အခန်း ၉၁၄
Vol. 88 Ch. 914
အခန်း (၉၁၄) အင်အားသုံး၍ လိုက်လံရှာဖွေခြင်း
ထန်ထျန်းက အရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းနေပြီး ရှောင်ယင်က ကြိုးတစ်ချောင်းဖြင့် ထိုလူလတ်ပိုင်းအမျိုးသားကို ဆွဲကာ နောက်မှ လိုက်ပါလာ၏။ ထို့နောက် အဓိကခန်းမ ကြီးထဲသို့ ဝင်ရောက်သွားကြတော့သည်။
ထိုအခါမှသာ ကျူးကျစ်ယန်နှင့် ယွမ်ပင်းတို့နှစ်ဦးလည်း နောက်မှ လိုက်ဝင်လာရဲကြ၏။
သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။
လူတိုင်းမှာ အံ့အားသင့် သွားကြရပြီး ထိုလူလတ်ပိုင်းအမျိုးသားကို မှတ်မိသူများမှာမူ မျက်နှာပျက်သွားကြရလေတော့သည်။
"ဒုက္ခပါပဲ... ပြဿနာ ကြီးတော့မယ်..."
သူက စိတ်ထဲမှ ရေရွတ်လိုက်ပြီး ချက်ချင်းပင် အဝေးသို့ လစ်ပြေးသွားတော့၏။
ဒီလိုအခြေအနေမျိုးတွင် ဘေးလွတ်ရာသို့ ရှောင်တိမ်းပြီး သတင်းသွားပို့ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကြောင့် ယွမ်ပင်းတစ်ကိုယ်လုံး အနည်းငယ် တုန်ရင်နေပြီး ခုနက ရုတ်တရက် ဖြစ်ပျက်သွားသည့် အပြောင်းအလဲများကြားမှ စိတ်မစုစည်း နိုင်သေးပေ။
ထိုက်ယိတာအိုအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်က ဒီလိုမျိုးကြီး ထန်ထျန်းရဲ့ လက်ထဲမှာ အလွယ်တကူ အဖမ်းခံလိုက်ရတာလား။
ယွမ်ကျိုးက သူ့ကို ဒီစီနီယာက သိပ်ကို ကြောက်ဖို့ကောင်းတယ်လို့ ပြောခဲ့ဖူးသည်။
သို့သော်လည်း သူက ယခုလောက်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ထို့အပြင် ယန်ကွမ်းမြို့သို့ ရောက်ရှိလာကတည်းက ထန်ထျန်းက အမြဲတမ်း ခြံဝင်းထဲ၌သာ နေထိုင်ခဲ့ပြီး ဘယ်မှ မသွားခဲ့ဖူးချေ။
ပုံမှန် ဆက်ဆံရေးများအရလည်း ထန်ထျန်းက စိတ်သဘောထားကောင်းမွန်ပြီး အလွန် ယဉ်ကျေးသိမ်မွေ့ကာ အေးဆေးတည်ငြိမ်သည့် စီနီယာတစ်ဦးဟု ယွမ်ပင်းက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဤရုတ်တရက်ကြီး ပြောင်းလဲသွားသည့် အပြုအမူကြောင့် သူ ချက်ချင်း လက်ခံနိုင်ရန် ခဲယဉ်းနေခဲ့ရသည်။
နောက်ထပ် ကိစ္စတစ်ခုမှာ ထန်ထျန်း ယခုကဲ့သို့ ပြုမူလိုက်ခြင်းသည် ကျူးမိသားစုတစ်ခုလုံးကို လုံးဝ ရန်သူအဖြစ် ပြုလုပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထိုမိသားစုက ကျိကျွင်း ၏ အကာအကွယ်ကို ရရှိထားသည့် မိသားစု ဖြစ်သည်မဟုတ်ပါလား။
သူ အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်မည့် နည်းလမ်းတစ်ခုခုကို မဖြစ်ဖြစ်အောင် စဉ်းစားရမည်။
သို့သော် နှမြောစရာကောင်းသည်မှာ လက်တွေ့ က သူ့ကို အချိန်အများကြီး မပေးခဲ့ချေ။
ထန်ထျန်းတို့အဖွဲ့က ဒေါသတကြီး ဝင်ရောက်လာသောကြောင့် မြင့်မြတ်နန်းတော် အတွင်းရှိ စီမံသူ အချို့ ဝိုင်းအုံလာကြပြီ ဖြစ်သည်။
"မင်းတို့ ဘာဖြစ်နေကြတာလဲ"
ဦးဆောင်လာသူမှာ လူငယ်တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်က ကျိတာအိုအဆင့် မျှသာ ရှိသော်လည်း မြင့်မြတ်နန်းော် အတွင်းရှိ သူ၏ အဆင့်အတန်းကြောင့် ကျူးမိသားစုပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံရ၏။
သို့သော် ထန်ထျန်းကမူ ထိုသို့သော စိတ်မျိုး လုံးဝ မရှိပေ။
"ငါ ဘယ်သူ့ကို ရှာမလို့လဲ ဟုတ်လား"
"ယန်ကွမ်းလမ်း စစ်ဆေးခြင်းကို တာဝန်ယူထားတဲ့ အရှင် ကျင်း ကို ရှာမလို့"
"တခြားလူတွေနဲ့ မဆိုင်ဘူး"
သူက အေးစက်စွာ ပြောလိုက်၏။
လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး "အရှင် ကျင်းက အခုတလော အလုပ်များနေတယ်"
"မင်းတို့ ဒီမှာ အရင်စောင့်နေ၊ ငါ အရှင် ကျင်းကို သတင်းပို့ပြီးမှ ပြောမယ်"
ထန်ထျန်းက တိုက်ရိုက်ပင် ခေါင်းခါလိုက်၏။
"မစောင့်ချင်ဘူး"
"ဖယ်စမ်း"
ပြောပြီးသည်နှင့် သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။
လူငယ်မှာ ချက်ချင်းပင် မျက်ခုံးများ တွန့် သွားပြီး ထန်ထျန်း၏ အရှေ့တွင် သူ့ခန္ဓာကိုယ်ဖြင့် ပိတ်ရပ်လိုက်၏။
နောက်မှ လိုက်လာသည့် ယွမ်ပင်းက စိတ်ထဲမှ မကောင်းတော့ဘူး ဟု ရေရွတ်ကာ အခြေအနေကို ကြားဝင်စေ့စပ်ရန် အပြေးအလွှား ရှေ့သို့ တက်လာခဲ့သည်။
သို့သော် နှမြောစရာကောင်းသည်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းက အခြားသူကို စကားပြောခွင့် လုံးဝမပေးဘဲ လက်ကို ဆန့်ထုတ်ကာ ထိုလူငယ်၏ ကော်လံကို လှမ်းဆွဲလိုက်၏။
လူငယ်မှာ ဘာမှပင် မတုံ့ပြန်နိုင်သေးခင်မှာတင် ထန်ထျန်းက လက်မောင်းကို ဝှေ့ယမ်းကာ လွှဲပစ်လိုက်တော့သည်။
ထိုလူငယ်၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပြီး နံရံများစွာကို ဆက်တိုက် တိုက်ကာ မည်မျှဝေးသော နေရာသို့ လွင့်စင်သွားသည် မသိရတော့ချေ။
"မိုက်ရိုင်းလှချည်လား"
အခြား မြင့်မြတ်နန်းတော် စီမံသူ များက ထို အရာကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်ကာ ပြေးဝင်လာကြတော့သည်။
အပြေးလာသည့် လမ်းတစ်လျှောက်တွင်လည်း အမျိုးမျိုးသော အစွမ်းထက် တာအိုစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
သို့သော် ထန်ထျန်းက သူတို့ကို ကြည့်ပင်မကြည့်ဘဲ လက်ကို အသာအယာ မြှောက်ကာ ဟင်းလင်းပြင်ဆီသို့ လက်သီးတစ်ချက် ဝှေ့ယမ်း ထိုးနှက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် နေရာလွတ် တစ်ခုလုံး၌ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းလှိုင်းတံပိုးကြီးများ ထကျလာပြီး တားဆီး၍မရသည့် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ပတ်ဝန်းကျင်ရှိ လူအားလုံးကို ချက်ချင်း လွင့်စင်သွားစေတော့သည်။
ခဏချင်းအတွင်းမှာပင် ဤနေရာ၌ ထန်ထျန်းတို့ လေးဦးသာ ကျန်ရစ်တော့၏။
ပြီးတော့ ကြိုးတုပ်ခံထားရသည့် ကျူးမိသားစု အစွမ်းထက်ပညာရှင်တစ်ယောက်လည်း ပါသည်။
ဒီလို အခြေအနေမျိုးကို မြင်လိုက်ရသောအခါ ယွမ်ပင်းတစ်ယောက် လုံးဝ ဆွံ့အသွားရတော့သည်။
ဘယ်လိုမျိုး ခန္ဓာကိုယ် စွမ်းအားကမှ ဒီလောက် ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်တာလဲ။
ထန်ထျန်း၏ ခွန်အား က သူ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေခဲ့ပြန်ပြီ ဖြစ်သည်။
မဆန်းတော့ပါချေ... သူက ဒီလောက်အထိ ယုံကြည်မှု ရှိနေပြီး တရားမျှတမှု တောင်းဆိုဖို့ တစ်ယောက်တည်း လာရဲတာကိုး။
သို့သော်လည်း... ဒီနေရာက ယန်ကွမ်းမြို့၊ အလင်းကမ္ဘာ ရဲ့ အဝင်ဝပဲ မဟုတ်ပါလား။
အလင်းကမ္ဘာရဲ့ အစွမ်းထက်ပညာရှင်တွေဆိုတာ အဆုံးအစမရှိ အနန္တပဲလေ...
ပြီးတော့ မြင့်မြတ်နန်းတော် ရဲ့ စီမံသူ တွေကို ဒဏ်ရာရအောင် လုပ်ပြီးပြီဆိုရင်တော့ တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားဖို့ နည်းလမ်းမရှိတော့ပေ...
သူ ငိုင်တိုင်တိုင် ဖြစ်နေစဉ်မှာပင် ထန်ထျန်း၏ အသံက သူ့အနားတွင် ထွက်ပေါ်လာခဲ့သည်။
"ဟို အရှင် ကျင်း ဆိုတာ ဘယ်မှာလဲ"
"မင်း လမ်းပြစမ်း"
ယွမ်ပင်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
ကိစ္စတွေက ဒီအဆင့်အထိ ရောက်လာမှတော့ ထားလိုက်ပါတော့လေ။
တစ်ဖက်က ကြည့်မည်ဆိုလျှင် ပြဿနာ က ပိုကြီးလေလေ၊ သူက ပိုပြီး ဘေးကင်းလေလေ ဖြစ်သည်။
ထန်ထျန်းကသာ ရလဒ်အားလုံးကို ခံယူရပေလိမ့်မည်။
သို့သော် ကာယကံရှင် ကိုယ်တိုင်ကပင် ဂရုမစိုက်သဖြင့် သူ ဘာပြောနိုင်ပါဦးမည်နည်း။
"ကောင်းပါပြီ"
"ဒါဆို ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ထို့နောက် သူက အရှေ့ဆုံးမှ လျောက်လှမ်းကာ ထန်ထျန်းတို့အဖွဲ့ကို အရှေ့သို့ ဦးဆောင်ခေါ်သွားတော့သည်။
......
ဇိမ်ခံအိမ်ရာ ခြံဝင်းတစ်ခုအတွင်း
ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး တည်ငြိမ်လှသော အငွေ့အသက်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြတင်းပေါက်နားတွင် ထိုင်နေပြီး သူ၏ အရှေ့ရှိ စာပွဲပေါ်တွင် အနက်ရောင် သိုလှောင်ကျောက်တုံး သုံးတုံး တင်ထား၏။
သူ့အနားတွင်မူ အဖိုးအို တစ်ဦးက ငြိမ် သက်စွာ မတ်တတ်ရပ်နေသည်။
နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ရှိနေပြီး သူမ၏ ရုပ်ရည်က အလွန်လှပကာ အသက်အရွယ်က ကျူးကျစ်ယန်နှင့် မတိမ်းမယိမ်း မျှသာ ရှိပုံရ၏။
"ဒီကိစ္စက... ငါ တော်တော်လေး စွန့်စားထားရတာ"
လူလတ်ပိုင်းအမျိုးသားက အသံကို နှိမ့်ကာ ပြောလိုက်၏။
အဖိုးအို က ခပ်ဖွဖွ ပြုံးလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ စုပြုံသွားပြီး မျက်လုံးများပင် မမြင်ရတော့လောက်အောင် ဖြစ်သွားသည်။
"ကျွန်တော် နားလည်ပါတယ်"
"ကျူးမိသားစုက... အရှင် ကျင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
ခရမ်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားမှာ အခြားသူမဟုတ်၊ အရှင် ကျင်း ပေတည်း။
အဖိုးအို ပြောသည်ကို ကြားသောအခါ သူက ခေါင်းခါလိုက်၏။
"မဟုတ်ဘူး၊ မင်း နားမလည်ဘူး"
သူက အဖိုးအို ကို လှည့်ကြည့်ကာ "မင်းတို့ အရင်က ငါ့ကို ပြောတော့ အဲဒီအမျိုးသမီးက မြို့အသေးလေးက လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ဘာနောက်ခံမှ မရှိဘူးဆို"
"ဒါပေမဲ့ ဒီနေ့ပဲ လူတစ်ယောက် ငါ့ကို လာရှာတယ်"
"ငါတို့ မြင့်မြတ်နန်းတော် က လူပဲ"
"ပြီးတော့ အလင်းကမ္ဘာကို ဝင်ရောက်ခွင့် အရည်အချင်း ရထားပြီးသား လူတစ်ယောက်"
အရှင် ကျင်း၏ လေသံက အလွန် မကျေမနပ် ဖြစ်နေပုံရ၏။
အဖိုးအို က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် ပြုံးရွှင်စွာ ပြောလိုက်သည်။ "အရှင် ပြောတာ ယွမ်ပင်းကိုလား"
"သူက လမ်းပြရုံ သက်သက်ပါပဲ"
"ပြီးတော့ သူ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့... ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ပါဘူး"
အရှင် ကျင်းက လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံ သောက်လိုက်သည်။
"တကယ်လို့ သူက ပုံမှန် လမ်းကြောင်းအတိုင်း အထက်ကို ဒီကိစ္စကို အစီရင်ခံလိုက်ရင်"
"ငါ့မှာ တားဆီးဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး"
ထိုစကားကို ကြားသောအခါ အဖိုးအို က မျက်လုံးများကို မှေးလိုက်၏။
သို့သော် အရှင် ကျင်းကမူ တည်ငြိမ်နေဆဲပင်။ ခဏအကြာတွင် အဖိုးအို က ထပ်မံ ပြုံးပြလိုက်ပြန်သည်။
"ကျွန်တော်တို့ ပေါ့ဆသွားမိတာပါ"
"ဒါပေမဲ့ ဒါက အရှင် ကျင်းအတွက်တော့ ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"
ပြောပြီးသည်နှင့် သူက နောက်ထပ် အနက်ရောင် သိုလှောင်ကျောက်တုံး နှစ်တုံးကို ထုတ်ကာ စားပွဲပေါ်သို့ ထပ်တင်လိုက်၏။
အရှင် ကျင်းက လက်ကို ဆန့်ထုတ်ကာ ထိတွေ့ကြည့်ပြီးနောက် စိတ်ကျေနပ်သည့် အပြုံးကို ပြသလိုက်တော့သည်။
ထို့နောက် သူက ဘေးတွင် မတ်တတ်ရပ်နေသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်၏။
"အင်း... မဆိုးပါဘူး"
"မင်းရဲ့ ပါရမီနဲ့ ဆိုရင်တော့... ယန်ကွမ်းလမ်းမထဲကို ဝင်ရောက်ဖို့ တကယ်ပဲ အရည်အချင်း ရှိပါတယ်"
"ဒါပေမဲ့ အလင်းကမ္ဘာထဲကို အောင်အောင်မြင်မြင် ဝင်နိုင်မလားဆိုတာကတော့ မင်းကိုယ်တိုင်ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်"
"မိသားစုက မင်းအပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေနဲ့"
အမျိုးသမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ဒါပေါ့... ဘယ်ဖြစ်မလဲ"
"ဒါက မူလကတည်းက ကျွန်မ ရဲ့ နေရာပဲ ဥစ္စာ... ကျွန်မက စွမ်းဆောင်ရည် နည်းနည်းလေး လျော့သွားရုံလေးနဲ့... အဲဒီ တောက လာတဲ့ ကောင်မစုတ်က အရင် လုသွားတာ..."
သို့သော် သူမ စကားမဆုံးခင်မှာတင် အဖိုးအို က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ပါးစပ်ပိတ်စမ်း"
"မင်းက ကျူးကျစ်ယန်ပဲ၊ အဲဒါ မင်းရဲ့ ကိုယ်ပိုင်နေရာပဲ"
"တခြား ကိစ္စတွေကိုတော့... စိတ်ထဲမှာပဲ သိမ်း ထားလိုက်စမ်း"
အဆူခံလိုက်ရသဖြင့် ထိုအမျိုးသမီးက မကျေမနပ်သလို ဖြစ်သွားသော်လည်း ပြန်ဖြေလိုက်ရတော့ သည်။ "သိပါပြီ... ဘိုးဘေး"
ဒါ ကို မြင်သောအခါ အရှင် ကျင်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း "သခင်ကြီး ကျူး..."
"မင်းရဲ့ အဖိုးတန် မြေးမလေးကို သေချာ ထိန်းကျောင်းရမယ်နော်"
"တကယ်လို့ မင်းတို့ဘက်က ပြဿနာတက်ရင်... ငါလည်း ကူညီနိုင်မှာ မဟုတ်တော့ဘူး"
အဖိုးအို က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး "အရှင် ကျင်း စိတ်ချပါ၊ ဘယ်တော့မှ ပြဿနာ မတက်စေရပါဘူး"
"အဲဒီ မြို့အသေးလေးက အမျိုးသမီးကလည်း... အရှင် ရဲ့ ရှေ့ကို ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ပါဘူး"
အရှင် ကျင်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့"
သို့သော် သူတို့၏ စကားသံ ဆုံးရုံတင် ရှိသေး ဝေးကွာသော နေရာမှ ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
သူတို့ မတုံ့ပြန် နိုင်သေးခင်မှာတင် အခန်းတံခါးမကြီးက အပြင်ဘက်မှ ထိုးနှက်မှုကြောင့် တစစီ ကြေမွသွားတော့၏။
ထို့နောက် ပုံရိပ်အချို့က သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ကျူးကျစ်ယန်သည်လည်း ထိုအထဲတွင် ပါဝင်နေပေသည်။
"ဘယ်သူက ကျင်းရှောက်ယွမ် လဲ"
လူစိမ်း အမျိုးသားတစ်ဦးက တည်ငြိမ်စွာ မေးလိုက်လေတော့သည်။