← Chapters

အခန်း ၉၀၇

Vol. 87 Ch. 907

အခန်း ၉၀၇

Vol. 87 Ch. 907

အခန်း (၉၀၇) ငါ့အဖေက ဝမ်ကန်း

​မဟာ ကမ္ဘာကြီး ဆီ ပြန်ရောက်လာကတည်းက ထန်ထျန်းတစ်ယောက် ယခင်က မိတ်ဟောင်းဆွေဟောင်းများနှင့် တစ်ကြိမ်မျှ မဆုံတွေ့ရသေးချေ။

​သူ့မှာ လောလောဆယ် ထိုသို့လုပ်ရန် အစီအစဉ်လည်း မရှိသေးပေ။

​အကယ်၍ အခြေခံကျသော ပြဿနာကို မဖြေရှင်းနိုင်ပါက တွေ့ဆုံခဲ့လျှင်ပင် ထူးခြားသည့် အဓိပ္ပာယ် များများစားစား ရှိလိမ့်မည်မဟုတ်။

​ထို့ပြင် သူ မထွက်သွားမီအချိန်က အရာအားလုံးကို အစီအစဉ်တကျ ပြင်ဆင်ပေးခဲ့သဖြင့် သူတို့အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေကြမည်ဖြစ်ရာ အလွန်အမင်း စိုးရိမ်ပူပန်နေရန် မလိုပေ။

​သို့သော်လည်း ယနေ့တွင် မထင်မှတ်ဘဲ ပုံရိပ်ယောင်ကမ္ဘာ၏ အစီအရင်ပြားကို တွေ့လိုက်ရသဖြင့် ကြုံကြိုက်ခိုက် အတွင်းသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

​ထျန်းရှထုန် ကုန်သွယ်ရေးအသင်းနှင့် မြင့်မြတ်နန်းတော်တို့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြသည့် ကိစ္စအပေါ် သူ အနည်းငယ် စိတ်ဝင်စားမိသည်ကား အမှန်ပင်။

​"ပုံရိပ်ယောင်ကမ္ဘာ တဲ့လား"

​"အဲ့ဒီနေရာက ဆော့လို့ကောင်းလားဟင်"

​ရှောင်ယင်က စပ်စပ်စုစုဖြင့် စိတ်ဝင်တစား မေးမြန်းလာ၏။

​ထန်ထျန်းက ခေါင်းညိတ်ပြသည်။ "ဆော့လို့ကောင်းတယ်"

​"အဲ့ဒါက ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖြစ်ပေမဲ့ အခုလက်ရှိ မဟာ ကမ္ဘာထက်စာရင်တော့ အဆပေါင်းများစွာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်"

​"ပြီးတော့ အဲ့ဒီနေရာမှာဆိုရင် တကယ့် နေမင်း က ဘယ်လိုပုံစံမျိုးလဲဆိုတာကို မင်း သေချာပေါက် မြင်တွေ့ရလိမ့်မယ်"

​နေမင်း အကြောင်း ကြားလိုက်ရသည်နှင့် ရှောင်ယင်တစ်ယောက် ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့တော့၏။

​"တကယ်ကြီးလား"

​"ဒါဆိုရင် ကျွန်မတို့ မြန် မြန်သွားကြရအောင်"

​ပြောရင်း သူမက အစီအရင်ပြား ဘေးနားသို့ ခုန်ဆင်းသွားခဲ့သည်။

​သို့သော်လည်း သူမက ချက်ချင်းပင် ပြဿနာတစ်ခုနှင့် ကြုံတွေ့သွားရ၏။ "ဒါပေမဲ့ အစီအရင်ပြားက တစ်ခုတည်းရှိတာကို ဘယ်လိုလုပ်မလဲ"

​"ခုနက အဖိုးပြောတာတော့ လူတစ်ယောက်ပဲ သုံးလို့ရတာဆို"

​ထန်ထျန်းက ပြုံးလျက် ပြောသည်။ "မင်းပဲ သုံးလိုက်ပါ"

​"ငါကတော့ ဒါကို မသုံးဘဲနဲ့လည်း ဝင်လို့ရတယ်"

​ရှောင်ယင်က ယုံ တစ်ဝက် မယုံ တစ်ဝက် ဖြစ်နေသော်လည်း ထန်ထျန်း၏ စကားကို နားထောင်လိုက်ဆဲပင်။

​ထို့နောက် ထန်ထျန်း၏ ညွှန်ကြားချက်အတိုင်း သူမက စိတ်ဝိဉာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ကာ အစီအရင်ပြားအတွင်းသို့ စီးဆင်းဝင်ရောက်စေခဲ့သည်။

​ထန်ထျန်းကလည်း ထပ်မံ၍ အချိန်ဆွဲမနေတော့ဘဲ အစီအရင်ပြားမှတစ်ဆင့် စိတ်ဝိဉာဉ်ဖြင့် အတွင်းပိုင်းရှိ 'ရှောင်ကျိ ကို တိုက်ရိုက် ဆက်သွယ်လိုက်၏။

​"အရှင်သခင်..."

​ရှောင်ကျိ၏ အသံက လျင်မြန်စွာပင် ထွက်ပေါ်လာခဲ့သည်။

​၎င်းက အမှန်တကယ်တွင် စိတ်ခံစားချက် ကင်းမဲ့နေသည့် အရာဖြစ်သော်လည်း ထန်ထျန်းကတော့ ဤအော်ဟစ်သံထဲမှတစ်ဆင့် ထိုလှုပ်ရှားတုန်ရင်နေသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပေသည်။

​"အင်း... ငါ ပြန်လာပြီ"

​ထန်ထျန်း၏ ပုံရိပ်က ပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်နေရာတွင် ပေါ်ထွက်လာခဲ့တော့၏။

.....

​စိတ်ဝိဉာဉ်က အစီအရင်ပြားအတွင်းသို့ ရောက်ရှိသွားသည့် အချိန်မှစ၍ ရှောင်ယင်တစ်ယောက် လုံးဝ ဥဿုံ အံ့အားသင့် သွားခဲ့ရသည်။

​သူမက တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သလို စိတ်ကူးထဲတွင်ပင် ပုံဖော်ကြည့်နိုင်ခြင်း မရှိခဲ့ချေ။

​လင်းထိန်တောက်ပနေသော ကမ္ဘာကြီး၊ မြေပြင်အနှံ့ ပွင့်လန်းနေကြသည့် အရောင်အသွေးစုံလင်လှသော ပန်းမန်များ၊ ကြည်လင်အေးမြလှသော စိမ့်စမ်းရေများနှင့် လေညင်းထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေကြသည့် စိမ်းစိုစို သစ်ရွက်နုလေးများ... ထိုအရာတိုင်းက သူမ၏ ကမ္ဘာ့အမြင်ကို အပြင်းအထန် ရိုက်ခတ်နေခဲ့သည်။

​ဤအရာတွေက တကယ်ပဲ တည်ရှိနေတာ ဟုတ်ရဲ့လား။

​ရှောင်ယင်က ခေါင်းကို အပြင်းအထန် ရမ်းခါလိုက်ရင်း ဤနေရာက ပုံရိပ်ယောင် ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်း သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးနေမိသည်။

​သို့သော်လည်း အရှေ့က မြင်ကွင်း၏ ဆွဲဆောင်မှုက ပြင်းထန်လွန်းလှသဖြင့် သူမတစ်ယောက် ဤနှိုင်းယှဉ်၍မရနိုင်သော အလှတရားများကြားတွင် ချက်ချင်းပင် နစ်မျောကာ ရုန်းမထွက်နိုင် ဖြစ်သွားခဲ့ရတော့၏။

​အကယ်၍ ထန်ထျန်းသာ သူမကို ဦးဆောင်၍ အသိမပေးခဲ့ပါက သူမသည် ဤလှပသော မြင်ကွင်းများထဲတွင် လမ်းပျောက်သွားပေလိမ့်မည်။

​"အစ်ကို... ထန်..."

​"ကျွန်မ တကယ်ကို..."

​"ဒီအရာတွေက..."

​သူမမှာ စကားလုံးများကို စနစ်တကျ စီစဉ်ပြီး ဝါကျအပြည့်အစုံပင် မပြောနိုင်တော့ချေ။

​ထန်ထျန်းကတော့ သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်ရင်း ပြော သည်။ "တကယ့် ကမ္ဘာကြီးက မူလကတည်းက ဒီလိုပုံစံမျိုးပဲ"

​"အနည်းဆုံးတော့... အရင်တုန်းက ဒီလိုရှိခဲ့တာပေါ့"

​ရှောင်ယင်က ပါးစပ်လေး အနည်းငယ် ဟလိုက်ပြီး အရှေ့က မြင်ကွင်းကို ကြည့်ကာ မျက်ဝန်းထဲတွင် ဝေဝေဝါးဝါး တွေဝေမှုများ ပြည့်နှက်သွားခဲ့ရသည်။

​"မဟာ ကမ္ဘာကြီးကလည်း ဒီလို ဖြစ်လာနိုင်မလားဟင်"

​"ဒါနဲ့ သူတို့က ဘယ်လိုမျိုး ပျောက်ကွယ်သွားခဲ့တာလဲ"

​"သူတို့... ပြန်လာဦးမှာလားဟင်"

​ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပြန်လာမှာပါ"

​ထို့နောက် သူက ရှောင်ယင်၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြုံးလိုက်၏။ "အရင်ဆုံး ပုံရိပ်ယောင်ကမ္ဘာထဲကို သွားကြရအောင်"

​"မင်း ဒီနေရာမှာ အကြာကြီး ရပ်နေမိပြီ"

​ရှောင်ယင်က ချက်ချင်းပင် ကြောင်အမ်းသွားသည်။ "ဟမ်"

​"ဒီနေရာက ပုံရိပ်ယောင်ကမ္ဘာ မဟုတ်သေးဘူးလား"

​ထန်ထျန်းက ပြုံး လျက် ခေါင်းညိတ်ပြသည်။ "ဒီနေရာက ပုံရိပ်ယောင်ကမ္ဘာရဲ့ ဝင်ပေါက်သက်သက်ပဲ ရှိသေးတယ်"

​"အတွင်းထဲကို ရောက်သွားမှ တကယ့် ပုံရိပ်ယောင်ကမ္ဘာအစစ် ဖြစ်တာ"

​"အဲ့ဒီကျရင်တော့ အခုလိုမျိုး စိတ်လွတ်ကိုယ်လွတ် နစ်မျောမသွားစေနဲ့ဦး"

​ရှောင်ယင်က မျက်လုံးလေးအဝိုင်းသားဖြင့် ငေးကြည့်နေမိပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

​ခဏအကြာတွင်တော့ ထန်ထျန်းက ရှောင်ယင်ကို ခေါ်ဆောင်ကာ ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ လှမ်းဝင်လိုက်ကြသည်။

​ဤနေရာကား မြို့တစ်မြို့ ဖြစ်ပြီး လူအများအပြား အသွားအလာ ရှုပ်ထွက်ကာ အပြင်ကမ္ဘာထက်ပင် အဆပေါင်းများစွာ ပိုမို စည်ကားသိုက်မြိုက်နေသေး၏။

​ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော နေမင်း က ရှောင်ယင်ကို နေရာတွင်တင် ကြောင်အမ်းသွားစေခဲ့ပြီး ချက်ချင်းပင် စိတ်လွတ်သွားခဲ့ရပြန်သည်၊ ခုနက ထန်ထျန်း ကြိုတင်သတိပေးထားခဲ့သမျှမှာ ဘာမှ အသုံးမဝင်တော့ချေ။

​အခြားနည်းလမ်းမရှိသဖြင့် ထန်ထျန်းက သူမကို အသိပြန်ဝင်လာအောင် ထပ်မံ၍ နှိုး ပေးလိုက်ရသည်။

​အချိန်အနည်းငယ် ပေးလိုက်ပြီးနောက်တွင်မှ ရှောင်ယင်တစ်ယောက် ပုံရိပ်ယောင်ကမ္ဘာ၏ ပတ်ဝန်းကျင်နှင့် စတင် အသားကျလာခဲ့၏။

​ထို့အပြင် ပုံရိပ်ယောင်ကမ္ဘာ၏ အခြေခံ စည်းမျဉ်းအချို့ကို ရှင်းပြပေးရန် အချိန်အနည်းငယ် ထပ်မံ အသုံးပြုလိုက်ပြီးနောက်တွင်မှ ဤကလေးမလေးမှာ နောက်ဆုံးတွင် တစ်ဖြည်းဖြည်းနှင့် တည်ငြိမ်သွားခဲ့တော့သည်။

​"မင်း ဒီနေရာမှာ အရင် လျှောက်ဆော့နေလိုက်ဦး၊ ငါ သွားစရာ ကိစ္စလေး ရှိလို့"

​"ခဏနေရင် မင်းကို ပြန်လာရှာမယ်"

​ထန်ထျန်းက ပြောလိုက်သည်။

​သူသည် ယခင်က မိတ်ဟောင်းဆွေဟောင်းအချို့ကို သွားရောက် တွေ့ဆုံရန် ပြင်ဆင်လိုက်ခြင်း ဖြစ်၏။

​"အင်း ဟုတ်ကဲ့ပါ"

​ရှောင်ယင်မှာ စိတ်မထိန်းနိုင်အောင်ကို ဆော့ချင်နေပြီ ဖြစ်သည်။

​ထန်ထျန်းက ခေါင်းခါလျက် ပြုံးလိုက်ရင်း ထိုနေရာမှ ကိုယ်ယောင်ဖျောက်ကာ ထွက်သွားခဲ့တော့၏။

​မထွက်ခွာမီ သူက ရှောင်ကျိကို အသေအချာ မှာကြားခဲ့ပြီး ရှောင်ယင်ကို စောင့်ကြည့်ခိုင်းထားခဲ့သည်။

​ပုံရိပ်ယောင်ကမ္ဘာက အလွန် ဘေးကင်းသော်လည်း အတွင်းရှိ လူများကတော့ ထိုသို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်၊ ရှောင်ယင်က ဖြူစင်ရိုးသားလွန်းသည့် ကလေးမလေးတစ်ဦးသာ ဖြစ်သဖြင့် အလွယ်တကူ လှည့်စားခံရနိုင်ခြေ ရှိပေသည်။

​ထန်ထျန်း ပျောက်ကွယ်သွားပြီးနောက် သူ ဒုတိယအကြိမ် ပြန်လည် ပေါ်ထွက်လာသည့် အချိန်တွင်မူ ပတ်ဝန်းကျင်ရှိ စည်ကားသိုက်မြိုက်နေသော မြင်ကွင်းများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​၎င်းတို့၏ အစားထိုးမှုကတော့ လင်းထိန်၊ သပ်ရပ်ပြီး ကျယ်ဝန်းလှသော အခန်းတစ်ခန်း ဖြစ်၏။

​ဤနေရာကား ဖန်ဆင်းရှင်မျှော်စင် ၏ ထိပ်ဆုံးအထပ် ပင် ဖြစ်ပေသည်။

​ထို့အပြင် ဤနေရာက သူ့အတွက်သာ သီးသန့် သတ်မှတ်ထားသည့် နေရာလည်း ဟုတ်၏။

​သူ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ရာချီ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ဖန်ဆင်းရှင်မျှော်စင်၏ သတ္တမ၊ အဋ္ဌမနှင့် နဝမ အထပ် များကို ဝမ်ကန်းက သူ့အတွက် အမြဲတမ်း ချန်ထားပေးခဲ့ဆဲ ဖြစ်ရာ အခြားလူများ ဝင်ထွက်သွားလာထားသည့် အရိပ်အယောင်မျိုး လုံးဝ မရှိချေ။

​မူလအတိုင်း အပြင်အဆင်များသာ ရှိနေဆဲပင်။

​ပြတင်းပေါက်နားသို့ တိုးကာ ထိုင်ချလိုက်ရင်း ထန်ထျန်းက အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

​ဤနေရာက လွန်ခဲ့သော နှစ်ပေါင်း ရာချီက အခြေအနေနှင့် နှိုင်းယှဉ်လျှင် ကြီးကြီးမားမား ကွာခြားသွားခြင်း မရှိလှပေ။

​တစ်ခုတည်းသော မတူညီသည့်အချက်မှာ အတွင်းပိုင်းရှိ လူများပင် ဖြစ်၏။

​ယခင်က ဤနေရာရှိ လူများမှာ အခြေခံအားဖြင့် စိတ်အပန်းဖြေရန် ဝင်ရောက်လာကြခြင်း ဖြစ်သဖြင့် လူတိုင်း၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးများ ရှိနေခဲ့ကြသည်။

​သို့သော်လည်း ယခုအချိန်တွင်မူ ဤနေရာက တကယ့် မဟာ ကမ္ဘာစစ်စစ်နှင့် ပို၍ တူညီလာခဲ့ပြီ ဖြစ်ပြီး လူအမျိုးမျိုး အဖုံဖုံ ရှိနေကြပေပြီ။

​သူက အကျိုးစီးပွားများနှင့် ပဋိပက္ခများ၏ အငွေ့အသက်ကိုလည်း ရရှိနေခဲ့သည်။

​သို့သော်လည်း ဤအရာက မျှော်လင့်ထားပြီးသား ကိစ္စတစ်ခု ဖြစ်၏၊ ပုံရိပ်ယောင်ကမ္ဘာက တရိပ်ရိပ် တိုးတက်လာသည်နှင့်အမျှ ၎င်းက တကယ့် လက်တွေ့အခြေအနေဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။

​ဤသို့ ဖြစ်မှသာ ပုံရိပ်ယောင်ကမ္ဘာက ရေရှည်တည်တံ့ခိုင်မြဲစွာ ဆက်လက် တည်ရှိနေနိုင်မည် မဟုတ်ပါလား။

​ခဏမျှ ထိုင်နေပြီးနောက် ထန်ထျန်း၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားခဲ့သည်။

​ဖန်ဆင်းရှင်မျှော်စင်၏ ဆဋ္ဌမအထပ် မှာ အဆင့်မြင့် အစည်းအဝေးခန်းမ ဖြစ်ပြီး ပုံရိပ်ယောင်ကမ္ဘာနှင့် ထျန်းရှထုန် ကုန်သွယ်ရေးအသင်း၏ အဓိက စီမံ သူများသာ ဝင်ရောက်ခွင့် ရှိသည့် နေရာ ဖြစ်၏။

​သို့သော်လည်း ယခုအချိန်တွင်မူ အသက်ငါးနှစ်ခန့် အရွယ်ရှိသော ကောင်လေး တစ်ဦးက အစည်းအဝေးခန်းမအတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။

​သူက အစည်းအဝေးခန်းမ၏ အဓိက ထိုင်ခုံ တွင် ဝင်ထိုင်လိုက်ပြီး မျက်နှာတစ်ခုလုံးတွင် စိတ်လှုပ်ရှား တက်ကြွနေသည့် အမူအရာများ ပြည့်နှက်နေခဲ့၏။

​ထိုနေရာက အမှန်တကယ်တွင် ထန်ထျန်းအတွက်သာ သီးသန့်ဖြစ်သော နေရာ ဖြစ်ပေသည်။

​ထန်ထျန်းက စိတ်ဝင်တစားဖြင့် သူ့မေးစေ့ကို ပွတ်သပ်လိုက်မိသည်၊ သူက ဤကောင်လေး ၏ သရုပ်မှန် ကို ရိပ်မိလိုက်ပြီ ဖြစ်၏။

​ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ ပုံရိပ်က ထိပ်ဆုံးအထပ် မှ ပျောက်ကွယ်သွားခဲ့တော့သည်။

​ကောင်လေး မှာ သူ့ထက်ပင် မြင့်မားလှသော ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ရှေ့သွားကျိုးနေသည့် ဖြူဖွေးသော သွားလေးများကို ပေါ်အောင် ဖြဲပြလျက် ရယ်မောကာ ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေပြီး ခြေထောက်သေးသေးလေး နှစ်ဖက်ကိုလည်း လွှဲရမ်းကစားနေခဲ့၏။

​ရုတ်တရက်ဆိုသလို သူ့ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​"ဆော့လို့ကောင်းလား"

​ကောင်လေး မှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် ထိုင်ခုံ ပေါ်မှ တိုက်ရိုက် လိမ့်ကျသွားခဲ့တော့သည်။

​သို့သော်လည်း သူက အတော်အတန် ကြံ့ခိုင်သန်စွမ်းပုံရပြီး နာကျင်သည်ဟုလည်း မအော်ဟစ်ဘဲ မြေပြင်ပေါ်မှ ကပျာကယာ ထကာ လှုပ်လှုပ်ရှားရှားဖြင့် ပြောလိုက်၏။ "ကျွန်တော် မဟုတ်... ဟိုဟာ၊ ကျွန်တော် မလုပ်ပါဘူး..."

​"ကျွန်တော်က လမ်းကြုံလို့ ဖြတ်လာရင်း တံခါးပွင့်နေတာ မြင်လို့ ဝင်လာမိတာပါ"

​"ကျွန်တော်..."

​သူက ဆင်ခြေပေးလိုက်သော်လည်း မြေပြင်မှ ထရပ်လိုက်ပြီးနောက် ထန်ထျန်းကို မြင်လိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် ကြောင်အမ်းသွားခဲ့ရသည်။

​"ဟင်"

​"ခင်ဗျားက ဘယ်သူလဲ"

​ထန်ထျန်းက သူ့ကို ပြုံးလျက် ကြည့်လိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ"

​ကောင်လေး က ခေါင်းကို တစ်ချက် စောင်းလိုက်ရင်း ပြော ၏။ "ခင်ဗျားက ကျွန်တော့်ကို မသိဘူးလား"

​"ကျွန်တော့်နာမည်က ဝမ်လင်း လို့ ခေါ်တယ်"

​"ငါ့အဖေက... ဝမ်ကန်း "

All Chapters