← Chapters

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း (၈၄၃) မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတော်စင် မှန်သခင်နှင့် မှန်ထဲမှလူသား။ (၂)

“ဝီ ဝီ ဝီ”

လေထုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဟုန်ကျန်းရှန့်၏ ခန္ဓာကိုယ်မှ အနက်ရောင် လှိုင်းဂယက်များ စက်ဝိုင်းပုံစံ ပြန့်ကားထွက်လာသည်။ ထိုအနက်ရောင်လှိုင်းများ ထိတွေ့မိသမျှ အရာအားလုံးမှာ ချက်ချင်းပင် ရပ်တန့်သွားကြသည်။ သွေးအလောင်းကောင်ပင်လျှင် ရွှံ့နွံထဲသို့ ကျရောက်သွားသည့်အလား လှုပ်ရှားမှုများ နှေးကွေးသွားခဲ့ရသည်။

“ဘုန်း”

ဟုန်ကျန်းရှန့်သည် လက်ဖမိုးဖြင့် တစ်ချက် ဝှေ့ယမ်းထိုးနှက်လိုက်ရာ ပေါက်ကွဲသံနှင့်အတူ သွေးအလောင်းကောင်၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားတော့သည်။

“ဒီသွေးအလောင်းကောင်ကို သတ်ဖို့ဆိုရင် မဟာသိုင်းပညာရှင်ကြီးတစ်ယောက်တောင် အတော်လေး ကြိုးစားရမှာ။ ဒါကို ဟုန်ကျန်းရှန့်က လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလား။ သူ မိစ္ဆာအတတ်ကို သုံးလိုက်တာပဲ ဖြစ်ရမယ်”

ရှယန်ယီက ဤမြင်ကွင်းကို မြင်တွေ့ပြီး စိတ်ထဲမှ တအံ့တဩ ရေရွတ်လိုက်သည်။ ဟုန်ကျန်းရှန့်ထံမှ ထွက်ပေါ်လာသော လှိုင်းများသည် ထိတွေ့မိသမျှ ပစ်မှတ်ကို နှေးကွေးသွားစေနိုင်ရာ ၎င်းမှာ အမှန်တကယ်ပင် မိစ္ဆာအတတ်၏ နယ်ပယ်ပင် ဖြစ်သည်။ သာမန် မိစ္ဆာသိုင်းပညာရှင်များသည် မိစ္ဆာအတတ်တစ်ခုကိုသာ တတ်မြောက်ကြသော်လည်း ဟုန်ကျန်းရှန့်မှာမူ ထိုမိစ္ဆာခန္ဓာကိုယ် ခုနစ်ခုလုံး၏ စွမ်းရည်များကို အမွေဆက်ခံထားသူ ဖြစ်သည်။ နည်းစနစ်များစွာနှင့် အားကောင်းသော မိစ္ဆာစွမ်းအားများ ရှိနေသဖြင့် သူ၏ အဆုံးစွန်သော တိုက်ခိုက်ရေးစွမ်းရည်မှာ မည်သည့်အဆင့်ထိ ရှိနိုင်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။

“ပြီးတော့ တာ့ဝူဖုန်းလည်း ရှိသေးတယ်။ သူက တကယ်ကို နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဒီလောက်တောင် သန်မာတာလား။ ခန္ဓာကိုယ် အစွမ်းတစ်ခုတည်းကိုပဲ အားကိုးပြီး ဒီလောက်များတဲ့ အလောင်းကောင်တွေကို သူ့အတွက် ဘာမှမဟုတ်သလို ရင်ဆိုင်နေတာပဲ”

သူက စူးချန်ခုန်းကိုလည်း သတိပြုမိသည်။ ရိုးရှင်းပြီး အပိုမပါသော တိုက်ကွက်များမှာ အမှန်စင်စစ် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ နယ်ပယ်ကို ကျော်လွန်နေသော ရုပ်ပိုင်းဆိုင်ရာ အစွမ်းပြသမှုပင် ဖြစ်သည်။ အခြေခံ လက်သီး၊ ခြေသီးချက်များဖြင့်ပင် မိမိကိုယ်ကို သိုင်းပညာရှင်ဟု ဆိုသူများစွာကို ဖိနှိပ်ထားရန် လုံလောက်လှသည်။

“ဒီကမ္ဘာမှာ ပါရမီရှင်တွေ ပြည့်နေတာပဲ။ ငါသာ သိုင်းဝိဇ္ဇာ သူတော်စင်အဆင့်ကို ရောက်သွားရင် ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲကို သွားရမယ်”

ရှယန်ယီသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ ထူးကဲသော ပါရမီနှင့် မွေးဖွားလာသူ ဖြစ်သည့်အားလျော်စွာ သူ၏ ထူးခြားသော လက်ဆောင်များကို အလဟဿ အဖြစ်မခံလိုပေ။

“သတ်တာ ဒီလောက်ဆိုရင် လုံလောက်ပြီ ထင်တယ်…”

အချိန်များ တစ်မိနစ်၊ တစ်စက္ကန့်ချင်း ကုန်လွန်သွားပြီး ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာသည်။ အလောင်းကောင်များ နိုင်ငံတော် အထက်ရှိ လပြည့်ဝန်းကြီးမှာ ကွယ်ပျောက်လုနီးပါး ဖြစ်နေလေပြီ။ စူးချန်ခုန်းသည် တစ်ညတာအတွင်း သူသတ်ခဲ့သော အလောင်းကောင် အရေအတွက်မှာ တစ်သိန်းကျော်နေပြီဟု ခန့်မှန်းလိုက်သည်။ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့လည်း သူနှင့်မခြား သတ်ဖြတ်နိုင်ခဲ့ကြသည်။

“ဒီလောက်ဆို ရပြီ”

ထို့နောက် ဟုန်ကျန်းရှန့်သည် အလောင်းကောင်များ အဆက်မပြတ် ရောက်မလာစေရန် သူ၏ အရှိန်အဝါကို ပြန်လည် ထိန်းချုပ်လိုက်သည်။ ဟုန်ကျန်းရှန့် အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး အရုဏ်ဦး အလင်းရောင်နှင့်အတူ ကောင်းကင်ယံ လင်းလာသည့်အခါ နောက်ထပ် အလောင်းကောင်များ ပေါ်မလာတော့ပေ။

“ရွှီး”

စူးချန်ခုန်းသည် လက်ဝါးဓားဖြင့် နောက်ဆုံးအလောင်းကောင်ကို ခေါင်းဖြတ်လိုက်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားလုံးပြီးဆုံးသွားပြီ ဖြစ်သဖြင့် စိတ်သက်သာရာ ရသွားလေ၏။

“ဒီလောက်ထိ မပင်ပန်းရတာတောင် ကြာပြီ”

ရှယန်ယီက အနည်းငယ် နာကျင်နေသော လက်ကောက်ဝတ်များကို ဆန့်ထုတ်ရင်း ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းတွင် ရှယန်ယီသည် စူးချန်ခုန်း သို့မဟုတ် ဟုန်ကျန်းရှန့်တို့ကို မယှဉ်နိုင်ပေ။ သူတို့ သုံးဦးထဲတွင် သူသည် စွမ်းအင် အကုန်ဆုံးရဆုံးဖြစ်ပြီး အပင်ပန်းဆုံးလည်း ဖြစ်သည်။

“အဲ့ဒီအမြုတေတွေကို သိမ်းကြရအောင်”

စူးချန်ခုန်းက ဆိုသည်။ ထိုအချိန်တွင် မြေပြင်တစ်ခုလုံးမှာ အလောင်းကောင်များဖြင့် ပြည့်နှက်နေပြီး ပုပ်စပ်ညှီဟောင်သော အနံ့အသက်များမှာ ကောင်းကင်သို့ လွင့်ပျံနေသည်။ အလောင်းကောင်များထဲမှ အမြုတေများကို လိုက်လံစုဆောင်းရခြင်းမှာ သတ်ဖြတ်ရခြင်းထက်ပင် အချိန်ပိုပေးရနိုင်ပါသည်။

စူးချန်ခုန်းတို့အဖွဲ့က အေးအေးဆေးဆေးပင် ရှိနေကြသည်။ အကြောင်းမှာ သူတို့သည် သာမန် မူလနယ်ပယ် သိုင်းပညာရှင်များ မဟုတ်ကြသောကြောင့် ဖြစ်သည်။ စူးချန်ခုန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိုင်းဝိဇ္ဇာ သူတော်စင်အဆင့်သို့ ရောက်ရှိနေသော ဝေ့ရှန့်ရှင်းကိုပင် သတ်နိုင်ခဲ့သဖြင့် သိုင်းဝိဇ္ဇာ သူတော်စင်အဆင့်တွင် ရှိနေသည်။ ဟုန်ကျန်းရှန့်သည်လည်း မိစ္ဆာသားရဲ၏ ခန္ဓာကိုယ် ရှိနေသဖြင့် သူ၏ မသေနိုင်သော ခန္ဓာကိုယ်မှာ အခြားသူများ မမှီနိုင်သော အရာဖြစ်သည်။ ရှယန်ယီမှာလည်း ငယ်ရွယ်ပုံရသော်လည်း သွေးမျိုးဆက် နိုးထလာသူ ဖြစ်သဖြင့် ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထို့အပြင် သူတို့၏ ရည်မှန်းချက်ကို အချိန်တိုအတွင်း အောင်မြင်ခဲ့ခြင်းမှာ ဟုန်ကျန်းရှန့် ထုတ်လွှတ်လိုက်သော မိစ္ဆာစွမ်းအင်များကြောင့် အလောင်းကောင် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ဤမျှများပြားသော အရေအတွက်ကို သတ်ဖြတ်ရန်အတွက် လိုက်လံရှာဖွေရုံဖြင့်ပင် အချိန်နှင့် အင်အား ကုန်ဆုံးနိုင်လှသည်။

သာမန်အလောင်းကောင်များမှာ ကိစ္စမရှိသော်လည်း သွေးနီအလောင်းကောင်များကို ရင်ဆိုင်ရန်မှာ နတ်ဘုရားစွမ်းရည်တု သိုင်းပညာရှင်တစ်ဦးအတွက်ပင် အတော်လေး ကြိုးစားရမည်ဖြစ်သည်။ တစ်ညတာအတွင်း သူတို့ဆွဲဆောင်ခဲ့သော အလောင်းကောင်များထဲတွင် သွေးနီအလောင်းကောင် အနည်းဆုံး အကောင်သုံးဆယ်ခန့် ပါဝင်ခဲ့သည်။

“တကယ်လို့ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ရှိတဲ့သူသာ ဒီအလောင်းကောင်များ နိုင်ငံတော်ထဲကို ဝင်လာရင် သိုင်းဝိဇ္ဇာသူတော်စင်တစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ အလောင်းကောင်တွေ ပေါ်လာမှာပဲ…”

စူးချန်ခုန်းသည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။ မူလနယ်ပယ်အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးအတွက် စိန်ခေါ်မှုမှာ ဤမျှခက်ခဲနေပါက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်အတွက်မူ အဆပေါင်းများစွာ ပိုမိုခက်ခဲမည်မှာ သေချာပါသည်။ မဟာနတ်ဘုရားစွမ်းအားရှင် သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့သော စမ်းသပ်ချက်များသည် လူသားဆယ်နိုင်ငံလုံးရှိ ပညာရှင်အားလုံးနှင့် ကိုက်ညီအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

“စုစုပေါင်း အမြုတေ သုံးသိန်း ခုနစ်သောင်း ရှိတယ်”

မှောင်ရီပျိုးစပြုလာသည့် အချိန်ကျမှသာ စူးချန်ခုန်းတို့အဖွဲ့သည် အလောင်းကောင်များထဲမှ အမြုတေ အားလုံးကို စုဆောင်းပြီးစီးခဲ့သည်။ တစ်ဦးလျှင် တစ်သိန်းနှုန်းထက်ကျော်လေရာ ခုနစ်ထောင် ပိုထွက်လာသည်။

“ပြန်ကြစို့”

သူတို့သုံးဦးသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ လမ်းဟောင်းအတိုင်း ပြန်လာခဲ့ကြသည်။ ခြောက်ကပ်ပြီး တိတ်ဆိတ်နေသော နေရာသို့ ရောက်ရှိလာသည့်အခါ သိုင်းပညာရှင် အများအပြားမှာ ကျောက်တုံးများပေါ်တွင် အနားယူနေကြသည်ကို မြင်ရသည်။

“ပြန်လာကြပြီလား”

ရှယန်ရှိုးက မော့ကြည့်လိုက်ရာ စူးချန်ခုန်းတို့ သုံးဦးသည် တွန့်လိမ်နေသော မှန်ဂိတ်တံခါးမှ ထွက်လာသည်ကို မြင်လိုက်ရသည်။

“အဆင်ပြေခဲ့ရဲ့လား” ရှယန်ရှိးက မေးမြန်းသည်။

“ပြေမှပြေပဲ”

ရှယန်ယီက အပြုံးလေးနှင့် ဖြေလိုက်သည်။ အဆင်ပြေရုံတင်မကဘဲ အလွန်ပင် ထိရောက်ခဲ့သည်။ အလောင်းကောင်များ နိုင်ငံတော်သို့ တစ်ကြိမ်ဝင်ရုံဖြင့် မှန်ကောင်းကင်ဘုံကမ္ဘာ၏ နောက်ထပ်စိန်ခေါ်မှုအတွက် လိုအပ်သော အမြုတေများကို စုဆောင်းပြီးစီးသွားပြီ ဖြစ်သည်။

“ခဏလောက် အနားယူကြမယ်။ မနက်ဖြန် မိုးမလင်းခင်မှာ နောက်ထပ် စိန်ခေါ်မှုဆီကို သွားကြတာပေါ့”

စူးချန်ခုန်းသည် ရှယန်ရီနှင့် ဟုန်ကျန်းရှန့်တို့အား အသံလွှင့်ကာ ပြောကြားလိုက်သည်။ သူတို့အားလုံး စွမ်းအင်အချို့ ကုန်ဆုံးထားသဖြင့် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် အကောင်းဆုံး အခြေအနေတွင် ရှိနေဖို့ လိုအပ်သည်။

မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ တစ်ဝက်ခန့် နားနေပြီးနောက် နောက်တစ်နေ့ နံနက်တွင် သိုင်းပညာရှင် အများစုမှာ အမြုတေများ အမြန်စုဆောင်းနိုင်ရန်အတွက် အလောင်းကောင်များ နိုင်ငံတော်သို့ ဦးတည်သွားကြတော့သည်။

All Chapters