အခန်း ၆၂၆
Vol. 45 Ch. 626
အခန်း ၆၂၆ - ငါမင်းကိုစောင့်နေခဲ့တာ
အသားအရေဖြင့် ဧကရာဇ်လက်နက်ကို စိန်ခေါ်ခြင်း။
ကုချင်းဖန်၏ လက်သီးများမှာ ကြေးဝါ ရှေးဟောင်း အိုးနှင့် ထိမိသောအခါ အသားအရေများ ပေါက်ကွဲထွက်ပြီး ရွှေရောင် လက်ချောင်းအရိုးများမှာ ကွဲအက်လျက် ရှိသည်။
သို့သော် ထိုသို့ဖြစ်သော်လည်း သူသည် အမူအရာ ပျက်ယွင်းခြင်း မရှိပေ။
သူ၏ ခန္ဓာကိုယ် ပျက်စီးသွားတိုင်း ကြီးမားသော အသက်စွမ်းအားများ ထွက်ပေါ်လာပြီး ကုချင်းဖန်၏ ဒဏ်ရာများကို ကုသပေးသည်။
တိုက်လေ တိုက်လေ ကုချင်းဖန်သည် သူ၏ သွေးကြောထဲတွင် တိမ်မြုပ်နေသော ရှေးဟောင်း စွမ်းအားတစ်ခု တဖြည်းဖြည်း နိုးထလာသည်ကို ခံစားမိသည်။
သူ နားလည်သွားသည်။
ဤစွမ်းအား။
သူ၏ ရှေးဟောင်း မသေမျိုး ခန္ဓာကိုယ်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
တစ်လျှောက်လုံး ကုချင်းဖန်သည် ရှေးဟောင်း မသေမျိုး ခန္ဓာကိုယ်အကြောင်း အနည်းငယ်သာ သိရှိပြီး ၎င်း၏ စွမ်းအားကို မည်သို့ ထုတ်လွှတ်ရမည်ကိုပင် မသိခဲ့ပေ။
သို့သော် ရှထျန်းဂျွင်း နှင့် တိုက်ပွဲက ၎င်း၏ စွမ်းအားအချို့ကို တဖြည်းဖြည်း ဖော်ထုတ်ပေးလိုက်ပြီး ရှေးဟောင်း နတ်ဘုရားဘုရင် ကျမ်းစာမှာ ပြင်းထန်စွာ လည်ပတ်နေကာ သူ၏ ခန္ဓာကိုယ် ပြန်လည်သက်သာလာတိုင်း အရင်ကထက် ပိုမိုသန်မာလာပုံရသည်။
ဤနည်းဖြင့် ကုချင်းဖန်သည် တစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ပေ။
ဘုန်း။
ဘုန်း။
နှစ်ဦးသားမှာ ထိုက်ချူ ရှေးဟောင်းနယ်မြေရှေ့တွင် မနားမနေ တိုက်ခိုက်နေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ တိုက်ပွဲမှာ နယ်မြေအပြင်ဘက်မှ အတွင်းဘက်သို့ ရောက်ရှိသွားသည်။
သူတို့ ဝင်ရောက်သွားသောအခါ ကျိန်စာတစ်ခုကဲ့သို့ ထူးဆန်းသော စွမ်းအားများ ဝင်ပူးလာသကဲ့သို့ နယ်မြေမှာ တုန်ခါသွားသည်။
သို့သော် ဤစွမ်းအားက သူတို့ထံ မရောက်မီပင် သူတို့၏ တိုက်ပွဲမှ လှိုင်းဂယက်များဖြင့် လုံးဝ ငြိမ်းသွားခဲ့သည်။
ထိုက်ချူ ရှေးဟောင်းနယ်မြေမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်
သို့သော်လည်း ကုချင်းဖန် ဖြစ်စေ၊ ရှထျန်းဂျွင်း ဖြစ်စေ သူတို့၏ လက်ရှိ စွမ်းအားမှာ စစ်မှန်သော ဧကရာဇ်ကြီးတစ်ပါးနှင့် မနိမ့်ကျပေ။
သက်ရှိတို့ တားမြစ်ထားသော နယ်မြေမှ ကျိန်စာမှာ ထိုသို့သော အားမာန်ကြီးသူများကို မတားဆီးနိုင်ပေ။
တစ်ချိန်တည်းမှာပင် ထိုက်ချူ ရှေးဟောင်းနယ်မြေအတွင်း၌ အိပ်စက်နေကြသော ရှေးဟောင်း သက်ရှိများစွာမှာ ယခု သူတို့၏ တိုက်ပွဲကို ကြည့်ရှုနေကြပြီး အတွင်းစိတ်၌ တုန်လှုပ်နေကြသည်။
“ဒါက ရှမိသားစု၏ ၁၃ ပါးမြောက် ဘိုးဘေး ရှထျန်းဂျွင်း ပဲ၊ ဒီလူ အခုထိ အသက်ရှင်နေသေးတာလား”
“နောက်တစ်ယောက်ကတော့ နှစ်အနည်းငယ်က ထိုက်ချူ ရှေးဟောင်းနယ်မြေထဲကို ဝင်လာတဲ့ လူငယ်လေးပဲ၊ အခုတော့ သူ့စွမ်းအားက ဒီအဆင့်ထိကို ရောက်နေပြီလား…”
ရှထျန်းဂျွင်း ဆိုလျှင် ရှေးဟောင်းဆိတ်သုဉ်းရာခေတ်တွင် နာမည်ကျော်ကြားခဲ့သူ ဖြစ်၍ ထိုက်ချူ ရှေးဟောင်းနယ်မြေအတွင်းမှ ရှေးဟောင်း သက်ရှိများစွာပင် သူ့လောက် မသက်တမ်း ရှည်ကြမည် မဟုတ်ပေ။
သို့သော် ကုချင်းဖန်မှာမူ ကွဲပြားသည်။
ကုချင်းဖန် ပထမဆုံးအကြိမ် ထိုက်ချူ ရှေးဟောင်းနယ်မြေထဲ ဝင်လာစဉ်ကတည်းက ဤသက်ရှိများ သိရှိခဲ့ကြသော်လည်း သူတို့၏ အိပ်စက်ခြင်းကြောင့် ဂရုမစိုက်ခဲ့ကြပေ။
ထို့အပြင် လူငယ်တစ်ယောက်။
သူတို့ အာရုံစိုက်ရန် မထိုက်တန်ပေ။
ထိုစဉ်က ကုချင်းဖန်သာ အနက်ရောင် အသူရာဧကရာဇ်ကို ခြိမ်းခြောက်ခြင်း မပြုခဲ့ပါက ရှေးဟောင်း သက်ရှိများစွာမှာ သူ့ကို မှတ်မိကြမည် မဟုတ်ပေ။
ဒါပေမဲ့ ဘယ်သူကများ ကြိုတင် သိနိုင်ပါ့မလား။
ကွယ်ပျောက်သွားတဲ့ ကာလတစ်ခုပြီးနောက်မှာ သူက ဤအဆင့်ထိ ကြီးထွားလာလိမ့်မည်ဟု။
အမှန်ပင်။
အံ့အားသင့်ဆုံးမှာ အနက်ရောင် အသူရာ ဧကရာဇ် ဖြစ်ပေလိမ့်မည်။
မူလက တစ်နေ့နေ့တွင် ထွက်ပေါ်လာပြီး ကုချင်းဖန်ကို ဖိနှိပ်ကာ ခြိမ်းခြောက်ခံခဲ့ရသည့် အရှက်ကို ဆေးကြောရန် တွေးထားခဲ့သည်။
သို့သော် ယခု ကုချင်းဖန် ပြသလိုက်သော စွမ်းအားက အနက်ရောင် အသူရာဧကရာဇ်ကိုပင် အံ့အားသင့်သွားစေသည်။
ထိုသို့သော ကြောက်မက်ဖွယ် စွမ်းအားမျိုးကို သူ၏ အထွတ်အထိပ်ကာလတုန်းကပင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
“ဒီလူငယ်က ဘယ်လို ကံကောင်းမှုမျိုးများ ရထားလို့ ဒီအဆင့်ထိ ရောက်လာရတာလဲ သေလိုက်ပါတော့”
သူ၏ စိတ်ထဲတွင် အနက်ရောင် အသူရာ ဧကရာဇ်၏ သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်နေပြီး ကုချင်းဖန်ကို ကြည့်သည့် သူ၏ မျက်လုံးများမှာ အေးစက်ကာ နတ်ဆိုးဆန်သော်လည်း သိသာထင်ရှားမှု မရှိသော ကြောက်ရွံ့မှု အရိပ်အယောင်လေးများ ပါဝင်နေသည်။
သူသာ အရင်ကအတိုင်းသာ ဆိုပါက အနက်ရောင် အသူရာ ဧကရာဇ်မှာ သူ့ကို လျစ်လျူရှုပြီး ထွက်လာသည့်အခါ ပေါ့ပေါ့ပါးပါး ဖိသတ်ပစ်လိုက်ပေလိမ့်မည်။
သို့သော် ယခုမူ ကွဲပြားသွားပြီ။
ကုချင်းဖန်၏ စွမ်းအားက အနက်ရောင် အသူရာဧကရာဇ်ကို နက်ရှိုင်းသော စိုးရိမ်ပူပန်မှု ဖြစ်စေသည်။
သူ ထွက်လာမည့်အချိန်တွင် ကုချင်းဖန်မှာ ဧကရာဇ်နယ်မြေသို့ ရောက်ရှိနေလောက်ပေပြီ။
အားမာန်ကြီးမားလှသည်။ မယုံနိုင်စရာကောင်းလောက်အောင် အားမာန်ကြီးမားသည်။
အနက်ရောင် အသူရာ ဧကရာဇ်၏ ကုချင်းဖန်၏ အခွင့်အရေးများအပေါ် လိုချင်တပ်မက်မှုမှာ သူ၏ စွမ်းအားကို ကြောက်ရွံ့မှုနှင့် ညီမျှနေသည်။ ဤအချက်က သက်ရှိတို့၏ ရှေးဟောင်းမြို့ကို အနည်းငယ် တုန်ခါသွားစေပြီး နတ်ဆိုး တာအို အရှိန်အဝါများ တဖျတ်ဖျတ် လင်းလက်နေသည်။
“မဖြစ်ဘူး… ဒီကောင်လေးကို ဒီထက် ပိုမကြီးထွားလာအောင် လုပ်ရမယ်၊ မဟုတ်ရင် တစ်နေ့ကျရင် သူက ငါ့ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်လာမှာ သေချာတယ်”
အနက်ရောင် အသူရာ ဧကရာဇ်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်မှာ ဆုံးဖြတ်ချက် ခိုင်မာသွားသည်။
ထိုက်ချူ ရှေးဟောင်းနယ်မြေအတွင်း၌ သူတို့၏ တိုက်ပွဲမှာ ရပ်တန့်ခြင်း မရှိသေးပေ။
ကျင့်ကြံသူများစွာမှာ သက်ရှိတို့ တားမြစ်ထားသော နယ်မြေထဲသို့ ဝင်ရောက်ရန် မဝံ့ရဲဘဲ အပြင်ဘက်မှသာ ကြည့်ရှုနေကြသည်။
ဤအချိန်၌ သိုင်းနတ်ဘုရားမင်းဆက်၏ စခန်းအတွင်းတွင် ကျင့်ကြံသူများစွာမှာ ထိုက်ချူ ရှေးဟောင်းနယ်မြေဆီသို့ အံ့အားသင့်ခြင်းနှင့် စိုးရိမ်ခြင်းတို့ဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် ကြည့်ရှုနေကြသည်။
“ရှထျန်းဂျွင်း က ရှမိသားစု၏ ၁၃ ပါးမြောက် ဘိုးဘေး ဖြစ်သည်နှင့်အညီ သူ၏ စွမ်းအားက အမှန်တကယ်ပင် မယုံနိုင်စရာပဲ။ အရှင်မင်းကြီး အန္တရာယ်ဖြစ်နိုင်မလား”
ကျင့်ကြံသူတစ်ဦးက ပြောမိလိုက်သည်။
သို့သော် စကားအဆုံးတွင် သူ၏ အမှားကို သိလိုက်ရသဖြင့် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဆိုရဲတော့ပေ။
ကုယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။ “အဖေ့စွမ်းအားက နက်နဲလွန်းတယ်၊ ရှထျန်းဂျွင်း တစ်ယောက်က သူ့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ အခုထိ အဖေကဧကရာဇ်လက်နက်ကို မထုတ်သေးဘူးဆိုတာက တိုက်ပွဲက အဆုံးအဖြတ် ပေးပြီးသားဆိုတာ ပြနေတာပဲ။”
ကုယန်မှာ ကုချင်းဖန်က ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားကြောင်း သဘာဝအတိုင်း သိသည်။
သို့သော် အခုထိ ပြိုင်ဘက်က ဧကရာဇ်လက်နက်ကို မသုံးသေးခြင်းက အဓိပ္ပာယ် များစွာ သက်ရောက်သည်။
ကုယန် နားလည်သည်။
ကုချင်းဖန်သည် ရှထျန်းဂျွင်း ကို သွေးကျောက်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။
ထို့ကြောင့် အစကတည်းက ကုယန်မှာ စိုးရိမ်စိတ် လုံးဝ မရှိခဲ့ပေ။
ထိုအချက်ကို ပြန်တွေးလိုက်သည်။
သူသည် ဧကရာဇ်မျိုးနွယ်စုကြီး သုံးခု၏ စခန်းများဆီသို့ ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အေးစက်သွားသည်။
“ရှထျန်းဂျွင်း သာ ရှုံးနိမ့်သွားတဲ့အခါ ငါတို့သိုင်းနတ်ဘုရားမင်းဆက်က အရှေ့ပိုင်းနယ်ပယ်ကို အမှန်တကယ် အုပ်စိုးလိမ့်မယ်၊ အဲဒီအခါကျရင် ငါတို့ရဲံ ချီတက်မှုကို ဘယ်သူက တားဆီးနိုင်မလဲ”
အရှေ့ပိုင်းနယ်ပယ်ကို ပေါင်းစည်းမည်။
သိုင်းနတ်ဘုရားမင်းဆက်မှာ နတ်ဘုရား မင်းဆက်တစ်ခုအဖြစ် တက်လှမ်းရမည်။
တစ်ခါတက်လှမ်းပြီးလျှင် သိုင်းနတ်ဘုရားမင်းဆက်သည် ရှေးဟောင်းဆိတ်သုဉ်းရာ ကမ္ဘာတစ်ခုလုံးကို ပိုမို ဖိနှိပ်နိုင်လိမ့်မည်။
ကုယန်သည် ယခုအခါ ထိုက်ရိ နတ်ဘုရား မင်းဆက်ကို သူ၏ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။ ထိုစဉ်က ထိုက်ရိ နတ်ဘုရား မင်းဆက်မှာ ဘိုးဘေးပြည်နယ်မှ ထွက်ပေါ်လာပြီး ရှေးဟောင်းဆိတ်သုဉ်းရာ ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်ကာ အထွတ်အထိပ် နတ်ဘုရား မင်းဆက် ဖြစ်လာခဲ့သည်။
ယခုတွင် သိုင်းနတ်ဘုရားမင်းဆက်မှာလည်း ယခင်အတိုင်း အတုယူရန် ကြိုးပမ်းနေသည်။
ရှေးဟောင်းဆိတ်သုဉ်းရာ ကမ္ဘာတစ်ခုတည်း မဟုတ်ပေ
ကုယန်မှာ ကောလာဟလ ထွက်နေသော မသေမျိုး နယ်မြေကိုပင် စိတ်ကူးယဉ်နေသည်။