အခန်း ၅၉၁
Vol. 40 Ch. 591
အခန်း (၅၉၁) တကယ်လို့ ဆိုတာတွေ မရှိဘူး။
စုယန်ယန်သည် စုန့်လင်ဟွာရဲ့ ပျော့ပျောင်းလာသော သဘောထားကြောင့် အလွန် ပျော်ရွှင်သွားသည်။ သူမ ကြိုတင် ပြင်ဆင်လာခဲ့သော စာချုက်ကို ထုတ်ကာ လော့ပေါင်ကမ်းကို ပေးလိုက်၏။ ထို့နောက် ပြုံးရင်း ပြောလိုက်သည်။ “ အားလုံး ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ စာချုပ်မှာ မြန်မြန်လေး လက်မှတ်ထိုးလိုက်ကြရအောင်နော်။ ”
လော့ပေါင်ကမ်းက သူမကို မျက်စောင်းခဲသည်။ “ မင်းက မလာခင်ကတည်းက စာချုပ်ကို ကြိုပြင်ထားတာလား။ ”
စုယန်ယန်ကဝောာ့ နည်းနည်းလေးတောင် မလုံမလဲ မခံစားရပေ။ သူမ ခပ်တိုးတိုး ရယ်ရင်း ပြောလိုက်သည်။ “ အရှေ့က ဒါရိုက်တာကြောင့် ကျွန်မတို့ သင်ခန်းစာ ရသွားပြီ ဆိုဝောာ့ ပိုသတိထားတတ်လာတာပါ။ ”
“ ငါက အရင်တစ်ယောက်လို ကတိဖျက်သွားမှာမို့လို့လား။ ”
“ မဟုတ်ပါဘူး ၊ မဟုတ်ပါဘူးရှင်။ ဒါရိုက်တာလော့က သူနဲ့ တစ်စက်လေးတောင် မတူပါဘူး။ ဒါပေမဲ့ ရှင် လက်မှတ်တော့ ထိုးရပါလိမ့်မယ်။ အဲ့လိုမှသာ ကျွန်မတို့ နှစ်ဖက်လုံး ပိုစိတ်ချလက်ချရှိနိုင်မှာ မဟုတ်လား။ ”
လော့ပေါင်ကမ်းက သူမကို မျက်လုံးလှိမ့် ကြည့်ကာ ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်သည်။ “ မင်းက တကယ့်ကို ရေးကြီးသုတ်ပြာဖြစ်နေတာပဲ။ မသိတဲ့ လူ ဆိုရင် မင်းက ငါ့ကို ကန်ထရိုက်စာချုပ်မှာ လက်မှတ်ထိုးစေချင်နေတယ်လို့ ထင်သွားလိမ့်မယ်။ ”
စုယန်ယန် ဆွံ့အသွား၏။ သူ ပြောတဲ့ စကားထဲမှာ ဘာမှ အမှား မပါ,ပါ။
ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ လော့ပေါင်ကမ်းဟာ စုယန်ယန်နှင့် စာချုပ် ချုပ်ခဲ့ပါသည်။ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားဝောာ့ သူ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ “ မင်း ဘာလို့ စာချုပ် တစ်စောင်တည်း ပြင်လာတာလဲ။ ”
စုယန်ယန် ဒီကို မလာခင်တုန်းက ဒါရိုက်တာလော့မှာ အန်တီစုန့်လို အဖိုးတန် ဇနီးမယား တစ်ယောက် ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ စာချုပ် တစ်စောင်ဆို လုံလောက်ပါပြီ။ ဒါရိုက်တာလော့ လက်မှတ်ထိုးပြီးသွားပြီလေ။ အန်တီစုန့် ထွက်ပြေးသွားမှာကို ကျွန်မ စိုးရိမ်မယ်လို့ ဒါရိုက်တာလော့ ထင်နေတာလား။ ကျွန်မ မနက်ဖြန်ကျ လူလွှတ်ပြီး နောက်ထပ် စာချုပ် တစ်စောင် ပို့လိုက်ပါ့မယ်။ ”
စုယန်ယန်ရဲ့ စကားတွေက လော့ပေါင်ကမ်းကို ပိုလို့ဝောာင် စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ သူ ထောင်ချောက်မိသွားသလို ခံစားလိုက်ရလေသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို သဘောမကျတော့သော လော့ပေါင်ကမ်းသည် လက်မှတ်ထိုးပြီးနောက်မှာ သူတို့ နှစ်ယောက်ကို သူတို့နှင့်အတူ နေ့လယ်စာ စားခွင့် မပေးဝောာ့ပေ။
တိုက်ဆိုင်စွာပင် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကလည်း နေ့လယ်စာ အတူ စားဖို့ ရည်ရွယ်ချက် မရှိသောကြောင့် အမြန် အိမ်ပြန်လာခဲ့ကြသည်။
စုယန်ယန်သည် ကားထဲ ရောက်တော့မှ စိတ်အေးသွားသော သက်ပြင်းလ မှုတ်ထုတ်လိုက်မိသည်။ ဒါရိုက်တာလော့ကို သူမတို့ရဲ့ ဇာတ်လမ်းတွဲအား ရိုက်ကူးပေးရန် အောင်မြင်စွာ ဖိတ်ခေါ်နိုင်ခဲ့ပြီ ဆိုတာ သူမ မယုံနိုင်သေးပေ။
“ ဒီလို ချောချောမွေ့မွေ့ ပြီးသွားလိမ့်မယ်လို့ ထင်မထားဘူးရယ်။ ကျွန်မက သုံး ၊ လေးခေါက်လောက် ထပ်သွားရဦးမယ်လို့ ထင်နေတာ။ ”
ဟောက်ချန်ဟွမ်းက သူမရဲ့ ခေါင်းလေးကို ပုတ်ကာ ပြုံးလိုက်သည်။ “ အဲ့လောက် ဒုက္ခခံစရာ မလိုတာ မင်း ကံကောင်းတယ်။ ”
“ ရှားနျဉ်ရှီနဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရှင် အရင်ကတည်းက သိနေတာလား။ ”
“ အင်း။ ” ဟောက်ချန်ဟွမ်းက ဘာကိုမှ မဖုံးကွယ်ထားပါ။ “ ရှောက်ယန်နဲ့ တခြား လူတွေက အဲ့ကောင်မလေးနဲ့ သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို မနေ့ကမှ သိသွားကြတာ။ ”
ထိုသတင်းကို ကြားတုန်းက သူလည်း အနည်းငယ် အံ့ဩသွားခဲ့ရပါသည်။ ကမ္ဘာပေါ်မှာ တချို့ ကိစ္စတွေကို အစကတည်းက ကြိုတင် ကံကြမ္မာသတ်မှတ်ထားပြီးသား ဖြစ်သည်။ မဟုတ်ရင် အခုလို တိုက်ဆိုင်မှုမျိုး ရှိလာမှာတဲ့လား။
“ ရှင် မနေ့တုန်းက အရမ်း သေချာနေတာ အံ့ဩစရာ မရှိပါဘူး။ ကျွန်မ ဇာတ်ညွှန်းကို ယူသွားလိုက်တာနဲ့ ဒါရိုက်တာလော့ကို သေချာပေါက် ဖိတ်ကြားနိုင်မှာပဲ။ ဒါပေမဲ့ … ဟိုကောင်မလေး ဒီနေ့ လာမယ် ဆိုတာ ရှင် ဘယ်လိုလုပ် သိနေတာလဲ။ တကယ်လို့ … ”
“ ‘ တကယ်လို့ ’ ဆိုတာတွေ မရှိဘူး။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အဓိပ္ပာယ်ပါပါ နက်ရှိုင်းမေပြီး သူ့မျက်ခုံးတွေကြားမှာတော့ ယုံကြည်မှုရှိသော အရိပ်အယောင်လေးတွေ ရှိနေသည်။ “ သူမ မသွားဘူး ဆိုရင် ငါတို့ နောက်ထပ် နည်းလမ်း တစ်ခု ရှာပြီး သူမကို အတင်း သွားခိုင်းရလိမ့်မယ်။ ”
အဲ့ဒါကြောင့်ဘဲ ဟောက်ချန်ဟွမ်း သူကိုယ်တိုင် စကား အများကြီး ပြောမနေတော့ဘဲ စုယန်ယန်ကိုသာ လော့ပေါင်ကမ်းနှင့် စကားပြောခွင့်ပေးခဲ့တာပင်။
လော့ပေါင်ကမ်းက အနုပညာနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် ကျင်လည်ခဲ့ဖူးသော အတွေ့အကြုံရှိ ဒါရိုက်တာ တစ်ယောက်မို့ ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ အကြံအစည်တွေကို လော့ပေါင်ကမ်း မသိအောင် ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
သူတို့ရဲ့ အကြံအစည်အောက်မှာ လော့ပေါင်ကမ်း ကျရှုံးသွားရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ လော့ပေါင်ကမ်းက သူ့ဇနီးကို အလေးထားသောကြောင့် ဖြစ်သည်။
လော့ပေါင်ကမ်းက ဒီကိစ္စကြောင့် သူတို့နှင့် စကားမများခဲ့ပေမဲ့ အလှည့်စားခံရတဲ့ ခံစားချက်ကလည်း အောင့်သက်သက်နှင့် အခံရခက်ပါလိမ့်မည်။ သူ့အမြင်ကို ပွင့်ပွင့်လွင်းလွင်း ပြောရမည် ဆိုလျှင်ဝောာ့ သူတို့ အခုလို လုပ်လိုက်တဲ့ လုပ်ရပ်က အခန့်မသင့်လျှင် တစ်ဖက်လူကို စိတ်ပျက် ဒေါသထွက်သွားစေမှာ ဖြစ်ပြီး ဒီပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ပျက်စီးသွားစေမှာ ဖြစ်သည်။
အခြား တစ်ဖက်၌ ဘာကိုမှ မသိသော စုယန်ယန်ကဝော့ သူ့ကို စိတ်အေးလက်အေး ရှိစေလေသည်။
“ ဒါပေမဲ့ ကျွန်မတို့ ဘာမှ မလုပ်ရသေးခင်မှာပဲ သူမက အဲ့ဒီကို သူမဘာသာ ရောက်လာခဲ့တော့ ကျွန်မတို့ တော်တော်လေး အလုပ်ရှုပ် သက်သာသွားတယ်။ ”
ရှားနျဉ်ရှီ စောစောစီးစီး ရောက်လာခြင်းကြောင့် ဟောက်ချန်ဟွမ်း လွှတ်ထားတဲ့ လူတွေလည်း ဘာမှ လုပ်စရာ မလိုဝောာ့။
စုယန်ယန် ပင့်သက်ရှိုက်လိုက်သည်။ “ တိုက်ဆိုင်လိုက်တာနော်။ ”
“ တိုက်ဆိုင်တယ် ဆိုတာထက် ကံတရားလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ”
++++++