← Chapters

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း (၈၁၇) - အမှောင် မိစ္ဆာကျားသစ်နှင့် တပ်မှူးလေး၏ တိုက်ပွဲ (၂)

“အံ့မခန်းပဲ... တကယ်ကို အံ့မခန်းနိုင်စရာပဲ”

“ရှေးဦးကမ္ဘာဦး သားရဲကြီးတွေက တကယ်ကို ကြောက်ခမန်းလိလိပဲ...

ချင်းယန်ရဲ့ ကိုယ်ထဲက မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးလိုပဲ အလွန်ကို ကြောက်စရာကောင်းလှတယ်”

“အရမ်းကို အစွမ်းထက်လွန်းတယ်... တပ်မှူးလေးတောင် ပြန်လည်ခုခံနိုင်စွမ်း

မရှိတော့ဘူး”

လျူချင်းယန်နှင့် အခြားသူများအားလုံး ထိတ်လန့်အံ့သြနေကြသလို စိတ်လှုပ်ရှားမှုများလည်း အပြည့်ဖြစ်နေကြ၏။ သူတို့၏ ဖြူရော်နေသော မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာကြတော့သည်။ ဖုန်းဝူချန်းမှာလည်း အတွင်းစိတ်ထဲ၌ အလွန်တရာ အံ့မခန်းဖြစ်သွားတော့၏။

‘တစ်ဝက်တစ်ပျက် ချိတ်ပိတ်ခံထားရတဲ့ အခြေအနေမှာတောင်... ဒီလောက်ထိ ကြောက်စရာကောင်းနေတာ... ရှေးဦး

ကမ္ဘာဦး သားရဲကြီး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်’

ကမ္ဘာလောကကြီး စတင် ဖြစ်ပေါ်လာချိန်၌ ရှေးဦးကမ္ဘာဦး သားရဲကြီးများ ကျက်စားခဲ့ကြခြင်းပင်။ ထိုအချိန်မှစ၍ ယခုအထိ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီကို မည်သူမျှ မသိနိုင်ကြချေ။ ထိုရှေးဟောင်းကမ္ဘာဦး သားရဲကြီးများ၏ ကြောက်မက်ဖွယ် ကောင်းလှသော အစွမ်းအစများကို မှန်းဆကြည့်ရုံဖြင့် သိနိုင်ပါ၏။ လက်သည်းချက်တစ်ချက် လွှဲယမ်းလိုက်သည်နှင့် လေဟာပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွား၏။

"ဝုန်း... ဝုန်း... ဝုန်း..."

"ဝီ... ဝီ..."

မိစ္ဆာကျားသစ်သည် လျှပ်စီးတန်းတစ်ခုပမာ လေဟာပြင်ကို ဖြတ်သန်းကာ အမျက်တကြီး လိုက်လံတိုက်ခိုက်တော့သည်။ သူ၏ ရူးသွပ်ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံကြီးများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည့်အလား ထင်မှတ်ရပါ၏။

‘ဒီသားရဲကြီးရဲ့ အမြန်နှုန်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်’

ပြိုင်ဘက် တပ်မှူးလေးသည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ သူ၏ ကိုယ်တွင်းရှိ စွမ်းအင်များမှာလည်း အလွန်အမင်း ဆူပွက်နေတော့သည်။ သူ၏ နက်နဲလှသော ကျင့်ကြံခြင်းစွမ်းအားနှင့် အင်အားတစ်ချို့ကို ကာကွယ်ပေးနိုင်သော အင်မော်တယ် အဆင့် လက်နက်ချပ်ဝတ်သာ မရှိခဲ့လျှင် ထိုလက်သည်းချက် တစ်ချက်တည်းဖြင့်ပင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။

တပ်မှူးလေးသည် နောက်ဆုတ်သွားသော ခန္ဓာကိုယ်ကို အတင်းအကျပ် ရပ်တန့်လိုက်ရသည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ကိုယ်တွင်း၌ ဆူပွက်နေသော စွမ်းအင်များကို အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။

လျှပ်စီးတန်းပမာ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ထံသို့ ပြေးဝင်လာသော မိစ္ဆာကျားသစ်ကို သူ၏ စူးရှရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။ သူ့ရှေ့မှ ရန်သူကြီးမှာ လုံကျန့်ပြီးနောက် သူ့ကို ကြောက်ရွံ့ထိတ်လန့်စေသော ဒုတိယမြောက် အစွမ်းထက် ပြိုင်ဘက်ကြီးပင် ဖြစ်လာတော့၏။ ဤခရီးစဉ်အတွင်း ရှေးဦးကမ္ဘာဦး

သားရဲကြီး တစ်ကောင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့မိပေ။

"ရွှီး..."

"ဝီ... ဝီ..."

မိစ္ဆာကျားသစ်သည် အလွန်မြန်ဆန်သော အဟုန်ဖြင့် ရှေ့သို့ တိုးထွက်လာခဲ့၏။ ထို့နောက် ပါးစပ်ကြီးကို ဟလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် အလင်းတန်းကြီး တစ်ခုကို ပစ်လွှတ်လိုက်တော့သည်။ နားကွဲမတတ် ဆုတ်ဖြဲသံကြီးများနှင့် အလွန်တရာ ကြီးမားလှသော ဖိနှိပ်မှုစွမ်းအားကြီးက ရှေးဟောင်းကမ္ဘာဦး သားရဲကြီး၏ ကြောက်မက်ဖွယ်ရာ အစွမ်းအစကို အပြည့်အဝ ဖော်ပြနေပါ၏။

ရှေးဦးကမ္ဘာဦး သားရဲကြီးများ၏ ရက်စက်ကြမ်းကြုတ်မှုများ ဒေါသတကြီး သတ်ဖြတ်လိုမှုများနှင့် သနားညှာတာမှု ကင်းမဲ့ခြင်းများအားလုံးက ယခုအချိန်၌ အမှောင်မိစ္ဆာကျားသစ်ကြီးထံတွင် အပြည့်အဝ ပေါ်လွင်နေတော့သည်။

"ဖောင်း..."

"ဝီ... ဝီ..."

သူသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ဖျက်ဆီးခြင်း စွမ်းအင်များကို အရူးအမူး စုစည်းလိုက်၏။ မျက်စိကျိန်းမတတ် စူးရှတောက်ပနေသော အပြာရောင် အလင်းတန်းကြီးက မှောင်မိုက်နေသော လေဟာပြင်ကြီးကို လင်းထိန်သွားစေသည်။ ထို့နောက် အလွန်တရာ ကြီးမားလှသော ဖိနှိပ်မှုစွမ်းအားကြီးက ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာတော့၏။

“အင်မော်တယ် သိုင်းကျင့်စဉ်... အဆုံးမဲ့ မြေကမ္ဘာ မိစ္ဆာကြီး”

ကျားသစ်ကြီးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ မျက်စိကျိန်းမတတ် စူးရှတောက်ပနေသော အပြာရောင် အလင်းတန်းကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားသော အလင်းတန်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အင်မော်တယ် သိုင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်းအားများက ကြောက်ခမန်းလိလိ ပြင်းထန်လာပါ၏။

"ရွှီး..."

"ဝီ... ဝီ..."

သူ၏ အော်ဟစ်သံ အဆုံးတွင် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီး တစ်ခုက ရက်ရက်စက်စက် ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။

"ဝုန်း... ခွမ်း..."

"ဝီ... ဝီ..."

မျက်တောင်တစ်ခတ် အတွင်းမှာပင် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်ကြီး နှစ်ခုက ပြင်းထန်စွာ ဝင်တိုက်မိသွားကြ၏။ ထိုတိုက်မိမှုကြောင့် ကောင်းကင်ကြီး တုန်လှုပ်သွားပြီး လေဟာပြင်ကြီး ဆုတ်ဖြဲခံရသည့်အလား ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော အလင်းတန်းကြီးများက မှောင်မိုက်နေသည့် လေဟာပြင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက ကမ္ဘာလောက တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့်အလား အရူးအမူး ရိုက်ခတ်သွားတော့သည်။

ပြင်းထန်သော တိုက်ခိုက်မှုတွင် သူ၏စွမ်းအားက မိစ္ဆာကျားသစ်၏ အစွမ်းထက် လျော့နည်းနေဆဲပင်။ သူသည် အဝေးသို့ လွင့်ထွက်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးစိမ်းများ စီးကျလာတော့၏။ ဤတိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုတွင် သူသည် အရေးနိမ့်သွားခဲ့လေပြီ။

“ရှေးဟောင်းကမ္ဘာဦး သားရဲကြီးက တကယ်ကို အစွမ်းထက်တာပဲ... သူက

လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“အရမ်းကို ကြောက်စရာကောင်းလွန်းတယ်”

“သူက ရှေးဟောင်းကမ္ဘာဦး သားရဲကြီးကို ထိတောင် မထိနိုင်ဘူး”

ယဲ့ထျန်းဝေနှင့် အခြားသူများမှာ ပို၍ပင် စိတ်လှုပ်ရှားလာကာ အလွန်အမင်း အံ့သြနေကြ၏။ သူတို့၏ အကြည့်များက မိစ္ဆာကျားသစ်ထံမှ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်..။ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် အသည်းထိတ်စရာ အကောင်းဆုံး အခန်းကဏ္ဍကို လွတ်သွားမည်ကို စိုးရိမ်နေကြသည့်အလားပင်..။

“ကျစ်... ဒီရှေးဦးကမ္ဘာဦး သားရဲကြီးရဲ့ စွမ်းအားက ငါ့ထက် အများကြီး သာလွန်နေတယ်”

တပ်မှူးလေးသည် အံကို တင်းတင်းကြိတ်ကာ လက်မဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပစ်လိုက်၏။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်..။

လုံကျန့်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရစဉ်က ရှုံးနိမ့်ခဲ့ရသဖြင့် သူ၏ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရ၏။ ယခု ဒုတိယအကြိမ်အဖြစ် ရှေးဟောင်းကမ္ဘာဦး သားရဲကြီးနှင့် ရင်ဆိုင်ရချိန်တွင်လည်း ထပ်မံ၍ ဖိနှိပ်ခံရပြန်ရာ လုံးဝ ပြန်လည်မခုခံနိုင်တော့ချေ။ အကြိမ်ကြိမ် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရသောအခါ သူ၏ မာနများ ချေမွခံလိုက်ရသလို ခံစားရပြီး အလွန်အမင်း ဒေါသထွက်လာတော့၏။ သို့သော်လည်း အစွမ်းထက်လှသော ရန်သူကြီး၏ ရှေ့မှောက်တွင် ဒေါသက မည်သို့မျှ အသုံးမဝင်နိုင်ပေ။

"ဝေါင်း..."

"ဝုန်း... ဝုန်း... ဝုန်း..."

မိစ္ဆာကျားသစ်၏ ဟိန်းဟောက်သံကြီး ထပ်မံထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအင်များကြားမှ ဧရာမ အရိပ်မည်းကြီးတစ်ခု ခုန်ထွက်လာခဲ့၏။ အလွန်တရာ ကြီးမားလှသော ဖိနှိပ်မှုစွမ်းအားကြီးနှင့်အတူ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ တပ်မှူးလေး၏ ရင်ဘတ်တည့်တည့်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်လာတော့သည်..။ တပ်မှူးလေး၏ မျက်နှာမှာ အလွန်အမင်း တင်းမာခက်ထန်နေပြီး မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု လက်ဖြာသွား၏။

“မင်းမှာ ဘာအစွမ်းတွေ ရှိသေးလဲ ပြ"

မိစ္ဆာကျားသစ်က ဟိန်းဟောက်လိုက်၏။ သူ၏ ဧရာမကိုယ်လုံးကြီးက တဖျပ်ဖျပ် လက်သွားပြီး ရက်ရက်စက်စက် ပြေးဝင်လာတော့သည်။

တပ်မှူးလေးသည် သွားကို တင်းတင်းကြိတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထပ်မံ၍ ပေါက်ကွဲထွက်လာပြန်၏။ သူ၏လက်များဖြင့် ဆန်းကြယ်သော

လက်ဟန်များကို ဖွဲ့စည်းကာ မန္တန်များကို ရွတ်ဆိုလိုက်သည်။ သူ၏လက်အကူးအပြောင်းများက အဆက်မပြတ် ပြောင်းလဲနေတော့၏။

“နဝမမြောက် မရဏ ချိတ်ပိတ်ခြင်း”

တပ်မှူးလေးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ စွမ်းအင်များ သောင်းကျန်းလာပြီး လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းနေတော့သည်..။

"ရွှီး... ရွှီး... ရွှီး..."

ဧရာမ အရွယ်အစားရှိပြီး ကျောချမ်းဖွယ်ကောင်းသော သင်္ကေတ သံကြိုးကြီးများ ထွက်ပေါ်လာကာ စပါးကြီးမြွေများပမာ ရစ်ပတ်သွား၏။ ထို့နောက် ပြေးဝင်လာသော မိစ္ဆာကျားသစ်ကို လျှပ်တစ်ပြက်အတွင်း ဖမ်းဆီး ချည်နှောင်လိုက်တော့သည်..။ မိစ္ဆာကျားသစ်မှာ ရှေ့သို့ တစ်လှမ်းမျှပင် မတိုးနိုင်တော့ဘဲ ဖမ်းဆီးခံလိုက်ရ၏။ မိစ္ဆာကျားသစ်ကို ချည်နှောင်နိုင်ခဲ့သဖြင့် တပ်မှူးလေးသည် သက်ပြင်း တစ်ချက် ချလိုက်နိုင်သော်လည်း သတိဝီရိယကိုမူ လုံးဝ လျှော့ချမထားခဲ့ပေ။

“ဖမ်းမိသွားပြီ”

လျူချင်းယန်က စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။ သို့သော် ဖုန်းဝူချန်းမှာမူ အနည်းငယ်မျှပင် မစိုးရိမ်ပေ။

“တပ်မှူးလေးရဲ့ စွမ်းအားက ရှေးဟောင်းကမ္ဘာဦး သားရဲကြီးကို ချည်နှောင်ထားနိုင်မှာ မဟုတ်ဘူး”

မိစ္ဆာကျားသစ် မည်မျှအထိ ကြောက်စရာကောင်းသည်ကို ဖုန်းဝူချန်းက အလွန် ကောင်းစွာ သိရှိထားပါ၏။

တပ်မှူးလေးကဲ့သို့ လူမျိုး ကိုင်တွယ်

ဖြေရှင်းနိုင်သည့် အရာမျိုး မဟုတ်ပေ။

“ဒီလောက် ချိတ်ပိတ်ထားရုံနဲ့... ငါ့ကို ဖမ်းထားနိုင်မယ်လို့ ထင်နေတာလား”

မိစ္ဆာကျားသစ်က လှောင်ပြောင်လိုက်၏။ တပ်မှူးလေး၏ ချည်နှောင်မှုကို သူက လုံးဝ အလေးမထားကြောင်း ထင်ရှားနေပါသည်။ ထိုစကားကို ကြားသောအခါ တပ်မှူးလေးသည် မည်သည့်စကားမှ မဆိုသော်လည်း သူ၏ မျက်ခုံးများကမူ အလွန်အမင်း တွန့်ချိုးသွားတော့၏။

"ဝီ... ဝီ..."

မိစ္ဆာကျားသစ်၏ ကိုယ်တွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံအထိ ထိုးတက်သွား၏။ အဆုံးအစမဲ့သော ခွန်အားများ ပိုင်ဆိုင်ထားသည့်အလား အနက်ရောင် အလင်းတန်းများ တဖျပ်ဖျပ် လက်လာပြီး တပ်မှူးလေး၏ ချည်နှောင်ထားသော သံကြိုးကြီးများကို ချက်ချင်းပင် တင်းကျပ်သွားစေသည်။

“ဒုက္ခပဲ”

သို့သော်ငြား တပ်မှူးလေးတစ်ယောက် အလွန်တရာ ထိတ်လန့်သွားရသည်က သူ အစွမ်းကုန် ဖိနှိပ်ထားသော်လည်း ချိတ်ပိတ်ထားမှုကို ပိုမို ခိုင်ခံ့လာစေရန် မစွမ်းသာခြင်းပင်။ မိစ္ဆာကျားသစ်၏ စွမ်းအားများက သူ၏ အင်အားများကို တွန်းကန်နေသည့်အလား ထင်မှတ်ရ၏။

“ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တပ်မှူးလေး အလွန်အမင်း တုန်လှုပ်သွားကာ သူ၏ မျက်နှာအမူအရာက တောင့်တင်းသွားတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

မိစ္ဆာကျားသစ်၏ စွမ်းအားများက ပိုမို ကြောက်ခမန်းလိလိ ဖြစ်လာသည်နှင့်အမျှ တင်းမာနေသော အခင်းအကျင်း

သံကြိုးစာချပ်များမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့၏။ ထိုအရာများက မိစ္ဆာကျားသစ်ကို အနည်းငယ်မျှပင် ဆက်လက် ဖမ်းဆီးထားနိုင်ခြင်း မရှိတော့ချေ။

“အင်မော်တယ် သိုင်းကျင့်စဉ်ရဲ့ ချိတ်ပိတ်မှုကတောင်... သူ့ကို မထိန်းချုပ်နိုင်ဘူးလား”

တပ်မှူးလေးမှာ ယုံကြည်နိုင်ရန် ခဲယဉ်းလွန်းနေပြီး သူ၏ မျက်နှာအမူအရာက လုံးဝကို အေးခဲတောင့်တင်းသွားတော့သည်။

"ဝေါင်း..."

မိစ္ဆာကျားသစ်က ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်၏။ ပိုမို လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားက ပြင်းထန်စွာ ထွက်ပေါ်လာပြီး သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးကြီးများက ရှောက်စီမင်ထံသို့ စိုက်ကြည့်နေတော့သည်။

"ရွှီး... ရွှီး..."

မိစ္ဆာကျားသစ်ကြီး၏ သွေးရောင်မျက်လုံးကြီးများမှ သွေးနီရောင် အလင်းတန်း နှစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုအရာက သွေးရောင် လျှပ်စီးတန်းများပမာ ဖျက်ဆီးခြင်း အငွေ့အသက်များကို သယ်ဆောင်ကာ ရှောက်စီမင်ထံသို့ ပြေးဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာကျားသစ်ကြီးသည် ယခင်ကထက် ပိုမို ရူးသွပ်ကြမ်းတမ်းသော အဟုန်ဖြင့် ထပ်မံ ပြေးဝင်လာခဲ့ပြန်၏။

ကြောက်မက်ဖွယ် စွမ်းအားကြီးကို ခံစားလိုက်ရသဖြင့် တပ်မှူးလေး အမြန်အဆန် တုံ့ပြန်လိုက်ရ၏။ သူသည် ရေခဲစွမ်းအင် မူလဓာတ်များကို ထုတ်ဖော်လိုက်ရင်း သူ၏ ကိုယ်ခန္ဓာကို အနောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားတော့သည်။ တပ်မှူးလေး ဆုတ်ခွာသွားသည်နှင့်အမျှ ကြီးမားလှသော ရေခဲနံရံကြီးများက ကြောက်ခမန်းလိလိ ထွက်ပေါ်လာကြ၏။

"ခွမ်း... ခွမ်း... ခွမ်း..."

ကြောက်မက်ဖွယ် သွေးရောင် အလင်းတန်း နှစ်ခုက လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားကြီးဖြင့် ရေခဲနံရံကြီးများကို ဖောက်ထွင်းသွားတော့သည်။ ပေါက်ကွဲသံကြီးများက အဆက်မပြတ် ထွက်ပေါ်နေပြီး လုံးဝကို တားဆီး၍မရနိုင်တော့ချေ။ ပြေးဝင်လာသော မိစ္ဆာကျားသစ်မှာ ယခုအခါ အံ့မခန်း အမြန်နှုန်းဖြင့် တပ်မှူးလေး၏ အနောက်သို့ ထိတ်လန့်ဖွယ် ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ နောက်ဆုတ်မည့် လမ်းကြောင်းကိုပါ လုံးဝ ဖြတ်တောက်လိုက်ခြင်းပင်။

“မင်းရဲ့ အစွမ်းက... ဒီလောက်လေးပဲလား”

မိစ္ဆာကျားသစ်က သရော်လိုက်၏။ ဤစကားများက တပ်မှူးလေးကို အကြီးအကျယ် ဒေါသဆွပေးလိုက်ခြင်းပင်။ သူ၏ နှလုံးသားထဲ၌ အမျက်ဒေါသများက ရေလှိုင်းကြီးတစ်ခုပမာ ရိုက်ခတ်လာတော့သည်။ တပ်မှူးလေးသည် ဆုတ်ခွာနေမှုကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ ကိုယ်မှ ပြင်းထန်လှသော အမျက်ဒေါသ အငွေ့အသက်များက ပေါက်ကွဲထွက်လာတော့သည်။

သူ၏ ရူးသွပ်ပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများက မိစ္ဆာကျားသစ်ထံသို့ စူးစိုက်ကြည့်လာကာ အေးစက်စက် လွှတ်ခနဲ မေးလိုက်သည်။

“မင်းက ငါ့ကို... အထင်သေးနေတာလား”

--

All Chapters