပဲ။ ”

ကြည့်ရသလောက် ထိုလူက ဘယ်လို လူမျိုးလဲ ဆိုတာ ဟောက်ချန်ဟွမ်းလည်း အကြမ်းဖျင်း နားလည်နေပြီ ထင်သည်။

စုယန်ယန်က သူမရဲ့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ရင်း စိုးရိမ်သလို ပုံစံ ဖြစ်သွားသည်။ “ နည်းနည်းလေး ခက်ခဲမှာကို ကျွန်မ စိုးရိမ်တယ်။ ဝမ်ကျင့်ဖျင်က တုန်ချမ်းနဲ့ ကျွန်မကြောင့် နည်းနည်းပါးပါး ထိခိုက်ခဲ့ရတာတွေ ရှိတယ်။ အခု သူက ဟိုလူနဲ့ ရှိနေပြီ ဆိုတော့ ကျွန်မကို ပြဿနာလာရှာမှာကို စိုးရိမ်တယ်။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားရင်း သူမကို နှစ်သိမ့်ပေးလိုက်၏။ “ စိတ်မပူပါနဲ့။ သူတို့ တကယ်ပဲ မင်းကို ပြဿနာလာရှာရဲတယ် ဆိုရင် သူတို့ကို ကိုင်တွယ်တဲ့နေရာမှာ ကိုယ် မင်းကို ကူညီပေးပါ့မယ်။ ”

စုယန်ယန် ရယ်ချင်စိတ်ကို ထိန်းမရတော့။ “ ဟုတ်ပါပြီ။ ကျွန်မ ရှင့်ကို အားကိုးလိုက်ပါ့မယ်။ သူတို့ကို ကျွန်မရဲ့ ကုမ္ပဏီကို ဖျက်ဆီးခွင့်မပြုနဲ့နော်။ ကျွန်မရဲ့ ကုမ္ပဏီ ပြိုလဲသွားရင် ကျွန်မမှာ ကျွန်မကို ဂရုစိုက်ပေးမယ့် ရှိပေမဲ့ ကျွန်မရဲ့ ဝန်ထမ်းတွေမှာတော့ မရှိဘူး။ ”

++++++

All Chapters