← Chapters

အခန်း ၈၉၄

Vol. 86 Ch. 894

အခန်း ၈၉၄

Vol. 86 Ch. 894

အခန်း (၈၉၄) အသက်ဆက်ရှင် ခြင်း

​ရှင်သန်ခြင်း သို့မဟုတ် ပျက်စီးခြင်း

​အစောပိုင်းအချက်က ပိုမိုနက်ရှိုင်းသော မေးခွန်းတစ်ခု ဖြစ်လေ့ရှိသည်။

​အကယ်၍ ထာဝရဟူသော စံနှုန်းအပေါ်ကနေ စောင့်ကြည့်လေ့လာကြည့်မည် ဆိုလျှင် သက်ရှိများ၏ ရှင်သန် ခြင်းက စီး ဝင်နေသော မြစ်ကြီးထဲက ခဏတာ လှိုင်းလုံးကလေးများကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သည်ကို မင်း တွေ့ရှိရလိမ့်မည်။

​အချိန် လ ဝက်ကျော်ခန့် ဖြတ်သန်းသွားခဲ့ပြီ ဖြစ်ရာ ထန်ထျန်းက ကူကောင် သေတ္တာဟူသော ဤကမ္ဘာငယ်လေးထဲတွင် သက်ရှိများ၏ ဆင့်ကဲပြောင်းလဲမှုကို အကြိမ်ပေါင်း ထောင်ချီ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။

အ​စ တုန်းက သူ့မှာ ထူးထူးခြားခြား အာရုံစိုက်ထားတာမျိုး မရှိဘဲ ထိုအထဲက ကမ္ဘာ့လူ့အဖွဲ့အစည်းများ၏ ဖြစ်တည်ပျက်စီးမှုများကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ရုံမျှသာ။

​သို့သော်လည်း စမ်းသပ်မှုများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပြီးနောက် သက်ရှိမျိုးနွယ်စုတစ်ခုကို အမြဲတမ်း ရှင်သန် သွားနိုင်အောင် ပြုလုပ်ဖို့ဆိုတာ အလွန့် အလွန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။

​သူက နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ခဲ့သည်၊ ပိုးပျံကောင် အုပ်စု၏ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပိုမို ကြာရှည်စွာ တည်တံ့နေစေရန် ကြိုးပမ်းခဲ့သော်လည်း အစအဆုံး သိသာထင်ရှားသော အချိုးအကွေ့မျိုး လုံးဝ မရှိခဲ့ပေ ။

​ထိုအထဲတွင် အချိန်အကြာဆုံး အသက်ဆက်ရှင် နိုင်ခဲ့သည့် တစ်ကြိမ်မှာပင် နာရီအနည်းငယ် မျှသာ ရှိသေးသည်။

​လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်မည် ဆိုလျှင်တော့ နှစ်သန်းပေါင်း သုံးဆယ်ကျော် မျှသာ ရှိသေးသည်။

​ဒီအချိန်က စကြာဝဠာ ရဲ့ တကယ့် လက်ရှိ အခြေအနေကိုတောင် အဝေးကြီး လှမ်းမမှီသေးပေ။

​ဒါက ထန်ထျန်းက အခြေအနေတွေကို ဆက်တိုက် ပြုပြင်မွမ်းမံပေးပြီးနောက် ရရှိလာတဲ့ ရလဒ်ဖြစ်သည်၊ အကယ်၍သာ ဝင်ရောက် မစွက်ဖက်ဘူး ဆိုလျှင် သို့မဟုတ် စတင်ချိန်တုန်းကပဲ စွက်ဖက်ခဲ့မည် ဆိုလျှင် ပိုးပျံကောင် အုပ်စု အသက်ဆက်ရှင် နိုင်မည့် အချိန်က ပိုပြီးတော့တောင် တိုတောင်းသွားပေလိမ့်မည်။

​အတိုတောင်းဆုံး တစ်ကြိမ်တွင်မူ နှစ်တစ်သိန်းပင် မပြည့်ပေ ။

​ဒီလို ရလဒ်မျိုးကြောင့် ထန်ထျန်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာစေခဲ့သည်။

​ပြဿနာက ဘယ်နေရာမှာ ရှိနေတာလဲ

​နမူနာ ပမာဏလား၊ ကြိုတင် သတ်မှတ်ချက်တွေလား၊ ရှင်သန်မှု ပတ်ဝန်းကျင်လား၊ ဒါမှမဟုတ်...

​ထန်ထျန်း ဆက်လက်ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

​သို့သော်လည်း အစအဆုံး သိသာထင်ရှားသော အချိုးအကွေ့မျိုးကို မရရှိနိုင်ခဲ့ပေ ။

​ထို့အတူပဲ ငါးမွေးသူ၏ စိတ်ဆန္ဒ အပေါ် ခန့်မှန်းချက်ကလည်း ကြီးမားသော တိုးတက်မှုမျိုး အမြဲတမ်း မရှိခဲ့ပေ ။

​သို့သော်လည်း ထန်ထျန်း လက်မလျှော့ခဲ့ပါ၊ အချိန် လ ဝက်ကျော်ခန့် မျှသာ ရှိသေးသည် မဟုတ်ပါလော။

​သူ့ နှလုံးသားထဲတွင် ခံစားချက်တစ်ခု ရှိနေသည်၊ ပိုးပျံကောင်များ၏ အသက်ဆက်ရှင် နိုင်မည့်၊ သူတို့ကို အမြဲတမ်း သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်သွားစေမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်သရွေ့ သူက သေချာပေါက် ထိုအထဲကနေ သူ လိုချင်တဲ့အရာကို ရရှိနိုင်လိမ့်မည်။

​အချိန်များက ဆက်လက် ကုန်ဆုံးသွားခဲ့သည်။

​ထန်ထျန်း၏ ဆင့်ကဲပြောင်းလဲမှုက ပြင်ပကမ္ဘာနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိပေ ။

​ကျူမိသားစု ရုတ်တရက် ပျက်စီးသွားပြီး မြို့လုံးကျွတ် စားပွဲကြီး ပြီးဆုံးသွားပြီးနောက်တွင်မူ ပါရမီရှင် ရွေးချယ်ပွဲ ကလည်း နောက်ဆုံးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တရားဝင် စတင်သွားခဲ့ပြီ ဖြစ်သည်။

​ရှောင်ယင်က နေ့တိုင်း ခြံဝင်းထဲသို့ ပြန်လာပြီး ထန်ထျန်းကို ပါရမီရှင် ရွေးချယ်ပွဲနှင့် ပတ်သက်သည့် ကိစ္စ များကို လာရောက် အစီရင်ခံလေ့ရှိသည်။

​ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း သမိုင်းတစ်လျှောက် ပါဝင်သူ အများဆုံး တစ်ကြိမ် ဖြစ်သည်ဟု ဆိုရပေမည်။

​တစ်သောင်း နီးပါး ရှိသည်။

​အကြိုရွေးချယ်ပွဲကနေ နောက်ဆုံး တိုက်ပွဲ အချိန်အထိ တစ်လတိတိ အချိန်ယူ ရမည် ဖြစ်သည်။

​ကျူးကျစ်ယန်က ရွေးချယ်ပွဲရဲ့ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ရာ အကြိုရွေးချယ်ပွဲအတွက် သေချာပေါက် ပြဿနာမရှိပေ ၊ အခြေခံအားဖြင့် မည်သည့် ခက်ခဲသော ပြိုင်ဘက်မျိုးနှင့်မျှ မကြုံတွေ့ခဲ့ရပေ ။

​တစ်ခုတည်းသော ကြုံတွေ့ခဲ့ရသည့် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့် ပြိုင်ဘက်မှာလည်း သူမ ကဲ့သို့ပင် အပြင်မြို့မှ လာသော လူငယ်ပါရမီရှင်တစ်ဦး ဖြစ်သည်။

​နှမြောစရာကောင်းတာက ကျူးကျစ်ယန်နှင့် နှိုင်းယှဉ်လျှင်တော့ သူက အနည်းငယ် အဆင့်မမှီသေးပုံရပေသည်။

​အလွန် အေးအေးလူလူပင် ကျူးကျစ်ယန်၏ အင်အားသုံး ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

​အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ပြိုင် ကွင်းထဲတွင် ကျန်ရှိနေသောသူများက ပို၍ ပို၍ နည်းပါးလာခဲ့ပြီး ခွန်အားကလည်း ပို၍ ပို၍ အစွမ်းထက်လာခဲ့သည်။

​မြင့်မြတ်နန်းတော် က လူရွေးချယ်ရာတွင် ခွန်အားကို မကြည့်ဘူးဟု အမြဲ ပြောလေ့ရှိသော်လည်း ထိုအရာက နှိုင်းယှဉ်ချက်အရ သာ ဖြစ်သည်။

​ယခင် အတွေ့အကြုံများအရ ဆိုလျှင် ပါရမီရှင် ရွေးချယ်ပွဲကို နောက်ဆုံးအဆင့်အထိ အောင်မြင်ကျော်ဖြတ်နိုင်သူများက အနည်းဆုံးတော့ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်အထက်က အစွမ်းထက်သူများသာ ဖြစ်ရပေမည်။

​ပြီးတော့ ပါရမီရှင် ရွေးချယ်ပွဲရဲ့ ထိပ်ဆုံးနေရာကို ရရှိတဲ့ ပါရမီရှင်ကတော့ သေချာပေါက် မြင့်မြတ်နန်းတော် ထဲကို ရွေးချယ်ခြင်း ခံရမှာ ဖြစ်သည်။

​ထို့ကြောင့် စိတ်ချရစေရန်အတွက် ကျူးကျစ်ယန်၏ ရည်မှန်းချက်က သေချာပေါက် အမြင့်ဆုံးတစ်ခု ဖြစ်ရပေမည်။

​ကံကောင်းထောက်မစွာဖြင့် အခု သူမ မှာ ဤပါရမီမျိုး ရှိနေခဲ့ပြီ ဖြစ်သည်။

​ပြိုင်ပွဲ ကျင်းပချိန် လ ဝက်ကျော်ခန့် ဖြတ်သန်းပြီးနောက်တွင်မူ ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းက နတ်ဘုရားအဖြစ်ပြောင်းလဲ အဆင့်ရှစ် သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ တစ်ကိုယ်လုံးရှိ အင်မော်တယ် စွမ်းအားများက အလွန် ထုထည်ကြီးမားလှသဖြင့် မည်သူမျှ အလွယ်တကူ မရင်ဆိုင်ဝံ့ကြပေ ။

​သူမ၏ နာမည်ကလည်း ပို၍ ပို၍ ကျော်ကြားလာခဲ့ပြီး မည်သည့် မတော်တဆမှုမျှ မရှိဘဲ အသန်မာ ဆုံးသူများ၏ စာရင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

​ဒီစာရင်းထဲက လူတိုင်းမှာ ထိပ်ဆုံးကို တက်လှမ်းနိုင်မည့် ခွန်အားနှင့် ပါရမီများ ရှိကြသည်။

​ကျူကျင်းချန်၊ ကျန့်ဖုန်း အစရှိသူများလည်း အားလုံး ပါဝင်နေကြသည်။

​ပြိုင်ပွဲ စနစ် ကြောင့် ဤအစွမ်းထက်ဆုံးသူများက ယာယီအားဖြင့် ထိပ်တိုက် မတွေ့ဆုံကြသေးပေ ။

​သို့သော်လည်း ကျန်ရှိနေသူများက ပို၍ ပို၍ နည်းပါးလာသည်နှင့်အမျှ သန်မာသူ ချင်း ထိပ်တိုက်တွေ့မည့် အခိုက်အတန့်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​"အစ်ကိုထန်... ဒီနေ့လည်း မသွားဘူးလားဟင်"

​"ဒီနှစ်ရက်အတွင်းမှာ နောက်ဆုံး ရလဒ်က ထွက်ပေါ်လာတော့မှာ"

​"ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲရဲ့ စာရင်းကလည်း ထွက်ပေါ်လာတော့မယ်"

​ရှောင်ယင်က ထန်ထျန်းကို မေးလိုက်သည်။

​သူမ ကြည့်ရတာ အလွန် စိတ်လှုပ်ရှားပြီး ဝမ်းသာအားရ ဖြစ်နေသည့် ပုံစံမျိုး ရှိနေသလို ဖုံးဖိမရသော စိုးရိမ်ပူပန်မှုအချို့လည်း ရှိနေသည်။

​ယခင်နှစ်များက အခြေအနေအရ ဆိုလျှင် ကျူးကျစ်ယန် အနေဖြင့် ပါရမီရှင် ရွေးချယ်ပွဲကို အောင်မြင်ရန် အခွင့်အရေးက အလွန် ကြီးမားနေပြီ ဖြစ်သော်လည်း နောက်ဆုံး ရလဒ် မထွက်ပေါ်လာမချင်း စိုးရိမ်ပူပန်မိတာကတော့ ရှောင်လွှဲ၍ မရနိုင်ပေ ။

​အခု ကျန်နေတဲ့သူတွေက အားလုံး သန်မာ သူတွေချည်းပဲ။

​ရှေ့ကို နောက်ထပ် ခြေတစ်လှမ်း ဆက်တက်လှမ်းနိုင်သရွေ့ ရွေးချယ်ခံရမည့် အခွင့်အရေးက နောက်ထပ် တစ်ဆင့် တိုးလာမှာ ဖြစ်သည်။

​သို့သော်လည်း ထန်ထျန်းတွင်မူ ကြီးမားသော စိတ်ဝင်စားမှုမျိုး မရှိပေ ။

​"မင်း သွားပါ"

​"ငါ့ကိုယ်စား ကျစ်ယန် ကို အားပေးလိုက်ဦး"

​ဒီစကားကို သူက နေ့တိုင်း ပြောလေ့ရှိသည်။

​ထို့နောက်တွင် သူ့ အာရုံစိုက်မှုကို ရှေ့ရှိ ကူကောင် သေတ္တာအပေါ်သို့ ပြန် ထားလိုက်ပြန်သည်။

​၎င်းကို ရရှိခဲ့သည့် အချိန်မှစ၍ အခုဆိုလျှင် တစ်လကျော်ခန့် အချိန် ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။

​စမ်းသပ်မှုက အတားအဆီး သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ မတူညီသော ဆင့်ကဲပြောင်းလဲမှု အကြိမ်ပေါင်း ရာချီ ပြုလုပ်ခဲ့ပြီးသော်လည်း မည်သည့် တိုးတက်မှုမျှ မရှိခဲ့ပေ ။

​သူက ထိုအထဲတွင် ပေါ်ပေါက်လာနိုင်ခြေရှိသော ပြဿနာများကို သေသေချာချာ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

​ယခင်ကဆိုလျှင် ထန်ထျန်း၏ ဤစကားကို ကြားပြီးနောက် ရှောင်ယင်က တစ်ကိုယ်တည်း ထွက်သွားလေ့ရှိသည်။

​သို့သော်လည်း ဒီနေ့တွင်မူ သူမက လှည့်စားပြီး ထန်ထျန်း၏ ရှေ့သို့ ရောက်လာခဲ့သည်။

​"အစ်ကိုထန်... ဒီအတောအတွင်း အစ်ကိုက ဒီသေတ္တာကိုပဲ စိုက်ကြည့်နေတာ"

​"ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့နေရလို့လားဟင်"

​သူမက လှမ်းမေးလိုက်သည်။

​ထန်ထျန်းက အင်းဟု ရေရွတ်လိုက်သည်။

​အသက်ဆက်ရှင် သွားစေမည့် ပြဿနာက တကယ်ပဲ တော်တော်လေး လက်ဝင်လှပေသည်။

​အတည်ပြု အဖြေ ကို ရရှိပြီးနောက် ရှောင်ယင်က သူ့ နောက်စေ့ကို ကုတ်လိုက်ရင်း ပြော သည်။ "အစ်ကိုတောင် ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာဆိုရင် ကျွန်မလည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်"

​"ဒါပေမဲ့ ကျွန်မ အရင်တုန်းက စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေနဲ့ ကြုံရရင် အပြင်ထွက်ပြီး လျှောက်လည်တာ ဒါမှမဟုတ် အဝစားပစ်လိုက်တာမျိုး လုပ်လေ့ရှိတယ်"

​"ကျွန်မရဲ့ စိတ်ခံစားချက် ကောင်းမွန်သွားပြီးတဲ့နောက် စိတ်အနှောင့်အယှက်တွေက အလိုလို ပျောက်ကွယ်သွားတတ်ပြီး အဲ့ဒီ ခက်ခဲတဲ့ ပြဿနာတွေကလည်း ထူးဆန်းအံ့ဩစရာကောင်းလောက်အောင် အလိုလို ပြေလည်သွားတတ်တယ်"

​ထန်ထျန်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

​ဒီကောင်မလေးက သူ့ကို ဖျောင်းဖျနေခြင်း ဖြစ်သည်။

​သို့သော်လည်း သူ့ရဲ့ ဒီပြဿနာက စိတ်ခံစားချက် ကောင်းမွန်ခြင်း၊ မကောင်းခြင်းနှင့် ကြီးမားသော ဆက်စပ်မှုမျိုး မရှိပေ ။

​ဒီလို ပြဿနာမျိုးရဲ့ အဖြေကို ရှာဖွေချင်တယ် ဆိုတာက အဆုံးမရှိတဲ့ ကျင့်ကြံခြင်း အလုပ်လိုမျိုးပင်။

​ပျင်းစရာကောင်းတာကသာ အဓိက အကျဆုံး အရာ ဖြစ်သည်။

​"ငါ အဆင်ပြေပါတယ်"

​"မင်းပဲ သွားပါ"

​"မင်း ပြန်လာပြီး ငါ့ကို တိုက်ပွဲ အခြေအနေတွေ လာပြောပြတာကို နားထောင်ရရင်ပဲ ငါ့ရဲ့ စိတ်ခံစားချက်က ကောင်းမွန်နေပါပြီ"

​ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။

​ရှောင်ယင်က ဟီးခနဲ ရယ်မောလိုက်ရင်း "ကျွန်မက အစ်ကိုတစ်ယောက်တည်း ဒီမှာ ပြဿနာတွေကို တွေးတောနေရင်း စိတ်ညစ်နေမှာ စိုးလို့ပါ"

​"ပြီးတော့ အဲ့ဒီ ပါရမီရှင်တွေကြားက တိုက်ပွဲတွေက တကယ့်ကို အလွန် အားရစရာ ကောင်းတာ၊ အဲ့အထဲမှာ ကူကောင် မွေးမြူခြင်း အတတ်ပညာကို ကျွမ်းကျင်တဲ့ အစွမ်းထက်သူတွေလည်း မနည်းဘူးလေ"

​"အစ်ကို့အတွက် မထင်မှတ်ထားတဲ့ စိတ်ကူးစိတ်သန်းအချို့ သယ်ဆောင်လာပေးနိုင်မလား ဘယ်သူ သိနိုင်မလဲ"

​ထန်ထျန်း သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်သည်။

​စိတ်ကူးစိတ်သန်း ဟုတ်လား

​သူက ဘယ်တုန်းကမှ မောက်မာတတ်သူတစ်ဦး မဟုတ်ခဲ့ပေ ၊ တစ်ချိန်တုန်းက ထိပ်ဆုံးသို့ တက်လှမ်းခဲ့ဖူးသည် ဆိုရုံမျှဖြင့် သာမန်လူသားများ၏ ကိုယ်ပေါ်တွင် မည်သည့် တန်ဖိုးမျှ မရှိတော့ဘူးဟု သူ မယူဆခဲ့ပေ ။

​အပြင်ထွက်ပြီး လျှောက်လည်ရင်း စိတ်ခံစားချက် အပြောင်းအလဲ လုပ်တာကလည်း မဆိုးလှပေ။

​"ဟိုတစ်ယောက်... ကျူကျင်းချန်... ပြုတ်သွားပြီလား"

​ထန်ထျန်းက မေးလိုက်သည်။

​ရှောင်ယင်က ခေါင်းခါပြလိုက်ရင်း "မပြုတ်သေးဘူး... သူက တော်တော်လေး သန်မာသေးတယ်"

​"ပြီးတော့ ဒီနေ့ဆိုရင် သူက သခင်မလေးနဲ့ ထိပ်တိုက် တွေ့ဆုံဖို့ အခွင့်အရေး အရမ်း များနေတယ်"

​ထန်ထျန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်တော့သည်။

​"ဒါဆိုလည်း ကောင်းပြီ"

​"ဒီနေ့တော့ မင်းစကားကို နားထောင်ပြီး အပြင်ထွက် စိတ်အပန်းဖြေရင်း စိတ်ကူးစိတ်သန်းအချို့ သွားရှာရတာပေါ့"

All Chapters