← Chapters

အခန်း ၅၈၅

Vol. 39 Ch. 585

အခန်း ၅၈၅

Vol. 39 Ch. 585

အခန်း (၅၈၅) မဖိတ်ခေါ်ထားသော ဧည့်သည်။

လူကြီး နှစ်ယောက်ရဲ့ ကလေးတွေက အိမ်ထောင်ကျနေကြပြီ ဖြစ်ကာ သူတို့နှင့် အတူ မနေတော့ပါ။

လူငယ်တွေက သူတို့ကို အရင် လာရှာတယ် ရှားသည်။ အန်တီစုန့်လည်း အတော်လေး ပျော်ရွှင်သွားမိသည်။ “ ဟေး ၊ အဲ့မှာ ဒီတိုင်းကြီး ရပ်မနေနဲ့လေ။ လာထိုင်ကြ။ ”

စုန့်လင်ဟွာ နှင့် ဟောက်ချန်ဟွမ်းရဲ့ အမေက အလွန် ရင်းနှီးသော သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးသော်လည်း အိမ်ထောင်ကျပြီးနောက်ပိုင်း ၊ အထူးသဖြင့် ကိုယ်စီ ကလေးတွေ ရပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

စုန့်လင်ဟွာ သည် ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ ကွယ်လွန်သွားတဲ့ အကြောင်းကိုတောင်မှ အချိန် အတော်ကြာမှ သိခဲ့ရတာ ဖြစ်သည်။

“ ကျောင်းက စီနီယာ တစ်ယောက်ဆီကနေ မင်းရဲ့ မိဘတွေသတင်းကို ကြားတော့ အန်တီတို့ တော်တော်လေး အံ့ဩသွားခဲ့ကြတာ။ သူတို့က လူကောင်းတွေပါ။ အဲ့လို အဖြစ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ အန်တီ ထင်မထားခဲ့ဘူး။ ”

“ ကဲပါ ၊ အဲ့အကြောင်း ဆက်မပြောဘဲ နေရအောင်။ ” လော့ပေါင်ကမ်းက သူ့ဇနီး ဝမ်းနည်းသွားတာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ “ ကလေးတွေလည်း ဒီမှာ ရှိနေတယ်။ ”

အဲ့ဒီတော့မှ စုန့်လင်ဟွာ က ဟောက်ချန်ဟွမ်းဟာ သူ့မိဘတွေ ကွယ်လွန်သွားချိန်မှာ ဝမ်းအနည်းဆုံး လူ ဖြစ်လိမ့်မယ် ဆိုတာကို သတိရသွားကာ အမြန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ မင်း အခု အရွယ်လည်း ရောက်လာပြီ ၊ ကိုယ်ပိုင် မိသားစုလည်း ရှိနေပြီ ဆိုတော့ အခုက စပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနော်။ ”

“ ဟုတ်ကဲ့။ ” ဟောက်ချန်ဟွမ်းက သူ့အမေရဲ့ မျက်လုံးတွေနှင့် တူသော စုန့်လင်ဟွာ ရဲ့ နူးညံ့သော မျက်လုံးတွေကို ကြည့်ကာ ပြန်ပြောလိုက်သည်။

ထို့နောက် သူ လိုရင်းကို ပြောလိုက်၏။ “ တကယ်တော့ ကျွန်တော်တို့ ဒီနေ့ အန်တီတို့ကို လာနှောင့်ယှက်တဲ့ အကြောင်းအရသ်းက ဦးလေးလော့ကို အကူအညီတောင်းစရာလေး တစ်ခု ရှိလို့ပါ။ ”

လော့ပေါင်ကမ်း အံ့ဩသွားသည်။ “ ငါ့ကို အကူအညီတောင်းစရာ ရှိတယ် … ဟုတ်လား။ ”

“ ဟုတ်ကဲ့။ ” စုယန်ယန်က ဟောက်ချန်ဟွမ်း စကားလမ်းကြောင်း စပေးထားတာကို မြင်သဖြင့် လော့ပေါင်ကမ်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ “ ကျွန်မ ဦးလေးကို ဖုံးကွယ်မနေတော့ပါဘူး။ ကျွန်မမှာ မကြာသေးခင်တုန်းကမှ ဇာတ်ညွှန်းသစ် တစ်ခုကို ရထားတဲ့ အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခု ရှိပါတယ်။ ရှေးခေတ် အော်ပရာ ကဇာတ်ရုံအကြောင်း ဇာတ်လမ်းပါ။ ”

ထိုစကားတွေက လူကြီး နှစ်ယောက်ကို ( အထူးသဖြင့် စုန့်လင်ဟွာ ) ကို အံ့ဩသွားစေခဲ့သည်။ သူမရဲ့ မျက်လုံးထဲမှာ တောက်ပသော အလင်းတန်း တစ်ခု ယှက်‌သန်းသွား၏။

“ အဲ့ဒီ ဒရာမာက ကျွန်မတို့ကုမ္ပဏီ ရင်းနှီးမြုပ်နှံထားတဲ့ IP အစီအစဉ်ကြီး တစ်ခုပါ။ ဇာတ်အိမ်လည်း ခိုင်မာပြီး နောက်ခံ အကြောင်းအရာကလည်း ခမ်းနားတယ်။ ”

စုယန်ယန်ရဲ့ စကမဆုံးသေးခင်မှာပဲ လော့ပေါင်ကမ်းက သူမကို ဖြတ်ပြောသည်။ “ မင်း ငါ့ကို အဲ့ဒီဇာတ်လမ်းတွဲကို ရိုက်စေချင်နေတာလား။ ”

“ ဟုတ်ကဲ့။ ”

“ ဆောရီးပါ။ ငါ အဲ့လို အလုပ်မျိုး လက်မခံတော့တာ တော်တော်လေး ကြာပြီ။ ”

ဒီကိစ္စက လွယ်မှာ မဟုတ်မှန်း စုယန်ယန် သိသောကြောင့် ငြင်းပယ်ခံရဖို့လည်း စိတ်ကို ကြိုတင် ပြင်ဆင်ထားခဲ့ပါသည်။

ထို့ကြောင့် သူမ အရမ်း ထိတ်လန့်မသွားဘဲ ထိုအစား အိမ်မှာကတည်းက ပြင်ဆင်လာခဲ့သော ဇာတ်ညွှန်းကို ထုတ်ကာ သူတို့ နှစ်ယောက်အား ပေးလိုက်သည်။

သူမ အသနားခံလိုက်၏။ “ ကျေးဇူးပြုပြီး ချက်ချင်းတော့ မငြင်းလိုက်ပါနဲ့ရှင်။ ကျွန်မ ဇာတ်ညွှန်းကို ယူလာခဲ့ပါတယ်။ အရင်ဆုံး တစ်ချက်လောက် ကြည့်,ကြည့်ပါဦး။ ဦးလေး စိတ်တိုင်းမကျဘူး ဆိုရင် ကျွန်မတို့ ဦးလေးကို အတင်းအကျပ် မပြောတော့ပါဘူး။ ”

လော့ဝေပင်းက ထိုဇာတ်ညွှန်းကို မယူပါ။ မျက်မှောင်ကြုတ်ထားသော သူ့ပုံစံက ဒေါသထွက်နေပုံပေါ်သည်။

စုန့်လင်ဟွာ က သူ့ကို ဖြောင်းဖြဖို့ ပါးစပ်ပြင်လိုက်စဉ်မှာပဲ တံခါးဘဲလ် မြည်လာခဲ့သည်။

ရုတ်တရက်ဆန်သော ဆူညံသံက အခန်းထဲရှိ ငြိမ်သက်နေသော လေထုကို ချိုးဖျက်လိုက်သည်။ စုန့်လင်ဟွာ က လော့ပေါင်ကမ်းရဲ့ ပခုံးကို လက်ဖြင့် တို့ထိကာ တံခါးသွားဖွင့်ဖို့ ပြောလိုက်၏။

လော့ဝေပင်းက စိတ်မပါလက်မပါ ထရပ်လိုက်သည်။ သူ ထွက်သွားသည်နှင့် စုန့်လင်ဟွာ က စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ပြောလိုက်သည်။ “ ငါ့အဘိုးကြီးက အမြဲတမ်း တုတ်ထိုးအိုးပေါက် လူစားမျိုး။ သူ့ကို စိတ်မရှိပါနဲ့ကွယ်။ ရိုက်ကူးရေးအတွက် ဆိုရင်တော့ သူက အသက်လည်း ကြီးနေပြီ။ ဒါရိုက်တာ မလုပ်တော့တာလည်း နှစ်တွေ အများကြီး ကြာနေပြီ ဆိုတော့ မင်းတို့ တခြား တစ်ယောက်ကိုပဲ ရှာသင့်တယ်။ ”

“ အန်တီစုန့် ၊ ကျွန်မတို့ … ” စုယန်ယန်က သူမကို ဖြောင်းဖြဖို့ လုပ်နေစဉ်မှာပဲ တက်ကြွရွှင်ပျသော အသံလေးကို ကြားလိုက်ရလေသည်။

“ သမီးရဲ့ အမေက သမီးကို အဘွားနဲ့ အဘိုးလော့အတွက် သစ်သီးတွေ ယူလာခိုင်းလို့ ယူလာတာ အဘွားစုန့်ရေ။ အာ ၊ အိမ်မှာ ဧည့်သည်ရောက်နေတာလား။ ”

စုယန်ယန်နှင့် ကျန်လူများက အသံလာရာဆီ လှမ်းကြည့်လိုက်တော့ ပစ္စည်းတွေ ထည့်ထားသော အိတ် တစ်အိတ်ကို သယ်လျက် စိတ်လှုပ်ရှားစွာ လျှောက်ဝင်လာသော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။

အိမ်ထဲမှာ ရှိနေတဲ့ လူစိမ်း နှစ်ယောက်ကို အမြင်မှာတော့ ထိုမိန်းကလေးက ခြေလှမ်းရပ်ကာ သူတို့ကို စူးစမ်းသလို ကြည့်နေပါသည်။

“ နင် ရောက်လာပြီပေါ့လေ ရှောင်ရှီ။ ” စုန့်လင်ဟွာ က ထိုမိန်းကလေးကို အပြုံးယဲ့ယဲ့ဖြင့် လက်ဝှေ့ယမ်းပြကာ အနားလာခဲ့ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ “ နင် ရောက်လို့ ကောင်းလိုက်တာ။ ဘာလို့ ပစ္စည်းတွေ ထပ်ယူလာပြန်တာလဲ။ အရင်တစ်ခေါက်က နင် ယူလာပေးတဲ့ သစ်တော်သီး တစ်အိတ်ကိုတောင် အဘွားတို့ စားမကုန်သေးဘူး။ ”

++++++

All Chapters