အခန်း ၉၂၇
Vol. 89 Ch. 927
အခန်း (၉၂၇) ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း
ထန်ထျန်း ပြောလိုက်သော စကားကြောင့် လူတိုင်းက ချက်ချင်းပင် ဘေးနားရှိ ကျူးကျိယွီ၏ ကိုယ်ပေါ်သို့ အကြည့်များ ရွှေ့လိုက်ကြသည်။
ထိုအချိန်တွင် ကျူးကျိယွီက ဝိညာဉ်ချိပ်ပိတ် မှုကို ဖြေလျှော့ပြီးသား ဖြစ်သဖြင့် နိုးရုံတင် နိုးလာခဲ့ပြီ ဖြစ်၏။
အကြီးအကဲများအားလုံး လှည့်ကြည့်လာသည်ကို မြင်သောအခါ သူ၏ မူလကပင် ဖြူလျော့နေသော မျက်နှာက ပို၍ပင် ဖြူစုတ်သွားတော့သည်။ ယခင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက ဤလူငယ်လေးကို တကယ်ပင် ခြောက်လှန့်ထားခဲ့ပုံရ၏။
၎င်းကို မြင်သဖြင့် ကျူးကျစ်ယန်က မောင်လေးဖြစ်သူ၏ ရှေ့တွင် မတ်တတ်ရပ်ကာ ကာကွယ်ပေးလိုက်သည်။ သူမ၏ ရင်ထဲတွင်လည်း အလွန်အမင်း ကြောက်ရွံ့နေမိသော်လည်း မောင်လေးဖြစ်သူ၏ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
ထန်ထျန်းက ခပ်ဖွဖွ ခေါင်းခါပြလိုက်ရင်း ပြော၏။ "စိတ်အေးအေးထားပါ"
"သူ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး"
ထိုအခါမှသာ အခြားလူများလည်း သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြတော့သည်။
"သူက ဒီလောက်အထိ အရေးပါနေလို့လား"
လုံကျိုကျိုးက ဝင်ပြောလာ၏။ "ကျူးကျိယွီရဲ့ သရုပ်မှန် က ထူးခြားတာ မှန်ပေမဲ့... သူက အလွန်ဆုံးရှိမှ ငါတို့ရဲ့ ခိုလှုံရာ ကမ္ဘာလွတ်ကြီးကို ပိုပြီး ရေရှည်တည်တံ့အောင်ပဲ လုပ်ပေးနိုင်မှာလေ"
"ကမ္ဘာ့ဆန္ဒရဲ့ လူသားအသွင် တစ်ယောက်က တစ်ကိုယ်လုံးအတိုင်းအတာနဲ့ အခြေအနေအရပ်ရပ်ကို ကယ်တင်နိုင်ဦးမှာမလို့လား"
ထန်ထျန်းက ပြုံးလိုက်ရင်း ပြောသည်။ "သူက တကယ်ပဲ အရေးကြီးတဲ့ သော့ချက်ပဲ"
"ဒါပေမဲ့... သူ့ရဲ့ သရုပ်မှန် ကြောင့် မဟုတ်ဘူး၊ သူ ကိုယ်တိုင်ကြောင့်ပဲ"
"ဒီကိစ္စက စကားလုံး တစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြဖို့ မလွယ်ဘူး၊ အခု ပြောပြရင်တောင် မင်းတို့ နားလည်နိုင်မှာ မဟုတ်သေးဘူး"
"နောက်မှပဲ သိရလိမ့်မယ်"
လူတိုင်း တိတ်ဆိတ်ရုံသာ နေလိုက်ကြတော့သည်။
သူတို့က ဤကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော လူသားတစ်စု ဖြစ်ကြသဖြင့် ဤစကားကို အခြားလူတစ်ယောက်သာ ပြောလာခဲ့လျှင် သေချာပေါက် ပျင်းစရာကောင်းသော ဟာသတစ်ခုအဖြစ် သတ်မှတ်မိကြလိမ့်မည်။
သို့သော် ပြောသူက ထန်ထျန်း ဖြစ်နေသည့်အတွက်...
သူ့မှာ ထိုသို့ပြောနိုင်သော အရည်အချင်း တကယ်ပဲ ရှိပေသည်။
"ဒါဆိုရင် ငါတို့ အခု ဘာဆက်လုပ်ကြရမလဲ"
လုံကျိုကျိုးက မေးလိုက်၏။
ထန်ထျန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း ပြောသည်။ "အဲဒါတွေကို အလျင်စလို ပြောမနေပါနဲ့ဦး"
"ပထမဆုံး တခြား ကိစ္စတစ်ခုကို အရင်ပြောကြရအောင်"
ထို့နောက် သူက ဘေးနားရှိ ချန်ဝူဟွေ့ကို လှည့်ကြည့်လိုက်၏။
"မင်းတို့ ကျူးကျိယွီကို လိုချင်နေကြတာက... ဘာလုပ်ဖို့လဲ"
ချန်ဝူဟွေ့က လုံကျိုကျိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် စ ပြောလာတော့သည်။ "ရည်ရွယ်ချက် နှစ်ခု ရှိပါတယ်"
"ပထမတစ်ခုကတော့... အစောပိုင်းတုန်းက ကျိုကျိုးကျိကျွင်း ပြောခဲ့သလိုပါပဲ"
"မင်း ရောက်နေတဲ့ နေရာကို ရှာဖွေဖို့အတွက်ပါ"
လုံကျိုကျိုးက ခပ်အေးအေး နှာခေါင်းရှုံ့လိုက်သော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။
ထန်ထျန်းကမူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်၏။ "ဘယ်လို ရှာဖွေတာလဲ"
ချန်ဝူဟွေ့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်ရင်း ပြောသည်။ "မင်း ပြန်ရောက်လာပြီဆိုမှတော့... ပြောပြလို့ မရတာမျိုး မရှိတော့ပါဘူး"
"ဒီနှစ်ပေါင်း ခုနစ်ရာကျော်အတွင်းမှာ ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့ အဓိက ရည်မှန်းချက်က တကယ်တော့ မင်းရဲ့ ခြေရာလက်ရာတွေကို ရှာဖွေဖို့ပါပဲ"
"မြင့်မြတ်အရှင် ရှောင်းရွှယ် က မင်း ပျောက်ကွယ်မသွားဘူးဆိုတာကို အမြဲတမ်း အခိုင်အမာ ယုံကြည်နေခဲ့တာ၊ မင်း ပြန်ရောက်လာအောင် နည်းလမ်းမျိုးစုံကို သုံးပြီးတော့ ကြိုးစားခဲ့ဖူးတယ်"
"ဒါပေမဲ့ အဲဒီ နည်းလမ်းတွေ အားလုံးက ဘာတစ်ခုမှ မအောင်မြင်ဘဲ ကျရှုံးခဲ့ရတာချည်းပဲ"
"နောက်ဆုံးကျတော့မှ မြင့်မြတ်အရှင် ရှောင်းရွှယ် က... ထာဝရကြေးမုံ ကို သန့်စင်ဖို့ ရွေးချယ်ခဲ့တာ"
ထန်ထျန်းက ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ထာဝရကြေးမုံ က ကာလအကြာကြီး ကတည်းက နတ္ထိ အဖြစ် ပြောင်းလဲသွားပြီးတော့ ထာဝရ စီးဆင်းနေတဲ့ အချိန်မြစ်ကြီး ဖြစ်သွားခဲ့ပြီ၊ အဲဒါက ဘယ်လိုမှ ထိတွေ့လို့ မရနိုင်တဲ့ တည်ရှိမှုမျိုးပဲ"
"ဘယ်သူမှ အဲဒါကို သန့်စင်နိုင်မှာ မဟုတ်ဘူး"
ချန်ဝူဟွေ့က ခေါင်းညိတ်ပြလိုက်ရင်း ပြောသည်။ "ဟုတ်ပါတယ်"
"ထာဝရကြေးမုံ ရဲ့ ပင်မကိုယ်ထည်ကို ရှာဖွေဖို့က တကယ်ပဲ မဖြစ်နိုင်တော့ပါဘူး"
"ဒါပေမဲ့... သူ့ရဲ့ ပုံရိပ်ယောင်ကတော့ ရှိနေဆဲပဲ"
"မြင့်မြတ်အရှင် ရှောင်းရွှယ် ဘယ်လို နည်းလမ်း သုံးခဲ့လဲဆိုတာ မသိပေမဲ့... သူမက ထာဝရကြေးမုံ ရဲ့ စွမ်းအားကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့တာတော့ အမှန်ပဲ"
"ပြီးတော့ ထာဝရကြေးမုံ က အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်သွယ်ပေးနိုင်တဲ့အပြင် ကမ္ဘာ့ဆန္ဒရဲ့ လူသားအသွင် နဲ့ပါ ပေါင်းစပ်လိုက်ရင်... ဒီကမ္ဘာပေါ်မှာ သဲလွန်စ ချန်ထားရစ်ခဲ့တဲ့ ဘယ်လို တည်ရှိမှုကိုမဆို ပုံရိပ် ထင်ဟပ်စေနိုင်တယ်လေ"
ထန်ထျန်း ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။ မူလက ဒီလိုကိုး ။
သို့သော်လည်း သူက မကြာမီမှာပင် ပုံမှန်မဟုတ်သော နေရာအချို့ကို သတိပြုမိသွားပြန်၏။
ထာဝရကြေးမုံ ၏ စွမ်းအားကို ပေါ်ထွက်လာစေပြီး သူတို့ လိုချင်သော ရလဒ်မျိုး ရရှိအောင် လုပ်ဆောင်ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။
အထွတ်အထိပ်ကျိကျွင်းတွေတောင် မလုပ်နိုင်ကြချေ။
သူကိုယ်တိုင် ဖြစ်စေ၊ သို့မဟုတ် ထာဝရအဆင့်သို့ မရောက်ရှိသေးသော ကျွင်းချန်ချင်း ဖြစ်စေ ထိုအရာကို လုပ်ဆောင်နိုင်ရန် အလွန်ပင် ခဲယဉ်းလိမ့်မည်။
ကုရှောင်းရွှယ်အနေဖြင့် ဤသို့သော ကောင်းကင်ဆန့်ကျင်သည့် ကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပေသည်။
သူမက ဂျင်ဂိုကမ္ဘာ၏ စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။
ထန်ထျန်း မထွက်ခွာမီက ကုရှောင်းရွှယ်၏ အသက်စွမ်းအား ကို ဂျင်ဂိုပင်ကြီးနှင့် ချိတ်ဆက်ပေးခဲ့သဖြင့် သူမအနေဖြင့် ဂျင်ဂိုကမ္ဘာ၏ အစွမ်းထက်သော စွမ်းအားများကို အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်ပေသည်။
သို့သော် ဤမျှနှင့် မလုံလောက်သေးချေ။
ဤသို့သော ကောင်းကင်ဆန့်ကျင်သည့် ကိစ္စကို ပြီးမြောက်အောင်မြင်ရန်အတွက် သူမက သူ့ကိုယ်သူ အားလုံး ပေါင်းစပ်ထည့်သွင်းရမည် ဖြစ်သည်။
ဆိုလိုသည်မှာ...
"ရှောင်းရွှယ်က သူ့ကိုယ်သူ ထာဝရကြေးမုံ နဲ့ အတူတူ ပေါင်းစပ် သန့်စင်လိုက်တာလား"
ထန်ထျန်း၏ မျက်နှာက တဖြည်းဖြည်းနှင့် လေးနက်တည်ကြည်သွားတော့သည်။
ချန်ဝူဟွေ့က ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။
"ငါ တို့ သူမကို တားခဲ့ပါသေးတယ်၊ ဒါပေမဲ့..."
"မင်း သိတဲ့အတိုင်းပဲ... မင်းအပေါ် ထားတဲ့ သူမရဲ့ ခံစားချက် က ဘယ်အရာနဲ့မှ အစားထိုးလို့ မရတဲ့ တည်ရှိမှုမျိုးလေ"
"အလားအလာ အနည်းငယ်လေး ရှိနေရင်တောင် သူမက အရှုံးပေးမှာ မဟုတ်ဘူး"
"ကံကောင်းတာက နောက်ဆုံးတော့ သူမ အောင်မြင်သွားခဲ့တယ်၊ ဒါကြောင့်... မင်း သူမနဲ့ ပြန်တွေ့နိုင်ဦးမှာပါ"
ထန်ထျန်း ရင်ထဲကနေ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
ဒီကောင်မလေးက တကယ်ကို ဇွဲကြီးလွန်းလှသည်။
သူနှင့် ပတ်သက်သည့် ကိစ္စများတွင် သူမက သူ့ကိုယ်သူအတွက် မည်သည့်အခါမျှ ထည့်တွက် စဉ်းစားလေ့ မရှိချေ။
"ဒါဆိုရင် နောက်ထပ် ရည်ရွယ်ချက် တစ်ခုကကော ဘာလဲ"
ထန်ထျန်းက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ရင်း ထပ်မံ မေးမြန်းလိုက်သည်။
ချန်ဝူဟွေ့က ပြန်လည် ဖြေကြားခဲ့၏။ "နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့... ကျိုကျိုးကျိကျွင်းရဲ့ အစီအစဉ်နဲ့ အခြေခံအားဖြင့် ဆင်တူပါတယ်"
"ဂျင်ဂိုကမ္ဘာအကြောင်းကို... မင်းက အသိဆုံး ဖြစ်မှာပါ"
"အဲဒီနေရာက အရမ်းကို ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်ပေမဲ့ တစ်ခုတည်းသော ပြဿနာကတော့ အနန္တစကြဝဠာ ကမ္ဘာအသီးသီးနဲ့ သဟဇာတ မဖြစ်တာပဲ၊ ဒါကြောင့် ငါတို့တွေက အပြင်ဘက်ကနေ ကမ္ဘာငယ်လေးတွေရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ အကာအကွယ် ပေးနိုင်ပြီး အဲဒီကမ္ဘာကို သုံးပြီးတော့ ပိုပြီး ကြီးမားတဲ့အရာတွေကို လုပ်ဆောင်ဖို့ နည်းလမ်း မရှိခဲ့ဘူး"
ထန်ထျန်းက ခေါင်းညိတ်လိုက်၏။ ၎င်းက အခြေခံကျသော ပြဿနာတစ်ခု ဖြစ်ပေသည်။
ဂျင်ဂိုကမ္ဘာနှင့် အနန္တစကြဝဠာ ကမ္ဘာအသီးသီးက အပြန်အလှန် သီးခြားစီ တည်ရှိနေသော ကမ္ဘာများ ဖြစ်ကြပြီး ဂျင်ဂိုပင်ကြီးသည်လည်း မဟာကမ္ဘာကြီး၏ ကမ္ဘာ့သစ်ပင်အဖြစ် အသုံးပြုရန် နည်းလမ်း မရှိချေ။
မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာကျော်ကတည်းက သူသည် ကျွင်းချန်ချင်းကို တိုက်ရိုက် သတ်ပစ်ခဲ့ပြီးသား ဖြစ်လိမ့်မည်။
"ဒါပေမဲ့ နောက်ပိုင်းကျတော့... ငါတို့တွေ ကမ္ဘာနှစ်ခုကို သဟဇာတဖြစ်အောင် ပေါင်းစပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်"
ချန်ဝူဟွေ့၏ အကြည့်က ကျူးကျိယွီ၏ ကိုယ်ပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။
"မူလ ကမ္ဘာ့ဆန္ဒက ဂျင်ဂိုကမ္ဘာနဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ သူက သူ့ကိုယ်သူ ကယ်တင်ခြင်းလမ်းစဉ်ကို ရွေးချယ်ပြီးတော့ လူသားအသွင် ပုံစံနဲ့ ဒီကမ္ဘာထဲမှာ ပေါ်လာခဲ့တယ်"
"ကျူးကျိယွီကတစ်ဆင့် ငါတို့တွေ ကမ္ဘာနှစ်ခုကို အစိတ်အပိုင်းအလိုက် ပေါင်းစပ်စေနိုင်တယ်"
"အဲဒါသာ အောင်မြင်သွားရင်... ဂျင်ဂိုကမ္ဘာရဲ့ စွမ်းအားကို သုံးပြီးတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေထဲက ငါးပုံတစ်ပုံလောက်ကို အကာအကွယ် ပေးနိုင်လိမ့်မယ်"
"ဒါက ငါတို့ရဲ့ ဒုတိယမြောက် ရည်ရွယ်ချက်ပဲ"
သူမ စကားပြောပြီးနောက်တွင်မူ လူတိုင်းက ခေတ္တမျှ တိတ်ဆိတ်သွားကြရပြန်သည်။
လုံကျိုကျိုးတို့ လူစုလည်း အနည်းငယ် အံ့အားသင့်သွားကြရပြီး ချန်ဝူဟွေ့တို့တွင် ဤကဲ့သို့သော ရည်ရွယ်ချက် တကယ်ပဲ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပုံရ၏။
ခေတ္တမျှ ကြာပြီးနောက် ချန်တာအိုကျိကျွင်းက ရုတ်တရက် စားပွဲခုံကို အားပြင်းပြင်းဖြင့် တစ်ချက် ရိုက်လိုက်တော့သည်။
"မင်းတို့ရဲ့ အဲဒီကမ္ဘာက တကယ်ပဲ ကမ္ဘာနှစ်ခုအကြား သဟဇာတဖြစ်မှုကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်..."
"ပြီးတော့ ငါတို့ ကမ္ဘာကြီးကို ပြန်လည် ပုံဖော်ဖို့အတွက် သုံးမယ့် မဟာအစီအရင် ကြီးနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင်... အလားအလာ အနည်းငယ်လောက် ရှိနေနိုင်မလား..."
"တစ်ကမ္ဘာလုံးကို... ထပ်ပြီးတော့ အသစ်တစ်ဖန် မွေးဖွားလာစေဖို့လေ"
ချန်တာအိုကျိကျွင်း၏ စကားကြောင့် လူတိုင်း ချက်ချင်းပင် နိုးကြားသွားကြရသည်။
ဟုတ်ပေသည်။ ဤကမ္ဘာကြီး ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာမှာ သူ့ကိုယ်တိုင်၏ ချို့ယွင်းချက်ကြောင့် အတွင်းပိုင်းမှ ပြိုလဲပျက်စီးကာ သေဆုံးခြင်းဆီ သို့ ဆိုက်ရောက်နေရခြင်း ဖြစ်၏။
သူ့တွင် အကြီးမားဆုံး ချို့ယွင်းချက်မှာ ကမ္ဘာကြီးကို တည်ငြိမ်စေရန်အတွက် သုံးရမည့် ကမ္ဘာ့သစ်ပင် မရှိခြင်းပင်။
ဂျင်ဂိုကမ္ဘာတွင်မူ ဂျင်ဂိုပင်ကြီး ရှိနေခဲ့သည်။
ကမ္ဘာနှစ်ခု ပေါင်းစပ်မည့် ပြဿနာကိုသာ ဖြေရှင်းနိုင်ပြီး ချန်တာအိုကျိကျွင်း၏ မဟာအစီအရင်ကြီးကို သုံးကာ ကမ္ဘာကြီးကို ပြန်လည် ပုံဖော်နိုင်မည်ဆိုလျှင်...
သီအိုရီအရဆိုလျှင်... ကမ္ဘာကြီးကို သေရာကနေ ပြန်လည် ရှင်သန်လာစေဖို့အတွက် တကယ်ပဲ မျှော်လင့်ချက် အနည်းငယ် ရှိနေပေလိမ့်မည်။
လူတိုင်းက အလျင်အစလိုပင် စတင် ဆွေးနွေးလိုက်ကြပြီး မကြာမီမှာပင် ဤသီအိုရီ၏ ဖြစ်နိုင်ခြေကို အတည်ပြုနိုင်ခဲ့ကြတော့သည်။
ထို့နောက်တွင်မူ သူတို့က ထန်ထျန်းကို လှည့်ကြည့်လိုက်ကြ၏။
"မင်း ဘယ်လို ထင်လဲ"
လုံကျိုကျိုးက မေးလိုက်သည်။
ထန်ထျန်းကမူ သူ၏ လက်ချောင်းများဖြင့် စားပွဲခုံကို ခပ်ဖွဖွ တောက်လိုက်၏။
အစောပိုင်းတုန်းက လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည့် အချိန်အတွင်းမှာပင် သူက မည်သည့်အခါမျှ ဝင်ရောက် မဆွေးနွေးခဲ့ဘဲ တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး မည်သည့် သဘောထားကိုမျှ ထုတ်ဖော်မပြခဲ့ချေ။
သို့သော်လည်း လူတိုင်း၏ မျှော်လင့်တကြီး စောင့်ဆိုင်းနေသော အကြည့်များကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
"အခု...."
"ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်"