← Chapters

အခန်း ၈၉၆

Vol. 86 Ch. 896

အခန်း ၈၉၆

Vol. 86 Ch. 896

အခန်း (၈၉၆) သွေးမျိုးဆက် ပြတ် သွားခြင်း

​လူအများအပြား၏ စောင့်ကြည့်မှုအောက်တွင် ကျူးကျစ်ယန်နှင့် ကျူကျင်းချန် နှစ်ဦးစလုံးက စင်မြင့်ထက်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။

​ဒါက ထူးခြားလှသော ပြိုင်ဆိုင်မှုတစ်ခု ဖြစ်၏။

​ကျူးကျစ်ယန်က ကျင်းရှန် မြို့ တွင် နာမည်အနည်းငယ် စတင်ရရှိလာခဲ့စဉ်ကတည်းက ကျူကျင်းချန်က ဤအပြင်မြို့မှ လာသော မိန်းကလေးထံသို့ စတင်ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

​ထိုစဉ်က လူတွေ အများဆုံး ဆွေးနွေးခဲ့ကြသည်မှာ ဤကျူမိသားစု သခင်လေး က ယခုမှ တက်သစ်စ ပါရမီရှင် မိန်းကလေးကို သူ့လက်အောက်သို့ အောင်မြင်စွာ သိမ်းသွင်းနိုင်ရန် မည်ကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုမလဲဟူ၍သာ။

​သို့သော်လည်း အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကျူးကျစ်ယန်က သူမ၏ အလွန့် အလွန် အစွမ်းထက်လှသော ပါရမီကို လုံးဝ ထုတ်ဖော်ပြသခဲ့ပြီး ခွန်အားကလည်း ပို၍ ပို၍ သန်မာလာခဲ့ကာ ကျင်းရှန် မြို့ အတွင်းရှိ အဆင့်အတန်းကလည်း ပို၍ ပို၍ မြင့်မားလာခဲ့သည်။

​ထို့ကြောင့် လူတွေ ဆွေးနွေးကြသည့် အကြောင်းအရာကလည်း ကျူကျင်းချန်အနေဖြင့် ယခင်ကကဲ့သို့ ဤမိန်းကလေးကို ဆက်လက် သိမ်းသွင်းနိုင်ပါဦးမလားဟူ၍ ပြောင်းလဲသွားခဲ့သည်။

​သို့သော်လည်း ကျန့်မိသားစု၏ စားပွဲကြီး ပြီးဆုံးသွားပြီးနောက်တွင်မူ ကိစ္စများက ရုတ်တရက်ပင် လုံးဝ ဥဿုံ ပြောင်းလဲသွားခဲ့ရသည်။

​ကျူမိသားစု တစ်စုလုံး ကပ်ဘေး သင့်ကာ တစ်မိသားစုလုံး သတ်ဖြတ်ခံရမှု နှင့် ကြုံတွေ့ခဲ့ရသည်။

​ကျူကျင်းချန် တစ်ဦးတည်းသာ မျိုးဆက် အဖြစ် ကျန်ရှိတော့ပြီး ကျူကျင်းချန်က ကျူမိသားစုတစ်ခုလုံး ပျက်စီးသွားစေရန် ပြုလုပ်ခဲ့သည့် တရားခံအစစ်မှာ ကျူးကျစ်ယန်ဖြစ်ကြောင်း ဇွတ်အတင်း ပြောဆိုခဲ့သည်။

​နှစ်ဦးစလုံးက တိုက်ရိုက်ပင် သေခြင်း ရှင်ခြင်း ရန်သူအဖြစ်သို့ ရောက်ရှိသွားခဲ့ကြသည်။

တစ်​လ ခန့် မတိုင်မီက ကျူကျင်းချန်က ကျူးကျစ်ယန်ထံသို့ လာရောက်ကာ အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော်လည်း ကျန့်ဖုန်းက ရှေ့ထွက် တားဆီးပေးခဲ့သည်။

​အခုအချိန်တွင်မူ သူတို့နှစ်ဦးက နောက်ဆုံး၌ ထိပ်တိုက် တည့်တည့် တွေ့ဆုံသွားခဲ့ကြပြီ ဖြစ်သည်။

​နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်ရှစ် ဖြစ်သော ကျူးကျစ်ယန်နှင့် ထို့အတူ နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်ရှစ် ဖြစ်သော ကျူကျင်းချန်၊ သူတို့နှစ်ဦးစလုံးက ပါရမီရှင်များဟု အမည်တွင်ကြပြီး ပါရမီရှင် ရွေးချယ်ပွဲရဲ့ ထိပ်တန်း ပါရမီရှင် များ ဖြစ်ကြသည်။

​ဤတိုက်ပွဲက ခဏချင်းအတွင်းမှာပင် လူတိုင်း၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

​သူတို့ထဲက ဘယ်သူက နောက်ဆုံး အောင်ပွဲကို ရရှိသွားမလဲ။

​"ငါကတော့ ကျူကျင်းချန် ဖြစ်လိမ့်မယ်လို့ ထင်တယ်"

​"ကျူမိသားစု မရှိတော့ဘူး ဆိုပေမဲ့ ကျူကျင်းချန်က အဲ့ဒီတုန်းက ဒဏ်ရာမရခဲ့ဘူး၊ ဒီရက်ပိုင်းအတွင်း အပတ်တကုတ် ကျင့်ကြံပြီးတဲ့နောက် ကျင့်ကြံခြင်း အဆင့်မှာလည်း အဆင့်တက် ခဲ့သေးတယ်"

​"သူက မူလကတည်းက လျစ်လျူရှုလို့မရတဲ့ သန်မာတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ရန်ငြိုးရန်ကြွေးတွေနဲ့ လာတာမလို့ သေချာပေါက် သာမန်အချိန်ထက် ပိုပြီးတော့ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးခွန်အားကို ထုတ်သုံးနိုင်လိမ့်မယ်"

​"ဒီလို တည်ရှိမှုမျိုးနဲ့ ရင်ဆိုင်ရတာမလို့ နတ်သမီး ကျစ်ယန် ရဲ့ အနိုင်ရနိုင်ခြေက အဲ့လောက်အထိ မမြင့်မားလှဘူး"

​တစ်ယောက်က သုံးသပ်ပြောလိုက်သည်။

​သို့သော်လည်း ယခင်က ကျူကျင်းချန်ကို ညွှန်း ဆိုသည့်အခါတွင်မူ သခင်လေးကျူ သို့မဟုတ် သခင်လေး ကျင်းချန်ဟု ခေါ်ဆိုလေ့ရှိကြသော်လည်း ယခုအချိန်တွင်မူ သူ့ နာမည်ကို တိုက်ရိုက် ခေါ်ဆိုနေကြပြီ ဖြစ်သည်။

​ကျူးကျစ်ယန်အတွက်မူ နတ်သမီး ကျစ်ယန် ဟူသော ဘွဲ့အမည်ကို သုံးစွဲနေကြပြီ ဖြစ်သည်။

တစ်​လ ခန့် မျှသာ ရှိသေးသော်လည်း ဤမျှအထိ သိသာထင်ရှားသော အပြောင်းအလဲမျိုး ဖြစ်ပေါ်သွားခဲ့ရသည်။

​"ငါကတော့ အဲ့လို မထင်ဘူး"

​ထိုစဉ် အခြားတစ်ယောက်က ပြော လာသည်။ "နတ်သမီးကျစ်ယန် က အသက်ကြီးမှ အောင်မြင်မှု ရရှိတဲ့အမျိုးအစား ဖြစ်ပြီး အသက်နှစ်ဆယ်ကျော်မှ သူမ၏ အလွန့် အလွန် အစွမ်းထက်လှသော ပါရမီကို ထုတ်ဖော်ပြသခဲ့တာ ဆိုပေမဲ့ သူမရဲ့ ကြီးထွားနှုန်းက တကယ်ပဲ အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်းလှတယ်"

​"ဒါက သာမန်ပါရမီရှင်တွေ နှိုင်းယှဉ်လို့ရတဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး"

​"ဒါ့အပြင် တစ်စုံတစ်ယောက်က နတ်သမီး ကျစ်ယန် ရဲ့ တိုက်ပွဲအချို့ကို သေသေချာချာ လေ့လာ ဖူးတယ်၊ သူမရဲ့ ကျင့်ကြံခြင်း အခြေခံကလည်း အလွန် ခိုင်မာတယ် တဲ့"

​"ဒီတိုက်ပွဲက ကျူကျင်းချန်အတွက် ဘယ်လိုမှ မလွယ်ကူနိုင်ဘူး၊ ငါကတော့ နတ်သမီး ကျစ်ယန် ကို ပိုပြီး အားပေးတယ်"

​ကျူးကျစ်ယန်၏ နောက်ခံနှင့် ပတ်သက်ပြီး အားလုံးက စောစောစီးစီးကတည်းက စုံစမ်းစစ်ဆေးပြီးကြပြီ ဖြစ်သည်။

​သူမက ကျင်းရှန် မြို့ သို့ ရောက်ရှိလာပြီးနောက်မှသာ ရုတ်တရက် အရှိန်အဟုန်ဖြင့် စတင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းလည်း သိရှိထားကြသည်။

​ဘာကြောင့် ရုတ်တရက် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသလဲဆိုသည့် တိကျသော အကြောင်းအရင်းကို မသိကြသော်လည်း သူမက ကျင့်ကြံခြင်းအဆင့်သာရှိပြီး တိုက်ခိုက်ရေးခွန်အား မရှိသည့်သူမျိုးတော့ သေချာပေါက် မဟုတ်ပေ။

​"ဒါပေမဲ့ သူမက မြို့ငယ်လေးက လာတဲ့သူပဲလေ၊ အခြေခံအုတ်မြစ် ပိုင်းမှာတော့ ကျူကျင်းချန်ကို ဘယ်လိုမှ မမှီနိုင်ဘူး"

​"ဟဲဟဲ... ဒါက ပြောလို့မရဘူး၊ ဟိုခုနစ်ရောင်ခြယ် ပိုးပျံကောင် တုန်းက ကျူကျင်းချန် ဘယ်လို ရှုံးနိမ့်သွားခဲ့လဲဆိုတာ မမေ့နဲ့ဦး"

​"ဒါဆိုရင် မင်းကလည်း ကျူမိသားစုက ကျင်းရှန် မြို့ ရဲ့ ဒုတိယအင်အားအကြီးဆုံး မိသားစုကြီး ဘယ်လို ဖြစ်လာခဲ့လဲဆိုတာ မေ့နေတာလား"

​"ဒါဆိုတော့ ဘာဖြစ်လဲ... ကျူမိသားစုက အခု ဘယ်မှာလဲ... အဲ့ဒီတုန်းက ကျူကျင်းချန် တံခါးအထိ လိုက်ရှာလာတုန်းက နတ်သမီးကျစ်ယန် က နည်းနည်းလေးမှ နောက်ဆုတ်မပေးခဲ့ဘူး၊ အဲ့ဒီလို ယုံကြည်မှုမျိုးက ဟန်ဆောင်လို့ ရတာ မဟုတ်ဘူး၊ သူမမှာ အဲ့ဒီအချိန်ကတည်းက ကျူကျင်းချန်ကို ရှင်းပစ်နိုင်တဲ့ ခွန်အား ရှိနေခဲ့ပြီ"

​"ဟမ့်... မင်း ဘယ်လိုပဲ ပြောပြော ငါကတော့ ကျူကျင်းချန် အောင်ပွဲ ရလိမ့်မယ်လို့ပဲ ယုံကြည်တယ်"

​"ငါ ကတော့ နတ်သမီး ကျစ်ယန် ကို ယုံကြည်တယ်၊ သူမက သေချာပေါက် မင်းတို့လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့လူတွေကို မျက်လုံးပွင့်သွားစေပြီး တခြားနေရာက ကျင့်ကြံသူတွေကို ဘယ်တော့မှ အထင်မသေးဝံ့အောင် လုပ်ပြလိမ့်မယ်"

.....

​လူများက အုပ်စုနှစ်စု ကွဲသွားကြပြီး အသီးသီး အငြင်းပွားနေကြတော့သည်။

​အကြမ်းဖျင်းအားဖြင့်တော့ ကျင်းရှန် မြို့ ၏ ဒေသခံ ကျင့်ကြံသူများနှင့် အပြင်မြို့ မှ ကျင့်ကြံသူများအကြားက သဘောထားကွဲလွဲမှု ဖြစ်သည်။

​အတိုချုပ် ပြောရလျှင်တော့ ရပ်တည်ချက် အကြောင်းအရင်းကြောင့်ပင် ဖြစ်၏။

​ထိုအချိန်မှာပင် စင်မြင့်ထက်ရှိ ကျူးကျစ်ယန်နှင့် ကျူကျင်းချန်တို့လည်း မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့ဆုံနေခဲ့ကြပြီ ဖြစ်သည်။

​"ကျူးကျစ်ယန်"

​ကျူကျင်းချန်၏ မျက်လုံးနှစ်လုံးက နီရဲနေခဲ့ပြီး ဤရက်ပိုင်းအတွင်း သူက ယခင်ကကဲ့သို့ သခင်လေးတစ်ဦး၏ ပုံစံမျိုး လုံးဝ မရှိတော့ပေ ။

​ကျူးကျစ်ယန်ကို ကြည့်နေသည့် သူ့ မျက်ဝန်းထဲတွင် အရိုးထဲအထိ နက်ရှိုင်းလှသော ရန်ငြိုးရန်ကြွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

​"ငါ မင်းကို သေချာပေါက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်စေရမယ်"

​"မင်း... မင်းဘေးနားက လူတွေ... ပြီးတော့ မင်းရဲ့ မိသားစု"

​"ငါ မင်းတို့ကို သွေးကြွေး သွေးချင်း ဆပ်စေရမယ်"

​သူက အော်ဟစ် ရင်း ပြောလိုက်သည်။

​ကျူးကျစ်ယန်ကတော့ အစအဆုံး အမြဲတမ်း တည်ငြိမ်လျက် ရှိနေခဲ့သည်။

​"အဲ့ဒီကိစ္စက ငါ လုပ်ခဲ့တာ မဟုတ်ဘူး"

​"ဒါပေမဲ့ အရေးမကြီးတော့ပါဘူး"

​"နင် ငါ့မိသားစုကို စတင် ကိုင်တွယ်ဖို့ ပြင်ဆင်ခဲ့တဲ့ အခိုက်အတန့်ကတည်းက ငါ နင့်ကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး"

​"ဒီနေ့တော့ ငါတို့တွေ အနိုင်အရှုံးတင်မကဘူး"

​"သေခြင်းရှင်ခြင်းကို လည်း ဆုံးဖြတ်ကြတာပေါ့"

​ပြောပြီးနောက် သူမက သူ့ ဓား ရှည်ကို ဆွဲထုတ်လိုက်သည်။

​တိုက်ပွဲ စတင်သည့် ခရုသင်းမှုတ်သံ ထွက်ပေါ်လာသည်နှင့်အမျှ နှစ်ဦးစလုံးက ခဏချင်းအတွင်းမှာပင် တိုက်ခိုက်သွားကြတော့သည်။

​ဒါက ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲ စတင်ကတည်းက အပြင်းထန်ဆုံး၊ အမြင့်မားဆုံး အထွတ်အထိပ် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်သည်။

​နှစ်ဦးစလုံး၏ ခွန်အားက မနည်းကြသဖြင့် တက်လာသည်နှင့်အမျှ နည်းလမ်းအားလုံးကို ထုတ်သုံးကာ အရှိန်အဟုန် ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်ကြသည်။

​ကျူကျင်းချန်က စရိုက် နှင့် နာမည်ပိုင်းတွင် အဲ့လောက်အထိ မကောင်းလှသော်လည်း သူ့ ခွန်အားကတော့ တကယ့် အစစ်အမှန် ဖြစ်ပြီး ကူကောင် မွေးမြူခြင်း အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သည်။

​ကူကောင် မွေးမြူခြင်း အတတ်ပညာက မူလကတည်းက ကောက်ကျစ်ခြင်းနှင့် မထင်မှတ်ထားသော တိုက်ခိုက်မှုများကြောင့် နာမည်ကြီးသော်လည်း ကျူကျင်းချန်၏ လက်ထဲတွင်မူ ထိပ်တိုက် တိုက်ပွဲအတွင်းမှာပင် အလွန့် အလွန် အစွမ်းထက်လှသော အခန်းကဏ္ဍကနေ ပါဝင်နေခဲ့သည်။

​ခြေလှမ်းတိုင်းက အန္တရာယ်များလှသည်ဟု ဆိုရမည် ဖြစ်ပြီး ဖိအားကို အပြည့်အဝ ပေးထားခဲ့သည်။

​သို့သော်လည်း ကျူးကျစ်ယန်က ပြာယာခတ်မသွားဘဲ ခြေလှမ်းမှန်မှန်ဖြင့် တစ်ဆင့်ချင်းစီ အကွက်ချကာ ကျူကျင်းချန်၏ တိုက်ခိုက်မှုတိုင်းကို စနစ်တကျ ခြေဖျက်နေခဲ့ပြီး အကောင်းဆုံး တိုက်ခိုက် မည့် အခွင့်အရေးကို စိတ်ရှည်လက်ရှည် ရှာဖွေနေခဲ့သည်။

​ထန်ထျန်းက ခေတ္တမျှ ကြည့်ပြီးနောက် မကြာခင်မှာပင် စိတ်ဝင်စားမှု မရှိတော့ပေ ။

​နှစ်ဦးစလုံးက ကြည့်ရတာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ခွဲခြားရ ခက်ခဲနေပုံရသော်လည်း တကယ်တော့ မည်သည့် မရေရာမှုမျှ မရှိပေ ။

​လူတွေက ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှု ကို အမြဲတမ်း အံ့ဩမိကြသော်လည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းက တကယ်တော့ သူမ၏ တိုးတက်မှုအနည်းဆုံး အချက်တစ်ခု ဖြစ်သည်ကိုမူ မသိကြပေ ။

​သူမ၏ ကျင့်ကြံခြင်း အခြေခံက မူလကတည်းက အလွန် ခိုင်မာခဲ့ပြီး နောက်ပိုင်းတွင် ထန်ထျန်း၏ အကြံပြုချက်ကို နားထောင်ကာ အခြေခံကို ဆက်လက် သွေးယူရန် ကြိုးစားခဲ့သည်။

​ထန်ထျန်းကလည်း အခါအားလျော်စွာ သူမကို စကားအနည်းငယ် လမ်းညွှန်ပေးလေ့ရှိသည်။

​ထန်ထျန်း၏ လမ်းညွှန်ချက်ကတော့ နောက်ပြောင်နေခြင်း မဟုတ်ပေ ။

​နှုတ်ထွက် စကားအနည်းငယ် မျှသာ ဖြစ်သော်လည်း ကျူးကျစ်ယန်အတွက်မူ တစ်သက်လုံး အသုံးဝင်စေမည် ဖြစ်ရာ ကျူမိသားစု၏ ဆက်ခံခြင်းဟူသော အရာက ထန်ထျန်း၏ ရှေ့တွင်တော့ လုံးဝ ပြောပလောက်စရာ မရှိပေ ။

​အပိုဆောင်း ချဲ့ကားပြောဆိုခြင်း မရှိဘဲ ပြောရမည်ဆိုလျှင် ကျူးကျစ်ယန်၏ ယခု လက်ရှိ ကျင့်ကြံခြင်းနှင့် တာအို နားလည်မှုက ကျင်းရှန် မြို့ တစ်ခုလုံးကို အဝေးကြီး ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ အဆင့်တစ်ခုတင်မကဘဲ ရှိနေခဲ့သည်။

​ဒါက နားလည်မှု ကွာဟချက် ဖြစ်ပြီး ဘယ်လိုမှ အစားထိုး၍ မရနိုင်ပေ။

​ကျူးကျစ်ယန်က ကျူကျင်းချန်နှင့် အချိန်ဆွဲ တိုက်ခိုက်နေခြင်းကလည်း သူ့ တကယ့် ခွန်အားကို မဖော်ပြချင်ရုံမျှသာ ဖြစ်ပြီး အစိတ်ချရဆုံး နည်းလမ်းဖြင့် သူ့ကို ရှင်းလင်းပစ်ချင်ရုံမျှသာ ဖြစ်သည်။

​မှန်ပေသည်၊ ခေတ္တမျှ "လက်ရည်တူ " နေပြီးနောက်တွင်မူ ကျူးကျစ်ယန်က ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

​နောက်ပိုင်းတွင်မူ တား၍ မရနိုင်တော့ပေ ။

​ကျူကျင်းချန်တွင်မူ မည်သည့် တုံ့ပြန်နိုင်မည့် အခွင့်အရေးမျှ မရှိတော့ဘဲ ကျူးကျစ်ယန်၏ လုံးဝ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အခြေအနေအားလုံးကို ထိန်းချုပ်ခြင်း ခံလိုက်ရတော့သည်။

​သူက နောက်ဆုံးတွင် ကျူမိသားစု၏ လျှို့ဝှက်ကျင့်စဉ် ကို အသုံးပြုပြီး သူ့ အသက်စွမ်းအားနှင့် အနာဂတ်ကို လောင်ကျွမ်းစေကာ ခွန်အားကို အတင်းအကြပ် များစွာ မြင့်တက်စေခဲ့သော်လည်း ကျဆင်းနေသော အခြေအနေကို ပြန်လည် ဆွဲတင်နိုင်မည့် မည်သည့် အခွင့်အရေးမျှ မရှိခဲ့ပေ ။

​နောက်ဆုံးတွင် ကျူးကျစ်ယန်၏ ဓား ရှည်အောက်တွင် ကျူကျင်းချန်တစ်ယောက် စင်မြင့်ထက်၌ သွေးစွန်းကာ လဲပြိုသွားခဲ့ရသည်။

​ဒီနေရာအထိ ကျူမိသားစု၏ သွေးမျိုးဆက်က တကယ့် အဓိပ္ပာယ်အရ သွေးမျိုးဆက် ပြတ် သွားခြင်း နှင့် ကြုံတွေ့သွားခဲ့ရတော့သည်။

All Chapters