← Chapters

အခန်း ၅၈၄

Vol. 39 Ch. 584

အခန်း ၅၈၄

Vol. 39 Ch. 584

အခန်း ( ၅၈၄ ) ဒါက ကျွန်တော့်ဇနီးပါ။

စုယန်ယန်က စက္ကန့် အနည်းငယ်ကြာအောင် ဆွံ့အသွားပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ သူမ သူ့လက်မောင်းကို အမြန် ပြေးဖက်ကာ မျက်နှာလိုမျက်နှာရ ပြုံးပြလိုက်၏။ “ ကျွန်မ ဘယ်သူ့ကိုမှ အကူအညီမတောင်းတော့ဘူး။ ဒီလောက် တော်တဲ့ ခင်ပွန်းလေး ရှိနေမှတော့ ကျွန်မက ဘာလို့ တခြားသူတွေကို အကူအညီတောင်းရမှာလဲ။ ”

ဟောက်ချန်ဟွမ်းက ရယ်မောလိုက်ရင်း သူ့ဇနီးလေးရဲ့ မြှောက်ပင့်ပြောဆိုခြင်းကြောင့် ကျေနပ်သွားသည်။

“ မင်း ငြင်းပယ်ခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုက ရှေးခေတ် အော်ပရာကဇာတ်အကြောင်း ဇာတ်လမ်းလို့ ကိုယ် ကြားထားတယ်။ မင်း ဇာတ်ညွှန်းကိုရော ဖတ်ပြီးပြီလား။ ”

“ ကျွန်မ ဖတ်ပြီးပါပြီ။ ဇာတ်ညွှန်းက တော်တော်လေး ကောင်းတယ်။ ” ဇာတ်ညွှန်းက ကောင်းလွန်းနေလို့ သူမ မဖျက်ဆီးချင်တာပါ။

အဲ့ဒါက စာရေးသူ ၊ ထုတ်လုပ်ရေးအဖွဲ့နှင့် သရုပ်ဆောင်တွေ … အကုန်လုံး အဘက်ဘက်မှ အပင်ပန်းခံ အားထုတ်ထားသော လက်ရာ တစ်ခု ဖြစ်သည်။ နောက်ဆုံးမှာ ဇာတ်လမ်းကို ရသမြောက်စွာ ပုံမဖော်နိုင်မှာကို စိုးရိမ်သောကြောင့် သူတို့ မရိုက်ကူးခဲ့ကြတာ ဖြစ်လေသည်။

ဟောက်ချန်ဟွမ်းက ထိုအကြောင်းကို တစ်ချက် တွေးကြည့်ပြီး သူမကို နှစ်သိမ့်လိုက်သည်။ “ မနက်ဖြန် သွားရင် ဇာတ်ညွှန်းကိုပါ ယူသွားလိုက်ပါ။ သူ အဲ့ဇာတ်ညွှန်းကို ရိုက်ကူးပေးဖို့ သဘောတူလိမ့်မယ်။ ”

စုယန်ယန်က သူ ဘာ့ကြောင့် အရမ်း သေ‌ချာနေတာလဲ ဆိုတာကို နားမလည်နိုင်စွာ ကြည့်နေသည်။

ထိုအံ့ဩစိတ်နှင့် သံသယစိတ်က နောက်တစ်နေ့ မနက် ဒါရိုက်တာလော့ဆီ သူတို့နှစ်ယောက် မသွားခင်အထိ ရှိနေခဲ့သည်။

“ သူ လက်ခံမယ်လို့ ရှင် ဘာလို့ အရမ်း သေချာနေတာလဲ။ ”

“ ဒါရိုက်တာလော့က သိပ်သဘောမကောင်းပေမဲ့ သူ့မိန်းမကိုတော့ ငုံထားမတတ် ချစ်တယ်။ ပုံမှန်အားဖြင့် သူ့မိန်းမ ပြောသမျှကို သူ နားထောင်တတ်တယ်။ ”

“ ဟမ်။ ” သူတို့ ပြောနေတာ ရိုက်ကူးရေးအကြောင်း မဟုတ်ဘူးလား။ ဘာလို့ ဟောက်ချန်ဟွမ်းက ဒါရိုက်တာလော့ သူ့မိန်းမကို အရမ်း ချစ်တဲ့ အကြောင်းတွေကို ရုတ်တရက်ကြီး ပြောနေတာလဲ။

“ ဒါရိုက်တာလော့ရဲ့ မိန်းမက နာမည်ကြီး အဆိုတော် တစ်ယောက်ပဲ။ အော်ပရာကဇာတ်နဲ့ ပတ်သက်လို့လည်း သုတေသနတွေ အများကြီး လုပ်ဖူးတယ်။ သူမက မင်းရဲ့ ဇာတ်လမ်းတွဲ အကြောင်းအရာကို တော်တော်လေး စိတ်ဝင်စားလိမ့်မယ်။ ”

စုယန်ယန်က ခဏလောက် ဆွံ့အသွားပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်သော စကားကို နားလည်သွားသည်။ “ တကယ်လို့ ကျွန်မသာ မဒမ်လော့ရဲ့ အကူအညီကို ရရင် ဒါရိုက်တာလော့ကလည်း ဒီဒရာမာကို ရိုက်ကူးပေးလိမ့်မယ်လို့ ရှင် ပြောချင်တာလား။ ”

“ အင်း။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ ဒီခရီးစဉ်အပေါ် သူမ ယုဲကြည်ချက်ပိုရှိသွားသည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ အမူအရာကို သတိပြုမိလိုက်ကာ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွား၏။

လော့မိသားစုရဲ့ အိမ်သို့ သူတို့ နှစ်ယောက် ရောက်သွားချိန်မှာ အချိန်က နေ့လယ်ရောက်တော့မည် ဖြစ်သည်။ ထိုစုံတွဲက ရိုးရိုးရှင်းရှင်း တိုက်ခန်း တစ်ခန်းမှာ နေထိုင်ကြသည်။

သူတို့အတွက် တံခါးလာဖွင့်ပေးသူ လော့ပေါင်ကမ်း ကိုယ်တိုင် ဖြစ်သည်။ ဒါရိုက်တာလော့ရဲ့ ပုံစံက ကောလဟာလတွေအတိုင်း လေးနက်တည်ငြိမ်နေကာ မျက်ခုံးတွေကတော့ အစွန်း တစ်ဖက်မှာ မြင့်တက်နေသည်။ သူက ဒေါသထွက်မနေသော်လည်း လူရှိန်စရာကောင်းသော ပုံစံ ရှိသည့် လူမျိုးပင်။

သူက သူတို့ နှစ်ယောက်ကို မြင်တော့ ခဏတာ အံ့ဩသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ နူးညံ့စွာ မေးလာသည်။ “ မင်းတို့ ဒီမှာ လင်ဟွာ ကို လာရှာတာလား။ ”

လော့ပေါင်ကမ်းရဲ့ ဇနီးနာမည်က လင်ဟွာ ဖြစ်၏။

“ ဟုတ်ကဲ့။ ကျွန်တော်က ရှဲ့ကျင်းယီ ရဲ့ သားပါ။ ကျွန်တော် ဒီနေ့ အန်တီစုန့်ဆီ လာခဲ့တာပါ။ ”

သူတို့ နှစ်ယောက်က သူ့ဇနီးဆီ လာတာ ဖြစ်ကြောင်း ကြားချိန်မှာ လော့ဝေပင်းရဲ့ အမူအရာက နူးညံ့သွားသည်။ သူ ဘေးဖယ်လျက် ‘ ဝင်ခဲ့ပါ ’ ဟု ပြောလိုက်ပါသည်။

ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ အိမ်ထဲ ဝင်ရုံပဲရှိသေး ၊ အိမ်အတွင်းဘက်ကနေ နူးညံ့သော အသံ တစ်သံ ထွက်ပေါ်လာသည်။ “ အဘိုးလော့ ၊ ဝင်လာတာ ဘယ်သူတွေလဲ။ ”

“ ကျင်းယီ ရဲ့ ကလေးပါ။ ”

“ ကျင်းယီ ရဲ့ ကလေး … ” ထိုစကားသံနှင့်အတူ မီးခိုးရောင်ဖျော့ဖျော့ တရုတ်ရိုးရာ ဘေးကွဲ ကိုယ်ကျပ်သင်တိုင်းကို ဝတ်ဆင်ထားသော ကျက်သရေရှိသည့် အမျိုးသမီးကြီး တစ်ဦး အခန်းထဲကနေ ထွက်လာသည်။

ဟောက်ချန်ဟွမ်းရဲ့ ပြောစကားအရ ဒီအမျိုးသမီးကြီးဟာ အသက် ( ၆၀ ) ၊ ( ၇၀ ) ထဲ ဝင်နေပြီ ဖြစ်သော်လည်း အချိန်က သူမအပေါ်မှာတော့ အထူးတလည် မျက်နှာသာပေးထားပုံရသည်။ သူမရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် တကယ်ပဲ အသက်မငယ်တော့ဘူး ဆိုတာ မြင်တွေ့နိုင်သော်လည်း သဘာဝဆန်ဆန် ပျော့ပျောင်းနူးညံ့သော အသွင်အပြင်က လူတွေအား သူမရဲ့ အသက်ကို မေ့လျော့သွားစေသည်။ သူတို့ရဲ့ အကြည့်တွေက သူမဆီမှာ အလိုလို ငြိတွယ်သွားကြလေသည်။

“ အခုမှ ပြန်မှတ်မိတယ်။ ” စုန့် လင်ဟွာ က ဟောက်ချန်ဟွမ်းကို စုန်ချည် ဆန်ချည် ကြည့်ကာ ပြုံးလိုက်သည်။ “ မင်းက ကျင်းယီ ရဲ့ အငယ်ဆုံး သားလေး ဖြစ်ရမယ် ၊ ဟုတ်တယ်မို့လား။ မင်း ငါ့ကို မနေ့တုန်းက ဖုန်းဆက်ထားတယ်လေ။ ငါ့မှတ်ဉာဏ်ကို ကြည့်စမ်းပါဦး ၊ အသက်ကြီးလာတာနဲ့အမျှ မေ့တတ်လာပြီ။ ”

ထို့နောက် ဟောက်‌ချန်ဟွမ်းဘေးမှာ ရပ်နေသော စုယန်ယန်ကို သူမ မြင်သွားပြီး ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ “ သူက … ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို ကိုင်လိုက်သည်။ “ သူက ကျွန်တော့်ဇနီးပါ။ ”

စုယန်ယန်ကလည်း တစ်ခုခုဆို သဘောပေါက် နားလည်လွယ်သည်။ “ မင်္ဂလာပါ အန်တီစုန့်နဲ့ ဦးလေးလော့ … ”

++++++

All Chapters