← Chapters

အခန်း ၉၃၅

Vol. 89 Ch. 935

အခန်း ၉၃၅

Vol. 89 Ch. 935

အခန်း (၉၃၅) ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး

​"ဒါက ငါတို့ တကယ် မြင်ချင်ခဲ့တဲ့ အဆုံးသတ်မျိုး မဟုတ်ဘူး"

​ဖရိုဖရဲစွမ်းအားများ ကြားထဲတွင် ချီလင်မိန်းကလေးက အခြားသော ကမ္ဘာ့ဝိညာဉ်အကြွင်းအကျန် များနှင့်အတူ မတ်တတ်ရပ်ရင်း လုံးဝ ဆုတ်ဖြဲဖျက်ဆီးခြင်း ခံလိုက်ရသည့် နောက်ဆုံးသော ကမ္ဘာကြီးကို လှမ်းကြည့်ကာ ပြောလိုက်၏။

​ထိုကမ္ဘာက သူတို့ကို မွေးဖွားပေးခဲ့သည့် မိခင် ပင် ဖြစ်သည်။

​"ဒါပေမဲ့ ငါတို့ကကော ဘာတတ်နိုင်မှာလဲ"

​"လုပ်နိုင်သမျှ အရာအားလုံးကိုလည်း လုပ်ခဲ့ပြီးပြီပဲဥစ္စာ"

ချန်တာအိုကျိကျွင်း က နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်မိတော့၏။

​"ကျွင်းချန်ချင်းကကော ဘာဆက်ဖြစ်မှာလဲ"

​"သူကလည်း အရင်တုန်းက အခြားလူတွေလိုပဲ အကြောင်းပြချက် မရှိဘဲ ရူးသွပ်သွားဦးမှာလား"

​စကားပြောလိုက်သူကတော့ ဟုန်းမုန့် ကျိကျွင်း ပင် ဖြစ်သည်။

​ချီလင်မိန်းကလေးက ခေါင်းခါယမ်းလိုက်ရင်း "ငါကတော့ သူ စိတ်မှန်ကိုယ်မှန် ရှိနေပေးဖို့ပဲ မျှော်လင့်ပါတယ်"

​"တကယ့် အစစ်အမှန် ထာဝရအဆင့် တည်ရှိမှုကြီးတစ်ခုကသာ တကယ်ကြီး ရူးသွပ်သွားမယ်ဆိုရင် အရာအားလုံးက ပြာအတိ ဖြစ်သွားလိမ့်မယ်"

​ဟုန်းမုန့်ကျိကျွင်း က မချိပြုံး ပြုံးလိုက်ရင်း ပြော၏။ "ငါကတော့ သူ ကမ္ဘာ့အရှင်လို ဖြစ်သွားဖို့ပဲ မျှော်လင့်မိတယ်"

​"ရုတ်တရက်ကြီး ဒီကမ္ဘာကြီးကို ပြန်ပြီး ချစ်မြတ်နိုးလာတာမျိုးပေါ့"

​ချန်တာအိုကျိကျွင်း က နှုတ်ခမ်းတစ်ချက် မဲ့လိုက်သည်။

​"ကမ္ဘာကြီးက မရှိတော့တာကို... ချစ်ခြင်းဆိုတာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် သရုပ်ဖော်မှုတစ်ခုပဲ ဖြစ်လာနိုင်တော့မှာပေါ့"

​"အဲဒီအကြောင်းတွေကို လျှောက်တွေးနေမယ့်အစား ငါတို့ နောက်ပိုင်း ဘယ်ကို ဦးတည်သွားရမလဲဆိုတာ စဉ်းစားတာက ပိုကောင်းပါလိမ့်မယ်"

​"ရှေးဟောင်းမြင့်မြတ်နယ်မြေက ငါတို့ကို မလိုအပ်ဘူးလေ"

​ရှေးဟောင်းမြင့်မြတ်နယ်မြေက ထန်ထျန်း ပိုင်ဆိုင်သည့် နေရာဖြစ်ပြီး အတွင်းပိုင်း စီမံခန့်ခွဲမှုကလည်း စနစ်တကျ ရှိလှပေသည်။

​ကမ္ဘာကြီး မပျက်စီးမီ အချိန်တုန်းကတော့ သူတို့က အလွန် အားကိုးရသည့် အင်အားစုကြီး ဖြစ်ခဲ့ကြသော်လည်း...

​ယခုအချိန်တွင်မူ သူတို့၏ အနေအထားက အနည်းငယ် မျက်နှာပူစရာ ဖြစ်နေခဲ့ချေပြီ။

​ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ချီလင်မိန်းကလေးက မေးလိုက်၏။ "ထန်ထျန်းကကော"

​ချန်တာအိုကျိကျွင်း က ပြန် ဖြေသည်။ "အဲ့ကမ္ဘာထဲမှာပဲ ရှိနေတုန်းပဲ"

​"ငါကတော့ သူ အစီအစဉ်အကြီးကြီးတစ်ခုခု ချပြဦးမလားလို့ ထင်နေတာ... ဒါပေမဲ့ ကြည့်ရသလောက်တော့ သူ တကယ်ပဲ လက်မှိုင်ချပြီး အနားယူဖို့ ရွေးချယ်လိုက်ပုံရတယ်"

​ဟုန်းမုန့်ကျိကျွင်း က ပြော၏။ "လက်မှိုင်မချလို့ ဘာလုပ်နိုင်ဦးမှာလဲ"

​"သူကလည်း နစ်နာသူတွေထဲက တစ်ယောက်ပဲလေ"

​"ငါတို့က သူ့ရဲ့ ပုခုံးပေါ်ကို တာဝန်တွေ အများကြီး တင်ပိုးပေးခဲ့ကြတာ"

​ဝိညာဉ်များအားလုံး နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိကြပြန်သည်။

​ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အရာအားလုံးက အခြေကျသွားခဲ့ချေပြီ၊ စကားတွေ အများကြီး ပြောနေလည်း ဘာမှ ထူးခြားလာတော့မည် မဟုတ်ပေ။

​ကမ္ဘာကြီးက လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သလို ကျွင်းချန်ချင်းကလည်း ထာဝရအဆင့်ဆီသို့ တရားဝင် တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ဦးမှာလဲ။

မ​နောက်ပြောင်ပါနဲ့... ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။

​အချိန်အတော်ကြာပြီးနောက် ချီလင်မိန်းကလေးက ခေါင်းခါလိုက်၏။

​"သွားကြစို့၊ ပြန်ပြီး ချန်ဝူဟွေ့ကို သွားပြောလိုက်မယ်"

​"ငါကတော့ ဖရိုဖရဲစွမ်းအားတွေရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို သွားပြီး လျှောက်သွားဖို့ ပြင်ဆင်ထားတယ်၊ တကယ်လို့ မင်းတို့က ဒီမှာပဲ ကျန်ရစ်ခဲ့ချင်တယ် ဆိုရင်တော့..."

​သို့သော်လည်း သူမ၏ စကားက အဆုံးသတ်အောင် ပြောခွင့်မရခဲ့ချေ၊ ဝေးကွာလှသော ဖရိုဖရဲဟင်းလင်းပြင်ကြီး၏ အတွင်းပိုင်းမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည့် မုန်တိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ။

​အသက်ရှိုက်ချိန်အနည်းငယ် အတွင်းမှာတင် ထိုမုန်တိုင်းက ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့ပြီး တစ်ခုလုံးသော ဖရိုဖရဲကမ္ဘာကြီးကို ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့၏။

​ထိုမုန်တိုင်းကြီး၏ ကြားထဲတွင် သူတို့က အလွန်ပင် ရင်းနှီးလှသည့် အော်ရာနှစ်ခုကို အာရုံခံမိလိုက်ကြသည်။

​တစ်ခုက ကျွင်းချန်ချင်း ဖြစ်ပြီး...

​အခြားတစ်ခုကတော့ သေချာပေါက် ထန်ထျန်း ပင် ဖြစ်၏။

​ချက်ချင်းပင် လူတိုင်း၏ မျက်နှာထက်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့ကြတော့သည်။

​"ထန်ထျန်းက..."

​"ဒီလို အချိန်မျိုးကျမှ လက်တုံ့ပြန် တိုက်ခိုက်လိုက်တာလား"

.....

​အချိန်က လွန်ခဲ့သည့် နာရီအနည်းငယ်ခန့်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

​နောက်ဆုံးသော ကမ္ဘာ့အပိုင်းအစ ပျောက်ကွယ်သွားသည့် အခါတွင် မူလကမ္ဘာဟောင်း၏ အော်ရာများသည်လည်း လုံးဝ ချုပ်ငြိမ်းသွားခဲ့ချေပြီ။

​ဂျင်ဂိုကမ္ဘာအတွင်း ရှိနေသည့် ထန်ထျန်းကတော့ ထိုအရာကို သေချာပေါက် အာရုံခံမိလိုက်ပေသည်။

​သူ့ရဲ့ ပုံရိပ်က ခေတ္တမျှ ရပ်တန့်သွားခဲ့၏။

​ဘေးကနေ နှစ်ပေါင်း နှစ်ရာကျော်အောင် ပန်းထိုးနေခဲ့သည့် ကုရှောင်းရွှယ်က ချက်ချင်းပင် ရိပ်မိသွားခဲ့ပြီး လက်ထဲက အပ်ချည်ကြိုးကို ရပ်တန့်လိုက်သည်။

​"ရှင် သွားတော့မလို့လား"

​ထန်ထျန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။

​ဒီနှစ်တွေအတွင်းမှာ သူက တစ်ခါတရံ ကိစ္စအချို့ကြောင့် အပြင်သို့ ထွက်သွားသည်မှလွဲ၍ ကျန်ရှိသည့် အချိန်များတွင် ကုရှောင်းရွှယ်နှင့်အတူ ဤထူးဆန်းသော အချိန်နှင့် နေရာလွတ် ကမ္ဘာလေးထဲတွင် အမြဲတမ်း အတူတူ ရှိနေခဲ့ခြင်း ဖြစ်သည်။

​ဒါက သူတို့နှစ်ဦး အတူတူ အချိန်အကြာဆုံး ဖြတ်သန်းခဲ့ရသည့် ကာလတစ်ခု ပင် ဖြစ်၏။

​"အရာအားလုံးကို ရှင်းလင်း ဖို့ အချိန်ရောက်ပြီ"

​ထန်ထျန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း မတ်တတ်ရပ်လိုက်သည်။

​ကုရှောင်းရွှယ်ကလည်း လိုက်လံ မတ်တတ်ရပ်လိုက်၏၊ သူမက စကားတွေအများကြီး မပြောခဲ့ဘဲ ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာခဲ့ပြီး ထန်ထျန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မှီတွယ်လိုက်သည်။

​ထန်ထျန်းကလည်း လက်ကို ဆန့်ထုတ်လိုက်ရင်း ကုရှောင်းရွှယ်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။

​ကုရှောင်းရွှယ်တွင် ရုပ် ခန္ဓာကိုယ်အစစ်အမှန် မရှိသဖြင့် မည်သည့် ထိတွေ့မှု ခံစားချက်မျိုးမျှ မရှိသော်လည်း ဒါက ဝိညာဉ် အရ အပြန်အလှန် ပွေ့ဖက်လိုက်ခြင်းနှင့် ပိုမို ဆင်တူလှပေသည်။

​ခေတ္တမျှ ကြာပြီးနောက် ကုရှောင်းရွှယ်က ထန်ထျန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။

​"သွားပါ"

​သူမက ပြော လိုက်သည်။

​ထန်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူမကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ ထွက်ခွာသွားခဲ့တော့၏။

.....

​ဖရိုဖရဲစွမ်းအားများ ကြားထဲတွင်...

​ကျွင်းချန်ချင်းက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ဟင်းလင်းပြင်ထက်တွင် မတ်တတ်ရပ်နေခဲ့သည်။

​သူ့ရဲ့ မျက်ဝန်းများက အဆုံးစွန်အထိ တိတ်ဆိတ်ငြိမ်သက်လွန်းလှ၏။

​အတိုင်းအဆမရှိ နက်ရှိုင်းလွန်းလှသလို...

​အတိုင်းအဆမရှိ ဗလာနတ္ထိ ဖြစ်လွန်းလှပေသည်။

​ကြည့်ရသည်မှာ သက်ရှိနှင့်ပင် မတူတော့ချေ။

​သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများက မည်သည့် တည်ရှိမှုမျိုးကိုမဆို ဝိညာဉ်အထိ တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်လှပေသည်။

​ဖရိုဖရဲစွမ်းအားများပင်လျှင် သူ့ရဲ့ အနီးအနားသို့ နည်းနည်းလေးမျှ တိုးကပ်နိုင်ခြင်း မရှိချေ။

​ပတ်ပတ်လည် မိုင်ပေါင်း ဆယ်သန်း နေရာတစ်ခုလုံးက သန့် စင်လှသော ဗလာနတ္ထိ နယ်မြေအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

​သို့သော်လည်း ယခုလို အချိန်တွင် ပုံရိပ်တစ်ခုက ကျွင်းချန်ချင်းနှင့် သိပ်မဝေးလှသော နေရာတစ်ခုသို့ ပေါ်ထွက်လာခဲ့၏။

​"ဟိုး..."

​"ဒါက ထာဝရအဆင့်ရဲ့ ခွန်အားပေါ့ ဟုတ်လား"

​"တကယ်ကိုပဲ ကြောက်စရာကောင်းလှပါပေ့"

​ထန်ထျန်းက ပြုံးရင်း ပြောလိုက်သည်။

​ကျွင်းချန်ချင်းနှင့် အကွာအဝေးတစ်ခု ခြားနေသေးသော်လည်း သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။

​ဒါက လုံးဝကို အခြား လောက တစ်ခုပေါ်က ခွန်အားမျိုး ဖြစ်ပေသည်။

​ကျွင်းချန်ချင်း၏ အေးစက်တည်ငြိမ်လှသော မျက်ဝန်းများက လှည့် ကြည့်လာခဲ့သည်။

​"ငါ သူမကို မမြင်ရသေးဘူး"

​သူက စကားစလိုက်၏။ "ငါက အရာအားလုံးကို မြင်တွေ့ခဲ့ရတယ်၊ ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ မူလအစကိုလည်း မြင်တွေ့ခဲ့ရတယ်"

​"ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ နေရာမျိုး ဘာမှ မတွေ့ခဲ့ရဘူး"

​"တစ်ခုတည်းသော သဲသဲကွဲကွဲ မမြင်ရတဲ့အရာက ကမ္ဘာ့အရှင်ပဲ"

​"ငါက သူ့ရဲ့ နာမည်ကို မမြင်ရသလို သူ့ရဲ့ စစ်မှန်တဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း မေ့လျော့နေခဲ့ရတယ်"

​"ဒါပေမဲ့ ဒါက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် သူကလည်း ထာဝရအဆင့်ပဲလေ"

​ကျွင်းချန်ချင်းက ဖြည်းညှင်းစွာ ပြောဆိုနေခဲ့သော်လည်း နားထောင်ရသည်မှာ ထန်ထျန်းကို ပြောနေခြင်းနှင့်မတူဘဲ သူ့ကိုယ်သူ ရေရွတ်နေသည့် စကားနှင့် ပိုတူလှပေသည်။

​ဒါကို မြင်သောအခါ ထန်ထျန်းက လက်ကို ဝှေ့ယမ်းပြလိုက်၏။

​"ဟိုင်း..."

​"ကြားလား..."

​ကျွင်းချန်ချင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ထပ်မံ ပြောပြန်သည်။ "ငါ မင်းကိုလည်း သဲသဲကွဲကွဲ မမြင်ရဘူး"

​"မင်းက အရမ်း ထူးဆန်းတယ်"

​"မတည်ရှိသင့်တဲ့ အရာမျိုးပဲ"

​ထန်ထျန်းက ပြုံးလိုက်ရင်း "ဒါပေမဲ့ လက်တွေ့မှာတော့ ငါက တကယ် တည်ရှိနေတာပဲလေ"

​"မင်းရဲ့ ရှေ့တည့်တည့်မှာ မတ်တတ်ရပ်နေတာ"

​ကျွင်းချန်ချင်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ရပြန်သည်။

​သူ့ရဲ့ လက်ရှိ အခြေအနေက အလွန် ထူးဆန်းလှပေသည်၊ စကားတစ်ခွန်း ပြောရန်အတွက် အချိန်အတော်ကြာ စဉ်းစားတွေးတောနေရပုံ ရ၏။

​"မင်းက ငါ့ကို သတ်ဖို့ လာတာလား"

​ကျွင်းချန်ချင်းက မေးလိုက်သည်။

​ထန်ထျန်းက ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်"

​"မင်း စောနက ပြောတယ်... မင်း သူမရဲ့ တည်ရှိမှုကို မမြင်ရသေးဘူး ဆိုပြီးတော့"

​"ငါ အရင်တုန်းကတော့ သူမက မင်းကို အမြင်မခံချင်လို့ နေမှာပါလို့ ထင်ခဲ့တာ"

​"ဒါပေမဲ့ ပြန်ရောက်ပြီးတဲ့နောက် နှစ်ပေါင်း နှစ်ရာကျော်အတွင်းမှာ ငါ သေသေချာချာ စဉ်းစားကြည့်တော့ အခြေအနေက အဲဒီလို မဟုတ်ပုံရဘူး"

​"သူမက အခြား နည်းလမ်းတစ်ခုကို အသုံးပြုပြီးတော့ မင်းကို သူမရဲ့ တည်ရှိမှုကို မြင်အောင် လုပ်ပေးချင်ရုံသက်သက်ပဲ"

​ပြောပြီးသည်နှင့် အပြာရောင် ကျောက်တုံး တစ်တုံးက ထန်ထျန်း၏ လက်ထဲသို့ ပေါ်ထွက်လာခဲ့တော့၏။

​၎င်းကတော့ သူ ကျောက်တုံးအိမ်လေးထဲမှ ယူဆောင်လာခဲ့သည့် ကျောက်တုံး ပင် ဖြစ်သည်။

​သူ့၏ မူလအစ ပထမဆုံး အစမှတ် ဖြစ်ပေသည်။

​ကျွင်းချန်ချင်းက ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ပြော၏။ "ဒါနဲ့ ငါ့ကို သတ်မလို့လား"

​ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

​"ဟုတ်တယ်... ဒါနဲ့ပဲ"

​ကျွင်းချန်ချင်း "သတ်နိုင်ပါ့မလား"

​ထန်ထျန်း "စမ်းကြည့်ရတာပေါ့"

​လူနှစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြ၏။

​ရုတ်တရက် ကျွင်းချန်ချင်းက သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်ရင်း သူ့ရှေ့က ထန်ထျန်းကို ညွှန်ပြလိုက်တော့သည်။

​ထိုအခိုက်အတန့်တွင် ဖရိုဖရဲစွမ်းအားများက ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ချေပြီ

​ထာဝရအဆင့်သို့ ဝင်ရောက်သွားခဲ့သည့် ကျွင်းချန်ချင်းက အရာအားလုံးကို ကျော်လွန် သွားခဲ့ပြီ ဖြစ်ရာ သူက မည်သည့် ခွန်အားကိုမဆို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

​သူကလည်း လက်လျှော့အညံ့ခံရန် မရွေးချယ်ခဲ့ချေ။

​ဤလက်ညှိုး တစ်ချက်က စကြာဝဠာ နှင့် ကမ္ဘာပေါင်းစုံ၏ ခွန်အားအားလုံးကို အတူတူ ပေါင်းစည်းလိုက်ပြီး ထန်ထျန်းဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်ခြင်းနှင့် အလားတူလှပေသည်။

​သို့သော်လည်း ထန်ထျန်းက မည်သည့် ခုခံကာကွယ်မှုမျိုးမျှ မပြုလုပ်ခဲ့ချေ။

​သူက အလွန်ပင် ရိုးရှင်းစွာဖြင့် လက်ထဲက အပြာရောင် ကျောက်တုံး ကို သး့ခန္ဓာကိုယ်၏ ရှေ့တည့်တည့်တွင် ကာဆီးထားလိုက်ရုံသာ ဖြစ်သည်။

​နောက်ထပ် အခိုက်အတန့်တွင်မူ ထိုကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားများက ထန်ထျန်းကို လုံးဝ ဝါးမြိုသွားခဲ့တော့၏။

​ ဖရိုဖရဲကမ္ဘာကြီး တစ်ခုလုံး က ကျွင်းချန်ချင်း၏ ဤတိုက်ခိုက်မှုအောက်တွင် ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရပြီး အဆုံးမရှိသော အကွာအဝေးအထိ ရိုက်ခတ်သွားခဲ့သည်။

​မည်သည့် တည်ရှိမှုမျိုးမျှ ယခုကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် အသက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

​သို့သော်လည်း ထန်ထျန်းကို ထိမှန်သွားပြီးနောက်တွင်မူ ကျွင်းချန်ချင်း၏ အမြဲတမ်း အေးစက်တည်ငြိမ်လွန်းလှသည့် မျက်ဝန်းများက ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်သွားခဲ့တော့၏။

​"ဘယ်လိုလုပ်ပြီး..."

​"ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

All Chapters