← Chapters

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း ( ၅၉၇ ) မင်း ဘာတွေ ကြည့်နေတာလဲ။

လော့ပေါင်ကမ်းသည် လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း မီဒီယာတွေရှေ့မှ ပျောက်ကွယ်သွားကာ တစ်ယောက်တည်း အေးအေးဆေးဆေး နေပြီး ဇာတ်လမ်းတွဲတွေလည်း မရိုက်ကူးတော့ပေ။

သို့သော်လည်း တချို့ လူတွေက နယ်ပယ် တစ်ခုထဲမှာ မရှိတော့လျှင်တောင် သူတို့ရဲ့ နာမည်ကဝောာ့ ရှင်သန်ကျန်ရစ်နေဆဲပင်။

ဂန္တဝင် လက်ရာ ၊ ဂန္တဝင် ပညာရှင်တွေကို ဂန္တဝင်လို့ သတ်မှတ်ရတဲ့ အကြောင်းပြချက်က နှစ်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ ၊ သူတို့အကြောင်း ပြန်တွေးမိချိန်တိုင်းမှာ သူတို့က လူများစွာအတွက် အတိတ်ရဲ့ အဖြူရောင် လရောင်ခြည်လေးကဲ့သို့ တန်ဖိုးအကြီးဆုံး အမှတ်တရတွေ ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ အခုတော့ သူတို့နှလုံးသားထဲမှ လော့ပေါင်ကမ်းဟာ လှောင်ပြောင်ဆဲဆိုခံနေရပြီမို့ သူတို့ကလည်း ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ပေ။

လော့ပေါင်ကမ်းရဲ့ ပရိသတ်တွေက အသက် ( ၇၀ ) ၊ ( ၈၀ ) ကနေ ( ၂၀ ) ၊ ( ၃၀ ) အထိ အစားစား ရှိပေမဲ့ ပရိသတ် အများစုကတော့ အသက် ( ၂၅ ) နှစ်ကနေ ( ၄၀ ) ကြားတွေ ဖြစ်ကြသည်။

ထိုအသက်အရွယ် ပတ်ဝန်းကျင်က လူတွေကလည်း အင်တာနက်သုံးရင်း အချိန်ကုန်ကာ ပေါ်ပင် ရေစီးကြောင်းနောက် လိုက်သူတွေ ဖြစ်ကြသော်လည်း နည်းနည်းလေး မျက်နှာသာမပေးခံရရုံနှင့် အင်တာနက်ပေါ်မှာ တွေ့မြင်ရာရာကို ကျိန်ဆဲတတ်သော ထိုကီးဘုတ်ဖိုက်တာတွေနှင့် ယှဉ်လိုက်ပါက သူတို့က အများကြီး ပိုရင့်ကျက်ပြီး အတွေ့အကြုံရှိပါသည်။

စုယန်ယန်ရဲ့ အတုအယောင် သုံးသပ်ချက်ပေးသူတွေက အခြေအနေကို ပြောင်းလဲရန် ဘာမှတောင် လုပ်စရာ မလိုလိုက်။ ပြဿနာရှာရန် ကြိုးစားနေကြသော ကီးဘုတ်ဖိုက်တာတွေက အလိုလို အရေးနိမ့်နေခဲ့ကြပြီ ဖြစ်သည်။

အင်တာနက်ပေါ်မှာ အခကြေးငွေ ယူကာ Post တင်သူများသည် တစ်ခုခုဝောာ့ မှားယွင်းနေပြီ ဆိုတာ နားလည်သွားကာ ထိုပြဿနာအား သူတို့ရဲ့ အလုပ်ရှင် ဖြစ်သော ဟားယီ အန်တာတိန်းမန့်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို သတင်းပို့ခဲ့လေသည်။

စုယန်ယန်နှင့် တခြား လူတွေဟာ ပန်ယို့အန် ကတိဖျက်သွားသည့် ကိစ္စကို သင်ခန်းစာယူလျက် လော့ပေါင်ကမ်းကို သွားရှာချိန်မှာ အများကြီး ပိုသတိထားခဲ့ကြသည်။ သူတို့နှင့် လော့ပေါင်ကမ်း အလုပ် အတူတူ တွဲလုပ်ကြတော့မည် ဟူ၍ သတင်း တစ်စွန်းတစ်စတောင် ဘယ်သူမှ မကြားခဲ့ရပေ။

ဟားယီသည်လည်း တုန်ချမ်းက ဒီလို နိုင်ငံ့ရတနာအဆင့် စီနီယာ ဒါရိုက်တာကြီး တစ်ယောက်ကို သူတို့ဇာတ်လမ်းတွဲအား ရိုက်ကူးရန် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ထင်မထားပေ။ မမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် သူတို့လည်း ဆွံ့အသွားခဲ့ကြသည်။

ခဏကြာတဲ့အထိ သူတို့ ဘာလုပ်လို့ လုပ်ရမှန်း စဉ်းစားမရပေ။

မရိုးသားတဲ့ ဒီကိစ္စကို မီဒီယာတွေက လူထုကြား နာမည်ကြီး အုံကြွလာအောင် တမင်တကာ ဖန်တီးထားသလို ဒီတိုင်းလေး ဘာမှ မသိသလို ဟန်ဆောင်နေဖို့ပဲ သူတို့ တတ်နိုင်သည်။ ဒီကိစ္စက သူတို့နှင့် ဘာမှ မဆိုင်ပါ။

အင်တာနက်ပေါ်က သတင်းတွေကို အာရုံစိုက်နေသော ဝမ်ကျင့်ဖျင်ကတော့ စုယန်ယန်ဟာ ဒါရိုက်တာ တစ်ယောက်ကို ရုတ်တရက် ရှာတွေ့သွားပြီး သူမ ကြိုးစားထားသမျှ အရာအားလုံးကို ဖျက်ဆီးသွားပြီ ဆိုတာကို မြင်သွားသည်။ အခု သူမ ကြိုးစားလာခဲ့သမျှ အရာရာတိုင်းက သဲထဲရေသွန် ဖြစ်သွားပြီမို့ ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက အိုး တစ်လုံးရဲ့ အောက်ခြေကဲ့သို့ မည်းမှောင်နေခဲ့သည်။

“ မင်း ဘာတွေ ကြည့်နေတာလဲ။ ”

သူမနောက်မှ ထွက်ပေါ်လာတဲ့ အေးစက်စက် အသံကြောင့် ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ မျက်နှာ အမူအရာကို အမြန် ပြောင်းရင်း သတိထား၍ ပြောလိုက်ပါသည်။ “ ကျွန်မ .. ကျွန်မ ကုမ္ပဏီရဲ့ တရားဝင် အကောင့်ပေါ်က ကွန်းမန့်တွေကို ကြည့်နေတာပါ။ ”

အသက် ( ၂၀ ) အစောပိုင်း ကာလထဲမှာပဲ ရှိသေးပုံပေါ်သော အမျိုးသားသည် ချူချာသော အသွင်အပြင်ရှိကာ ဝှီးချဲပေါ်မှာ ထိုင်နေခဲ့သည်။ သူ့မျက်နှာက စာရွက် တစ်ရွက်လို ဖြူဖျော့နေပြီး နှုတ်ခမ်းတွေလည်း ဖြူရော်နေသည်။

ခပ်ဝေးဝေးကနေ ကြည့်လျှင် သူ့ပုံစံက အနောက်တိုင်း ဒဏ္ဍာရီဇာတ်လမ်းတွေထဲက သွေးစုပ်ဖုတ်ကောင် တစ်ကောင်နှင့် တူနေသည်။

သူမရဲ့ စကားကို ကြားတော့ သို့ထျန်းယီက တစ်ခုခုကို အာရုံခံမိသွားပုံပေါ်ကာ မေးလာခဲ့သည်။ “ ဒါရိုက်တာ အသစ်ကို ကြေညာပြီးပြီလား။ ”

“ ဟုတ်ကဲ့။ သူတို့ အခုလေးတင်ပဲ ကြေညာပြီးပါပြီ။ ဒါပေမဲ့ … ဒါပေမဲ့ ခဏလောက် နေတော့ တုန်ချမ်းကလည်း သူတို့ဇာတ်လမ်းတွဲ အသစ်ရဲ့ ဒါရိုက်တာကို ကြေညာခဲ့တယ်။ ”

“ ဘယ်သူတဲ့လဲ။ ”

“ သူ့နာမည်က လော့ပေါင်ကမ်းတဲ့။ ကြည့်ရတာ တော်တော်လေး နာမည်ကြီးတဲ့ ဒါရိုက်တာ တစ်ယောက် ထင်တယ်။ ” ဝမ်ကျင့်ဖျင်က သို့ထျန်းယီကို မော့ကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။ “ လော့ပေါင်ကမ်းက အရမ်း နာမည်ကြီးလား။ ဒါရိုက်တာပန်ထက်တောင် နာမည်ကြီးတာလား။ ”

“ အင်း။ ” သို့ထျန်းယီက ခပ်တိုးတိုး ပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာ အမူအရာကတော့ ပြောင်းလဲမသွားပေ။ သူ ဝမ်ကျင့်ဖျင်ကို သူ့နား လာခဲ့ဖို့ လက်ယပ်ခေါ်လိုက်သည်။

ဝမ်ကျင့်ဖျင်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်သွားပေမဲ့ တစ်စုံတစ်ရာကို ကြောက်နေသကဲ့သို့ သို့ထျန်းယီကို မလွန်ဆန်ရဲပေ။ သူမ သို့ထျန်းယီဘေးသို့ နာခံစွာ လျှောက်သွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

သို့ထျန်းယီရဲ့ လက်ကလည်း သူ့မျက်နှာလိုပင် ဖြူဖျော့နေပြီး အစိမ်းရောင် သွေးကြောမျှင်လေးတွေကို ခပ်ရေးရေး မြင်နေရသည်။

သူတို့ နှစ်ယောက် အသားချင်း ထိတွေ့မိသည်နှင့် ဝမ်ကျင့်ဖျင်သည် ထိန်းချုပ်လို့ မရဘဲ ကျောစိမ့်သွားမိသည်။

သူ့လက်တွေက အလွန် အေးစက်ကာ လူသား တစ်ယောက်ရဲ့ လက်တွေနှင့် မတူပါ။

သူမ သို့ထျန်းယီဘေးမှာ အချိန် တချို့ ကြာအောင် ရှိခဲ့ဖူးပြီး သူ့ကို အကြိမ်များစွာ ထိတွေ့ခဲ့ဖူးသော်လည်း သူမခန္ဓာကိုယ်ရဲ့ အလိုလို တုံ့ပြန်မှုကိုတော့ ထိန်းချုပ်လို့ မရသေးချေ။

သူမ ဒီလူ့ကို ကြောက်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း သိသည်။ သို့သော် သူမမှာ ရွေးချယ်စရာ မရှိပေ။

သို့ထျန်းယီက သူမ ပုံမှန်မဟုတ်တာကို သတိပြုမိသွားပြီး သူ့မျက်လုံးတွေ မှုန်မှိုင်းသွားသည်။ “ မင်း အရမ်း ချမ်းနေတာလား။ ”

++++++

All Chapters