အခန်း ၉၀၂
Vol. 86 Ch. 902
အခန်း (၉၀၂) ကစားရုံသက်သက်ပဲ
အဖိုးကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုစိတ်က ကောင်းကင်ယံကနေ ဝုန်းခနဲ ကျရောက်လာချိန်တွင် ကျူးကျစ်ယန်၏ ရင်ဘတ်ထဲက နှလုံးသားတစ်ခုလုံး အပြင်သို့ ခုန်ထွက်မတတ် တုန်လှုပ်သွားခဲ့ရသည်။
သူမက ယခုအချိန်တွင် အစွမ်းထက်လှသော ကောင်းကင်အင်မော်တယ် အဆင့် ထဲသို့ တက်လှမ်းတော့မည့်သူ ဖြစ်သော်လည်း ဤကဲ့သို့သော အော်ရာနှင့် ရင်ဆိုင်ရသည့် အခါတွင်မူ ပုရွက်ဆိတ်လေးတစ်ကောင်လို ခံစားရပြီး မည်သည့် တွန်းလှန်လိုစိတ်မျှ မရှိ နိုင်တော့ချေ။
သူက... တကယ်တမ်း ဘယ်လို ကျင့်ကြံခြင်းအဆင့်မျိုးကို ပိုင်ဆိုင်ထားတဲ့ တည်ရှိမှုလဲ။
ခဏချင်းအတွင်းမှာပင် ကျူးကျစ်ယန်က မိသားစုဆီကနေ ယူဆောင်လာခဲ့သည့် အသက်ကယ် ရတနာကို လက်ထဲတွင် အသေသေချာချာ ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်ရာ အချိန်မရွေး ထန်ထျန်းနှင့် ရှောင်ယင်တို့ နှစ်ယောက်ကို ခေါ်ဆောင်ကာ ဤနေရာကနေ လွတ်မြောက်အောင် ပြေးရန် ပြင်ဆင်လိုက်တော့သည်။
ဤအဖိုးကြီး၏ ရှေ့မှောက်တွင် ၎င်းက အစွမ်းပြနိုင်ပါ့မလား မသိသော်လည်း သူမအနေဖြင့် အစွမ်းကုန် ကြိုးစားကြည့်ရမည် ဖြစ်၏။
သို့သော်လည်း ကျူးကျစ်ယန် မထင်ထားမိသည်က လေထုက တင်းမာသွားပြီး ပဋိပက္ခက အချိန်မရွေး ပေါက်ကွဲတော့မည့် အခြေအနေ ရောက်ခါနီးတွင်မူ ထိုအတိုင်းအဆမဲ့လှသော သတ်ဖြတ်လိုစိတ်များက ရုတ်တရက် ခဏချင်းအတွင်းမှာပင် လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
ယခင်က မျက်နှာထား အလွန် ပျက်ယွင်းနေခဲ့သော အဖိုးကြီးကမူ ရုတ်တရက် နွေးထွေးလှသော အပြုံးကြီးတစ်ခုကို အစားထိုး လဲလှယ်လိုက်ပြီး... ပြုံးလိုက်သည့် ပုံစံက အနည်းငယ်ပင် ရိုသေ လွန်းနေခဲ့သည်။
သူက ကြောက်ကြောက်လန့်လန့်ဖြင့် ရေကန်ဘေးကနေ မတ်တတ်ရပ်လာပြီး ထန်ထျန်း၏ ရှေ့မှောက်တွင် အဆုံးစွန်အထိ ရိုသေ နေသည်ကို ကြည့်ရင်း ကျူးကျစ်ယန်တစ်ယောက် ကြောင်အမ်းသွားခဲ့ရပြီးနောက် မကြာမီမှာပင် ကိစ္စတစ်ခုကို ရိပ်မိသွားခဲ့တော့၏။
ထန်ထျန်း၏ ခွန်အား က... သူမ ထပ်မံ၍ ခန့်မှန်းထားမိသည်ထက် များစွာ ကျော်လွန်နေခဲ့ပြန်ပြီ ဖြစ်သည်။
ဒီနေရာက... မြင့်မြတ်နန်းတော်လေ။
ပြီးတော့ ဤအဖိုးကြီးက မြင့်မြတ်နန်းတော် အတွင်းမှာ အဆင့် အမြင့်မားဆုံးသော လူတွေထဲက တစ်ယောက် ဖြစ်ရပေမည်။
ဤကဲ့သို့သော သန်မာသူတစ်ဦးပင်လျှင် ထန်ထျန်း၏ ရှေ့မှောက်တွင် ဦးခေါင်းကို ညွတ်ထားရသည် ဖြစ်ရာ ထန်ထျန်းက တကယ်တမ်း မည်မျှလောက်အထိ မြင့်မြတ်လှသော တည်ရှိမှုမျိုး ဖြစ်နေမလဲဆိုတာကို သူမ ဘယ်လိုမှ စိတ်ကူးမယဉ်ရဲတော့ချေ။
ရုတ်တရက် သဘောထား ပြောင်းလဲသွားသော အဖိုးကြီးနှင့် ပတ်သက်၍ ထန်ထျန်းကမူ ဘယ်တုန်းကမဆို တည်ငြိမ်နေဆဲပင် ဖြစ်ရာ ကြည့်ရသည်မှာ ယခင်ကတည်းက ရိပ်မိထားခဲ့ပြီး ဖြစ်သလို ဤကဲ့သို့သော ကိစ္စမျိုးကိုလည်း ကျင့်သားရနေပုံရပေသည်။
"ငါ ကြားတာတော့... မင်း ဒီနေ့ ဧည့်သည်မတွေ့ဘူး ဆို"
ထန်ထျန်းက တမင်တကာ ပြုံးလျက် ပြောလိုက်သည်။
အဖိုးကြီး၏ နဖူးပြင်ပေါ်တွင် သေးငယ်လှသော ချွေးစေးများ စီးကျလာခဲ့ပြီး "ဟို... ဧည့်သည် မတွေ့တာတော့ အမှန်ပါပဲဗျာ"
"ဒါပေမဲ့ စီနီယာကြီးကို ဧည့်သည်လို့ ဘယ်လိုလုပ် သတ်မှတ်လို့ ရမှာလဲ"
"စီနီယာကြီး ရောက်ရှိလာတာက ကျွန်တော့်ရဲ့ အိမ်စုတ်လေးကို တောက်ပ သွားစေတာပါပဲ၊ ဒါက နှစ်ပေါင်း သန်းချီတိုင်အောင် ဆု တောင်းရင်တောင် မရနိုင်တဲ့ ကံကောင်းခြင်း မဟုတ်ပါလား"
"ကျွန်တော်က ဒီနေ့ ဧည့်သည်တော်ကြီး လာလည် မယ်ဆိုတာကို တွက်ချက်မိထားလို့သာ အပြင်လူတွေကို ဧည့်သည်မတွေ့ဘူးလို့ ကြေညာထားခဲ့တာပါ၊ တကယ်တမ်းတော့ စီနီယာကြီး ရောက်လာမှာကို မျှော်လင့်စောင့်စားနေခဲ့တာပါ..."
သူက သူ့၏ မြှောက်ပင့်စကားလုံးများကို အစွမ်းကုန် စုစည်းပြီး ပြောဆိုနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ကြည့်ရသည်မှာ သူက ဤကဲ့သို့သော အလုပ်မျိုးကို အလွန်အမင်း ကျွမ်းကျင်လှပုံတော့ မရချေ။
ထန်ထျန်းက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း သူ့စကားကို ဖြတ်ပြောလိုက်ကာ သူ့ကို အနေခက်လှသော အခြေအနေကနေ ကယ်တင်ပေးလိုက်သည်။
"တော်ပြီ၊ အဲ့လောက်အထိ အများကြီး ပြောနေစရာ မလိုပါဘူး"
"ဒီနေ့ မင်းဆီကို လာတာက မင်းကို မေးစရာ ကိစ္စအချို့ ရှိလို့ပဲ"
အဖိုးကြီးက အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရလိုက်သလိုမျိုး နဖူးပေါ်က ချွေးစေးများကို သုတ်လိုက်ရင်း မျက်နှာအပြည့် ပြုံးလျက် ပြောရှာသည်။ "ရပါတယ်ဗျာ၊ ရပါတယ်"
"ကျွန်တော် သိသမျှ အားလုံးကို တစ်လုံးမကျန် အကုန်လုံး ဖြေကြားပေးပါ့မယ်"
"ဒါဆိုရင်... စီနီယာကြီးတို့ အရင်ဆုံး အနားယူလိုက်ပါဦး၊ ကျွန်တော် ဝိုင် ကောင်း ဟင်းကောင်းတွေ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်၊ အဲ့ဒါမှ ကျွန်တော်တို့ ဖြည်းဖြည်းချင်း စကားပြောလို့ ရမှာ"
ပြောရင်း သူက ထန်ထျန်းတို့ လူစုအတွက် စားပွဲနှင့် ကုလားထိုင်များကို အစီအစဉ်တကျ ပြင်ဆင်ရန် လုပ်လိုက်သည်။
ထန်ထျန်းက ခေါင်းခါပြလိုက်ရင်း "ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုပါဘူး၊ ကိစ္စအသေးအမွှားလေး တစ်ခုပါပဲ"
"လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျန့်မိသားစုရဲ့ စားသောက်ပွဲမှာ ရောင်းချခဲ့တဲ့ ခုနစ်ရောင်ခြယ် ပိုးပျံကောင်က မင်းပစ္စည်းလား"
အဖိုးကြီး ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီးမှ ခေါင်းညိတ်ပြသည်။ "ဒီလို ကိစ္စမျိုး ရှိခဲ့ဖူးပုံရပါတယ်"
"အဲ့ဒီတုန်းက... ကျန့်မိသားစုက အရှိန်အဝါ ပြသဖို့အတွက် မြင့်မြတ်နန်းတော်ဆီကို လာပြီး ရတနာ လာတောင်းခဲ့ကြတာ"
"ကျွန်တော်တို့က သူတို့ကို ပစ္စည်းအချို့ ပေးလိုက်တာပါ၊ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကလည်း အဲ့ဒီထဲက တစ်ခုပေါ့"
ထန်ထျန်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ "မင်းက ကူကောင်မွေးမြူတဲ့ အတတ်ပညာမှာ ကျွမ်းကျင်တာလား"
အဖိုးကြီးက ဟဲဟဲဟု နှစ်ချက် ရယ်မောလိုက်ရင်း "ဒါလည်း မဟုတ်ပါဘူးဗျာ၊ ဒါက စိတ်ဝင်စားမှု အရ ဝါသနာတစ်ခုသက်သက်ပါပဲ"
"ခုနစ်ရောင်ခြယ် ပိုးပျံကောင်က သာမန် ပိုးပျံကောင်တွေနဲ့ မတူညီတဲ့ ထိတွေ့ မှုမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး ပိုးပျံကောင် သေတ္တာရဲ့ မျှခြေအပေါ်ကို ဆန်းကြယ်တဲ့ သက်ရောက်မှုမျိုး ဖြစ်စေနိုင်တယ်လေ"
"ဒီလို ဖြစ်စဉ်မျိုးကို စောင့်ကြည့်ရတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"
"တကယ့် ကူကောင်မွေးမြူတဲ့ အတတ်ပညာကျတော့... ကျွန်တော် တကယ်တမ်း မကျွမ်းကျင်ပါဘူး..."
ထန်ထျန်းက စိတ်ထဲကနေ အသာအယာ ခေါင်းညိတ်လိုက်မိသည်။
တကယ်လို့ တစ်ဖက်လူက ကူကောင်မွေးမြူတဲ့ အတတ်ပညာကိုပဲ သီးသန့် အထူးပြု ကျင့်ကြံတဲ့သူ ဆိုလျှင်တော့ ဤတစ်ခေါက် လာရခြင်းက ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်လာရန် ရာခိုင်နှုန်း အလွန် နည်းပါးပေလိမ့်မည်။
သို့သော် တစ်ဖက်လူကလည်း တကယ်တမ်းတော့ ဝါသနာတစ်ခုသက်သက်သာ ဖြစ်နေခဲ့သည်။
ပြီးတော့ သူ့ရဲ့ လုပ်ဆောင်ချက် က သူ မကြာသေးခင်က ပြုလုပ်နေခဲ့တဲ့ စမ်းသပ်မှုနဲ့ သဘောတရားချင်း ထပ်တူညီနေခဲ့သည်။
ဖြစ်နိုင်တာကတော့ ဤနေရာကနေ အခြားသော စိတ်ကူးဉာဏ်အချို့ကို ရရှိသွားနိုင်ပေသည်။
"မင်းရဲ့ ဒီဝါသနာက ဘယ်လောက်ကြာပြီလဲ"
ထန်ထျန်းက မေးလိုက်သည်။
"ဗျာ..."
အဖိုးကြီးက ထန်ထျန်း ဆက်ပြီး မေးမြန်းလာလိမ့်မည်ဟု မထင်ထားခဲ့မိသဖြင့် ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီးမှ ပြန် ဖြေရှာသည်။ "အော်... နှစ်ပေါင်း ရာချီနေပါပြီ"
"ကျွန်တော့်ရဲ့ တာအိုလမ်းစဉ်က ရှေ့ဆက်ပြီး အဆင့်တက် ဖို့ မျှော်လင့်ချက် မရှိတော့တာကို သိလိုက်ရပြီးနောက်မှာ အချိန်ကုန်ခံဖို့အတွက် အခြားသော ကိစ္စအချို့ကို လိုက်ရှာခဲ့တာပါ"
"ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကိုတော့ တိုက်ဆိုင်စွာနဲ့ တစ်ကြိမ် တွေ့ရှိခဲ့တာ၊ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားရတာနဲ့ အနားမှာ သိမ်းထားလိုက်တာပေါ့"
"ကျွန်တော့်ဆီမှာ အခုထက်ထိ အကောင်ပေါင်း တစ်ဒါဇင် မက ရှိနေသေးတယ်၊ အကုန်လုံးက ထိပ်တန်း အဆင့်တွေချည်းပဲ"
"တကယ်လို့ စီနီယာကြီး အလိုရှိတယ်ဆိုရင်တော့ ကျွန်တော် အကုန်လုံးကို စီနီယာကြီးဆီ ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"
သူက ဖွင့်ပြောလာခဲ့သည်။
ထန်ထျန်းက ခုနစ်ရောင်ခြယ် ပိုးပျံကောင် ကိစ္စတစ်ခုတည်းအတွက် လာရောက်ခြင်း ဖြစ်ပုံရသည်ကို ကြားလိုက်ရပြီးနောက်တွင်မူ အဖိုးကြီး၏ အလွန်အမင်း တင်းမာနေခဲ့သော စိတ်အခြေအနေကလည်း ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့ရတော့သည်။
"အရင်သွားကြည့်ရအောင်"
ထန်ထျန်းက ပြောလိုက်သည်။
သူက တစ်ဖက်လူက ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဘယ်လောက်အထိ ပျိုးထောင်ထားနိုင်ခဲ့ပြီလဲဆိုတာကို ကြည့်လိုခြင်း ဖြစ်၏။
"ရပါတယ်ဗျာ"
"ဒါဆိုရင် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
....
ခေတ္တမျှ ကြာပြီးနောက် ထန်ထျန်းတို့ လူစုက အဖိုးကြီး၏ နောက်သို့ လိုက်ပါရင်း ကြီးမားလှသော မြေအောက် နေရာလွတ် တစ်ခု အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာတွင် အခန်းအမြောက်အမြားကို တည်ဆောက်ထားခဲ့ပြီး အခန်းတိုင်း၏ အတွင်း၌ ထူးခြားဆန်းပြားလှသော အရာတစ်ခုစီ တည်ရှိနေကြသည်။
အချို့က ကူကောင်များ ဖြစ်ကြပြီး အချို့ကမူ ထူးခြားဆန်းပြားသော သားရဲများ သို့မဟုတ် ဝိညာဉ်ပင်များ ဖြစ်ကြ၏။
အဖိုးကြီး၏ ပြောပြချက်အရ ဆိုလျှင်တော့ ဒါတွေအားလုံးက သူ ဝါသနာအရ လိုက်လံ စုဆောင်းထားခဲ့သည့် အရာများ ဖြစ်ကြသည်။
ဒါနဲ့... ထိုအဖိုးကြီး၏ အမည်ကတော့ ယွမ်ကျိုး ဟု ခေါ်ပေသည်။
လမ်းအတော်ကြာ လျှောက်ပြီးနောက်တွင်မူ သူတို့က ပိုမို ကျယ်ဝန်းလှသော အခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
တူညီလှသော ခရစ်စတယ် သေတ္တာ ပေါင်း တစ်ဒါဇင် မကကို အခန်းအတွင်း၌ သေသေချာချာ စီစီရီရီ တင်ထားခဲ့ကြသည်။
၎င်းက ပိုးပျံကောင် သေတ္တာပင် ဖြစ်၏။
"စီနီယာကြီး... ခုနစ်ရောင်ခြယ် ပိုးပျံကောင်တွေက ဒီမှာ ရှိပါတယ်"
ယွမ်ကျိုးက ပြောသည်။
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်ရင်း ရှေ့သို့ လှမ်းသွားခဲ့သည်။
ခရစ်စတယ် သေတ္တာ ပေါင်း တစ်ဒါဇင် မက ရှိသည့်အနက် ထက်ဝက်ခန့်တွင်သာ ပိုးပျံကောင် အုပ်စုများကို မွေးမြူထားခဲ့ကြသည်။
၎င်းတို့က ထိုစဉ်က ကျန့်မိသားစု၏ ဧည့်ခံ ပွဲတွင် ရောင်းချခဲ့သည်ထက် များစွာ ပိုမို ကြီးမားလှပြီး အတွင်းပိုင်းက ပိုးပျံကောင် အုပ်စုများကလည်း အများဆုံး အကောင်ရေ ဆယ် သန်း ဂဏန်းမကအထိ ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထန်ထျန်း လိုအပ်နေသည့် စမ်းသပ်ချက် နမူနာ အရေအတွက်နှင့် နှိုင်းယှဉ်လိုက်လျှင်တော့ ဝေးလွန်းလှသေးသည်။
ဤပိုးပျံကောင် သေတ္တာများက အလွန် ကန့်သတ်ချက် ရှိလှသော စမ်းသပ်မှုကိုသာ ပြုလုပ်နိုင်မည် ဖြစ်ရာ မဟာကမ္ဘာကြီးနှင့် ထပ်တူညီလှသော သေးငယ်သည့် ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။
သေသေချာချာ စောင့်ကြည့် စစ်ဆေးပြီးနောက်တွင်မူ အချက်အလက်များက အမှန်တကယ်ပင် ထန်ထျန်း ခန့်မှန်းထားခဲ့သလိုမျိုး ဖြစ်နေခဲ့သည်။
ပိုးပျံကောင် ကမ္ဘာ ပေါင်း တစ်ဒါဇင် မက ရှိသည့်အနက် တစ်ခုတည်းသော သေတ္တာပင်လျှင် ကျင့်ကြံမှု ဖြစ်ထွန်းမှုမျိုး မရှိသေးဘဲ အားလုံးက အလွန် ကနဦး အဆင့်မှာသာ ရှိနေကြသေးသည်၊ ဖြစ်နိုင်တာကတော့ အစပျိုးခြင်း အဆင့်သို့ပင် မရောက်ရှိသေးချေ။
ထန်ထျန်းက အနည်းငယ် စိတ်ပျက်သွားခဲ့ရသော်လည်း တကယ်တော့ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေမျိုး ဖြစ်ပေသည်။
ယွမ်ကျိုးက တကယ်တမ်းတော့ တာအိုနယ်ပယ် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်နေခဲ့ရာ ဝိညာဉ်စွမ်းအားက ကြီးမားလှသော မျိုးနွယ်စုကြီးတစ်ခု၏ ပြောင်းလဲတိုးတက်မှုကို ထောက်ပံ့ပေးရန် ဘယ်လိုမှ မစွမ်းဆောင်နိုင်ချေ။
အချိန်ကာလကို ချုံ့ပစ်ခြင်း အစရှိသည်တို့ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
ကျင့်ကြံမှု ဖြစ်ထွန်းမှု ကဏ္ဍတွင်မူ အခြေခံအားဖြင့် မည်သည့် ကိုးကားချက်မျိုးကိုမျှ မပေးစွမ်းနိုင်ချေ။
သို့သော်ငြားလည်း ထန်ထျန်းက ယွမ်ကျိုးနှင့် စကားအချို့ ဆက် ပြောရန် ရွေးချယ်လိုက်သည်။
"မင်း ပုံမှန်အားဖြင့်... ဒီပိုးပျံကောင် သေတ္တာတွေကို ဘယ်လို ပုံစံမျိုးနဲ့ လည်ပတ်စေတာလဲ"
ထန်ထျန်းက မေးလိုက်သည်။
ယွမ်ကျိုးက ခေတ္တမျှ တွေးတောလိုက်ပြီးမှ "ကျွန်တော်... တကယ်တော့ သိပ်ပြီး ဂရုမစိုက်ဖြစ်ပါဘူး"
"ကံတရားအတိုင်းပဲ ပစ်ထားတာပါ"
"ခုနစ်ရောင်ခြယ် ပိုးပျံကောင်တွေကို သူတို့ရဲ့ ထူးခြားချက်တွေကို ကိုယ်တိုင် ပြသခွင့်ပေးထားပြီး အခြားသော သာမန် ပိုးပျံကောင်တွေနဲ့ ထိတွေ့မှု ဖြစ်ပွားစေတယ်၊ အဲ့ဒီကနေတစ်ဆင့် ပိုးပျံကောင် ကမ္ဘာအပေါ် ကြုံတွေ့ရမယ့် သက်ရောက်မှုကို ထပ်ဆင့် စောင့်ကြည့်ရုံပါပဲ"
ထန်ထျန်းက မျက်မှောင်အသာ ကြုတ်လိုက်မိရင်း "ဒီလောက်ပဲလား"
ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။ "ဒီလောက်ပါပဲ"
"ကျွန်တော် ဘယ်တုန်းကမှ ကိုယ်တိုင် ဝင် စွက်ဖက်တာမျိုး မလုပ်ခဲ့ဖူးဘူး"
"လုံးဝ ဥဿုံကို ဒီလိုမျိုး မရေရာတဲ့ အရာတွေကို တိုက်ဆိုင်စွာနဲ့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားရရုံသက်သက်ပါပဲ"
ထန်ထျန်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ "ဒါဆို မင်းအနေနဲ့ နောက်ဆုံး ထွက်ပေါ်လာမယ့် ရလဒ်အပေါ်မှာ ဘာမျှော်လင့်ချက်မှ မရှိဘူးပေါ့"
"သူတို့ဘာသာသူတို့ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်အောင်ပဲ ပစ်ထားတာလား"
ယွမ်ကျိုးက ဟဲဟဲဟု နှစ်ချက် ရယ်မောလိုက်ရင်း "ကျွန်တော်က သူတို့အပေါ် ဘာမျှော်လင့်ချက် ထားရမှာလဲဗျာ"
"သူတို့က ပိုးပျံကောင်တွေပဲလေ"
"အားလုံး သေသွားရင်လည်း နောက်ထပ် သေတ္တာအသစ် တစ်ခု ထပ်လဲလိုက်ရုံပဲပေါ့"
"အမှန်အတိုင်း ပြောရရင်တော့... ကျွန်တော်က ကစားရုံသက်သက်ပဲ ဟာကို"
ယွမ်ကျိုး၏ ဤစကားလုံးများက ထန်ထျန်းကို ချက်ချင်းပင် ကြောင်အမ်းသွားစေခဲ့ရတော့သည်။
ထက်မြလှသော အလင်းတန်းတစ်ခုက သူ့ဦးနှောက်အတွင်း၌ ဖျတ်ခနဲ ဖြတ်သန်း သွားခဲ့ရတော့၏။