အခန်း ၉၂၁
Vol. 88 Ch. 921
အခန်း (၉၂၁) ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ထံသို့ ဦးတည်ခြင်း
ထန်ထျန်း မထင်မှတ်ထားမိသည်က ကျူးကျစ်ယန် တစ်လျှောက်လုံး အသည်းအသန် ရှာဖွေနေခဲ့သည့် မောင်လေး ကျူးကျိယွီမှာ မြင့်မြတ်နန်းတော်ထဲတွင် ရှိမနေခြင်း ပင်။
ထို့ပြင် အလင်းကမ္ဘာထဲတွင်လည်း ရှိမနေဘဲ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့မှ လူများ၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေသည်။
ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ကိုမူ ထန်ထျန်း အစောပိုင်းက ဝမ်ကန်း ပြောပြချက်အရ ကြားသိထားခဲ့ပြီး ဖြစ်၏။
၎င်းက အမှောင် ကာလများ နောက်ပိုင်းတွင် လုံကျိုကျိုး၊ ချန်တာအို ကျိကျွင်း၊ ဟုန်းမန်ကျိကျွင်းနှင့် ဝူချန်းကျိကျွင်း တို့ ဦးဆောင် ၍ တည်ထောင်ခဲ့သည့် အင်အားတောင့်တင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
သူတို့ လုပ်ဆောင်နေသည့် ကိစ္စများမှာ အမှန်တကယ်တော့ အလင်းကမ္ဘာနှင့် သိပ်မခြားနားလှချေ၊ အချို့သော မျိုးစေ့များကို ရွေးချယ်စုဆောင်းကာ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဤကမ္ဘာကြီးအတွက် အနာဂတ် မီးလျှံများကို ချန်ရစ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
သို့သော် သူတို့က အလင်းကမ္ဘာ၏ ပါးစပ်ထဲမှ လူကို လုယူရဲလိမ့်မည်ဟု ထန်ထျန်း မထင်မှတ်ထားခဲ့မိချေ။
"ကျွန်တော်တို့နဲ့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ကြားက ထိပ်တိုက်တွေ့ဆုံမှုက နှစ်ပေါင်း ရာဂဏန်းအတွင်းမှာ အမြဲတမ်း ဆက်ရှိနေခဲ့တာပါ"
"သူတို့က အရိပ်အယောင် ဖမ်းရခက်ပြီး လှုပ်ရှားမှု အရမ်းမြန်တယ်၊ ကျွန်တော်တို့ သတိမထားမိခင်မှာပဲ အမြဲတမ်း အောင်မြင်အောင် လုယူသွားတတ်ကြတယ်"
"ဒီနှစ်တွေထဲမှာ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့က ကျွန်တော်တို့ လက်ထဲကနေ လုယူသွားတဲ့ မျိုးစေ့ အရေအတွက်တင် သိန်းဂဏန်းနီးပါး ရှိနေပါပြီ"
အသက်လတ်ပိုင်း ကျိကျွင်း က ပြောလိုက်သည်။
ထန်ထျန်း မျက်မှောင်အသာ တွန့်လိုက်ရင်း "ဒီလောက်တောင် များတာလား"
"ကျွင်းချန်ချင်း က ဂရုမစိုက်ဘူးလား"
အသက်လတ်ပိုင်း ကျိကျွင်း က ခါးသီးစွာ ပြုံးလိုက်ရင်း ပြော၏။ "မဟာကောင်းကင် အရှင် က... အလုပ်များလွန်းလို့ပါ"
"အလင်းကမ္ဘာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအားလုံးက အရှင်ထိုက်ချန် ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ဆောင်နေတာ"
"ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ ပုန်းအောင်းတဲ့နေရာက အရမ်း လျှို့ဝှက်သလို သူတို့ရဲ့ ခွန်အားကလည်း အရမ်း တောင့်တင်းတယ်"
"ဒါကြောင့် လွန်လွန်ကျူးကျူး မဖြစ်ရင်တော့ ကျွန်တော်တို့က ပုံမှန်အားဖြင့် မျက်စိတစ်မှိတ် နှာခေါင်းတစ်ချက် ရှုံ့ပြီးပဲ ထားလိုက်ကြတာ များပါတယ်"
ထန်ထျန်း စကားမဲ့သွားရ၏၊ ကြည့်ရသည်မှာ ကျွင်းချန်ချင်း ဤကောင်က တာဝန်မဲ့စွာဖြင့် အားလုံးကို ပစ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် လုံကျိုကျိုးတို့အဖွဲ့က အလင်းကမ္ဘာ့လက်ထဲကနေ မည်သို့ လူလုယူနိုင်ပါအံ့နည်း။
ထို့ပြင် ကျွင်းချန်ချင်း ၏ မျက်လုံးထဲတွင် ဂျင်ဂိုကမ္ဘာမှလွဲ၍ ဤကမ္ဘာကြီး၌ မည်သည့် ပုန်းအောင်းစရာနေရာမျှ မရှိချေ။
မဟာကမ္ဘာနှင့် အရင်းအမြစ် တူညီသည့် နေရာမျိုး ဖြစ်နေသရွေ့ သူ အချိန်မရွေး ရှာဖွေတွေ့ရှိနိုင်သည်။
လုံကျိုကျိုးတို့ တည်ရှိမှုကို ခွင့်ပြုထားခြင်းမှာ ကျွင်းချန်ချင်း အမှန်တကယ် အလုပ်များနေခြင်း ကြောင့်သော်လည်းကောင်း သို့မဟုတ် သူ လုံးဝ ဂရုမစိုက်ချင်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။
ကျွင်းချန်ချင်း ၏ စရိုက်ကို တွေးကြည့်လျှင် ထန်ထျန်းက ဒုတိယမြောက် ဖြစ်နိုင်ခြေကို ပို၍ တွေးထင်မိ၏။
သို့သော် ဤသို့ ဖြစ်ခြင်းကလည်း ကောင်းမွန်လှပေသည်။
အနည်းဆုံးတော့ လုံကျိုကျိုးတို့အားလုံး အသက်ရှင်နေကြသေးသည် မဟုတ်ပါလော။
"ကျူးကျိယွီက ဘယ်အချိန်တုန်းက ပြန်ပေးဆွဲခံလိုက်ရတာလဲ"
ထန်ထျန်းက မေးလိုက်၏။
သူ အချိန်ကာလကို တိုက်ဆိုင်စစ်ဆေးကြည့်ချင်ခြင်း ဖြစ်သည်။
ထို့နောက် အသက်လတ်ပိုင်း ကျိကျွင်း က ထန်ထျန်းကို တိကျသော အချိန်တစ်ခု ပြောပြလိုက်၏။
သို့သော် အချိန်ကို တိုက်စစ်ကြည့်ပြီးနောက် ထန်ထျန်းက ထူးဆန်းသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းမှာ ကျူးကျိယွီက ကျူးကျစ်ယန်ထံသို့ အကူအညီတောင်းခံသည့် သတင်းစကား ပေးပို့ခဲ့စဉ်က သူ ပြန်ပေးဆွဲခံရခါစ အချိန်မဟုတ်ဘဲ ပြန်ပေးဆွဲခံရပြီး တစ်လကျော် ကြာမြင့်ပြီးမှ ဖြစ်နေခြင်း ပင်။
ဆိုလိုသည်မှာ ကျူးကျိယွီက ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ထဲသို့ ရောက်ရှိပြီး တစ်လကျော်ကြာ နေထိုင်ပြီးမှသာ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ဤအချက်က အနည်းငယ် ထူးဆန်းလှပေသည်။
ကယ်တင်ခြင်းမဟာမိတ်အဖွဲ့က လူကို လုယူခြင်းမှာလည်း အနာဂတ်အတွက် မျိုးစေ့အချို့ ချန်ထားရန် ဖြစ်ရာ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် သူတို့က ကျူးကျိယွီကို နာကျင်အောင် လုပ်မည်မဟုတ်ချေ။
သို့ဆိုလျှင် အမှန်တကယ် မည်သည့်ကိစ္စ ဖြစ်ပွားခဲ့ခြင်း နည်း။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ဤကိစ္စကို ကိုယ်တိုင် သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။
"မင်းဆီမှာ ကျူးကျိယွီရဲ့ ပစ္စည်းတစ်ခုခု ရှိလား"
"သူ့ရဲ့ အော်ရာ စွဲကျန်နေတဲ့ ပစ္စည်းမျိုးပေါ့"
ကျူးကျိယွီ၏ အော်ရာမှတစ်ဆင့် သူ တိကျသော တည်နေရာကို အမှန်အကန် ရှာဖွေနိုင်မည် ဖြစ်သည်။
သူ မဟာကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှစ၍ ဤသဲလွန်စနှင့်အတူ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်ရာ သူ ဤသဲလွန်စနောက်သို့ ဆက်လက် လိုက်ပါသွားပြီး အရာအားလုံးကို အကြွင်းမဲ့ စုံစမ်းသိရှိရမည် ဖြစ်ပေသည်။
"ရှိပါတယ်"
"ကျွန်တော် ချက်ချင်းပဲ လူလွှတ်ပြီး သွားယူခိုင်းလိုက်ပါ့မယ်"
အသက်လတ်ပိုင်း ကျိကျွင်း က ထန်ထျန်း မည်သည်ကို လုပ်ဆောင်လိုသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ငယ်သား များကို ညွှန်ကြားပြီးနောက် သူက စမ်းသပ်သည့် လေသံဖြင့် မေးလိုက်၏။ "အရှင် ထန်ထျန်း... ကျွန်တော် မေးပါရစေ..."
"အဲဒီ ကျူးကျိယွီမှာ တကယ်ပဲ ဘယ်လို ထူးခြားချက်မျိုး ရှိလို့လဲ ၊ ဘာလို့ အားလုံးက သူ့အပေါ် ဒီလောက် စိတ်ဝင်စားနေကြတာလဲ"
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားရင်း "ဘာလို့ အဲလိုပြောတာလဲ"
အသက်လတ်ပိုင်း ကျိကျွင်း က နှစ်ချက်မျှ ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြော၏။ "ဘာလို့လဲဆိုတော့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ တင်မကဘဲ အရှင်ထိုက်ချန် ကလည်း သူ့အပေါ် တော်တော်လေး စိတ်ဝင်စားပုံရလို့ပါ"
"ကယ်တင်ခြင်းမဟာမိတ်အဖွဲ့က သူ့ကို ပြန်ပေးဆွဲသွားပြီးနောက်မှာ အရှင်ထိုက်ချန် ရဲ့ တုံ့ပြန်မှုက အရမ်း ပြင်းထန်ခဲ့ပြီး အလင်းကမ္ဘာတစ်ခုလုံးရဲ့ အင်အားကို စုစည်းပြီး သတ်ဖြတ်သွားဖို့အထိ ဖြစ်ခဲ့တာပါ"
"ဒါပေမဲ့ နောက်ပိုင်း ထွက်ခွာခါနီးကျမှပဲ ဒီကိစ္စကို လက်လျှော့လိုက်တာ ဖြစ်ပါတယ်"
"ဒါကြောင့်မို့လည်း ကျွန်တော်က ဒီနာမည်ကို တော်တော်လေး အမှတ်ရနေတာပါ"
ထန်ထျန်း တိတ်ဆိတ်သွားခဲ့ရ၏။
အခြေအနေက တကယ်ပဲ ဤသို့ ဖြစ်နေခဲ့ခြင်း လား။
ဤသို့ ကြည့်လျှင် ထိုကျူးကျိယွီမှာ အမှန်တကယ်ပင် သာမန်လူတစ်ဦး မဟုတ်ချေ။
အမှန်တော့ လွန်ခဲ့သည့် အချိန်က ကျူးကျစ်ယန်တွင် သန့်စင်ယန် ခန္ဓာကိုယ် ရှိနေသည်ကို မြင်တွေ့ခဲ့ရပြီး သူမနှင့် ကျူးကျိယွီတို့ နှစ်ဦး၏ အမွှာကျောက်စိမ်းဆွဲပြားကို မြင်ခဲ့ရစဉ်ကတည်းက သူ ကျူးကျိယွီ၏ သရုပ်မှန်ကို ခန့်မှန်းခဲ့ဖူးသည်။
၎င်းတို့အနက် ဖြစ်နိုင်ခြေ အရှိဆုံးမှာ သန့်စင်ယင် ခန္ဓာကိုယ် ပေတည်း။
သန့်စင်ယင် ခန္ဓာကိုယ်မှာ အမှောင် ကာလများအတွင်း သက်ရောက်မှု သိပ်မရှိလှသဖြင့် ၎င်း၏ အလွန် ထက်မြက်လှသော ကျင့်ကြံခြင်း ပါရမီကို ပုံမှန်အတိုင်း ပြသနိုင်ခဲ့ရာ မြင့်မြတ်နန်းတော်၏ မျက်စိကျခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ဒါက ကျိုးကြောင်းဆီလျော်လှပေသည်။
သို့သော် သန့်စင်ယင် ခန္ဓာကိုယ် တစ်ခုတည်းနှင့်မူ အရှင်ထိုက်ချန် အနေဖြင့် အလင်းကမ္ဘာတစ်ခုလုံး၏ အင်အားကို စုစည်းကာ လုယူရန်အထိ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
သူက ထိုအဆင့်အထိ မပြည့်မီသေးပေ။
သို့ဆိုလျှင် ကျူးကျိယွီ၏ သရုပ်မှန်က အမှန်တကယ် မည်သည် ဖြစ်မည်နည်း။
ထန်ထျန်းတွင် အာရုံတစ်ခု ရှိနေသည်၊ ဤကိစ္စက အလွန် ကြီးမားလှသော အဓိက သော့ချက် ဗဟိုတစ်ခု ဖြစ်လာပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မြင့်မြတ်နန်းတော် နန်းတော်သခင်ကိုယ်တိုင် ကျူးကျိယွီ၏ ပစ္စည်းကို လာရောက် ပို့ဆောင်ပေးခဲ့သည်။
ထို့နောက်တွင် သူက စိုးရိမ်တကြီးဖြင့် အလျင်အမြန် ပြန်လည် ထွက်ခွာသွားခဲ့၏။
၎င်းမှာ သာမန် အင်မော်တယ် ဓားတစ်လက် ဖြစ်ပြီး ကျူးကျိယွီ ကိုယ်တိုင် သွေးဖြင့် သန့်စင်ထားသည့် ပစ္စည်း ဖြစ်ရာ သူ့တွင် ကျူးကျိယွီ၏ မူလ အော်ရာအချို့ စွဲကျန်နေခဲ့ခြင်း ပင်။
ဤအင်မော်တယ် ဓားမှတစ်ဆင့် ထန်ထျန်းအနေဖြင့် ကျူးကျိယွီ၏ တိကျသော တည်နေရာကို လက်ရှိတွင် မည်သည့်နေရာ၌ ပုန်းအောင်းနေပါစေ အလွန် လွယ်ကူစွာဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။
"အတူတူ သွားကြစို့"
အင်မော်တယ် ဓားကို သိမ်းဆည်းပြီးနောက် ထန်ထျန်းက ပြော လိုက်၏။
အသက်လတ်ပိုင်း ကျိကျွင်း ချက်ချင်း ကြောင်အ သွားကာ "အာ..."
"ကျွန်တော်လည်း လိုက်ရမှာလား"
ထန်ထျန်းက ပြုံးလိုက်ရင်း ပြော၏။ "ဒီကိစ္စမှာ မင်းက ငါ့ကို ကူညီပေးခဲ့တာပဲ"
"မင်းအတွက် ကျွင်းချန်ချင်း ရှေ့မှာ အောင်မြင်မှု တချို့ ရအောင် လုပ်ပေးတာပေါ့"
"ဒါနဲ့ မင်းရဲ့ နာမည်ကို မသိရသေးဘူးပဲ"
အသက်လတ်ပိုင်း ကျိကျွင်း ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "ကျွန်တော့်နာမည်က ချန်ယုံရှင်း ပါ..."
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
သူက ချန်ယုံရှင်း ကို အတူခေါ်ဆောင်သွားရန် ရွေးချယ်ခြင်းမှာ သူ့အတွက် အောင်မြင်မှုများ ရရှိစေရန် အမှန်တကယ် မဟုတ်ချေ။
အဆင်ပြေ လွယ်ကူစေရန်အတွက် သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်း ခုနစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ကိစ္စအတော်များများကို သူ နားမလည်တော့ချေ။
လမ်းပြတစ်ဦးကို အတူခေါ်ဆောင်သွားခြင်းက အလွန် ကောင်းမွန်လှပေသည်။
ထို့နောက် သူက အသေးစိတ် အချက်အလက် အချို့ကို ထပ်မံ မေးမြန်းပြီးနောက် ယခုအကြိမ် စကားပြောဆိုမှုကို အဆုံးသတ်လိုက်တော့သည်။
ခဏအကြာတွင် ထန်ထျန်းက အပြင်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည့် ကျူးကျစ်ယန်တို့ သုံးဦးကို သွားရောက် ရှာဖွေလိုက်၏။
ထို့နောက် သူက ကျူးကျိယွီ၏ ကိစ္စကို ကျူးကျစ်ယန်အား ပြောပြလိုက်သည်။
"မင်းလည်း ငါနဲ့အတူ လိုက်ခဲ့၊ အခြေအနေက တကယ်ပဲ ဘယ်လိုလဲဆိုတာ သွားကြည့်ရအောင်"
"စိတ်ချပါ"
"ငါ ရှိနေသရွေ့ သူ ဘာမှ ဖြစ်မှာမဟုတ်ဘူး"
ကျူးကျစ်ယန် မျက်နှာတွင် တွေဝေမှုများ ဖြစ်ပေါ်နေပြီး ခေါင်းညိတ်ပြလိုက်မိ၏။
သူမအတွက်မူ ယနေ့တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများက အလွန် များပြားလွန်းလှရာ တိုတောင်းသော အချိန်အတွင်း အားလုံးကို အပြည့်အဝ လက်မခံနိုင်သေးချေ။
ကျူးကျိယွီ၏ အခြေအနေကလည်း သူမ၏ မျှော်လင့်ထားမှုများကို ကျော်လွန်နေခဲ့သည်။
ယခုအခါ ကျူးကျိယွီကို ရှာဖွေရန်အတွက် ထန်ထျန်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။
အားလုံး ပြောဆိုပြီးနောက် ထန်ထျန်းက ဘေးနားရှိ ယွမ်ပင်းကို လှည့်ကြည့်လိုက်၏။
"ဒီလူ မဆိုးဘူး"
"ပြီးတော့ ကျင်းရှန်မြို့က ယွမ်ကျိုး လည်း ရှိသေးတယ်"
"သူတို့နှစ်ယောက်ကို မင်း မှတ်ထားလိုက်၊ သူတို့ကို ဘာမှ ဖြစ်ခွင့်မပေးနဲ့"
ထန်ထျန်းက ချန်ယုံရှင်း ကို ပြောလိုက်သည်။
ချန်ယုံရှင်း က ခေါင်းညိတ်ပြရင်း "စိတ်ချပါ အရှင်"
"ကျွန်တော် သူတို့ကို သေချာပေါက် စီစဉ်ပေးပါ့မယ်"
ဤစကားများကို ကြားလိုက်ရသောအခါ ယွမ်ပင်းမှာ အတိုင်းထက်အလွန် ရင်ဘတ်ထဲ၌ လှုပ်ရှား လာခဲ့ရတော့သည်။
ကျိကျွင်း အရှင်တစ်ဦး၏ ကတိစကားက မည်မျှအထိ လေးနက်သော အလေးချိန် ရှိသည်ကို သူ သဘာဝကျကျ နားလည်ထားပေသည်။
"ကျိကျွင်း ကို ကျေးဇူးတင်ပါတယ်"
ယွမ်ပင်းက ဦးညွှတ်၍ ကျေးဇူးတင်စကား ပြော လိုက်၏။
ချန်ယုံရှင်း ကမူ လက်ကို ဝှေ့ယမ်းလိုက်သည်။
"အရှင် ထန်ထျန်း ကိုပဲ ကျေးဇူးတင်လိုက်ပါ"
"အရှင့် ကို တွေ့ဆုံခွင့်ရတာက မင်းရဲ့ ဘဝပေါင်းများစွာက ကုသိုလ်ကံပဲ"
......
ခဏအကြာတွင် ထန်ထျန်းတို့အဖွဲ့၏ ပုံရိပ်များက မြင့်မြတ်နန်းတော်၏ ပင်မတောင်ထိပ် ထက်မှ ပျောက်ကွယ်သွားခဲ့ကြတော့သည်။