← Chapters

အခန်း ၅၉၂

Vol. 40 Ch. 592

အခန်း ၅၉၂

Vol. 40 Ch. 592

အခန်း ( ၅၉၂ ) တကယ် ပြဿနာဖြစ်နေတာလား။

“ ကံတရား .. ဟုတ်လား။ ” စုယန်ယန်က နားမလည်နိုင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ ရှင် ဘာကို ပြောချင်တာလဲ။ ”

“ အဲ့ကောင်မလေးက ဒီကိစ္စတွေ မဖြစ်ခင်တုန်းက အန်တီစုန့်ဆီမှာ အော်ပရာသီချင်းတွေအကြောင်း အထိုက်အလျောက် လေ့လာဖူးတယ်။ အဲ့ဒါကြောင့် သူမမှာ အခြေခံ နည်းနည်းပါးပါး ရှိတယ်။ ”

စုယန်ယန်သည် ခဏလောက် ဆွံ့အနေပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ “ သူမက အန်တီစုန့်ဆီက အော်ပရာကဇာတ်အကြောင်း လေ့လာထားလို့ ဒီဝတ္ထုကို ရေးချင်တာလို့ ရှင် ပြောချင်တာလား။ ပြီးတော့ သူမက ဒီဝတ္ထုကို ရေးခဲ့တာကြောင့်ပဲ ကျွန်မတို့က သူမကို တီဗီထဲမှာ ပါစေချင်ရင် ကျွန်မတို့ကို ကူညီပေးဖို့အတွက် ပရော်ဖက်ရှင်နယ်တွေကို ငှားရမ်းရမယ်ပေါ့ … ။ အဲ့ဒီပရော်ဖက်ရှင်နယ်တွေက အန်တီစုန့်နဲ့ ဒါရိုက်တာလော့လား … ။ ”

တစ်ခါတရံ ကမ္ဘာကြီးပေါ်က အဖြစ်အပျက်တွေက အလွန် ဆန်းကြယ်ပါသည်။ ဖြစ်ရပ် များစွာ ဖြစ်ပျက်လျက် စက်ဝိုင်းပုံသဏ္ဍာန် လည်ပတ်နေပြီးနောက်တွင် မူလစမှတ်ကိုသာ ပြန်ရောက်သွားလေ့ရှိသည်။

“ မင်းကရော ဒီဇာတ်ညွှန်းက အန်တီစုန့်ကို အခြေခံထားမှန်း ဘယ်လိုလုပ် သိတာလဲ။ ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ထိုမေးခွန်းကို မေးတော့မှ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူကျေနပ်စိတ် အနည်းငယ် ဝင်သွားမိသည်။ “ ကျွန်မ အဲ့ဇာတ်ညွန်းကို အစ အဆုံး ဖတ်ထားတယ်လေ။ ”

“ အဲ့ဒီတော့ … ”

“ ဇာတ်ညွှန်းရဲ့ အနောက်ပိုင်းတွေမှာ အမျိုးသမီးဇာတ်လိုက်က အော်ပရာကဇာတ် ဆိုတဲ့ အနုပညာအမွေကို လက်ဆင့်‌ကမ်းပေးချင်တာနဲ့ ဆယ့်သုံး ၊ ဆယ့်လေးအရွယ် မိန်းကလေးတပည့် တစ်ယောက်ကို ရှာခဲ့တယ်။ အဲ့ဒီ တပည့် ကောင်မလေးက သိပ်ဉာဏ်မကောင်းတော့ အမျိုးသမီးဇာတ်လိုက်ဆီမှာ ခဏ ခဏ အဆူခံရတယ်။ ဇာတ်ညွှန်းထဲမှာ အမျိုးသမီးဇာတ်လိုက်က သူ့တပည့်ကောင်မလေးကို ဆူနေတဲ့ စကားတွေက မိန်းကလေးရှားကို အန်တီစုန့် ဆူနေတဲ့ စကားတွေနဲ့ တစ်ထပ်တည်းပဲ။ ”

“ ကိုယ် သဘောပေါက်ပြီ။ ဒါဆို ရှားနျဉ်ရှီက အန်တီစုန့်ကို မှီငြမ်းပြီး အမျိုးသမီးဇာတ်လိုက်ကို ဖန်တီးထားတာ ၊ ပြီးဝောာ့ တပည့်ကောင်မလေးကလည်း ရှားနျဉ်ရှီကိုယ်တိုင်ပဲလို့ မင်း ထင်သွားတာပေါ့။ ”

“ ကျွန်မ ခန့်မှန်းကြည့်တာပါ။ ကျွန်မ ထင်တာ မှန်နေမယ်လို့တော့ ထင်မထားဘူး။ ” စုယန်ယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ကံကောင်းချင်တော့ သူမက ဒီဝတ္ထုကို ရေးခဲ့တဲ့ လူ ဖြစ်နေတယ်လေ။ နောက်တစ်ခု ထပ်ကံကောင်းတာက သူမက အန်တီစုန့်အကြောင်း ရေးထားတာ ဖြစ်နေတယ်။ မဟုတ်ရင် ဒီဇာတ်လမ်းတွဲကို လက်ခံအောင် ဒါရိုက်တာလော့ကို ဘယ်လို သိမ်းသွင်းရမှန်း ကျွန်မ သိမှာ မဟုတ်ဘူး။ ”

ဇနီးကို သည်းသည်းလှုပ် ချစ်ကာ ဇနီးကိုသာ အချိန်တိုင်း ရှေ့တန်းတင်ထားသော လော့ပေါင်ကမ်းဟာ သူ့ဇနီးအကြောင်းကို အခြေခံထားသော ဇာတ်လမ်းတွဲအား တခြား ဘယ်သူ့ကို ရိုက်ကူးခွင့်ပြုမှာ မဟုတ်ပါ။

ရှားနျဉ်ရှီရဲ့ အပြုအမူတွေက သူမရဲ့ လက်ထဲမှာ အားကောင်းသော လက်နက် တစ်လက်လိုပဲ ဖြစ်သည်။ စုယန်ယန်မှာ ဒါရိုက်တာလော့ကို ရွေးချယ်စရာမရှိ ဖြစ်အောင် လုပ်ဖို့က လွဲလို့ တခြား ရွေးချယ်စရာမရှိခဲ့။

“ အဲ့ဒါကြောင့်ပဲ မင်း ကံကောင်းတယ်လို့ ကိုယ် ပြောတာပေါ့။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်း၏ ခါးကို ဖက်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ ဒီကံ‌ကောင်းမှုက ထာဝရ တည်မြဲနိုင်ပါစေလို့ ကျွန်‌မ မျှော်လင့်ပါတယ်။ ”

“ တကယ်လည်း ထာဝရ တည်မြဲမှာပါ။ ” ဟောက်ချန်ဟွမ်းသည် သူ့ရင်ခွင်ထဲရှိ လူသားလေးကို ခပ်တင်းတင်း ပွေ့ဖက်ထားရင်း မကြာသေးမီတုန်းက ရှားနျဉ်ရှီ ပြောသွားခဲ့သော စကားတွေဆီ အတွေးရောက်သွားမိသည်။

အလုပ် လုပ်နေတဲ့ ယောက်ျားတွေက တကယ်ပဲ ပိုကြည့်ကောင်းတယ်လား … ။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ စုယန်ယန် ဟင်းချက်နေခဲ့တဲ့ ပုံစံကို ပြန်တွေးကြည့်မိတော့ ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားက စည်းချက် တစ်ချက် လွတ်သွားသည်။ သူမ ဟင်းချက်နေတဲ့ ပုံစံက တကယ့်ကို အလွန် ဆွဲဆောင်မှုရှိနေခဲ့သည်။

စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်း တစ်ယောက် ဘာတွေ တွေးနေလဲ ဆိုတာ မသိဘဲ အိမ်ပြန်ရောက်သည်နှင့် ရှားကျွင်းရှန်ကို လှမ်းဖုန်းဆက်ပြီး ဒါိရိုက်တာလော့အား ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲအတွက် စာချုပ် ချုပ်ရန် မဲဆွယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် စုန့်လင်ဟွာဆီ ပို့ရန် နောက်ထပ် စာချုပ် တစ်စောင်ကို အကြမ်းရေးထားဖို့ ပြောလိုက်၏။

ရှားကျွင်းရှန်သည် စုယန်ယန်အား ဒါရိုက်တာလော့ကို အချိန် ခဏလေးအတွင်း စာချုပ်မှာ လက်မှတ်ထိုးအောင် သိမ်းသွင်းနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ ချက်ချင်းပဲ လူ တစ်ယောက်ကို စာချုပ် တစ်စောင် အကြမ်းရေးဆွဲဖို့ တာဝန်ပေးလိုက်ကာ ဇာတ်လမ်းတွဲအတွက် ပရော်ဖက်ရှင်နယ် အတိုင်ပင်ခံအဖြစ် စုန့်လင်ဟွာကို ဖိတ်ကြားလိုက်သည်။

နောက်တစ်နေ့ မနက် ရောက်ဝောာ့ ရှားကျွင်းရှန်သည် စာချုပ် တစ်စောင်ကို လက်ထဲမှာ ကိုငမထားလျက် ‌လော့မိသားစုအိမ်တော်ကို အပြေးအလွှား ရောက်ချလာခဲ့သည်။

ဒါရိုက်တာပြဿနာ ပြေလည်သွားပြီးနောက် ဟားယီ ( ပို၍ တိတိကျကျ ပြောရလျှင် ဝမ်ကျင့်ဖျင် ) ကလည်း ရုတ်ရုတ်သဲသဲ အခြေအနေ တစ်ခုကို ဖန်တီးခဲ့သည်။

ဝမ်ကျင့်ဖျင် ပါဝင် သရုပ်ဆောင်မည့် ဇာတ်လမ်းတွဲက ‘ ဧကရီ ’ ဟု အမည်ရသော ရှေးခေတ် ဒရာမာ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပြီး ဟားယီ အန်တာတိန်းမန့်ကလည်း ငွေများစွာ ရင်းနှီးမြုပ်နှံထားသည်။

ထိုဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ နှစ်လတုန်းက စတင်ကာ မားကတ်တင်း ဆင်းခဲ့တာ ဖြစ်သည်။ ဒါရိုက်တာကို အခုထိ မရွေးချယ်ရသေးသော်လည်း အမျိုးသားဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်ကို ဘယ်သူလဲ ဆိုတာ ထင်ကြေးပေးထားသည့် ခန့်မှန်းချက်တွေကတော့ အနုပညာနယ်ပယ်ထဲမှာ ပြန့်နှံ့နေပြီပင်။ သရုပ်ဆောင်တော်သည့် နာမည်ကြီး သရုပ်ဆောင် တချို့တောင် ပါသေးသည်။

လော့ပေါင်ကမ်းထံ စုယန်ယန် သွားပြီးသည့် တတိယမြောက်နေ့မှာပဲ ဟားယီသည် သူတို့ကုမ္ပဏီ နှစ်ပတ်လည် ဇာတ်လမ်းတွဲကို ရိုက်ကူးမည့် ဒါရိုက်တာက ဒါရိုက်တာ ပန်ယို့အန်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒါရိုက်တာ‌ပန်ယို့အန်နှင့် လက်တွဲ အလုပ်,လုပ်ရန် သူတို့ဘက်က စိတ်လှုပ်ရှား ဝမ်းသာမိပါသည်ဟု ကြေညာခဲ့လေသည်။

++++++

All Chapters