← Chapters

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း (၈၄၉) အမတပန်းနှင့် မသေနိုင်သော ဘီလူးကြီး (၅)

“မိစ္ဆာအတတ်၊ မိစ္ဆာရွှံ့ညွန်”

ဟုန်ကျန်းရှန့်သည် သူ၏ မိစ္ဆာအတတ်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

လှိုင်းတွန့်တစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွားပြီး ထိုလှိုင်းနှင့် ထိတွေ့မိသော မသေမျိုး သတ္တဝါများမှာ ရွှံ့ညွန်ထဲတွင် နစ်မြုပ်နေသကဲ့သို့ မထိန်းချုပ်နိုင်ဘဲ နှေးကွေးသွားကြသည်။ ကောင်းကင်ယံမှ ကျဆင်းလာသော ဓားမိုးစက်များပင် တုန်ခါနှေးကွေးသွားသဖြင့် စူးချန်ခုန်းနှင့် ရှယန်ယီတို့အတွက် ရှောင်တိမ်းရန် အခွင့်အရေး ရသွားစေသည်။

“ခုတ်”

စူးချန်ခုန်းသည် အေးစက်သော မျက်လုံးများဖြင့် ရှေ့သို့ လှမ်းတက်လိုက်ပြီး လျိုမျိုးနွယ်စု အကြီးအကဲထံသို့ ချဉ်းကပ်လိုက်သည်။ သံဖြတ်ဓားကို အိမ်မှဆွဲထုတ်လိုက်ရာ ဓားသွားဝိညာဉ်မှာ တုန်ခါသွားပြီး လေထဲတွင် အနက်ရောင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။

မသေမျိုး သတ္တဝါအဖြစ် ပြောင်းလဲသွားသော လျိုမျိုးနွယ်စုဝင်သည် သူ၏ ဓားရှည်ကို လွှဲယမ်းကာ စူးချန်ခုန်း၏ နဖူး၊ နှလုံးနှင့် ဝမ်းဗိုက်တို့ကို ပစ်မှတ်ထား၍ ဓားစွမ်းအင် အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။ သူသည် ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံခြင်း လုံးဝမပြုဘဲ မသေနိုင်သော သတ္တဝါပီပီ အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

“ဖတ် ဖတ် ဖတ်”

သံမဏိကိုပင် ထိုးဖောက်နိုင်သော ဓားစွမ်းအင် အမြောက်အမြားသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း သူ၏ ကြွက်သားများကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ နီးကပ်နေသော ကိုယ်ကာယစွမ်းအားဖြင့် စူးချန်ခုန်းသည် ထိုတိုက်ခိုက်မှုများကို တိုက်ရိုက် ခံယူနိုင်စွမ်း ရှိသည်။

“ဂျောက်”

တစ်ချိန်တည်းမှာပင် စူးချန်ခုန်း၏ သံဖြတ်ဓားသည် ထိုသူ၏ ဓားကိုင်ထားသော ညာလက်နှင့် ပခုံးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ဆွေးမြည့်နေသော သစ်သားကို ဆွဲဖြဲလိုက်သကဲ့သို့ အသံနှင့်အတူ ထိုသူ၏ ညာလက်မောင်းမှာ ပြတ်တောက်ကာ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။

“ရွှီး ရွှီး ရွှီး”

လက်မောင်းကို အလွယ်တကူ ဖြတ်တောက်ပြီးနောက် စူးချန်ခုန်းသည် သံဖြတ်ဓားကို ဆက်တိုက် လွှဲယမ်းကာ ထိုသူ၏ ခြေထောက်နှစ်ဖက်နှင့် လက်ကျန် လက်မောင်းကိုပါ အသေမသတ်ဘဲ ယတိပြတ် ဖြတ်တောက်လိုက်သည်။ စူးချန်ခုန်း၏ အစွမ်းဖြင့်ဆိုလျှင် နတ်ဘုရားစွမ်းရည်တု သုံးနိုင်သော သိုင်းပညာရှင်ကိုပင် အလွယ်တကူ နှိမ်နင်းနိုင်ပေသည်။

ရှယန်ယီမှာမူ ဟုန်ကျန်းရှန့်၏ မိစ္ဆာရွှံ့ညွန် အောက်တွင် ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေသည်။ နှေးကွေးနေသော မသေမျိုး သတ္တဝါများကြားတွင် သူသည် ဓားနှစ်လက်ကို အသုံးပြုကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းရင်း ၎င်းတို့၏ ခြေလက်များကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။

“ဘုန်း ဘုန်း”

ခြေလက်များ ပြတ်တောက်သွားသော မသေနိုင်သော သတ္တဝါများသည် တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ပြတ်တောက်သွားသော နေရာများမှာ တုန်ခါလျက် အသစ်ပြန်လည် ပေါက်ဖွားရန် အရှိန်ယူနေကြသည်။

“သွားကြစို့”

ထိုသတ္တဝါများကို ထပ်မံ ဂရုမစိုက်တော့ဘဲ စူးချန်ခုန်းတို့ သုံးဦးစလုံး ချက်ချင်း ထွက်ခဲ့ကြသည်။ ၎င်းတို့ကို သတ်၍မရသော အခြေအနေတွင် ဆက်လက် တိုက်ခိုက်နေခြင်းမှာ အကျိုးမရှိပေ။ စူးလာချန်ခုန်း၊ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့၏ အစွမ်းမှာ အလွန်ပင် ထူးကဲလှသဖြင့် သေမင်းတောင်တန်း၏ အန္တရာယ်နှင့် သတ္တဝါများ၏ တိုက်ခိုက်မှုများကို အလွယ်တကူပင် ကိုင်တွယ်နိုင်ခဲ့ကြသည်။

သေမင်းတောင်တန်းကို ဖြတ်ကျော်ရာတွင် သူတို့သည် တိုက်ခိုက်ရင်း အနားယူရင်းဖြင့် ရှေ့သို့ ဆက်တိုက် တိုးလာခဲ့ကြရာ ကိုးရက်ခန့် ကြာမြင့်သွားခဲ့သည်။

“ကျွန်တော်တို့ သေမင်းတောင်တန်းကို ဖြတ်ကျော်နိုင်ဖို့ နီးစပ်နေပြီ ထင်တယ်” ကိုးရက်အကြာတွင် ရှယန်ယီက ကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။

ဘာမျှမရှိသော ကောင်းကင်ယံတွင် တိမ်တိုက်များ စတင် စုဝေးလာခြင်းမှာ သေမင်းတောင်တန်း၏ စွမ်းအား လွှမ်းမိုးထားသော နယ်မြေ၏ အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသည်။

“ဒါပေမဲ့… အဆုံးသတ်ကို အလွယ်တကူ ရောက်ဖို့ဆိုတာ ဒီလောက် မရိုးရှင်းနိုင်ဘူး” ဟုန်ကျန့်ရှန်းက ရှေ့ကိုကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

သူတို့ရှေ့တွင် မီးခိုးဖြူရောင် မြူထုကြီးတစ်ခု ပိတ်ဆို့နေပြီး သေခြင်းတရား အရှိန်အဝါများ ပြည့်နှက်နေသဖြင့် ဝင်ရောက်ရန်ပင် တွန့်ဆုတ်စရာ ဖြစ်နေသည်။ ထိုမြူထုအတွင်း၌ မီးခိုးရောင် မျက်လုံးအစုံများကို ဝေဝါးစွာ မြင်နေရသည်။ ဤမြူထုမှာ သေမင်းတောင်တန်းနှင့် ပြင်ပကမ္ဘာကို ခြားနားထားသော အကာအရံတစ်ခုကဲ့သို့ ဖြစ်ပြီး ထိုအတွင်းရှိ မသေမျိုး သတ္တဝါများမှာ အစောင့်အကြပ်များ ဖြစ်ကြသည်။

မြူထုအတွင်း၌ သတ္တဝါ အမြောက်အမြား ပုန်းအောင်းနေပြီး ဝင်လာသူကို အုပ်စုလိုက် တိုက်ခိုက်မည်မှာ သေချာပါသည်။ သို့သော် တွန့်ဆုတ်နေ၍လည်း မရပေ။ အချိန်ဆွဲလေလေ သေမင်းတောင်တန်း၏ တိုက်စားမှုကို ပိုခံရလေလေ ဖြစ်မည်။

“ဒီမြူထုကို ဖြတ်ကျော်နိုင်ရင် သေမင်းတောင်တန်းကနေ ထွက်နိုင်ပြီ။ လိုအပ်လာရင်… အဲဒီ သတ္တဝါတွေကို တိုက်ရိုက် သတ်ပစ်ရမယ်” စူးချန်ခုန်းက အလေးအနက်ထား ဆိုသည်။ သေမင်းတောင်တန်း နယ်မြေပြင်ပသို့ ရောက်ရှိသွားပါက သေခြင်းတရား အမှတ်အသား အကပ်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

“အင်း.. ဒီမြူထုကို ကျော်ဖြတ်နိုင်ရင် မှန်သခင်ရဲ့ ဆုလာဘ်တွေကို ရနိုင်ပြီ” ရှယန်ယီသည် ပင်ပန်းနေသော်လည်း အလွန် စိတ်လှုပ်ရှားနေသည်။ တတိယအဆင့်ကို အောင်မြင်ပါက နတ်ဘုရားမျိုးစေ့အဆင့် ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်သော်လည်း ဤမြူထုအတွင်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားမည်မှာ မလွဲဧကန်ပင်။

“သွားကြစို့”

စူးချန်ခုန်းတို့အဖွဲ့သည် မြူထုအတွင်းသို့ ခြေလှမ်းလိုက်ကြသည်။ သူတို့ ဝင်သွားသည်နှင့် မနီးမဝေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် သွေးရောင်လွှမ်းသော လူမျက်နှာတစ်ခု ပေါ်လာပြီး ရက်စက်သော အပြုံးဖြင့် “တကယ် ရောက်လာတာပဲ။ တော်တော်လေး မြန်သားပဲ။ ဒါဆိုလည်း နတ်ဘုရားမျိုးစေ့ နှစ်ခုလောက် သိမ်းဆည်းရတာပေါ့” ဟု ရေရွတ်လိုက်သည်။

မြူထုအတွင်း၌ စူးချန်ခုန်းသည် ရေတွက်၍မရသော မသေမျိုး သတ္တဝါများ၏ မျက်လုံးများကို မြင်လိုက်ရသည်။

“အဲ့… အဲ့ဒါတွေက အများကြီးပါလား” ရှယန်ယီမှာ အံ့အားသင့်သွားသည်။ သတ္တဝါပေါင်း ထောင်ချီကာ ပင်လယ်ပြင်သဖွယ် ရှိနေသည်။ သေမင်းတောင်တန်းရှိ သတ္တဝါ အများစုမှာ ဤမြူထုအတွင်း စုဝေးနေကြခြင်း ဖြစ်သည်။

“လာနေပြီ” ဟုန်ကျန်းရှန့်က အော်ဟစ်လိုက်သည်။

မသေမျိုး သတ္တဝါများသည် ဒီရေလှိုင်းကဲ့သို့ အလုံးအရင်းဖြင့် ပြေးဝင်လာကြသည်။ မြေပြင်ပေါ်မှ ပြေးလာသူများ ရှိသလို သစ်ပင်ကြီးများပေါ်မှ ခုန်ချလာသူများလည်း ရှိသည်။ သူတို့အတွက်မူ ဤလူသား သုံးဦးမှာ သေမင်းတောင်တန်းအတွင်း သတ်ဖြတ်ရမည့် ကျူးကျော်သူများသာ ဖြစ်သည်။

“မိစ္ဆာရွှံ့ညွန်” ဟုန်ကျန်းရှန့်က ခြေလှမ်းတစ်လှမ်း တိုးကာ မြေပြင်ကို နင်းလိုက်ပြီး သူ၏ မိစ္ဆာအတတ်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ ရွှံ့ညွန်ပြင်သည် ရန်သူများ၏ လှုပ်ရှားမှုကို သိသိသာသာ နှေးကွေးသွားစေသည်။

စူးချန်ခုန်းသည် နတ်ပိုးချည်မျှင်ဖြင့် သွယ်တန်းထားသော သံဖြတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားသွားဝိညာဉ်၏ တုန်ခါမှုသည် ဓားသွားကို ငါးတစ်ကောင်ကဲ့သို့ လျင်မြန်ပြီး ကြာပွတ်ကဲ့သို့ ပျော့ပျောင်းသော ဓားကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ကာ လမ်းကြောင်းပေါ်ရှိ သတ္တဝါများကို အရေးကြီးသော ဦးခေါင်းပိုင်းကို မထိခိုက်စေဘဲ ခုတ်ပိုင်းလိုက်သည်။

ရှယန်ယီကလည်း ဓားနှစ်လက်ဖြင့် ချဉ်းကပ်လာသူများကို မလှုပ်ရှားနိုင်အောင် ဒဏ်ရာ အပြင်းအထန် ပေးနေသည်။ ဟုန်ကျန်းရှန့်က မိစ္ဆာအတတ်ကို ဆက်တိုက် ထိန်းသိမ်းထားသဖြင့် ပေတစ်ရာအတွင်းရှိ သတ္တဝါအားလုံး နှေးကွေးနေကြသည်။ သူတို့ သုံးဦးသည် အဖွဲ့လိုက် ဟန်ချက်ညီညီဖြင့် မသေနိုင်သော စစ်တပ်ကြီးအတွင်းသို့ တိုးဝင်သွားကြသည်။

“ဟင်.. အကောင်ကြီးတစ်ကောင် လာနေပြီ ထင်တယ်။”

စူးချန်ခုန်းသည် ရှေ့မှ တိုးဝင်လာသော ပညာရှင်တစ်ဦးကို ဖမ်းဆွဲကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ကြီးမားသော သတ္တဝါတစ်ကောင် အရှိန်ဖြင့် ချဉ်းကပ်လာနေသည်ကို သူ ခံစားလိုက်ရသည်။

“ဒါ… ဒါက အရမ်းကြီးတာပဲ။” ရှယန်ယီ မျက်နှာ ပျက်သွားသည်။

မိုင်အနည်းငယ်အကွာတွင် ပေကိုးရာခန့် မြင့်မားသော လူပုံသဏ္ဍာန် သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ကို မီးခိုးရောင် ပုံဆောင်ခဲ ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားပြီး အရေပြားပေါ်တွင် လူမျက်နှာပေါင်း ထောင်ချီကာ ရှိနေသည်မှာ မသေမျိုး သတ္တဝါ အများအပြား ပေါင်းစပ်ထားသည့်အလားပင်။

“ရုပ်ဆိုးလိုက်တာ… ဒါပေမဲ့ ဒီအရှိန်အဝါက အရမ်းပြင်းတာပဲ။ ဒါက…မူလနယ်ပယ်ကိုတောင် ကျော်လွန်နေပုံရတယ်။” ဟုန်ကျန့်ရှန်းက ပြောလိုက်သည်။

ထိုမသေမျိုး ဘီလူးကြီးသည် အခြားသတ္တဝါများထက် များစွာ အစွမ်းထက်ပြီး လမ်းကြောင်းပေါ်ရှိ အခြားသတ္တဝါများကိုပင် ဂရုမစိုက်ဘဲ နင်းခြေကာ ပြေးဝင်လာနေသည်။ ၎င်း၏ မျက်လုံးများမှာ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး စူးချန်ခုန်းတို့အဖွဲ့ထံသို့ ပစ်မှတ်ထားကာ ဦးတည်လာနေတော့သည်။

All Chapters