← Chapters

အခန်း ၉၀၃

Vol. 86 Ch. 903

အခန်း ၉၀၃

Vol. 86 Ch. 903

အခန်း (၉၀၃) ကြိုတင်ပြီး ထည့်ထားခဲ့တယ်

​ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ရရှိပြီးနောက်တွင်မူ ထန်ထျန်း စဉ်းစားနေခဲ့သည်က ပိုးပျံကောင် ကမ္ဘာမှတစ်ဆင့် မဟာကမ္ဘာကြီးကို ပုံတူကူးယူရန် ဖြစ်ပြီး ထိုမှတစ်ဆင့် အထက်သို့ ထပ်မံ တွက်ချက်ကာ ငါးမွေးသူ ၏ စိတ်ဆန္ဒကို ခန့်မှန်းရန် ဖြစ်သည်။

​နောက်ပိုင်းတွင်မူ သူက ပိုးပျံကောင် ကမ္ဘာ၏ သက်တမ်းကို ဆွဲဆန့်နိုင်မည့် နည်းလမ်းကိုသာ အမြဲတမ်း စဉ်းစားနေခဲ့ပြီး ၎င်းကို မည်သို့လုပ်လျှင် ထာဝရ လည်ပတ်စေနိုင်မလဲဆိုသည့် နည်းလမ်းကို ရှာဖွေလိုခဲ့သည်။

​သို့သော်လည်း ယွမ်ကျိုး၏ ဤစကားလုံးများကို ကြားပြီးနောက်တွင်မူ သူ၏ စမ်းသပ်မှု ဦးတည်ချက်က သွေဖည်မှုများ ဖြစ်ပေါ်နေခဲ့ကြောင်း ရုတ်တရက် သိရှိသွားခဲ့ရတော့၏။

​မှန်ပေသည်၊ သူကိုယ်တိုင်ကတော့ ကမ္ဘာကြီး၏ သက်တမ်းနှင့် သက်ရှိ ၏ ရှင်သန်ခြင်းကို အလွန် ဂရုစိုက်မိသည်။

​ဒါပေမဲ့ ငါးမွေးသူ ကတော့ အဲ့ဒီလိုမျိုး ဂရုစိုက်ချင်မှ စိုက်မှာလေ။

​တကယ်လို့သာ ငါးမွေးသူ က ယွမ်ကျိုးလိုမျိုး ဝါသနာအရ သို့မဟုတ် ပျော်စရာ စိတ်ခံစားမှု တစ်ခုသက်သက်ဖြင့်သာ ဤကမ္ဘာကြီးကို ကြည့်ရှုနေခဲ့ခြင်း ဆိုလျှင်မူ ကမ္ဘာကြီးနှင့် သက်ရှိတို့ ၏ ရှင်သန်ခြင်းကို ထားလိုက်ပါဦး၊ သူမအနေဖြင့် ဗုံးတစ်လုံး ပစ်ထည့်ပြီး ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွားသည့် မီးရှူးမီးပန်းကို ထိုင်မကြည့်တာတင်ပဲ တကယ့်ကို ကံကောင်းလှပြီ ဖြစ်သည်။

​ပြီးတော့ ထန်ထျန်းတွင် ခံစားချက်တစ်ခု ရှိနေခဲ့သည်၊ ငါးမွေးသူ က တကယ်တမ်းတော့ ယွမ်ကျိုးနှင့် ပိုပြီး တူညီနေနိုင်ချေ ရှိပေသည်။

​ဖြစ်နိုင်တာကတော့ သူမက တကယ်ပဲ ကစားဖို့သက်သက်အတွက် ဖြစ်နေနိုင်၏။

​ဤနေရာသို့ စဉ်းစားမိသည့်အခါ ထန်ထျန်း စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ဒေါသအနည်းငယ် ထွက်လာခဲ့ရသည်။

​ဤမျှလောက် ကြီးမားလှသော ကမ္ဘာကြီးတစ်ခု၊ ရေတွက်၍မရနိုင်သော သက်ရှိများ၏ အသက်ရှင်သန်မှုနှင့် သေဆုံး ခြင်းတို့က တကယ်တမ်းတော့ သူမ ပျော်ရွှင်စရာ ရှာဖွေဖို့အတွက် အသုံးပြုတဲ့ အရာသက်သက်ပဲလား။

​ဒါက အလွန်အမင်း ဝမ်းနည်းစရာ ကောင်းလွန်းလှပေသည်။

​သို့သော်လည်း အရှေ့ က ပိုးပျံကောင် သေတ္တာကို ကြည့်ရင်း သူက ဤကိစ္စကို ပြန်လည် တွေးတော နားလည်သွားခဲ့ရပြန်သည်။

​ပိုးပျံကောင် ကမ္ဘာ၊ ရေတွက်၍မရသော ပိုးပျံကောင်များ၏ အသက်ရှင်သန်မှုနှင့် သေဆုံး ခြင်းတို့က ယွမ်ကျိုး သို့မဟုတ် သူ့အတွက် ဆိုလျှင်လည်း ကစားရုံသက်သက်ပဲ မဟုတ်ပါလား။

​ဤကိစ္စနှစ်ခုကြားတွင် မည်သည့် သဘောသဘာဝချင်း ကွဲပြားမှုမျှ မရှိပေ ။

​ထန်ထျန်း မျက်လုံးကို မှိတ်လိုက်ပြီး အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိသည်။

​"ဒါဆို မင်းခံစားချက်အရ အပျော်ဆုံးအရာက ဘာလဲ"

​ထန်ထျန်းက ယွမ်ကျိုးကို မေးလိုက်သည်။

​ယွမ်ကျိုးက ထိုအချိန်တွင် ထန်ထျန်း၏ ဆိုလိုရင်းကို သိပ်ပြီး သဘောမပေါက်သေးသော်လည်း အမှန်အတိုင်းပင် ပြန် ဖြေရှာသည်။ "မရေရာတဲ့ ရလဒ်မျိုးပေါ့"

​"ခုနစ်ရောင်ခြယ် ပိုးပျံကောင်ရဲ့ ပြောင်းလဲမှုက ကျပန်းဖြစ်ပေါ်တာ၊ ပိုးပျံကောင် သေတ္တာအပေါ် သက်ရောက်မှု ဖြစ်စေတာကလည်း ကျပန်းပဲလေ"

​"အဲ့ဒီလိုမျိုး မရေရာမှုတွေကပဲ ကျွန်တော့်ကို နောက်ဆုံး ထွက်ပေါ်လာမယ့် ရလဒ်အပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်စေတာပေါ့"

​ထန်ထျန်း ခေတ္တမျှ တွေးတောလိုက်မိသည်။

​တကယ်လို့သာ ငါးမွေးသူ ၏ စိတ်နေစိတ်ထားကလည်း ယွမ်ကျိုးနှင့် တူညီနေခဲ့လျှင်မူ သူမအနေဖြင့် ကမ္ဘာကြီး၏ လည်ပတ်မှုအပေါ် ဝင် စွက်ဖက်တာမျိုး လုပ်မှာ မဟုတ်ပေ ။

​ဒါပေမဲ့ သူမက အဲ့ဒီလိုမျိုး မဟုတ်ခဲ့ပေ။

​ကမ္ဘာ့အရှင် ၏ တောင်းပန်မှုကို သူမဘက်က အတိုင်းအတာတစ်ခုအထိ တုံ့ပြန်မှု ပေးခဲ့ဖူးသည်။

​နောက်ပိုင်းတွင်မူ သူကိုယ်တိုင် ဖန်ဆင်းရှင် ကောင်းကင်တိုင် ပေါ်ကနေ ခုန်ချခဲ့ပြီးနောက်တွင်လည်း သူမက သူ့ကို မဟာကမ္ဘာကြီးအတွင်းသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြန်သည်။

​ဒါကြောင့်မို့လို့ ငါးမွေးရတဲ့ ရည်ရွယ်ချက်က ဤကဲ့သို့ ဖြစ်ပေါ်လာမှာ မဟုတ်ချေ။

​အနည်းဆုံးတော့ ရိုးရိုးရှင်းရှင်းကြီး မဟုတ်နိုင်ပေ ။

​"ဒါဆို မင်း ပိုးပျံကောင် သေတ္တာရဲ့ လည်ပတ်မှုအပေါ် မင်းကိုယ်တိုင် ဝင် စွက်ဖက်ခဲ့ဖူးတာမျိုး ရှိလား"

​ထန်ထျန်းက နောက်တစ်ကြိမ် ထပ်မံ မေးမြန်းလိုက်ပြန်သည်။

​ယွမ်ကျိုးက တွေးတောလိုက်ပြီးမှ ပြောသည်။ "အဲ့ဒါလည်း ရှိတာပေါ့"

​"တချို့အချိန်တွေမှာ ပိုးပျံကောင် ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်း စိတ်ဝင်စားဖို့ကောင်းနေရင် ကျွန်တော်ကိုယ်တိုင် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ရဲ့ သဘာဝကို ထိန်းချုပ်ပြီး ကမ္ဘာကြီးကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် လုပ်ပစ်လိုက်တာမျိုး ရှိတယ်"

​"နောက်ပြီး တချို့အချိန်တွေကျရင် ကျွန်တော်က ပိုးပျံကောင် သေတ္တာထဲကို ထူးခြားတဲ့ ပစ္စည်းအချို့ တမင်တကာ ထည့်ပေးထားပြီး ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ကိုယ်တိုင် လိုက်ရှာခိုင်းတတ်တယ်"

​"တကယ်လို့ အဲ့ဒါကို ရှာမတွေ့ဘူး ဆိုရင်တော့ ကမ္ဘာကြီးက ပုံမှန်အတိုင်းပဲ ဆက်လက် ဖွံ့ဖြိုးတိုးတက်သွားမှာပေါ့"

​"ဒါပေမဲ့ တကယ်လို့ အဲ့ဒီပစ္စည်းတွေကို ရှာတွေ့သွားခဲ့မယ် ဆိုရင်တော့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်တစ်ခု ထပ်ပြီး ထွက်ပေါ်လာလိမ့်မယ်"

​"အမှန်အတိုင်း ပြောရရင်တော့ ဘယ်လို နည်းလမ်းပဲဖြစ်ဖြစ် ပိုးပျံကောင် သေတ္တာရဲ့ စိတ်ဝင်စားစရာ အပိုင်းကို တိုးမြင့်ဖို့အတွက်ပါပဲ"

​"ဘာလို့လဲဆိုတော့... ကျွန်တော်က တကယ်ပဲ ကစားရုံသက်သက်ပဲ ဟာကို..."

​ထန်ထျန်း နောက်တစ်ကြိမ် တိတ်ဆိတ် သွားခဲ့ရပြန်သည်။

​ခဏချင်းအတွင်းမှာပင် သူက ကိစ္စ အမြောက်အမြားကို စဉ်းစားမိသွားခဲ့သည်။

​ငါးမွေးသူ က ဘယ်တုန်းကမှ သူ၏ အတွေးနှင့် သူ၏ အပြုအမူကို ဝင် စွက်ဖက်ခဲ့ခြင်း မရှိပေ ။

​ဒါပေမဲ့ သူမက ကိစ္စနှစ်ခုကိုတော့ လုပ်ဆောင်ခဲ့ဖူးသည်။

​တစ်ခုကတော့ ကောင်းကင်ဝါးမြိုနတ်ဆိုး ကို စနစ်တစ်ခုအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

​အခြား တစ်ခုကတော့ သူ့ကို မဟာကမ္ဘာကြီးအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

​မဟာကမ္ဘာကြီးအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခြင်းကို နားလည်ရ လွယ်ကူလှပေသည်၊ အဘယ်ကြောင့်ဆိုသော် တကယ်လို့သာ သူ့ကို ပြန်မခေါ်လာခဲ့လျှင် ဤကမ္ဘာကြီး၏ ရလဒ်က လုံးဝ ဥဿုံ သတ်မှတ်ပြီးသား ဖြစ်သွားပေလိမ့်မည်၊ သူ ရှိနေမှသာ ပြောင်းလဲခြင်း အလှည့်အပြောင်းများ ရှိလာနိုင်မည် ဖြစ်၏။

​ပြီးတော့ ကောင်းကင်ဝါးမြိုနတ်ဆိုး ကို စနစ်အဖြစ် ပြောင်းလဲပေးခဲ့ခြင်းကလည်း...

​တကယ်တမ်းတော့ ၎င်းကိုလည်း ပြောင်းလဲခြင်း အလှည့်အပြောင်းတစ်ခုအဖြစ် နားလည်၍ ရပေသည်။

​တကယ်လို့သာ ထန်ထျန်းက စနစ်၏ စွမ်းအားကို သေသေချာချာ အသုံးမချဘဲ လျင်မြန်စွာ မကြီးထွားခဲ့လျှင် သို့မဟုတ် ချင်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာစဉ်ကတည်းက စည်းစိမ်ခံစားပြီး အေးအေးလူလူ ပျော်ပျော်ပါးပါး နေထိုင်ရန် ရွေးချယ်ခဲ့မည် ဆိုပါက ကမ္ဘာကြီးက အခြားသော ရလဒ်တစ်ခုဆီသို့ ဦးတည်သွားပေလိမ့်မည်။

​သို့မဟုတ် ထန်ထျန်းက သူ့ကိုယ်သူ စောစီးစွာ ထုတ်ဖော်ပြသမိပြီး မပြစ်မှားသင့်သည့် လူကို သွားရောက် ပြစ်မှားမိကာ နေရာတင် အသက်ပျောက်သွားခဲ့လျှင်လည်း မတူညီသည့် ရလဒ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

အ​ချုပ်ဆိုရသော် ပြောင်းလဲခြင်း အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

​ဤအချက်ကို အထက်က ပြောဆိုချက်များနှင့် ပေါင်းစပ်လိုက်လျှင်မူ စိတ်ဝင်စားစရာ အပိုင်းကို တိုးမြင့်လိုက်ခြင်းဟုလည်း နားလည်၍ ရပေသည်။

​ဒါဆိုရင်... အခြားသော ပြောင်းလဲခြင်း အလှည့်အပြောင်းများ ရှိနေသေးတာလား။

​ထန်ထျန်းတွင် ပြင်းထန်လှသော သာမန်ထက်ထူးခြားသည့် အာရုံတစ်ခု ရှိနေခဲ့သည်။

​သေချာပေါက် ရှိနေသေးတယ်ဆိုတာပဲ။

​ပြီးတော့ ဖြစ်နိုင်ခြေ အလွန် မြင့်မားသည်က ၎င်းက ကြိုတင်ပြီး ထည့်ထားခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်နိုင်ပြီး သူကိုယ်တိုင် ရှာဖွေနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်နေခြင်း ဖြစ်ရပေမည်။

​ထိုအချိန်တွင် ထန်ထျန်းက ကမ္ဘာ့အရှင် ယခင်က ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်လည် သတိရမိသွားခဲ့ပြန်သည်။

​"မင်း သေချာပေါက် လုပ်နိုင်မှာပါ"

​"မင်း ရှာတွေ့နိုင်သရွေ့ပေါ့"

​ဤနေရာသို့ စဉ်းစားမိသည့်အခါ ထန်ထျန်း အသက်ကို အရှည်ကြီး ရှူထုတ်လိုက်မိပြီး နောက်တစ်ကြိမ် မျက်လုံးကို ပြန်မှိတ်လိုက်ပြန်သည်။

​ရှုပ်ထွေးလှသော အတွေးပေါင်း အမြောက်အမြားက သူ့ဦးနှောက်အတွင်း၌ အပြန်အလှန် လှည့်ပတ်နေခဲ့ကြပြီး နောက်ဆုံးတွင်မူ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ရတော့၏။

​မဟာကမ္ဘာကြီးက ပိုးပျံကောင် သေတ္တာနှင့် မတူညီပေ ။

​ငါးမွေးသူ ကလည်း ယွမ်ကျိုးနှင့် မတူညီပေ ။

​ယွမ်ကျိုးနှင့် နှိုင်းယှဉ်လိုက်လျှင်မူ ငါးမွေးသူက သေချာပေါက် ပိုမို ရှုပ်ထွေးလှသလို နားလည်ရ ပိုခက်ခဲပြီး ခန့်မှန်းရလည်း ခက်ခဲလှပေသည်။

​သို့သော်ငြားလည်း နှစ်ဦးကြားတွင် တူညီလှသော အချက်အချို့တော့ ရှိနေဆဲပင် ဖြစ်၏။

​ကမ္ဘာ့အရှင် လုပ်ဆောင်ခဲ့ဖူးသည့် ကိစ္စများ၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြီးတော့ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အခြေအနေအမျိုးမျိုးကို ပေါင်းစပ်လိုက်သည့် အခါတွင်မူ ကမ္ဘာ့အရှင် ၏ စကား ဖြစ်သော "အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအား" ဆိုသည်မှာ အမှန်တကယ် တည်ရှိနေသည့် အရာတစ်ခု ဖြစ်ကြောင်း ထန်ထျန်း ဖြည်းဖြည်းချင်း စတင် ယုံကြည်လာခဲ့ရတော့သည်။

​ပြီးတော့ ဤအရာက ငါးမွေးသူ ဘက်က ကြိုတင်ပြီး ထည့်ထားခဲ့တာ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန် မြင့်မားလှပြီး သူကိုယ်တိုင် ၎င်းကို ရှာဖွေတွေ့ရှိနိုင်မလား ဆိုတာကိုပဲ ကြည့်ရမည် ဖြစ်၏။

​ဒါပေမဲ့ ဤအရာက တကယ်တမ်း ဘယ်နေရာမှာ ရှိနေတာလဲ။

​ထန်ထျန်းက အဆက်မပြတ် တွေး နေခဲ့မိပြီး ဖြစ်နိုင်ခြေ ရှိသည့် နေရာတိုင်းက သူ့ဦးနှောက်အတွင်း၌ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

​သို့သော်လည်း မကြာမီမှာပင် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ပြန်လည် ငြင်းပယ်လိုက်မိပြန်သည်။

​အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအားက တကယ်တမ်း မည်သည့်ပုံစံမျိုးဖြင့် မည်သည့်နေရာတွင် တည်ရှိနေနိုင်မည်နည်း...

​"စီနီယာကြီး..."

​"စီနီယာကြီး..."

​အတော်ကြာပြီးနောက် ထန်ထျန်း၏ အတွေးများက အပြင်ဘက်က ထွက်ပေါ်လာသော အသံကြောင့် ပြန်လည် နိုးထလာခဲ့ရသည်။

​၎င်းက ယွမ်ကျိုးပင် ဖြစ်၏။

​သူက ထန်ထျန်းတစ်ယောက် ဤစကားလုံးများကို ကြားပြီးနောက်တွင် အချိန်အတော်ကြာ ကြောင်အမ်းငေးမောနေသည်ကို မြင်ရသဖြင့် မနေနိုင်ဘဲ လှမ်းနှိုးလိုက်ခြင်း ဖြစ်သည်။

​"စီနီယာကြီး... အခြား ညွှန်ကြားစရာများ ရှိပါသေးသလား"

​ယွမ်ကျိုးက ကြောက်ကြောက်လန့်လန့်ဖြင့် တိုးတိုးလေး မေးလိုက်သည်။

​ထန်ထျန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်သည်။

​ဘာမှ မရှိတော့ပေ ၊ ခရစ်စတယ် သေတ္တာက သူ့ဘာသာသူ ဘာကိုမျှ ကိုယ်စားမပြုနိုင်သော်လည်း ငါးမွေးသူ ကြိုတင်ပြီး ထည့်ထားခဲ့သည့် ထိုပစ္စည်းကသာ အရေးအကြီးဆုံးသော သော့ချက် ဖြစ်ပေသည်။

​သူက ၎င်းကို ရှာဖွေတွေ့ရှိမှသာ အရာအားလုံး၏ ရလဒ်ကို ပြန်လည် ပြင် ရေး နိုင်မည် ဖြစ်၏။

​"အော်... ဒါနဲ့၊ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"

​ထန်ထျန်းက ဘေးနားက ကျူးကျစ်ယန်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ပြောသည်။ "ငါ လူတစ်ယောက်ရဲ့ သတင်းကို စုံစမ်းချင်လို့"

​"ကျူးကျိယွီ"

​"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ထင်တယ်၊ သူက မွေးရာပါ မျိုးစေ့ အဆင့်အတန်းနဲ့ မြင့်မြတ်နန်းတော်ဆီကို ခေါ်ဆောင်ခံခဲ့ရတာ"

​ဤမေးခွန်းကို ကြားလိုက်ရသည့်အခါ ကျူးကျစ်ယန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ရပြီး မျက်ဝန်းအစုံတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။

​ယွမ်ကျိုးကမူ ခေတ္တမျှ တွေး လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။ "ဒီမွေးရာပါ မျိုးစေ့နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ အနည်းငယ် မှတ်မိတာ ရှိပါတယ်"

​"သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက အရမ်း ကောင်းမွန်လွန်းတယ်၊ နှစ်ပေါင်း ထောင်ချီမှ တစ်ယောက် ပေါ်ထွန်းတတ်တဲ့ အမျိုးအစားထဲကပဲ"

​"အထက်လူကြီးတွေက ဒီလိုအဆင့်မျိုးရှိတဲ့ ပါရမီရှင်ကို အရမ်း ဂရုစိုက်ကြတယ်"

​"ဒါကြောင့်မို့လို့ ဘာမှ အဆင်မပြေတာမျိုး မရှိဘူး ဆိုရင်တော့..."

​"သူက အခုအချိန်မှာ ယန်ကွမ်းမြို့ဆီကို ရောက်ရှိနေလောက်ပါပြီ"

All Chapters