← Chapters

အခန်း ၅၉၃

Vol. 40 Ch. 593

အခန်း ၅၉၃

Vol. 40 Ch. 593

အခန်း (၅၉၃) အလကားသက်သက် ချနင်းခံရခြင်း။

ယေဘုယျအားဖြင့် ပြောရလျှင် တီဗီ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေး တစ်ခုရဲ့ တရားဝင် ကြေညာချက်ကို ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာကပဲ ထုတ်ပြန်လေ့ရှိသော်လည်း များသောအားဖြင့် ထိုထုတ်ပြန်ချက်က လူထုရဲ့ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ပါ။

ရိုက်ကူးရေးအဖွဲ့ လူရွေးပွဲ ၊ သို့မဟုတ် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက် ရွေးချယ်ပွဲက လူထု အာရုံစိုက်မှုကို အဆွဲဆောင်နိုင်ဆုံး ဖြစ်ပြီး လူပြောအများဆုံးလည်း ဖြစ်သည်။

ဒီဇာတ်လမ်းတွဲကလည်း အတူတူပါပဲ။ ‘ ဧကရီ ’ ဇာတ်လမ်းတွဲကို ပန်ယို့အန် ရိုက်ကူးမည် ဆိုသာ့် ဟားယီ အန်တာတိန်းမန့်ရဲ့ ရုတ်တရက်ဆန်သော ကြေညာချက်က အစပိုင်းမှာ အာရုံစိုက်မှု များများစားစား မရရှိခဲ့ပေ။

ပန်ယို့အန်ရဲ့ နာမည်ကို ကြားဖူးသော ပရိသတ် လူနည်းစုလောက်ကသာ အံ့ဩသွားခဲ့ကြသည်။ “ ဒါရိုက်တာပန်က ဒရာမာ အသစ် တစ်ခု ရိုက်ကူးတော့မှာပဲ။ ငါတော့ အဲ့ဒါကို ကြည့်ချင်နေပြီ။ ”

သို့သော်လည်း မီဒီယာ တချို့က လူတွေရဲ့ အာရုံကို တုန်ချမ်းထံ ပြောင်းသွားအောင် အလျင်အမြန် ကြိုးစားခဲ့ကြသည်။

ပန်ယို့အန်နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရန် ပန်ယို့အန်ဆီ လူကိုယ်တိုင် သွားခဲ့သော ရှားကျွင်းရှန်ကို မီဒီယာ အဖွဲ့အစည်း တချို့က မိဖူးသည်။ ထိုအချိန်တုန်းကတော့ လူတွေက ဒါရိုက်တာပန်ဟာ တုန်ချမ်းနှင့် ပူးပေါင်းပြီး ဇာတ်လမ်းတွဲ အသစ် တစ်ခု ရိုက်ကူးချင်နေသည်ဟု ထင်ကြေးပေးထားခဲ့ကြတာ ဖြစ်သည်။

သူတို့ နှစ်ယောက် ဆွေးနွေးညှိနှိုင်းတာလည်း အဆင်ပြေသောကြောင့် တုန်ချမ်းရှိ ဝန်ထမ်းတွေကလည်း ထိုကိစ္စကို သေချာသလောက် ရှိသည်ဟု ထင်ထားခဲ့ကြတာပင်။ ထို့ကြောင့် အဲ့ဒါကို လူမသိအောင် ဖုံးကွယ်ထားချင်စိတ် မရှိခဲ့။

မျှော်လင့်မထားစွာဖြင့် ထိုကိစ္စကို ထုတ်ဖော်ခံလိုက်ရပြီး အင်တာနက်ပေါ်မှ နာမည်ကြီး အနုပညာရှင်များအတွက် အရေးကြီးသော ကိစ္စရပ် တစ်ရပ် ဖြစ်လာခဲ့၏။

[ ငါပဲ အမှတ်မှားနေတာလား။ ဒါရိုက်တာပန်က တုန်ချန်းရဲ့ ဒရာမာ အသစ် ‘ အော်ပရာမင်းသမီး ’ ကို ရိုက်ကူးတော့မယ်လို့ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းကမှ မီဒီယာတွေက ပြောထားတာ မဟုတ်ဘူးလား။ သူက ဘာလို့ ရုတ်တရက်ကြီး ဟားယီ အန်တာတိန်းမန့်ရဲ့ ဒရာမာကို သွားရိုက်ကူးရတာလဲ။ ]

မီဒီယာတွေ အမိအရ ရိုက်ထားသော ဒါရိုက်တာပန်ရဲ့ စတူဒီယိုထဲသို့ ဝင်လိုက် ၊ ထွက်လိုက် လုပ်နေသည့် ရှားကျွင်းရှန်ရဲ့ ဓာတ်ပုံတွေနှင့် ပေါင်းစပ်လိုက်သောအခါ အချိန် ခဏအတွင်းမှာပဲ လူတွေ အာရုံစိုက်လာခဲ့ကြသည်။

ဒါရိုက်တာ တစ်ယောက်အတွက် အချိန်တိုအတွင်းမှာ တီဗီ ဇာတ်လမ်းတွဲ နှစ်ခုကို တစ်ပြိုင်နက် ရိုက်ကူးဖို့ ဆိုတာ မဖြစ်နိုင်မှန်း လူတိုင်း သိသည်။ အထူးသဖြင့် ရှေးခေတ် ဇာတ်လမ်းတွဲတွေက ပြင်ဆင်ချိန် အကြာကြီး လိုအပ်ပါသည်။

‘ အော်ပရာမင်းသမီး ’ နှင့် ‘ ဧကရီ ’ ဇာတ်လမ်းတွဲ နှစ်ခုလုံးက ရှေးခေတ်ကို နောက်ခံတည်ထားသော ဇာတ်လမ်းတွဲတွေမို့ တူညီသော ဇာတ်လမ်း အမျိုးအစား နှစ်ခုကို နှိုင်းယှဉ်ရတာ အလွန် လွယ်ကူသည်။

ပရိသတ်တွေရဲ့ အမြင်မှာတော့ ဒရာမာ နှစ်ခုလုံးရဲ့ ပရိုဂျူဆာတွေက သူတို့ရဲ့ ဇာတ်လမ်းတွဲကို ပန်ယို့အန် ရိုက်ကူးပေးနိုင်မလား ဟူသော မျှော်လင့်ချက်ဖြင့် သူ့ကို သွားရှာခဲ့ကြပေမဲ့ အဆုံးသတ်မှာဝော့ ပန်ယို့အန်က ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲကို ငြင်းပယ်ကာ ‘ ဧကရီ ’ ကို ရွေးချယ်ခဲ့လေသည်။

လူတိုင်းမှာ သူတို့ရဲ့ ကိုယ်စီ အကြိုက်တွေ ရှိသော်လည်း အများစုကတော့ သူများ ရွေးချယ်ရာကို လိုက်ရွေးချယ်တတ်သော လေယူရာယိမ်းသည့် စိတ်ထားပိုင်ရှင်တွေ ဖြစ်ကြသည်။ ရွေးချယ်ခွင့်ရမည် ဆိုလျှင် အကောင်းဆုံးကိုသာ ရွေးချယ်မယ့် လူတွေချည်းပါပဲ။

အကောင်းဆုံး ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူတိုင်းမှာ သူတို့ သတ်မှတ်ထားတဲ့ “ အကောင်းဆုံး ” ဟူသော အရာနှင့် ပတ်သက်လို့ ကိုယ်ပိုင် စံချိန်စံညွှန်းတွေ ရှိသော်လည်း လူတွေရဲ့ အမြင်ကဝောာ့ အကောင်းဆုံး ဆိုတဲ့ အရာ တစ်ခုမှာ အနည်းဆုံးဝောာ့ တခြား အမျိုးအစားတူတွေထက် ပိုမို သာလွန်သည့် အချက်တွေ ရှိကို ရှိရပါမည်။

အဲ့ဒါက လူတွေ ရွေးချယ်မှု ပြုလုပ်တဲ့နေရာမှာ အဓိကကျသည်။

ဒရာမာတွေ ကြည့်တဲ့နေရာမှာလည်း အတူတူပါပဲ။ အခြေခံအားဖြင့် ငြင်းပယ်ခံရပြီး မကောင်းဘူးလို့ ယူဆခံရတဲ့ ဇာတ်လမ်းတွဲကို လူ ဘယ်နှယောက်က ကြည့်ချင်မှာတဲ့လဲ။

အင်တာနက်ပေါ်မှာ အခကြေးငွေယူကာ Post တင်သော လူများသည် သူတို့ ပြောချင်သော အကြောင်းအရာများကို ပြောခဲ့ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။ သူတို့က လူတွေကို သူတို့ လိုချင်တဲ့ ဦးတည်ချက်အတိုင်း အတွေးဝင်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာ ဖြစ်ပါသည်။ ‘ ဧကရီ ’ ဇာတ်လမ်းတွဲ‌ကို မြှောက်ပင့်ချီးမွမ်းနေရင်း တစ်ချိန်တည်းမှာပဲ ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲကို မကောင်းပြော ရှုံ့ချဖို့ မမေ့လျော့ခဲ့ပေ။

ဇာတ်ညွှန်းကို မထုတ်ပြန်ရသေးသလို သရုပ်ဆောင်တွေကိုလည်း အခုထိ မရွေးချယ်ရသေးပေမဲ့ ထိုလူတွေရဲ့ ယုံကြည်ချက်ရှိနေသော ပြောဆိုပုံအရ ‘ ဧကရီ ’ ဇာတ်လမ်းတွဲဟာ သေချာပေါက် အောင်မြင်မည် ဖြစ်ပြီး ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲကတော့ သေချာပေါက် ကျရှုံးလိမ့်မည်ဟု သူတို့ဘာသာ ဆုံးဖြတ်ပြီးထားသလိုပင်။

ပန်ယို့အန် ကတိဖျက်ပြီး ဟားယီ အန်တာတိန်းမန့်ဆီ ရောက်သွားချိန်ကတည်းက တုန်ချမ်းသည် ထိုကိစ္စနှင့် ပတ်သက်လို့ ဂရုတစိုက် သတိထားနေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သတင်းတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက်ပဲ စုယန်ယန်ရဲ့ နားထဲ ရောက်သွားခဲ့သည်။

စုယန်ယန်သည် မြင်ဖူးနေကျ တိုက်ခိုက်ပုံ လမ်းဟောင်းကြီးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ “ သူတို့ စလှုပ်ရှားလာပြီပဲ။ ”

“ ဒေါသမထွက်ပါနဲ့။ မင်းက ဒေါသထွက်ရမယ့် လူမှ မဟုတ်တာ။ ”

စုယန်ယန်က အေးစက်စက် လှောင်ရယ်လိုက်သည်။ သူမ ဒေါသထွက်နေပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်အေးလက်အေး ဖြစ်နေမိပါသည်။ “ အဲ့ဒီ မကောင်းတဲ့ ဒါရိုက်တာက ဟားယီ အန်တာတိန်းမန့်ကို ရောက်သွားတယ်လို့ ကျွန်မ ကြားတဲ့အချိန်မှာ တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်တာ ကံကောင်းတယ်။ ပြီးတော့ ဒီအခြေအနေကို ဖြေရှင်းဖို့ ဒါရိုက်တာလော့ကို ကျွန်မ ရှာတွေ့သွားခဲ့တယ်။ မဟုတ်ရင် ကျွန်မက အလကားသက်သက် သူတို့ ချနင်းတာ ခံရမှာ မဟုတ်လား။ ”

++++++

All Chapters