အခန်း ၈၉၉
Vol. 86 Ch. 899
အခန်း (၈၉၉) မြင့်မြတ်နန်းတော်၏ မူလ
လအနည်းငယ်ကြာ တွက်ချက်ပုံဖော်မှု တွင် အကြိမ်ပေါင်း တစ်သောင်းကျော်တိုင်တိုင် စမ်းသပ်မှု များ၏ မွေးဖွားခြင်းနှင့် သေဆုံး ခြင်း တို့ကို မှတ်တမ်းတင်ခဲ့သည်။
သေးငယ်လှသော ကူကောင် သေတ္တာကို အခြေခံပြီး ထန်ထျန်း အနေဖြင့် ရလဒ်အချို့ကိုတော့ ရရှိခဲ့ပါသည်။
သို့သော် ဤရလဒ်များက လူကို ပို၍ပင် မျှော်လင့်ချက်မဲ့စေလှသည်။
အကယ်၍ ငါးမွေးသူ၏ တည်ရှိမှုက တကယ်ပဲ ကူကောင် သေတ္တာအပြင်ဘက်က ထန်ထျန်းလိုမျိုး ဖြစ်နေခဲ့မည်ဆိုလျှင် ကမ္ဘာကြီး၏ ရှင်သန်ခြင်း ပျက်စီးခြင်းက သူမအတွက်တော့ တကယ်ပဲ ဘာမှ မဟုတ်ပေ။
ဘယ်လိုပဲ ရုန်းကန်ပါစေ မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည် မဟုတ်ပေ။
သေခြင်း နိဂုံး ကျရောက်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံပဲ ရှိတော့သည်။
သို့သော်လည်း လက်တွေ့တွင်မူ အနည်းငယ် ကွဲပြားခြားနားသော နေရာအချို့ ရှိနေခဲ့ပြန်သည်။
ဘာပဲဖြစ်ဖြစ် ငါးမွေးသူက ကမ္ဘာ့အရှင် ၏ အသနားခံမှုကို တကယ်ပဲ တုံ့ပြန်ပေးခဲ့ဖူးသည် မဟုတ်လား။
ဒါပေမဲ့ ဘာဖြစ်လို့ တုံ့ပြန်ပေးခဲ့တာလဲ။
ယခင်က ထန်ထျန်းက ကမ္ဘာ့အရှင်၏ ရိုးသားဖြူစင်မှုက ငါးမွေးသူကို စိတ်လှုပ်ရှားသွားစေခဲ့၍ ဝင်ရောက်စွက်ဖက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု အမြဲ ထင်မှတ်ခဲ့သည်။
သို့သော်လည်း ခုနက နံပါတ် ၁၆၃၄၄ စမ်းသပ်မှု ပျက်စီးသွားပြီးနောက်တွင်မူ ထန်ထျန်းက အရှိတရားက သေချာပေါက် ဤသို့မဟုတ်ကြောင်း ကောင်းကောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
အဖိုးကြီး ၏ ကြည်ညိုမှု၊ သက်ရှိများ၏ သေခြင်း နှင့် ကမ္ဘာကြီး၏ ပျက်စီးခြင်းတို့က ထန်ထျန်းအတွက်တော့ မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။
သူက ၎င်းတို့ကို မြင်တွေ့ရလွန်း၍ ရိုးအီနေခဲ့ပြီ ဖြစ်သည်။
ငါးမွေးသူကလည်း ရာခိုင်နှုန်း အတော်များများက ဤအတိုင်းပင် ဖြစ်ပေလိမ့်မည်။
ဒါကြောင့် သူမက ကမ္ဘာ့အရှင်ကြောင့်နှင့်တော့ သူကိုယ်တိုင် ဖြစ်သော ဤ "ခုနစ်ရောင်ခြယ် ပိုးပျံကောင်" ကို စေလွှတ်ရန် ရွေးချယ်ခဲ့ခြင်းမျိုး ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဒါဆိုရင် ဘယ်လို အကြောင်းအရင်းကြောင့် ငါးမွေးသူက ဝင်ရောက်စွက်ဖက်လာရတာလဲ။
ထန်ထျန်းက အချိန်အတော်ကြာ တွေးတောနေခဲ့သော်လည်း အဆင်ပြေမည့် အကြောင်းပြချက်နှင့် အဖြေကို ဘယ်လိုမှ ရှာမတွေ့ခဲ့ချေ။
သူက အမြဲတမ်း တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားနေရသော်လည်း ဘယ်နေရာမှာ လိုအပ်နေမှန်း မသိဖြစ်နေခဲ့သည်။
စမ်းသပ်မှု တိုးတက်ပြောင်းလဲခြင်း တွက်ချက်မှုက တစ်ဖန် ပြန်လည်ပြီး ဖြတ်ကျော်ရန် ခက်ခဲလှသော ပိတ်ဆို့မှုတစ်ခုထဲသို့ ကျရောက်သွားခဲ့ပြန်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ ရုတ်တရက် ပြင်းထန်လှသော တာအို လှိုင်း တစ်ခုက ထန်ထျန်း၏ အတွေးများကို လက်တွေ့ ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
၎င်းက ရှောင်ယင်၏ အခန်းဆီမှ ဖြစ်၏။
ထိုအချိန်တွင် အလွန် စွမ်းအားကြီး လှသော အင်မော်တယ် စွမ်းအား လှိုင်းများက ရှောင်ယင်၏ အခန်းထဲကနေ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး အရှိန်အဟုန်က ကြီးမားလှပေသည်။
သူမ အင်မော်တယ် ဖြစ်သွားခဲ့ပြီ။
ပြီးခဲ့သည့်အကြိမ်က ထန်ထျန်း သူမကို ဝိညာဉ် ရတနာ အပုံလိုက် ပေးခဲ့ပြီးနောက် သုံးလကျော် အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်အတောအတွင်း ရှောင်ယင်၏ ကျင့်ကြံခြင်းက ဒုံးပျံတစ်စင်းပေါ်တွင် ထိုင်နေသလိုမျိုး ကောင်းကင်ယံဆီသို့ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။
သူမက ကျူးကျစ်ယန်နှင့် မတူပေ၊ အဆုံးစွန်သော ခွန်အားကို လိုက်လံရှာဖွေရန် မလိုအပ်ဘဲ အာရုံစိုက်မှု အားလုံးကို ကျင့်ကြံခြင်းအဆင့် ဖြတ်ကျော်မှုပေါ်တွင်သာ ပုံအောထားခဲ့ခြင်း ဖြစ်ရာ သူမ၏ တိုးတက်မှုနှုန်းက ယခင်က ကျူးကျစ်ယန်ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေပုံရသည်။
နတ်ဘုရားဝိညာဉ်၊ ဝိညာဉ်အသွင်ပြောင်းခြင်း၊ ခန္ဓာကိုယ်အသွင်ပြောင်းခြင်း ၊ ပေါင်းစည်းခြင်း အဆင့်၊ အတိဒုက္ခဖြတ်ကျော်ခြင်း၊ နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်
ကျင့်ကြံခြင်းအဆင့်ကြီး ခြောက်ခုကို သုံးလ ဆိုသော အချိန်အတွင်းမှာပင် တိုက်ရိုက် တစ်ဟုန်ထိုး ဖြတ်ကျော်သွားခဲ့သည်။
ယနေ့တွင်မူ သူမက နောက်ဆုံး၌ သေမျိုးနယ်ပယ် ၏ နောက်ဆုံးခြေလှမ်းကို ကျော်ဖြတ်ကာ အင်မော်တယ် နယ်ပယ်ထဲသို့ တရားဝင် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။
အင်မော်တယ် ဖြစ်လာသည့် လှုပ်ရှားမှုက အလွန် ကြီးမားလှပေရာ အခြားလူများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ထန်ထျန်းက လက်ညှိုးကို ခါးသက်သက် ပုတ်လိုက်ပြီး ထိုစွမ်းအားကြီး လှသော အင်မော်တယ် စွမ်းအား လှိုင်းများကို ဖုံးကွယ်ပစ်လိုက်သည်။
မဟုတ်လျှင် သေချာပေါက် အာရုံစိုက်မှုကို ခံရပေလိမ့်မည်၊ ထန်ထျန်းက ဤကဲ့သို့သော ဒုက္ခမျိုးကို သဘောမကျပေ။
အင်မော်တယ် နယ်ပယ်သို့ တက်လှမ်းသည့် ဖြစ်စဉ်က နေ့တစ်ဝက်နီးပါး ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်မူ အော်ရာအားလုံး ပျောက်ကွယ်ကာ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ရှောင်ယင်တစ်ယောက် အင်မော်တယ် တက်လှမ်း ခြင်း ဖြစ်စဉ်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ အရိပ်တစ်ခုက အခန်းထဲကနေ လျှပ်စီးလက်သလိုမျိုး ပြေးထွက်လာခဲ့သည်။
"အစ်ကိုထန်၊ ကျွန်မ အောင်မြင်သွားပြီ"
"ကျွန်မ အင်မော်တယ် ဖြစ်သွားပြီ"
"အစ်ကို ယုံနိုင်ရဲ့လား၊ ကျွန်မ အင်မော်တယ် ဖြစ်သွားပြီလို့"
"ဝါး ဟားဟားဟား..."
ရှောင်ယင်က အကျယ်ကြီး ရယ်မောရင်း ထန်ထျန်း၏ ရှေ့သို့ ပြေးလာခဲ့ပြီး မျက်နှာလေးတစ်ခုလုံး နီမြန်းနေကာ ပျော်ရွှင်မှုကို ဘယ်လိုမှ မထိန်းနိုင်ဖြစ်နေခဲ့သည်။
စိတ်လှုပ်ရှားနေသည့် စိတ်ခံစားချက်က မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။
"တော်စမ်းပါ"
"အင်မော်တယ် ဖြစ်တာလေးကိုပဲ ဘာတွေ အဲ့လောက် အံ့ဩတကြီး ဖြစ်နေတာလဲ"
ထန်ထျန်းက ခေါင်းခါရင်း ပြောလိုက်သည်။
ရှောင်ယင်က ဝိုင်းစက်တောက်ပနေသော မျက်လုံးကြီးများဖြင့် ကြည့်ကာ ပြောသည်။ "ဒါကိုတောင် မအံ့ဩ ရဘူးလား"
"ကျွန်မ အိပ်မက်ထဲမှာတောင် မထင်ထားခဲ့မိဘူး၊ ကျွန်မကိုယ်တိုင်လည်း အင်မော်တယ် ဖြစ်လာမယ့် နေ့တစ်နေ့ ရှိလိမ့်မယ်လို့လေ"
"ဘုရားရေ၊ လအနည်းငယ်အတွင်းမှာတင် ကျွန်မက အိမ်က ဘိုးဘေးတွေနဲ့ လက်ရည်တူ ကျင့်ကြံခြင်းအဆင့် ဖြစ်သွားပြီ"
"တကယ်လို့ ပြန်သွားရင်တော့ သူတို့ကို သေချာပေါက် အလန့်တကြား ဖြစ်ပြီး သေသွားအောင် လုပ်လို့ရတယ်"
"သခင်မလေးလည်း သေချာပေါက် လန့်သွားမှာ"
"ခစ်ခစ်ခစ်..."
သူမက ရယ်မောနေခဲ့သည်။
ရှောင်ယင်အတွက်မူ ကျင့်ကြံခြင်းအဆင့် တက်လှမ်း မှုက ဘာမှ မဟုတ်ပေ၊ ကျူးကျစ်ယန်ကို အံ့ဩသွားအောင် လုပ်နိုင်ခြင်းကသာ စိတ်ဝင်စားစရာအကောင်း ဆုံး ကိစ္စ ဖြစ်ပေသည်။
"ဒီတစ်ခါတော့ သခင်မလေးကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်တော့ဘူးဆိုပြီး စိတ်ပူနေစရာ မလိုတော့ဘူးပေါ့"
ရှောင်ယင်က ခေတ္တမျှ ဖြုံ့ဖြုံ့လေး ဆက်ရယ်နေပြီးမှ ထန်ထျန်းကို လှည့်ကြည့်ကာ လေးနက်လှသော သက်ပြင်းချသံဖြင့် ပြောလိုက်သည်။ "အစ်ကိုထန်"
"အစ်ကိုက တကယ်ကို အစွမ်းထက်လွန်းပါတယ်"
"ကျွန်မ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ဆုံး ဆုံး ဆုံး လူသားပဲ"
"ပစ္စည်းအချို့ကို သာမန်ကာလျှံကာ ပစ်ပေးရုံနဲ့တင် ကျွန်မလို ကျင့်ကြံခြင်း အမှိုက်တစ်ယောက်ကို အင်မော်တယ် နယ်ပယ်ပေါ် တိုက်ရိုက် ရောက်သွားအောင် လုပ်ပေးနိုင်တယ်"
"ဒီကမ္ဘာပေါ်မှာ အစ်ကို မလုပ်နိုင်တဲ့ ကိစ္စမျိုး ရှိသေးလို့လား"
သူမ ထန်ထျန်းကို ကြည့်သည့် မျက်ဝန်းထဲတွင်တော့ ကြည်ညိုလေးစားမှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထန်ထျန်းကမူ အသာအယာ သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်၏။
"မလုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်"
"အချို့ ကိစ္စတွေက... အဖြေမရှိဘူး"
ရှောင်ယင်က ထန်ထျန်း ဘာကို ဆိုလိုမှန်း မသိသဖြင့် လက်သီးလေးကို ဝှေ့ယမ်းပြရင်း ပြောသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အစ်ကိုထန်ကို ဒုက္ခပေးနိုင်မယ့် ကိစ္စမျိုး ဘာရှိဦးမှာလဲ"
"ကျွန်မကို ယုံလိုက်ပါ၊ ဘယ်လိုမျိုး ပြဿနာပဲ ဖြစ်ဖြစ် အစ်ကို သေချာပေါက် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မှာပါ"
ထန်ထျန်းက ပြုံးလိုက်ရင်း "ကောင်းပြီ"
"ငါ မင်းကို ယုံတယ်"
ထို့နောက်တွင် ထန်ထျန်းက ရှောင်ယင်အား သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သေသေချာချာ အခြေခိုင်အောင် အရင်လုပ်ရန်၊ အဆင့်တက် ဖို့အတွက် အလျင်မလိုဘဲ အခြေကျ အောင် အရင်လုပ်ရန် ပြောလိုက်သည်။
သူမက ခွန်အား သတ်မှတ်ချက် အဲ့လောက်အထိ မမြင့်မားသော်လည်း မြန်ဆန်လွန်းစွာ အဆင့်တက် ခြင်းက အခြေခံအုတ်မြစ်ကို မခိုင်မာစေနိုင်ပေ။
ရှောင်ယင်ကလည်း သေချာပေါက် ထန်ထျန်း၏ စကားကို နားထောင်ကာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်ရန်အတွက် အချိန်အနည်းငယ် ပေးရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူမ မထင်မှတ်ထားခဲ့မိသည်က အဆင့်တက် ပြီးသည့် ဒုတိယမြောက်နေ့တွင်မူ ကျူးကျစ်ယန် ပြန်လာခဲ့သည်။
ကျူးကျစ်ယန် မြင့်မြတ်နန်းတော်၏ ခေါ်ဆောင်သွားခြင်းကို ခံရစဉ်က နှစ်လ သုံးလအတွင်း ပြန်လာနိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
ယခု သုံးလကျော် အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ သူမ နောက်ဆုံး၌ ပြန်လာခဲ့ပြီ ဖြစ်သည်။
ရှောင်ယင်က ပထမဆုံး အချိန်မှာတင် သူမကို သွားရောက် ကြိုဆိုခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးစိစိဖြင့် "မတော်တဆ" ဆိုပြီး သူ့ အော်ရာအနည်းငယ်ကို ထုတ်လွှတ်ပစ်လိုက်သည်။
ကျူးကျစ်ယန်တစ်ယောက် နေရာတင် ကြောင်အမ်းသွားခဲ့ရတော့သည်။
သူမ ဘယ်လိုလုပ် ထင်မှတ်ထားနိုင်မည်နည်း၊ သုံးလ ဆိုသော အချိန်အတွင်းမှာတင် ရှောင်ယင်က အင်မော်တယ် ဖြစ်သွားခဲ့လိမ့်မည်ဟူ၍ပင်။
ဒါက တကယ်ပဲ အဓိပ္ပာယ်မရှိလွန်းလှပေသည်။
ကျူးကျစ်ယန်၏ တုံ့ပြန်မှုကို ကြည့်ရင်း ရှောင်ယင်က အလွန် စိတ်ကျေနပ်သွားခဲ့ရသည်၊ ဒါက သူမ ကြိုးစားပမ်းစား ကျင့်ကြံနေစဉ်အတွင်း အမျှော်လင့်ဆုံးသော မြင်ကွင်း ဖြစ်ပေသည်။
အံ့ဩမှင်တက်သွားပြီးနောက် ကျူးကျစ်ယန်က ၎င်းက သေချာပေါက် ထန်ထျန်း၏ လက်ချက် ဖြစ်ရမည်ကို ခဏချင်းအတွင်းမှာပင် နားလည်သွားခဲ့သည်။
" အစ်ကို့ရဲ့ ကျေးဇူးကို ကျစ်ယန်..."
"တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး"
သူမက အလွန် ရိုးသားဖြူစင်စွာဖြင့် ပြောလိုက်သည်။
ထန်ထျန်းကတော့ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း သူမအား ဤမျှအထိ စိတ်ထဲမထားရန် ပြောလိုက်၏။
လက်ဖျောက်တစ်ချက်တီးရုံမျှ ကိစ္စလေးတစ်ခုသာ ဖြစ်သည်။
သုံးလကျော် အချိန်ကာလအတွင်း ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းကလည်း ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်။
ယခု လက်ရှိ သူမက အစစ်အမှန် အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ ဘယ်အချိန်မဆို ကောင်းကင်အင်မော်တယ် အဆင့် ထဲသို့ ခြေချနိုင်သည့် အခြေအနေမျိုး ဖြစ်နေခဲ့သည်။
"ဘယ်လိုလဲ၊ မင်း မောင်လေးကို ရှာတွေ့ခဲ့လား"
ထန်ထျန်းက မေးလိုက်သည်။
သို့သော်လည်း ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျူးကျစ်ယန်က သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်၏။
"မတွေ့ဘူး"
"မြင့်မြတ်နန်းတော် အတွင်းပိုင်း အခြေအနေက ကျွန်မ ယခင်က ထင်ထားခဲ့တာနဲ့ မတူဘူး"
"ပိုပြီးတော့ ရှုပ်ထွေးလှတယ်"
"အဲ့ဒီအထဲမှာ မတူညီတဲ့ ရာထူးတွေ၊ အဆင့်အတန်းတွေ အများကြီး ရှိနေပြီး အားလုံးက သီးသန့်စီ ဖြစ်နေကြကာ အချင်းချင်း ပတ်သက်မှု မရှိကြဘူး"
"ကျွန်မက ပါရမီရှင် ရွေးချယ်ပွဲကို အခြေခံပြီး ဝင်သွားတာ ဖြစ်လို့ ယခု လက်ရှိ အဆင့်အတန်းက 'သေမျိုး အဆင့် လောင်းလျာ' လို့ ခေါ်တယ်"
"ကျိယွီ ကတော့ 'မွေးရာပါ မျိုးစေ့' ဖြစ်တယ်"
"ကျွန်မက 'ကံကြမ္မာ အဆင့် မျိုးစေ့' ဖြစ်လာတဲ့ အချိန်ကျမှသာ မွေးရာပါ မျိုးစေ့ရဲ့ သတင်းအချက်အလက်တွေကို တကယ်တမ်း ထိတွေ့ခွင့်ရမှာပါ"
ကျူးကျစ်ယန်က ပြောသည်။
ထန်ထျန်းက မျက်ခုံးပင့်လိုက်မိသည်၊ ဤ မြင့်မြတ်နန်းတော် ဟု ခေါ်သော နေရာက တကယ့်ကို ထူးထူးဆန်းဆန်း ဖြစ်နေခဲ့သည်။
"သတင်းအစအနလေးတောင် မရှိဘူးလား"
ထန်ထျန်းက မေးလိုက်သည်။
ကျူးကျစ်ယန်က ခေတ္တမျှ တွေးတောလိုက်ပြီးမှ "ဒါလည်း မဟုတ်ပါဘူး"
"ကျွန်မ မွေးရာပါ မျိုးစေ့နဲ့ ပတ်သက်တဲ့ ကိစ္စအချို့ကို စုံစမ်းကြည့်တော့ သူတို့ထဲက အများစုက ကျင်းရှန် မြို့ ကနေ ထွက်သွားကြပြီဆိုတာကို သိလိုက်ရတယ်"
"သူတို့က ဘယ်နေရာကို သွားပုံရလဲဆိုရင်..."
"နေ၊ လ နဲ့ ကြယ် တွေရဲ့ အလင်းရောင်တွေ တကယ်ပဲ တည်ရှိနေတဲ့ လင်းထိန်နေတဲ့ ကမ္ဘာကြီးဆီကို သွားကြတာ ထင်တယ်"
ထန်ထျန်း ခေတ္တမျှ ကြောင်အမ်းသွားရသည်။
နေ၊ လနှင့် ကြယ်များ တည်ရှိနေသည့် ကမ္ဘာတစ်ခုလား။
သူ ဤ မြင့်မြတ်နန်းတော် က ဘာလုပ်သည့် နေရာလဲဆိုတာကို ရိပ်မိသွားပုံရပေသည်။