အခန်း ၉၀၉
Vol. 87 Ch. 909
အခန်း (၉၀၉) ကယ်တင်ခြင်း မဟာမိတ်နှင့် ရှေးဟောင်းမြင့်မြတ်နယ်မြေ
ဝမ်ကန်း၏ ရှင်းပြ ချက် များမှတစ်ဆင့် ထန်ထျန်းက သူ ဖန်ဆင်းရှင်ကောင်းကင်တိုင် အောက်သို့ ခုန်ချသွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာကြီးတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို အကြမ်းဖျင်းအားဖြင့် နားလည်သဘောပေါက်သွားခဲ့တော့သည်။
အစပိုင်းတွင်မူ အရာအားလုံးက ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့ပြီး အခြေခံအားဖြင့် ထန်ထျန်း မထွက်သွားမီအချိန်က ပြင်ဆင်ပေးခဲ့သည့် အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြခြင်း ဖြစ်၏။
နေ၊ လ၊ ကြယ် များ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့လျှင်ပင် ထိုကဲ့သို့သော ကမ္ဘာပျက်ကပ်ဘေးမျိုး ဖြစ်ပွားမလာခဲ့ချေ။
မြင့်မြတ်နယ်မြေ အသီးသီးမှ လူများသည်လည်း ချန်ဝူဟွေ့၊ ကျွင်းယာ စသည့် အသစ်တက်လာသော ကျိကျွင်း များ၏ စနစ်တကျ စီမံ မှုအောက်တွင် အဓိက စီမံသူများကို ဘေးလွတ်ရာ ခိုလှုံရာနေရာများဆီသို့ စတင် ဦးဆောင်ခေါ်ယူခဲ့ကြသည်။
ထိုအတောအတွင်း ထန်ထျန်း ယခုတစ်ကြိမ် ပျောက်ကွယ်သွားရခြင်းမှာ အလွန်အမင်း အန္တရာယ်များလှသော နေရာတစ်ခုသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ကျွင်းချန်ချင်း ဟု ခေါ်သည့် မိစ္ဆာ ကြီးနှင့် တိုက်ခိုက်ရင်း ထိုနေရာတွင်ပင် အသက်သေဆုံး သွားနိုင်သည်ဟူသော ကောလာဟလ သတင်းအစအနအချို့ ထွက်ပေါ်လာခဲ့၏။
ထိုအချိန်က လူများမှာ ထိုကိစ္စကို အလေးအနက် သိပ်မထားခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် ထန်ထျန်းက ကမ္ဘာကြီး၏ အမြင့်ဆုံး အထွတ်အထိပ်နေရာတွင် ရပ်နေပြီဖြစ်ရာ မည်သူမျှ သူ့ကို ဘာမှမလုပ်နိုင်ကြောင်း အားလုံးက သိရှိထားကြသောကြောင့် ဖြစ်သည်။
မိစ္ဆာ ကြီးကို အနိုင်မယူ နိုင်ခဲ့လျှင်ပင် ဒဏ်ရာဒဏ်ချက်မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ရန်မှာ သေချာပေါက် မည်သည့်ပြဿနာမျှ ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဆယ်လခန့် ကြာမြင့်ပြီးနောက်တွင်မူ ကျွင်းချန်ချင်း ပေါ်ပေါက်လာခဲ့တော့သည်။
သူက ပြိုင်ဘက်ကင်းစွမ်းအား ဖြင့် မဟာ ကမ္ဘာ၏ ထောင့်တိုင်းတွင် ပေါ်ထွက်လာခဲ့၏။
သူက သက်ရှိအားလုံးကို ဤကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် သူ့ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီဖြစ်ရာ မည်သူမဆို ဖီဆန်ရန် သွေးတိုးစမ်းလာပါက ညှာတာမှုမရှိဘဲ သတ် ပစ်မည်ဟု ကြေညာမောင်းခတ်ခဲ့သည်။
သူက ပြောသည့်အတိုင်းလည်း တကယ်ပင် လုပ်ခဲ့၏။
ထို့ကြောင့် အလွန်တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံးက ရှုပ်ထွေးပွေလီသော ရုန်းရင်းဆန်ခတ်မှုများကြားသို့ ကျရောက်သွားခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ထန်ထျန်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးထားခဲ့သဖြင့် မြင့်မြတ်နယ်မြေ ၏ အဓိက စီမံသူများ၊ ထျန်းရှထုန် ကုန်သွယ်ရေးအသင်း၏ အဓိက စီမံသူများနှင့် ထျန်းဖူကမ္ဘာ ကိုးခု တို့မှာမူ မည်သည့်ရိုက်ခတ်မှုကိုမျှ ခံစားရခြင်းမရှိဘဲ သူတို့၏ စွမ်းအားအားလုံးကို အခြေခံအားဖြင့် အပြည့်အဝ ကာကွယ်စောင့်ရှောက်ထားနိုင်ခဲ့ကြသည်။
သို့သော်လည်း ဤမျှသာ တတ်နိုင်ခဲ့ခြင်း ဖြစ်၏၊ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ရန်အတွက်သာ အစွမ်းကုန် ကြိုးစားနိုင်ခဲ့ကြပြီး အခြားအရာများကို ငဲ့ညှာရန်အတွက်မူ မည်သည့်အင်အားမျှ မရှိတော့ချေ။
တိုတောင်းလှသော နှစ်အနည်းငယ်အတွင်းမှာပင် ထန်ထျန်း ကြိုတင်ကာကွယ်ပေးထားခဲ့သော အင်အားစုများမှလွဲ၍ ကမ္ဘာကြီးတစ်ခုလုံးကို ကျွင်းချန်ချင်းက အလုံးစုံ သန့်စင်ဆေးကြောပစ်ခဲ့ပြီး ၎င်းကို သူ့အပိုင် အဖြစ်သို့ လုံးဝ ဥဿုံ ပြောင်းလဲပစ်ခဲ့တော့သည်။
ဤသို့ဖြင့် ကမ္ဘာကြီးတွင် 'မဟာကောင်းကင်အရှင်' တစ်ဦးတည်းသာ အထွတ်အထိပ် ဖြစ်လာခဲ့ရလေသည်။
ဤနေရာအထိ ကြားလိုက်ရသည့်အခါ ထန်ထျန်း မအောင့်နိုင်ဘဲ တိတ်ဆိတ်သွားခဲ့ရ၏။
ဤကဲ့သို့သော ရလဒ်မျိုးက မျှော်လင့်ထားပြီးသား ကိစ္စတစ်ခုဟုပင် ဆိုရပေမည်။
ကျွင်းချန်ချင်းတွင် ထိုမျှလောက်ကြီးမားသော စိတ်ရှည်သည်းခံမှုမျိုး မရှိသလို သေကြေပျက်စီးမှုများကိုလည်း ဂရုစိုက်မနေပေ၊ သူက သူ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းကိုသာ အသုံးပြုလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကောင်းမွန်သောအချက်တစ်ခုမှာ သူက ကတိမဖျက်ခဲ့ခြင်းပင် ဖြစ်၏။
ကမ္ဘာကြီး၏ အသံများကို တစ်ခုတည်းဖြစ်အောင် စုစည်းပြီးနောက်တွင်မူ သူက စည်းမျဉ်းများကို စတင်သတ်မှတ်ခဲ့ပြီး ပါရမီရှင်များကို ရွေးချယ်ကာ ကမ္ဘာသစ်ဆီသို့ ပို့ဆောင်ပေးခဲ့သည်မှာ ယခုအချိန်အထိပင် ဖြစ်သည်။
"သခင်လေး သေဆုံး သွားပြီဆိုတဲ့ သတင်းကလည်း အဲ့ဒီအချိန်တုန်းက စပြီး ထွက်လာခဲ့တာပါ"
"ပြီးတော့ ဒီသတင်းကို ဖြန့်တဲ့လူရဲ့... သရုပ်မှန်နဲ့ အဆင့်အတန်းကလည်း အလွန်အမင်း မြင့်မားလွန်းနေတယ်"
"အဲ့ဒီအပြင် သခင်လေးကလည်း တစ်ကြိမ်မှ ပြန်ပြီး ပေါ်မလာတော့တဲ့အတွက် လူတွေ ပိုပိုပြီး များလာကာ အားလုံးက ယုံကြည်သွားခဲ့ကြတာပါ"
ဝမ်ကန်းက ပြောလိုက်သည်။
ထန်ထျန်း မျက်ခုံးအနည်းငယ် တွန့်သွားကာ "ဘယ်သူလဲ"
ဝမ်ကန်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြော သည်။ "ထိုက်ယိမြင့်မြတ်နယ်မြေ ရဲ့ ယခင် မြင့်မြတ် အရှင်... လုံကျိုကျိုး ပါ"
"သူ့အပြင် အခြားသော အစွမ်းထက်တဲ့ ကျိကျွင်းတွေ၊ အထွတ်အထိပ် ကျိကျွင်းတွေကလည်း ဒီကိစ္စကို နှုတ်ဆိတ်ပြီး အသိအမှတ်ပြုခဲ့ကြတယ်"
"သူတို့က တစ်နေရာတည်းမှာ စုစည်းမိသွားကြပြီး ခိုလှုံရာနေရာအချို့ကိုလည်း တည်ဆောက်ခဲ့ကြတယ်၊ အနာဂတ်အတွက် မျိုးစေ့လေးအချို့ ချန်ထားခဲ့ချင်လို့ ဆိုပြီးတော့လေ..."
"ဒီအဖွဲ့အစည်းရဲ့ နာမည်ကို... 'ကယ်တင်ခြင်း မဟာမိတ်' လို့ ခေါ်ပါတယ်"
ထန်ထျန်း ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ရပြန်သည်။
ထိုစဉ်က သူ ဖန်ဆင်းရှင်ကောင်းကင်တိုင်ဆီသို့ သွားရောက်ကာ ကျွင်းချန်ချင်းနှင့် နောက်ဆုံးတိုက်ပွဲ မဆင်နွှဲမီ အချိန်တွင် အမှန်တကယ်၌ လုံကျိုကျိုးတို့နှင့် ဆွေးနွေးတိုင်ပင်ရန် အစီအစဉ် ရှိခဲ့ဖူးသည်။
ထိုမျှလောက်များပြားလှသော အထွတ်အထိပ် ကျိကျွင်းများနှင့် ကျိကျွင်းများသာ ပူးပေါင်းလိုက်ပါက သေချာပေါက် ပိုမိုများပြားသော သက်ရှိများကို ကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မည် ဖြစ်၏။
ကံဆိုးစွာဖြင့် ထိုအချိန်က သူတို့နှစ်ဖက်စလုံးကြားတွင် ယုံကြည်မှုများ ပျက်ပြားနေခဲ့ပြီဖြစ်ရာ ဤကိစ္စက နောက်ဆုံးတွင် ချောချောမွေ့မွေ့ ဆက်လက်မလည်ပတ်နိုင်ခဲ့ချေ။
သို့သော်လည်း ထန်ထျန်း မထင်မှတ်ထားခဲ့သည့်အချက်မှာ သူတို့က သူတို့ဘာသာ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကာ ကမ္ဘာကြီး၏ အနာဂတ်အတွက် အလားအလာအချို့ကို ချန်ထားခဲ့ရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။
ဤလူများက မဟာ ကမ္ဘာကြီးမှ ထွက်သွားရန် ရွေးချယ်ကြပြီး ဟင်းလင်းပြင် ထဲသို့ ဝေးဝေးပြေးကာ သူတို့၏ ဘေးကင်းလုံခြုံရေးကိုပဲ ကြည့်ကြလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိခြင်း ဖြစ်၏။
ကြည့်ရသည်မှာ သူက ဤလူများ၏ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်လိုသော စိတ်ဓာတ်ပြတ်သားမှုကို အထင်သေးမိသွားခဲ့ပုံရပေသည်။
"ကျွင်းချန်ချင်းက သူတို့ကို မတားဆီးဘူးလား"
ထန်ထျန်းက မေးလိုက်သည်။
ဝမ်ကန်းက ခေါင်းခါပြသည်။ "အနည်းဆုံးတော့ ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် မနှိမ်နင်းခဲ့ပါဘူး"
"ပြီးတော့ ကယ်တင်ခြင်း မဟာမိတ်ရဲ့ တည် နေရာက အလွန်အမင်း လျှို့ဝှက်လွန်းလှတယ်၊ အလင်းကမ္ဘာ ဘက်က နှစ်ပေါင်း ရာချီ ရှာဖွေနေခဲ့တာတောင် အခုထိ ဘယ်လိုမှ ရှာမတွေ့သေးဘူး"
"ဒါကြောင့် သူ တားဆီးချင်ရင်တောင်မှ အတော်လေး ခက်ခဲပါလိမ့်မယ်"
ထန်ထျန်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါလိုက်မိပြန်သည်။
ကျွင်းချန်ချင်းက ကောင်းကင်ဝါးမြိုနတ်ဆိုး ကို ရရှိပြီးနောက်ပိုင်း အခြေခံအားဖြင့် ထာဝရအဆင့် သို့ ခြေတစ်ဖက် လှမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့မူလစွမ်းအား အားလုံးကို ဝါးမြိုပြီးသွားသည်နှင့် သူက ထာဝရအဆင့်သို့ တကယ့်ကို အပြည့်အဝ တက်လှမ်းနိုင်တော့မည် ဖြစ်၏။
ဤကမ္ဘာပေါ်တွင် သူ့မျက်စိအောက်မှ ဖုံးကွယ်ထားနိုင်မည့် မည်သည့်အရာမျှ မရှိချေ။
လုံကျိုကျိုးတို့ကို မထိရဲခြင်း မဟုတ်ဘဲ ကျွင်းချန်ချင်းကိုယ်တိုင်က မလှုပ်ရှားချင်သေးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ဂရုစိုက်ရန် ပျင်းရိနေခြင်း သို့မဟုတ် လောလောဆယ်တွင် အာရုံမစိုက်နိုင်သေးခြင်းလည်း ဖြစ်နိုင်၏။
"အထွတ်အထိပ် ကျိကျွင်းတွေက ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားနိုင်ကြတာမို့ အဲ့ဒီတုန်းက ဘယ်လိုအရာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို သူတို့ အာရုံခံမိကြမှာပါ"
"ငါ သေဆုံး သွားပြီလို့ သူတို့ ထင်မြင်ယူဆတာကလည်း ပုံမှန်အခြေအနေပါပဲ"
ထန်ထျန်းက ပြောလိုက်သည်။
သို့သော်လည်း ဝမ်ကန်းက ခေါင်းခါပြခဲ့၏။
"ကျိကျွင်းနဲ့ အထွတ်အထိပ် ကျိကျွင်းလိုမျိုး တည်ရှိမှုအဆင့်အတန်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တကယ်တော့ သိပ်ပြီး နားမလည်ပါဘူး"
"ဒါကြောင့် အဲ့ဒီတုန်းက သူတို့ ဒီသတင်းကို ဖြန့်တဲ့အချိန်မှာ ကျွန်တော်တို့ လူအများစုက ဒါကို ကောလာဟလ သက်သက်လို့ပဲ သတ်မှတ်ထားခဲ့ကြတာ"
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ အလင်းကမ္ဘာ ဘက်ကလည်း ဒီသတင်းကို ထုတ်ပြန်လာခဲ့ပြီး ကျွင်းချန်ချင်း ကိုယ်တိုင်ကလည်း ဒါကို အသိအမှတ်ပြုခဲ့တယ်..."
"ပြီးတော့ အဓိကအကျဆုံး အစိတ်အပိုင်းကတော့... သခင်မလေးရှောင်းရွှယ် ကြောင့်ပါ..."
ထန်ထျန်း ချက်ချင်းပင် မျက်ခုံးပင့်သွားခဲ့ရ၏။
"ရှောင်ရွှယ် ဟုတ်လား"
ဝမ်ကန်းက ခေါင်းညိတ်ပြသည်။ "သခင်လေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပေါ့ပေါ့ဆဆနဲ့ ကောက်ချက်ချနိုင်ပါ့မလဲ"
"ဒီသတင်းတွေ ပိုပိုပြီး ပျံ့နှံ့လာတဲ့အခါမှာ ကျွန်တော်တို့တွေ အမှန်တရားကို စုံစမ်းဖို့ နည်းလမ်းရှာခဲ့ကြတယ်"
"နောက်ဆုံးတော့ ကျွန်တော်တို့ သခင်မလေးရှောင်းရွှယ်ကို သွားတွေ့ခဲ့ကြတာ"
"ဒါပေမဲ့ သခင်မလေးရှောင်းရွှယ်က ပြောတာတော့..."
"သူမက သခင်လေး သေဆုံး သွားပြီဆိုတဲ့ ကိစ္စကို ဘယ်တော့မှ ယုံမှာမဟုတ်ဘူး တဲ့"
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒါဆိုရင် မင်းတို့က နောက်ဆုံးကျမှ ဘာလို့ အားလုံး ယုံသွားကြတာလဲ"
ဝမ်ကန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရှာ၏။
"သခင်လေး... ဒါက သခင်မလေးရှောင်းရွှယ် ကိုယ်တိုင် ပြောခဲ့တဲ့ စကားလေ"
"သူမက ဒီစကားမျိုးကို ပြောထွက်လာနိုင်တယ်ဆိုကတည်းက သခင်လေးရဲ့ အခြေအနေက... သေချာပေါက်ကို အကောင်းဘက်မှာ မရှိတော့ဘူးဆိုတာကို ပြနေတာပဲ မဟုတ်လား"
"သခင်မလေးရှောင်းရွှယ်က ဒီကိစ္စကို မယုံကြည်ဘူး၊ ကျွန်တော်၊ မြောင်ယွမ်၊ လီဟုန်၊ လန်ယွီ၊ လွီကျူး ပြီးတော့ ဝမ်ကျိယွီတို့ အားလုံးကလည်း ဒီကိစ္စကို မယုံကြည်ကြပါဘူး"
"ဒါပေမဲ့ အပြင်လူတွေကတော့ အဲ့ဒီလို တွေးမှာမဟုတ်ဘူးလေ"
"သခင်မလေးရှောင်းရွှယ်က ကမ္ဘာမြေရဲ့ ထောင့်တိုင်းကို လှည့်ပတ်သွားလာရင်း သခင်လေးကို ရှာဖွေဖို့ ဝန်မလေးခဲ့ဘူး"
"ဒါပေမဲ့ အပြင်ကမ္ဘာအတွက်တော့ သူမ သခင်လေးကို ရှာမတွေ့လေလေ... သခင်လေး သေဆုံး သွားပြီဆိုတဲ့ သတင်းရဲ့ မှန်ကန်မှုနှုန်းက တစ်ရက်ထက်တစ်ရက် ပိုပြီး တိုးလာလေလေပဲ ဖြစ်မှာပေါ့"
"အခုဆိုရင် နှစ်ပေါင်း ခုနစ်ရာကျော် သွားခဲ့ပြီ၊ သခင်မလေးရှောင်းရွှယ်က အခုထိ သခင်လေးကို လိုက်ရှာနေတုန်းပဲ..."
ထန်ထျန်း အခြေခံအားဖြင့် အားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူလည်း မအောင့်နိုင်ဘဲ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ကပြင်ကမ္ဘာက သူ သေဆုံး သွားပြီဟု ကောလာဟလ ဖြန့်နေကြခြင်းကြောင့် မဟုတ်ဘဲ ရှောင်းရွှယ် ဟူသော ဤမိန်းကလေး မိုက်မဲလွန်းလှခြင်းကြောင့် ဖြစ်ပေသည်။
ရှာမတွေ့ရင်လည်း မရှာဘဲ နေလိုက်ပါတော့လား၊ ဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲ။
နှစ်ပေါင်း ခုနစ်ရာကျော်လုံးလုံး ဤကိစ္စတစ်ခုတည်းကိုပဲ လုပ်နေခဲ့သည်မှာ တကယ်ကိုပဲ...
"သူမ အခု ဘယ်လိုနေလဲ"
ထန်ထျန်းက မေးလိုက်သည်။
ဝမ်ကန်းက ပြန်လည်ဖြေကြားခဲ့၏။ "သခင်လေးကို ဆက်ပြီး ရှာနေတုန်းပါပဲ"
"တစ်ချိန်တည်းမှာပဲ သူမက သခင်လေး ချန်ထားခဲ့တဲ့ ကိစ္စတွေကိုလည်း ဆက်ခံပြီး တာဝန်ယူပေးထားပါတယ်"
"ကျွင်းချန်ချင်းက ကမ္ဘာကြီးတစ်ခုလုံးကို သန့်စင်ဆေးကြောပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ မြင့်မြတ်နယ်မြေ တွေရဲ့ အခြေအနေက သိပ်ပြီးမကောင်းလှဘူး၊ လူတွေ ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေက ပိုပြီး ပြင်းထန်လာခဲ့သလို ဝူဟွေ့ကျိကျွင်း အနေနဲ့လည်း အားလုံးကို လိုက်ပြီး မငဲ့ညှာနိုင်တော့ဘူး"
"ဒါကြောင့် သခင်မလေးရှောင်းရွှယ်က ကူညီဖေးမမှုတွေ ပြုလုပ်ပေးခဲ့တယ်၊ သူမက တည် နေရာရဲ့ ဧရိယာကို ချဲ့ထွင်ပေးခဲ့ပြီး အတွင်းပိုင်း ပတ်ဝန်းကျင်ကို ပြုပြင်မွမ်းမံပေးခဲ့ကာ ရှင်သန်နေထိုင်ဖို့အတွက် ပိုပြီး သင့်တော်အောင် လုပ်ပေးခဲ့တယ်"
"နောက်ပိုင်းကျတော့ အားလုံးက သခင်မလေးရှောင်းရွှယ်ကို မြင့်မြတ်နယ်မြေ အရှင်အသစ်အဖြစ် ပူးပေါင်းပြီး ရိုသေလေးစားစွာ တင်မြှောက်ခဲ့ကြတာ"
"သူတို့ ကိုတော့ အပြင်ကမ္ဘာမှာ ခေါ်ကြတာက "
" 'ရှေးဟောင်းမြင့်မြတ်နယ်မြေ ' တဲ့..."