အခန်း ၉၀၅
Vol. 87 Ch. 905
အခန်း (၉၀၅) ယန်ကွမ်းမြို့ဆီသို့
အချိန်တွေက တစ်ရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။
နှစ်တစ်ဝက် ခန့်ရှိသော အချိန်ကာလက မျက်စိတစ်မှိတ်အတွင်း ထပ်မံ၍ ကုန်လွန်သွားခဲ့ပြန်ပြီ ဖြစ်၏။
ပြီးခဲ့သည့်တစ်ခေါက် မြင့်မြတ်နန်းတော်မှ ပြန်လာပြီးကတည်းက ကျူးကျစ်ယန်တစ်ယောက် နောက်ထပ် ပြန်မလာခဲ့တော့ပေ ။
ထန်ထျန်းနှင့် ရှောင်ယင် နှစ်ယောက်ကတော့ ယခင်အတိုင်းပင် သူတို့၏ အေးချမ်းသော နေ့ရက်များဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြသည်။
သို့သော်လည်း ရှောင်ယင်ကတော့ ကျင့်ကြံခြင်းအပေါ်တွင် ပိုမို၍ အာရုံစိုက် လာခဲ့သည်။ နှစ်ဝက် နီးပါး ကုန်ဆုံးသွားပြီးနောက်တွင် သူမက ကောင်းကင်အင်မော်တယ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ဤကျင့်ကြံခြင်း အမြန်နှုန်း က ပါရမီရှင်အားလုံးကို အပြတ်အသတ် ကျော်လွန်နေသည်ဟု ဆိုရပေလိမ့်မည်။
သို့သော်လည်း အမှန်တကယ်တွင်မူ သူမက သူမ၏ ကန့်သတ်ချက်သို့ အခြေခံအားဖြင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ရွှေအင်မော်တယ် အဆင့် သို့ ရောက်ရှိပြီးနောက်တွင်မူ သူမ၏ ကျင့်ကြံခြင်း အမြန်နှုန်း က သိသိသာသာ နှေးကွေးသွားတော့မည် ဖြစ်၏။
တကယ်လို့သာ သူမကိုယ်တိုင်ဘက်က ပြောင်းလဲမှုနှင့် အဆင့်တက်မှု အချို့ကို မလုပ်နိုင်ခဲ့ပါက တာအိုနယ်ပယ် အရှေ့မှာတင် ထာဝရ ရပ်တန့်သွားရပေလိမ့်မည်။
ထန်ထျန်းကတော့ အမြဲတမ်းလိုလို မိုးမခ ပင်ကြီးအောက်မှာ ထိုင်ရင်း စားပွဲပေါ်တင်ထားသည့် ပိုးပျံကောင် သေတ္တာကို တိတ်ဆိတ်စွာ ကြည့်နေဆဲပင် ဖြစ်သည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက တိကျတဲ့ ရလဒ်တစ်ခုခုကို ရရှိဖို့အတွက် ယခင်ကလိုမျိုး အမျိုးမျိုးသော စမ်းသပ်မှုတွေနဲ့ ကြိုးစား မှုတွေကို မလုပ်တော့ပေ ။
ဒီတစ်ခေါက်တွင် သူက တိတ်ဆိတ်စွာသာ စောင့်ကြည့်နေခဲ့ပြီး ခုနစ်ရောင်ခြယ် ပိုးပျံကောင်နှင့် အခြားသော သာမန် ပိုးပျံကောင်များအကြား သဘာဝအလျောက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ကို အပြင်လူတစ်ယောက် အနေအထားဖြင့်သာ ပိုးပျံကောင် ကမ္ဘာငယ်လေး၏ ကြီးပွားတိုးတက်မှုနှင့် ပျက်သုဉ်းမှု လမ်းကြောင်းကို အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
သူ၏ စိတ်ခံစားချက်ကလည်း လုံးဝဥဿုံ အေးချမ်း တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။
သူ ဘာတွေ တွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြပေ ။
သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့် အနက်ရောင် ပုတီးစေ့လိုမျိုးပင် ကမ္ဘာ့အရှင်၏ တကယ့် နာမည်နှင့် ပုံတူပန်းချီကားက ဘယ်လိုမျိုး ပုံသဏ္ဌာန် ရှိလဲဆိုတာကိုလည်း ဘယ်သူမှ မသိရှိနိုင်ကြပေ ။
ဒီနေ့ကလည်း ပုံမှန်အတိုင်းပင် အေးအေးလူလူ ရှိလှသော နေ့တစ်နေ့ ဖြစ်ပေသည်။
ထန်ထျန်းက ထိုင်ရင်း လက်ဖက်ရည် သောက်နေပြီး ရှောင်ယင်ကတော့ အခန်းထဲတွင် ကျင့်ကြံနေခဲ့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို ထန်ထျန်း လက်ဖက်ရည် သောက်နေသည့် လက်က အနည်းငယ် တုန့်ဆိုင်းသွားခဲ့၏။
နောက်တစ်ခဏတွင်မူ အစွမ်းထက် လှသော အော်ရာ တစ်ခုက ဝေးလံသော အရပ်ဆီမှ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ ၎င်းက တာအို အဆင့်ထက် ကျော်လွန်သော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေသည်။
ခဏအကြာတွင်တော့ ရင်းနှီးနေသည့် ပုံရိပ်နှစ်ခုက ကောင်းကင်ယံထက်မှ ခြံဝင်းလေးအတွင်းသို့ ဆင်းသက်လာခဲ့ကြ၏။
၎င်းတို့ကတော့ နှစ်ဝက် နီးပါးခန့် မတွေ့ရတော့သည့် ကျူးကျစ်ယန်နှင့် ယွမ်ကျိုးတို့ပင် ဖြစ်ကြသည်။
ဤနှစ်ဝက်ကျော်အတွင်း ကြိုးစား မှုများကြောင့် ကျူးကျစ်ယန်၏ ကျင့်ကြံခြင်း အဆင့်နှင့် ခွန်အားက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အစွမ်းထက် လှသော အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူမ ခန္ဓာကိုယ်ပေါ်မှ အော်ရာ က နက်ရှိုင်းပြီး အတက်အကျ မမှန် ဖြစ်နေခဲ့ရာ ကျင့်ကြံခြင်း အဆင့်တူများထဲတွင် သူမကို ယှဉ်ပြိုင်နိုင်မည့်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
ယွမ်ကျိုးကတော့ ယခင်အတိုင်းပင် ရိုသေ လှသော အပြုံးကို မျက်နှာပေါ်တွင် ချိတ်ဆွဲထားဆဲ ဖြစ်၏။
"စီနီယာကြီးကို ဂါရဝပြုပါတယ်"
သူက ကိုယ်ကို ညွတ်ကာ ပြော လိုက်သည်။
ထန်ထျန်းက သူ၏ ထိုင်နေသည့် ပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရင်း ပြောသည်။ "ကျစ်ယန်က ယန်ကွမ်းမြို့ကို သွားခွင့်ရမယ့် အရည်အချင်း ရရှိသွားပြီပေါ့"
"မင်းက ကိုယ်တိုင်တောင် သတင်းလာပေးသေးတာပဲ"
သူက စိတ်ဝင်တစားဖြင့် ပြောလိုက်ခြင်း ဖြစ်၏။
သူတို့နှစ်ယောက်၏ မျက်နှာပေါ်က အမူအရာကို ကြည့်ရုံမျှဖြင့် ဘာကိစ္စ ဖြစ်ပျက်ခဲ့လဲဆိုတာကို သူ အခြေခံအားဖြင့် ခန့်မှန်းမိပြီးသား ဖြစ်သည်။
ကျူးကျစ်ယန်က သူမ၏ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ဖိနှိပ်ထားသော်လည်း ထိုကဲ့သို့ စိတ်လှုပ်ရှားမှုကိုတော့ လုံးဝ ဖုံးကွယ်မထားနိုင်တော့ပေ ။
ဒီလို ဖြစ်နိုင်တာက ဤကိစ္စတစ်ခုတည်းသာ ရှိပေသည်။
ယွမ်ကျိုးက ကိုယ်ကို မတ်လိုက်ပြီး ပြုံးလျက် ပြောသည်။ "ဒီသတင်းကောင်းကို စီနီယာကြီးဆီ တတ်နိုင်သမျှ မြန်မြန် လာပြောချင်လို့ပါ"
"မိန်းကလေးကျစ်ယန်တစ်ယောက် ရွေးချယ်ခံရပြီးတာနဲ့ ကျွန်တော် သူမကို ခေါ်ပြီး ချက်ချင်း အပြေးအလွှား လာခဲ့တာပါ"
ထန်ထျန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ လက်ဖက်ရည် ကို အေးအေးလူလူ တစ်ငုံ သောက်လိုက်ပြီးနောက်မှပင် နှုတ်ဟလာခဲ့သည်။ "ဒါတင်ပဲလား"
ထန်ထျန်း၏ တုံ့ပြန်မှုက သူ ထင်မှတ်ထားသလို ဖြစ်မလာတာကို တွေ့လိုက်ရသဖြင့် ယွမ်ကျိုးက ချောင်းဆိုးဟန်ဆောင်ကာ အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ ဆက်ပြောသည်။ "အဲ... အကုန်လုံးတော့ မဟုတ်သေးပါဘူး"
"ကျွန်တော် စီနီယာကြီးကို ပြောပြချင်တာက ယန်ကွမ်းမြို့ဘက်က လမ်းကြောင်းကို ကျွန်တော် ကြိုတင်ပြီးတော့ ချိတ်ဆက်ပေးထားပြီးပါပြီ"
"အဲ့ဒီကို ရောက်သွားရင် သီးသန့် လာကြိုမယ့်သူ ရှိပါတယ်၊ စီနီယာကြီးတို့အတွက် အရာအားလုံးကို အဆင်ပြေချောမွေ့အောင် အသေအချာ စီစဉ်ပေးထားမှာပါ"
ထန်ထျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်၏။ "ငါတို့ ဟုတ်လား"
ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
"မူလက မြင့်မြတ်နန်းတော်ရဲ့ စည်းမျဉ်းအရဆိုရင်တော့ မိန်းကလေးကျစ်ယန် တစ်ယောက်တည်းပဲ ယန်ကွမ်းမြို့ကို သွားခွင့်ရှိတာပါ"
"ဒါပေမဲ့ ကျွန်တော် သူတို့နဲ့ သေသေချာချာ ဆွေးနွေး ညှိနှိုင်းပေးခဲ့ပါတယ်"
"ဘာပဲဖြစ်ဖြစ်... စီနီယာကြီးနဲ့ မိန်းကလေးရှောင်ယင်က မိန်းကလေးကျစ်ယန်ရဲ့ အရေးကြီးဆုံး မိသားစုဝင်တွေပဲလေ ၊ သူတို့က ခွဲခွာရတာကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ"
"နောက်ဆုံးတော့ ကျွန်တော့်ဘက်က အတင်းအကျပ် အကျိုးအကြောင်းပြ ပြောပြီးတဲ့နောက်မှာ အားလုံးက ခြွင်းချက်အနေနဲ့ မိန်းကလေးကျစ်ယန်အတွက် နေရာနှစ်နေရာ ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်"
"ဆိုလိုတာကတော့ စီနီယာကြီးနဲ့ မိန်းကလေးရှောင်ယင်တို့က မိန်းကလေးကျစ်ယန်နဲ့အတူ ယန်ကွမ်းမြို့ဆီကို လိုက်ပါသွားလို့ ရပါပြီ"
"အင်း... ဒါပါပဲ"
ထန်ထျန်း၏ မျက်နှာပေါ်တွင် ပြုံးစိစိ အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဒီကောင်... ဘာလုပ်ချင်နေတာလဲ။
ယွမ်ကျိုးက ဒီလောက်အထိ စေတနာကောင်း ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။
သို့သော်လည်း ပြီးခဲ့သည့်တစ်ခေါက် တွေ့ဆုံခဲ့ပြီးကတည်းက အခုအထိ နှစ်ဝက် နီးပါး ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း အလင်းကမ္ဘာဘက်က လူတွေ တံခါးလာခေါက်တာမျိုး မရှိသေးပေ၊ ထိုအရာကို ကြည့်ခြင်းအားဖြင့် ယွမ်ကျိုးက ဤကိစ္စကို ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့ပုံရသည်။
သူက ကိစ္စကို အကြီးအကျယ် မဖြစ်စေချင်ပေ။
ဒါဆိုရင် အခုလိုမျိုး ကိစ္စတွေကို လုပ်ပေးနေတဲ့ အကြောင်းအရင်းက အလွန် ထင်ရှားလှပေသည်။
ယွမ်ကျိုးက ထန်ထျန်း တည်းဟူသော "စီနီယာကြီး " ကို ကျင်းရှန် မြို့ထဲကနေ အမြန်ဆုံး မောင်းထုတ်ချင်နေခြင်း ဖြစ်၏။
သို့သော်လည်း ထန်ထျန်းကတော့ ဂရုမစိုက်ပေ၊ သူကိုယ်တိုင်လည်း ကျင်းရှန် မြို့မှာ အမြဲတမ်း နေထိုင်သွားဖို့ အစီအစဉ် မရှိခဲ့ဘဲ အခွင့်အရေးတစ်ခုကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
လက်ရှိ က အခြေအနေက... မထင်မှတ်ဘဲ အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
"ရတယ်၊ ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်"
"မင်းကို ငါ ဘာပြန်ပေးရမလဲ"
ထန်ထျန်းက ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသဖြင့် ယွမ်ကျိုးတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် သက်သာရာရ သွားတော့သည်။
သူက အလျင်အမြန်ပင် ပြုံးကာ ပြောသည်။ "ဟားဟားဟား... အဲ့ဒါကတော့ သေချာပေါက် မလိုပါဘူးဗျာ"
"စီနီယာကြီးအတွက် ကူညီ ခွင့်ရတာက ကျွန်တော့်ရဲ့ ကုသိုလ်ပဲလေ ၊ ဘာ အကျိုးအမြတ်မှ ပြန်မတောင်း ပါဘူး"
"ဒါက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ..."
ခဏအကြာတွင်တော့ ယွမ်ကျိုးက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခြံဝင်းလေးထဲကနေ ထွက်သွားခဲ့တော့သည်။
ကျူးကျစ်ယန်ကတော့ အနည်းငယ် သက်ပြင်းချရင်း မတတ်သာသလို ပြောရှာသည်။ "ကျွန်မ ရွေးချယ်ခံရဖို့ စမ်းသပ်မှု ဝင်နေတုန်းက သူက အပြင်မှာ အမြဲတမ်း စောင့်နေခဲ့တာ"
"အောင်မြင်ပြီးတာနဲ့ ကျွန်မကို ဆွဲပြီး ချက်ချင်း ပြန်လာခဲ့တာပဲ၊ ငြင်းဆန်ဖို့တောင် အခွင့်အရေး မရလိုက်ဘူး"
"ဒါပေမဲ့လည်း..."
"ဒီနှစ်ဝက်အတွင်းမှာ သူ ကျွန်မကို တကယ်ပဲ အများကြီး စောင့်ရှောက်ပေးခဲ့ပါတယ်"
ထန်ထျန်းက ဂရုမစိုက်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
"ဘာမှမဖြစ်ဘူး၊ သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး"
"မင်း ဘယ်အချိန် ယန်ကွမ်းမြို့ကို သွားဖို့ ပြင်ဆင်ထားလဲ"
ကျူးကျစ်ယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောသည်။ "ကျွန်မ မူလက ကျွန်မတစ်ယောက်တည်းပဲ သွားရမယ် ထင်ထားလို့ အများကြီး မတွေးမိခဲ့ဘူး၊ မြင့်မြတ်နန်းတော်က အခြားလူတွေနဲ့အတူ သွားဖို့ပဲ စောင့်နေခဲ့တာ"
"ဒါပေမဲ့ စီနီယာယွမ်ကျိုးက ကျွန်မတို့ကို သီးသန့် လမ်းကြောင်း ဖွင့်ပေးထားတယ်၊ ကျွန်မတို့ အဆင်သင့်ဖြစ်တာနဲ့ အချိန်မရွေး တည်နေရာကူးပြောင်း အစီအရင် ကို ဖွင့်ပေးနိုင်တယ်လို့ ပြောတယ်"
"ဒါကြောင့်... ကျွန်မ တတ်နိုင်သမျှ မြန်မြန် သွားချင်ပါတယ်"
ထန်ထျန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ၊ ဒါဆိုရင်တော့ မင်း သွားပြီး ရှောင်ယင်ကို ခေါ်လိုက်တော့"
"ငါကတော့ အချိန်မရွေး သွားလို့ရတယ်"
ကျူးကျစ်ယန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။
ခဏအကြာတွင်တော့ သခင်နှင့် အစေခံ နှစ်ယောက် ပြန်လည် ဆုံစည်းခွင့် ရခဲ့ကြသည်။
ဤမျှ ကြာမြင့်လှသော အချိန်ကာလအတွင်း တစ်ယောက်တည်း သီးသန့် ကျင့်ကြံနေခဲ့ရသဖြင့် ရှောင်ယင်၏ စရိုက်က အနည်းငယ် ပြောင်းလဲသွားလိမ့်မည်ဟု ထန်ထျန်း ထင်မှတ်ထားခဲ့သော်လည်း သူမက ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။ ကျူးကျစ်ယန်ကို မြင်လိုက်ရသည်နှင့် သူမကို ဖက်ကာ မျက်ရည် တောက်တောက်ကျအောင် ငိုကြွေးနေခဲ့ပြီး မကြီးပြင်း သေးသည့် ကလေးမလေးတစ်ယောက်လို ဖြစ်နေခဲ့ရသည်။
အင်း... သူမက မူလကတည်းက ကလေးမလေးတစ်ယောက်ပဲဟာ။
သူမအနေဖြင့် ကျူးကျစ်ယန်နှင့်အတူ ယန်ကွမ်းမြို့သို့ လိုက်ပါသွားနိုင်ကြောင်း သိလိုက်ရသဖြင့် ရှောင်ယင်တစ်ယောက် အလွန်အမင်း ပျော်ရွှင်သွားခဲ့ရသည်။
ထို့အပြင် ထန်ထျန်းပါ အတူတူ လိုက်ပါလာမည် ဖြစ်ကြောင်း ထပ်မံ သိရှိရသောအခါတွင်မူ သူမက ပျော်လွန်းလို့ ကောင်းကင်ပေါ် ပျံတက်မတတ် ဖြစ်သွားခဲ့ရပြီး မျက်နှာပေါ်က အပြုံးများက လုံးဝ ပျောက်ကွယ်မသွားတော့ပေ ။
သူတို့ သုံးယောက် တည်နေရာကူးပြောင်း အစီအရင် ပေါ်သို့ တက်လှမ်းသည့် အချိန်အထိပင် ရှောင်ယင်က တစ်ဖက်စီတွင် လက်တစ်ဖက်စီ ဆွဲထားရင်း အပျော်ကြီး ပျော်နေခဲ့ကာ သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုဟူသော စကားလုံးနှစ်လုံးက အထင်းသား ပေါ်လွင်နေခဲ့သည်။
ကလေးမလေးက ဤမျှလောက်နှင့်တင် ကျေနက် လှပေသည်၊ အားလုံး အတူတူ ရှိနေသရွေ့ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် အရာအားလုံးကို မေ့ပျောက်သွားစေရန် လုံလောက်ပေ၏။
ထို့နောက်တွင်မူ တည်နေရာကူးပြောင်း အစီအရင် မှ လင်းလက်လာသော အလင်းတန်းများနှင့်အတူ သူတို့ သုံးယောက်လုံး ပျောက်ကွယ်သွားခဲ့ကြတော့သည်။
တည်နေရာကူးပြောင်းအစီအရင် ၏ စွမ်းအားလှိုင်းများ အားလုံး ပျောက်ကွယ်သွားပြီးသည့်နောက်မှသာ ဝေးလံသော အရပ်ဆီမှ ယွမ်ကျိုးတစ်ယောက် သက်ပြင်း ကို ဝူးခနဲ အရှည်ကြီး မှုတ်ထုတ်လိုက်နိုင်တော့သည်။
"ဟူး..."
"နောက်ဆုံးတော့ အဲ့ဒီ စီနီယာ ကြီးကို ပို့ပေးနိုင်ခဲ့ပြီ"
"တကယ်လို့ ကျင်းရှန် မြို့မှာသာ ဆက်ရှိနေရင် ဘယ်လိုမျိုး ကိစ္စကြီးတွေ ထပ်ပြီး မွှေဦးမလဲဆိုတာ သိကြားမင်း တောင် သိမှာ မဟုတ်ဘူး"
"အချိန်က အများကြီး မကျန်တော့ဘူး၊ တည်တည်ငြိမ်ငြိမ် ရှိနေတာက အကောင်းဆုံးပဲ"
"ဒီ စီနီယာ ကြီးကိုတော့..."
"ယန်ကွမ်းမြို့ဆီပဲ ပို့လိုက်တာ အကောင်းဆုံးပဲ၊ အဲ့ဒီက လူတွေပဲ ခေါင်းကိုက်ကြပါစေတော့"
ပြောပြီးသည်နှင့် ယွမ်ကျိုးက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပါးလှသော လေချွန်သံလေး တစီစီဖြင့် လှည့်ပြန် ထွက်သွားခဲ့တော့သည်။