အခန်း (၆၃၅-၆၃၆)
Vol. 61 Ch. 635-636
အခန်း (၆၃၅)။
မိုးကြိုးစွမ်းအင်များမှာ ပေပေါင်းသုံးထောင်ခန့်အထိ မြင့်တက်လာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော နဂါးငွေ့တန်းတစ်ခုကဲ့သို့ပင်။
ဟုန်ယွိ၏ လက်သီးသုံးချက်ကြောင့် အခုလေးတင် စုစည်းထားသော ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်မှာ လေထဲသို့ လွင့်စင်သွားခဲ့သည်။ မိုးကြိုးရေစင်များမှာ အောက်သို့ စီးကျ လာပြီး မြောက်ပိုင်းပင်လယ်ပြင်တစ်ခုလုံး မိုးကြိုးကွင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့ သည်။ ငွေရောင်မိုးကြိုးများမှာ တဖျတ်ဖျတ်နှင့် တဂျိမ်းဂျိမ်း မြည်ဟည်းကာ အဆက် မပြတ် ပေါက်ကွဲနေလေသည်။
ဟုန်ယွိ၏ ထိုလက်သီးသုံးချက်မှာ ‘ဖရိုဖရဲဖြစ်ခြင်း’၊ ‘ဆိတ်သုဉ်းခြင်း’ နှင့် ‘ပျက်သုဉ်းခြင်း’ ဟူသော လက်သီးအနှစ်သာရများကို သူ အမှန်တကယ် နားလည်သဘောပေါက်သွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
ပျက်သုဉ်းခြင်း လက်သီးသုံးချက်သည် အရပ်ခြောက်မျက်နှာလုံးကို လွှမ်းမိုးထားပြီး မည်သူ မျှ တားဆီးနိုင်စွမ်း မရှိပေ။
လက်သီး၏သုံးချက်မှာ သူ၏ များပြားလှသော အစစ်မှန် စွမ်းအင်များနှင့် ပျက်သုဉ်းခြင်း၏ ဆန်းကြယ်မှုများ ပေါင်းစပ်ထားရာ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ စိတ်ဆန္ဒ ပြသခဲ့သည့် စွမ်းအားမျိုးနှင့် တန်းတူနီးပါး ရှိနေပြီဖြစ်သည်။
“မကောင်းတော့ဘူး”
ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွိတို့သည် သူတို့ထံသို့ ဦးတည်လာသည့် ကြီးမားသော စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူတို့သည် ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန် ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူတို့အားလုံးမှာ သေရေးရှင်ရေး တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးသော ပညာရှင်များဖြစ်ရာ သူတို့၏ ရတနာများကို ချက်ချင်းပင် ထုတ်ယူ လိုက်ကြသည်။
“လူသားလမ်းစဉ်ဒင်္ဂါး” “အနန္တနဂါးလက်စွပ်၊” “ဧကရာဇ်ယု ရွှေအမြုတေ။”
အစွမ်းထက်သော ရှေးဟောင်းရတနာ အသီးသီးမှာ သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ် ပေးလိုက်သဖြင့် တိုက်ပွဲအတွင်းမှ ရိုက်ခတ်မူများကို ရှောင်ကွင်းနိုင်ခဲ့သည်။ ထန်ဟိုင်လုံ၏ ရတနာများမှာ ရှေးဟောင်းဒင်္ဂါးပြီး၊ ဖန်းယွမ်ကတော့ 'အနန္တနဂါးလက်စွပ်' ကို သုံးနေတုန်း ပင်။ လီဖေးယွိမှာမူ “မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံကို” ဆုံးရှုံးသွားခဲ့ရသော ကြောင့် စွမ်းအား တော်တော်လေး ကျဆင်းသွားခဲ့သော်လည်း ‘မိစ္ဆာမျောက်ဝံကြီးပါ့’ ၏ ဂူအတွင်းမှ ရတနာအားလုံးကို လုယူခဲ့သဖြင့် ရှေးဟောင်းရတနာများစွာကို ပြန်လည် ရရှိခဲ့သူ ဖြစ်သည်။ ထို့နောက် ထန်ဟိုင်လုံ၏ အကူအညီဖြင့် နတ်ဘုရားဘိုးဘေးတောင် ထဲ သို့ ဝင်ရောက်နိုင်ခဲ့ပြီး တာအိုဘိုးဘေး သုံးဦးထံမှ မှော်စွမ်းအားများနှင့် မှော်ရတနာများကို သင်ယူရရှိခဲ့ခြင်း ပြိုင်ဘက်ကင်း ရတနာတစ်ခုဖြစ်သည့် 'ဧကရာဇ်ယု ရွှေအမြုတေ' ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤ'ရွှေအမြုတေ'မှဦ စားသုံးရန် မဟုတ်ဘဲ ဉဒေါင်းဘုရင်၏ ‘ဟောက်ထျန်းပုတီးစေ့’ (ကြည်လင်ကောင်းကင်)ကဲ့သို့ပင် ကိုယ်ပွားတစ်ခုအဖြစ် အသုံးပြုရန် ဖြစ်သည်။ သူ ထိုရွှေအမြုတေကို ထုတ်လိုက်သည်နှင့် ရွှေအမြုတေမှာ သူ၏ ဦးခေါင်းထက်တွင် ဝဲပျံလာ တော့သည်။ ခရမ်းရောင် မိုးကြိုးများမှာ ရူးသွပ်စွာ ထွက်ပေါ်လာပြီး ခရမ်းရွှေရောင် အလင်းတန်းများမှာ ရေတံခွန်ကဲ့သို့ စီးကျလာကာ သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဝန်းရံ ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ‘အနန္တနဂါးလက်စွပ်’ နှင့် ‘လူသားလမ်းစဉ်ဒင်္ဂါး’ တို့ထက် မနိမ့်ကျသော အားကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
လီဖေးယွိသည် ဤဧကရာဇ်ယု ရွှေအမြုတေကို သန့်စင်ရန်အတွက် ရတနာများနှင့် စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်မှာ ထင်ရှားလှပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
သူတို့၏ ခန္ဓာကိုယ်များမှာ ယိုင်ထိုးသွားပြီး အလင်းတန်းများ အရပ်မျက်နှာအနှံ့ ပျံနှံ့သွား သည်။ သူတို့သုံးဦးစလုံး ရတနာများကို ထုတ်သုံးခဲ့သော်လည်း ပြင်းထန်လှသော လက်သီး စွမ်းအင်မှာ သူတို့ကို ထိမှန်နေဆဲ ဖြစ်သည်။ သူတို့၏ သွေးများမှာ ဆူပွက်လာပြီး ခန္ဓာကိုယ်များမှာလည်း ဆုတ်ဖြဲခံရလုနီးပါး ဖြစ်သွားခဲ့သည်။
လူသားခန္ဓာကိုယ်မှာ အလွန်ပင် နုနယ်လှသည်။ ‘လူသားအင်မော်တယ်’ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိကာ ‘သေခြင်းရှင်ခြင်းတံခါး’ ကို ဖွင့်လှစ်နိုင်ပြီး အပ်စိုက်မှတ် များမှ စစ်မှန်သော စွမ်းအင်များကို ထုတ်လွှတ်နိုင်သူမျိုး မဟုတ်ပါက တဖက်ရန်သူ၏ ဒူးလေးများဖြင့် တိုက်ခိုက်မှုအောက်တွင် အသက်ပျောက်သွားနိုင်ခြေ ရှိပေသည်။
“ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်... စုပ်ယူစမ်း။”
သို့သော်လည်း ဟုန်ယွိက ထိုအရာများကို ဂရုမစိုက်ပေ။ မိုးကြိုးရေကန်ကို လွင့်ထွက် သွားအောင် လုပ်ဆောင်ပြီးနောက် သူသည် လက်တစ်ဖက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက် သည်။ ပိုမိုပြင်းထန်သော အစစ်မှန် စွမ်းအင်စီးကြောင်းတစ်ခုမှာ ကောင်းကင်ယံရှိ မိုးကြိုး ရေစင်များနှင့် မိုးကြိုးလှိုင်းများကို ဖယ်ရှားပစ်လိုက်သည်။ အပေါ်ယံအားလုံးကို ဖယ်ရှားပြီး နောက် သူသည် ကီလိုဂရမ်ပေါင်း သိန်းချီ လေးလံသော ဘိုးဘေးနတ်ဘုရား မိုးကြိုး ရေကန်ကို ဖမ်းဆုပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ နဖူးနှစ်ခုကြားမှ ပြင်းထန် သော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ကော်ရည်ကဲ့သို့ပင် မိုးကြိုးရေကန် အတွင်းသို့ စီးဝင်သွားတော့သည်။ သူသည် ဤမိုးကြိုးရေကန်ကို သူ၏ စစ်နိုင်ပစ္စည်းအဖြစ် သိမ်းပိုက်တော့မည် ဖြစ်သည်။
မိုးကြိုးရေကန်တစ်ခုမှာ ဤမဟာကမ္ဘာလောကတွင် အစွမ်းထက်ဆုံး မှော်ရတနာ မဟုတ်သော်လည်း အသုံးဝင်ဆုံး မှော်ရတနာ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ သန့်စင်ရန် အခက်ခဲဆုံး ရတနာလည်း ဖြစ်သည်။ ‘ဖန်ဆင်းရှင်’ သခင်များပင်လျှင် လိုအပ်သော ပစ္စည်း များ မရှိပါက ၎င်းကို သန့်စင်ရန် မည်သို့မျှ မစွမ်းနိုင်ပေ။
မိုးကြိုးရေကန်ကို ရရှိပြီးနောက် ဟုန်ယွိသည် ၎င်းကို ဖောက်ခွဲကာ အင်မော်တယ် ကျောက်စာတိုင်ကို သန့်စင်ရန် ရည်ရွယ်ထားသည်။ ဤသည်မှာလည်း ဤမဟာကမ္ဘာ လောကကြီးတွင် မည်သူမျှ မလုပ်နိုင်သော ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ပေသည်။
“ဟုန်ယွိ... မင်း လုပ်ရဲလား။”
ဟုန်ယွိ၏ လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ လျှို့ဝှက်ဆန်းပြားသော ‘သခင်လေးရှူ’ သည် ဟုန်ယွိက မိုးကြိုးရေကန်ကို ဖောက်ခွဲပြီး ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအားဖြင့် ကျောက်စာတိုင်ကို သန့်စင်ရန် ကြိုးစားနေကြောင်း သိလိုက်သည်။ သို့သော်လည်း သူကိုယ်တိုင်ပင် ထိုမိုးကြိုးရေကန်ကို ပြန်လုရန်မှာ မဖြစ်နိုင်ကြောင်း သိထားလေသည်။
“သူက ဘယ်သူလဲ။ သူက ငါ့ကို သိနေပြီး ငါက သူ့ကို ဘာလိုမသိတာလဲ။ နေဦး... ဒီလူရဲ့ အသံက ရင်းနှီးနေသလိုပဲ။ ငါ ‘အရုဏ်ဦးချပ်ဝတ်’ ကို သိမ်းဆည်းတုန်းက ‘ဝိညာဉ် နတ်ဘုရားစစ်သည်’ တွေကို ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ လူပဲ ဖြစ်ရမယ်။ သူက ‘သခင်လေးချွန်း’ တို့လိုပဲ ဖန်ကြယ်ကမ္ဘာက အဆင့်မြင့်ပုဂ္ဂိုလ် တစ်ယောက်ပဲ။ ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ခွင့်ရှိတဲ့လူမျိုးပဲ။ သူ့ကိုယ်သူ သခင်လေးရှူလို့ ခေါ်တာလား။ ဒီလောက် အစွမ်းထက်တဲ့ ‘ဝိညာဉ်နတ်ဘုရားစစ်သည်’ တွေကို ဖန်တီးနိုင် တာဆိုတော့ သာမန်လူတော့ မဟုတ်ဘူး။ သူက တကယ်ပဲ ‘ဖန်ဆင်းရှင်’ တစ်ပါးပဲ။”
နောက်ထပ် ဖန်ဆင်းရှင် တစ်ပါးပါလား။
သူသည် ‘အမှောင်ဧကရာဇ်တာအို’၊ ‘ရှောက်ရွှိုက်’ တို့လောက် မသန်မာသလို၊ မူလဝိညာဉ် နတ်ဘုရားလောက် မနက်နဲပေမယ့် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သူဖြစ်ပြီး၊ ရင်ဆိုင်ရ ခက်ခဲမည့် ပြိုင်ဘက်တစ်ဦး ဖြစ်ပေလိမ့်မည်။
လျှို့ဝှက်ဆန်းကြယ်သော သခင်လေးရှူ…
“အရပ်ခြောက်မျက်နှာ အစစ်မှန် သဘောတရား... ပုန်းကွယ်နေသော နှလုံးသား... စိတ်ဝိညာဉ်ကို ဟင်းလင်းပြင်အဖြစ် သန့်စင်ခြင်း... ဟင်းလင်းပြင်ကို တာအိုအဖြစ် သန့်စင် ခြင်း။ ငါ့ရဲ့ စွမ်းအင်ငါးပါး ပေါင်းစည်းခြင်းကို မြည်းစမ်းကြည့်စမ်း။”
ဟုန်ယွိ၏ အစစ်မှန် စွမ်းအင်များက မိုးကြိုးရေကန်ကို သိမ်းပိုက်တော့မည့် အချိန်မှာပင် သခင်လေးရှူ၏ ခန္ဓာကိုယ်မှာ ပင်လယ်ပြင်အထက်သို့ ပျံတက်လာသည်။ သူ၏ ခန္ဓာကိုယ် မှ အစစ်မှန် စွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ လက်ချောင်းငါးချောင်းမှာ ဖြန့်ကားသွား ပြီးနောက် လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် နောက်ပြန် လက်သီးတစ်ချက်ဖြင့် ဟုန်ယွိ၏ စွမ်းအင်များကို တိုက်ရိုက် ထိုးနှက်လိုက်လေသည်။
ဘုန်း..
မြေကမ္ဘာ တုန်ဟည်းသွားလောက်သော အသံတစ်ခု မိုးကြိုးရေကန်ထံမှ ထွက်ပေါ်လာ သည်။ ၎င်းမှာ မိုးကြိုးရေကန် ကွဲအက်သွားခြင်း မဟုတ်ဘဲ ဟုန်ယွိ၏ အစစ်မှန် စွမ်းအင် များ ဆုတ်ဖြဲခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့မှာ ရေခဲစိုင်များကဲ့သို့ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သခင်လေးရှူ၏ ‘စွမ်းအင်ငါးပါး ပေါင်းစည်းခြင်း’ လက်သီးချက်မှာ ကောင်းကင်ယံကို လွှမ်းမိုးနိုင်သည့် ဆန်းကြယ်ပြီး ကြီးမားသည့် စွမ်းအားများကို သယ်ဆောင်လာရာ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
“နိမိတ်ဆိုး... ရှေးဟောင်း ကမ္ဘရီယန် မြေအောက်ကမ္ဘာ... အဆုံးမဲ့ သတ်ဖြတ်ခြင်း လမ်းစဉ်... ကြက်သွေးရောင် ကောင်းကင်ယံ။”
ဟုန်ယွိသည် သခင်လေးရှူ၏ လက်သီးချက်ကြောင့် အငိုက်မိသွားပြီး သူ၏ နှလုံးသားမှာ တုန်ခါသွားသည်။ ဤသခင်လေးရှူ၏ စွမ်းအားမှာ တကယ်ပင် နက်နဲလှကြောင်း သူ သိလိုက်ရသည်။ သို့သော်လည်း သူသည် သူ၏ အစွမ်းအစ အကုန်လုံးကို မထုတ်သုံးရ သေးဘဲ ၃၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုထားခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် လက်သီးသုံးချက်နှင့် လက်သည်းချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ‘နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား’ ၏ ချွေးပေါက်များမှ သွေးအနှစ်အချို့ ပန်းထွက်လာပြီး ကျောက်စိမ်းရောင် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
‘မြစိမ်းရောင်သွေး ယဇ်ပူဇော်ခြင်း’
နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား၏ သွေးစွမ်းအင်မှာ အလွန်များပြားလှသည်။ ‘ခုန်း’ ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ချီလင်နှင့် ကောင်းကင်နဂါးဘုရင်တို့၏ ခန္ဓာကိုယ် များမှာ ပို၍ အလားအလာ ရှိသည်။ ‘ကမ္ဘာဦး နတ်ဘုရားဘုရင် ငါးပါး’ ၏ ခန္ဓာကိုယ်များ မှလွဲ၍ အခြားမည်သည့် ခန္ဓာကိုယ်မျှ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသားထက် မသန်မာပေ။ ထို့ကြောင့် ဟုန်ယွိသည် သူ၏ သွေးအနှစ်များကို သုံး၍ ‘မြစိမ်းရောင်သွေး ယဇ်ပူဇော်ခြင်း’ ကို ပြုလုပ်ခဲ့သော်လည်း သူ၏ စွမ်းအားမှာ များစွာ လျော့ပါးမသွားခဲ့ပေ။
ကောင်းကင်ဘုံဖခင်ကြီးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဟုန်ယွိသည် ပြောင်းလဲခြင်းကျမ်းကို အသုံးပြု၍ ကောင်းကင်ဘုံဖခင်ကြီး အသုံးပြုခဲ့သော လှုပ်ရှားမှုနှင့် ပညာရပ်များ အားလုံး ကို တွက်ချက်ပြီး နားလည်ထားပြီး ဖြစ်သည်။
ဗွမ်း… ဗွမ်း…
လေထုထဲတွင် အစစ်မှန် စွမ်းအင်များ ထိပ်တိုက်တွေ့ကြပြီး စွမ်းအင်များ ဆူပွက်လာ သည်။ သိုင်းဆန္ဒများနှင့် တာအိုပညာရပ်များ ထိတွေ့မိသည့်အခါ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ သခင်လေးရှူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မိုင်ပေါင်းတစ်ရာခန့် အထိ လွင့်ထွက်သွားမှသာ ရပ်တန့်နိုင်တော့သည်။
လက်သီးသုံးချက်နှင့် လက်သည်းချက်တစ်ချက်ကြောင့် ဟုန်ယွိ၏ ‘မြစိမ်းရောင်သွေး ယဇ်ပူဇော်ခြင်း’ မှာ သခင်လေးရှူ၏ ‘စွမ်းအင်ငါးပါး ပေါင်းစည်းခြင်း’ ကို ဖြိုခွဲနိုင်ခဲ့ပြီး သူ အသာစီး ပြန်ရလာခဲ့သည်။
“ဟင်၊ ဒါက ဘယ်လို သံလိုက်အစီအရင်မျိုးလဲ၊ စိတ်ဝိညာဉ်စွမ်းအင် မှော်အဆောင် ကိုးခုနဲ့ ဖွဲ့စည်းထားတာပဲ၊ အထွတ်အထိပ် အောင်မြင်မှု ကိုးမျိုးကို ကိုယ်စားပြုနေတာလား။ ဘယ်လောက်တောင် ပြင်းထန်တဲ့ စွမ်းအားလဲ၊ ဘယ်လောက်တောင် ဆန်းကြယ်တဲ့ မှော်အဆောင်လဲ။”
မိုးကြိုးရေကန်ကို ပြန်လည် ထိန်းချုပ်ပြီးနောက် ဟုန်ယွိ၏ အစစ်မှန် စွမ်းအင် စိတ်အာရုံမှာ ၎င်းအတွင်းသို့ တစ်ဖန် နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး "အစွန်းရောက်ကိုးသွယ်အဆောင်" ကို ထိတွေ့မိသွားသည်။ ထိုခဏမှာပင် အားကောင်းသော စွမ်းအားတစ်ခု စီးဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော စွမ်းအင်အားလုံးကို ရပ်တန့်သွားစေခဲ့သည်။
“အစွန်းရောက်ကိုးသွယ် အစစ်မှန်အဆောင်။”
သခင်လေးရှူသည် လေထဲတွင် ကိုယ်ဟန်ကို ပြန်လည်ထိန်းလိုက်ပြီး ဟုန်ယွိ၏ အစစ်မှန် စွမ်းအင်များမှာ သိသိသာသာ ပျက်ပြယ်သွားပြီး သူ၏ နတ်ဘုရားစွမ်းရည်ကို ဆက်လက် မထိန်းထားနိုင်သည်ကို မြင်လိုက်ရသည်။ သူက တစ်ချက်တွေးလိုက်သည်နှင့် ဟုန်ယွိ ဖိနှိပ်ထားသော “အစွန်းရောက်ကိုးသွယ် အစစ်မှန်အဆောင်” မှာ ပိုမိုပြင်းထန်စွာ တုန်ခါ လာတော့သည်။
တစ်ချိန်တည်းမှာပင် သူသည် ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုသေးဘဲ လက်ထဲမှ နက်မှောင် သော ကျောက်စိမ်းအဆောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ထိုကျောက်စိမ်းအဆောင်ထံမှ ထူထဲပြီး ရိုင်းစိုင်းလှသည့် ဆိတ်သုဉ်းခြင်း အငွေ့အသက် များ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲနိုင်သော ကြီးမားသည့် တည်ရှိမှုတစ်ခု သို့မဟုတ် သိုင်းတာအို၏ အထွတ်အထိပ်သို့ ရောက်နေသော ‘လူသား အင်မော်တယ်’ တစ်ဦး ပေါ်ထွက်လာတော့မည့် အတိုင်းပင်။
“ပျက်သုဉ်းခြင်းနတ်ဘုရား ဆင်းသက်စေ... ဘုရင်တို့၏ ဘုရင်... ပထမဆုံးသော ကိုယ်ပွား... ပထမဆုံးသော နတ်ဘုရားစစ်သူကြီး... ပထမဆုံးသော ခွန်အားရှင်... အနှိုင်းမဲ့ ရုပ်သေးရုပ်... ထွက်ပေါ်လာစမ်း။”
သခင်လေးရှူ၏ ပြင်းထန်သော စိတ်ဆန္ဒမှာ လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူ၏ အားကောင်းသော စိတ်ဆန္ဒနှင့်အတူ အနက်ရောင် ကျောက်စိမ်းအဆောင်အတွင်းမှ ပြည့်စုံသော စစ်သည်တော်တစ်ဦး ထွက်ပေါ်လာသည်။ ၎င်းသည် မည်သည့်ချပ်ဝတ် တန်ဆာကိုမျှ ဝတ်ဆင်မထားဘဲ ရိုးရှင်းသော သားရေစအချို့ကိုသာ ဝတ်ဆင်ထားသည်။ ၎င်းမှာ ‘ကမ္ဘာဦး ဆိတ်သုဉ်းခြင်းနယ်မြေ’ မှ လာသော လူရိုင်းတစ်ယောက်နှင့် တူလှသည်။
သို့သော်လည်း ဤလူ၏ အရေပြားမှာ ကြေးနီရောင် သမ်းနေပြီး ကြွက်အသားစိုင်များမှာ ထင်ရှားပေါ်လွင်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်ထနေသည်ကို ပင် မြင်နိုင်ပြီး အမွှေးအမျှင်များ၏ အောက်ခြေမှ ကြည်လင်သော ချွေးစက်များ ထွက်ပေါ် နေသည်။ မရေမတွက်နိုင်သော အပ်စိုက်မှတ်များမှာလည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို အမြဲတမ်း စုပ်ယူနေပြီး တစ်ခုနှင့်တစ်ခု ဟန်ချက်ညီနေကြလေသည်။
ဤတည်ရှိမှုတွင် လူသားခန္ဓာကိုယ်၊ လူသားကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ အသက်ရှူခြင်း နှင့် အပ်စိုက်မှတ်များပင် ရှိနေသည်။ ၎င်းမှာ ပြည့်စုံသော လူသားခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ သို့သော်လည်း သူသည် လူသားမဟုတ်ဘဲ ရုပ်သေးရုပ်တစ်ခု၊ လူသန်ကြီးတစ်ဦး သာ ဖြစ်သည်။ သို့သော် သူသည် အစွမ်းထက်ဆုံး လူသန်ကြီးဖြစ်ပြီး ‘ရှောက်ရွှိုက်’ ထက် ပင် ပိုမိုသန်မာပေသည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အံ့မခန်းပင်။
“ဒါ ဘယ်လို ရုပ်သေးရုပ်မျိုးလဲ။”
ဤရုပ်သေးရုပ် ပေါ်လာသည်နှင့် ဟုန်ယွိ တုန်လှုပ်သွားသည်။ လူသားတို့ ဖန်တီးထားသော ရုပ်သေးရုပ်တစ်ခုမှာ ဤမျှလောက် အစွမ်းထက်သည့် တည်ရှိမှုမျိုး ရှိနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှာ အသက်ရှိ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ကဲ့သို့ ပင် ဖြစ်ပြီး အလွန်အစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်သန္ဓေသားမှာ သဘာဝအလျောက် ဖြစ်တည်လာခြင်းဖြစ်ပြီး ဤအရာမှာမူ လူသား တို့ ဖန်တီးထားခြင်း ဖြစ်သည်။
လူသားတို့၏ ဉာဏ်ပညာမှာ ကောင်းကင်ဘုံနှင့် နီးစပ်နေလေပြီ။
“ပျက်သုဉ်းခြင်းနတ်ဘုရား။ သွားပြီး တိုက်ခိုက်စမ်း။”
ဤရုပ်သေးရုပ် ပေါ်လာသည်နှင့် သခင်လေးရှူက စကားငါးခွန်းကို ပြောလိုက်သည်။
ဝူး...
ပျက်သုဉ်းခြင်းနတ်ဘုရားဟု ခေါ်သော ထိုရုပ်သေးရုပ်သည် ထိုစကားများကို ကြားလိုက်ရ သည့်အခါ မှိတ်ထားသော မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး ဟုန်ယွိထံသို့ စိုက်ကြည့် လိုက်သည်။
ထိုခဏတွင် အချိန်နှင့် ဟင်းလင်းပြင်ကြားတွင် အကွာအဝေးဟူ၍ မရှိတော့ပေ။
ပျက်သုဉ်းခြင်းနတ်ဘုရား၏ မျက်လုံးများက ဟုန်ယွိ၏ အရာအားလုံးကို ပစ်မှတ်ထား လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း ထိုအကြည့်နောက်သို့ ပါသွားတော့သည်။ ၎င်းမှာ ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်သည်။ ခမ်းနားထည်ဝါသော အရှိန်အဝါများ၊ တောက်ပြောင်သော သိုင်းပညာရပ်များ သို့မဟုတ် တာအိုပညာရပ်များ မပါဝင်ပေ။ ၎င်းမှာ စစ်မှန်သော ခန္ဓာကိုယ်ခွန်အား သက်သက်သာ ဖြစ်သည်။ သို့သော်လည်း ဤခန္ဓာကိုယ် ခွန်အားမှာ မည်သည့် နတ်ဘုရားလက်နက်ထက်မဆို ပိုမိုထက်မြက်လှပြီး ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ ၏ ဓားစွမ်းအင်ထက်ပင် ပိုမိုပြင်းထန်နေလေသည်။
ဝူး...
အချိန်နှင့် ဟင်းလင်းပြင်မှာ နှစ်ခြမ်းကွဲသွားပြီး လမ်းကြောင်းတစ်ခု တိုက်ရိုက် ပွင့်သွား တော့သည်။ ဤပျက်သုဉ်းခြင်းနတ်ဘုရား ရုပ်သေးရုပ်၏ လက်သီးချက်အောက်တွင် ဟုန်ယွိမှာ သေချာပေါက် ချေမှုန်းခံရလိမ့်မည်ဟု မည်သူမျှ သံသယရှိမည် မဟုတ်ပေ။
“စစ်နတ်ဘုရား... ဖြောင့်မတ်ခြင်းလမ်းစဉ်။ စစ်နတ်ဘုရား ပေါ်ထွက်စမ်း။”
ပျက်သုဉ်းခြင်းနတ်ဘုရား၏ လက်သီးမှာ ဟုန်ယွိနှင့် မိုင်အနည်းငယ်အကွာသို့ ရောက်ရှိ လာချိန်မှာပင် ရုတ်တရက် ပြည့်စုံသော စစ်နတ်ဘုရား ခန္ဓာကိုယ်တစ်ခုမှာ ဟုန်ယွိ၏ ရှေ့တွင် ပေါ်လာပြီး လမ်းကို ပိတ်ဆို့ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုစစ်နတ်ဘုရားမှာ တုံ့ဆိုင်းမှုမရှိဘဲ သူ၏လက်သီးကို ဝှေ့ယမ်း လိုက်ရာ ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပျက်သုဉ်းခြင်းနတ်ဘုရားကို ရင်ဆိုင် လိုက်လေသည်။
ပျက်သုဉ်းခြင်းနတ်ဘုရားနှင့် စစ်နတ်ဘုရား... ကြီးမြတ်သော နတ်ဘုရားနှစ်ပါးမှာ ကောင်းကင်ယံတွင် ထိပ်တိုက်တွေ့ကြပြီး သူတို့၏ လက်သီးများမှာလည်း ထိတွေ့သွားကြ သည်။
ဝုန်း…
မည်သည့် သံသယမှ ဖြစ်စရာမလိုပေ။ စစ်နတ်ဘုရားမှာ ပျက်သုဉ်းခြင်း နတ်ဘုရား၏ လက်သီးအောက်တွင် ချက်ချင်းဆိုသလို တူဖြင့် အထုခံလိုက်ရသော တို့ဟူးတစ်တုံး ကဲ့သို့ စစ်နတ်ဘုရားမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။ ယခုအချိန်တွင် ဟုန်ယွိမှာ ‘ဖန်ဆင်းရှင်’ တစ်ပါး ဖြစ်လာပြီဖြစ်ရာ စစ်နတ်ဘုရားနတ်ဆိုးကျမ်းထဲမှ စစ်နတ်ဘုရား ရုပ်တုမှာ ‘လူသားအင်မော်တယ်’ အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ် နိုင်သော်လည်း ပျက်သုဉ်းခြင်းနတ်ဘုရားရှေ့တွင်မူ ကလေးငယ်တစ်ယောက်ကဲ့သို့ အစွမ်းမဲ့နေပေသည်။
“အစွမ်းထက်လိုက်တဲ့ ပျက်သုဉ်းခြင်းနတ်ဘုရား။ တကယ့်ကို အစွမ်းထက်တဲ့ ရုပ်သေးရုပ် ပဲ။”
စစ်နတ်ဘုရားမှာ တို့ဟူးသဖွယ် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှပင် အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် စစ်နတ်ဘုရားမှာ သူ၏ စိတ်ကူးပုံဖော်မှုမှ ထွက်ပေါ်လာသော အရာဝတ္ထုတစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။ ပျက်သုဉ်းခြင်းနတ်ဘုရားမှာမူ မရေမတွက်နိုင်သော ရတနာပစ္စည်းများနှင့် အစီအရင်များ ကို အချိန်အတော်ကြာအောင် သုံးပြီး သန့်စင်ထားသော အနှိုင်းမဲ့ မှော်ရတနာ၊ အနှိုင်းမဲ့ ရုပ်သေးရုပ် ဖြစ်သည်။ ထိုနှစ်ခုမှာ မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။
ယခုလေးတင် စစ်နတ်ဘုရား ရုပ်တုကို တည်ဆောက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ခိုင်းလိုက် ခြင်းမှာ ပျက်သုဉ်းခြင်း နတ်ဘုရား၏ စွမ်းအားကို စမ်းသပ်ကြည့်ရန်သာ ဖြစ်သည်။
ယခုအခါ အခြေအနေကို သိရှိသွားပြီဖြစ်ရာ ဟုန်ယွိသည် ရှောင်တိမ်းခြင်း မပြုသည့်အပြင် ထရပ်လိုက်ပြီး လက်တစ်ဖက်ကို အထက်သို့ မြှောက်ကာ လေထဲရှိ ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ အခြားလက်တစ်ဖက်မှာမူ လက်သီးအဖြစ် ဆုပ်လိုက်ပြီး ပျက်သုဉ်းခြင်းနတ်ဘုရား၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံရန် ပြန်လည် ထိုးနှက်လိုက်လေသည်။
“ပျက်သုဉ်းခြင်းနတ်ဘုရား... ပျက်စီးစမ်း။”
လက်သီးနှစ်ခု ထိတွေ့သွားကြသည်။
ထောင်နှင့်ချီသော ဟင်းလင်းပြင် လှိုင်းဂယက်များမှာ ထိုလက်သီးနှစ်ခုကြားမှ ပေါက်ကွဲ ထွက်လာသည်။
ဟုန်ယွိသည် ပျက်သုဉ်းခြင်းနတ်ဘုရား၏ ခန္ဓာကိုယ်အတွင်း၌ အမည်မသိ စွမ်းအားများစွာ ပါဝင်နေကြောင်း ခံစားလိုက်မိသည်။ ၎င်းမှာ ‘ထိုက်ကျိမိုးကြိုးရေကန်’ နှင့်ပင် ယှဉ်ပြိုင် နိုင်စွမ်း ရှိပေသည်။ လက်သီးများ ထိတွေ့သွားသည့်အခါ ပျက်သုဉ်းခြင်း နတ်ဘုရားမှာ နောက်သို့ လွင့်ထွက်သွားသလို ဟုန်ယွိမှာလည်း နောက်သို့ လွင့်သွားခဲ့ရသည်။
ထန်ဟိုင်လုံ၊ လီဖေးယွိနှင့် ဖန်းယွမ်တို့မှာမူ ပို၍ပင် ပါးနပ်ကြသည်။ သူတို့သည် ထိုတိုက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ မည်သည့်နေရာတွင် ပုန်းနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။
“မင်းက ငါ့ကိုတောင် နောက်ဆုတ်သွားအောင် လုပ်နိုင်တာလား။ ငါ ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်ကို ပြန်သိမ်းပြီးတာနဲ့ မင်းရဲ့ ဒီရုပ်သေးရုပ်ကို ငါ အပြီးတိုင် နိမ်နင်းပစ်မယ်။” ဟုန်ယွိသည် နောက်သို့ ဆုတ်ခွာသွားရင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို တစ်ဖန် ပြန်လည် စုစည်းလိုက်သည်။ ယခုအချိန်တွင် သူသည် အလွန်ပင် အားစိုက်နေရ သည်။ သူသည် ပျက်သုဉ်းခြင်းနတ်ဘုရား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသလို၊ မိုးကြိုးရေကန် ကိုလည်း ဖိနှိပ်ထားရပြီး အရေးကြီးဆုံးမှာ အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်ထားရ ခြင်း ဖြစ်သည်။
အကယ်၍ သူသာ အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်မထားဘဲ သူ၏ စွမ်းအား အကုန်လုံးကို ထုတ်သုံးလိုက်ပါက ဤလျှို့ဝှက်ဆန်းပြားသော ‘သခင်လေးရှူ’ မှာ ချက်ချင်းပင် ထွက်ပြေးသွားပေလိမ့်မည်။
“ပျက်သုဉ်းခြင်း နတ်ဘုရား ခုတ်ပိုင်းချက်၊ ပျက်သုဉ်းခြင်း နတ်ဘုရား ခြေကန်ချက်။”
နောက်သို့လွင့်သွားပြီးနောက် ပျက်သုဉ်းခြင်းနတ်ဘုရားမှာ တစ်ဖန် ရှေ့သို့ တိုးလာပြန် သည်။ သူ၏လက်သီးများကို ဓားများသဖွယ် အသုံးပြုကာ ခုတ်ပိုင်းလိုက်သလို၊ သူ၏ ခြေထောက်များမှ ထွက်ပေါ်လာသော လေပြင်းများမှာလည်း ပေါက်ကွဲထွက်နေလေပြီ။ ကောင်းကင်ယံတစ်ခုလုံး ၎င်း၏ခြေထောက်ရိပ်များဖြင့် ပြည့်နှက်သွားပြီး ဟုန်ယွိကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ ထိုခြေထောက်ရိပ် တစ်ခုချင်းစီတိုင်းမှာ လေဆင်နှာ မောင်းတစ်ခုကဲ့သို့ တဝှီးဝှီးမြည်ဟည်းနေကာ တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်နေသည်။
ရှူး... ရှူး... ရှူး...
‘ပျက်သုဉ်းခြင်းနတ်ဘုရား ခုတ်ချက်’ မှာ ပိုမိုပြင်းထန်လှသည်။ လက်ကို ဓားသဖွယ် အသုံးပြုကာ တစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး ပေပေါင်းရာချီ ရှည်လျားသော ‘ချီ’ စွမ်းအင်ဓားကြီး ပေါ်ထွက်လာသည်။ ထို့ကြောင့် ဟုန်ယွိအနေဖြင့် ၎င်းတို့ကို တစ်ခုချင်းစီ လိုက်လံ ပိတ်ဆို့နေရသည်။ ဟုန်ယွိ၏ တိုက်ခိုက်မှုများမှာမူ ပျက်သုဉ်းခြင်း နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းမှာ အနည်းငယ်မျှသာ တုန်ခါသွားသည်။ ၎င်း၏သန်မာမှုမှာ နတ်ဘုရားဘိုးဘေးတောင်နှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
“ငါသာ ကျောက်စာတိုင်ကို ဖိနှိပ်မထားရင် ဒီပျက်သုဉ်းခြင်းနတ်ဘုရားကို ငါ အစိပ်စိပ် အမွှာမွှာ ဖျက်ဆီးပစ်လိုက်တာ ကြာလှပြီ။ ထားပါတော့... ထားလိုက်ပါတော့။”
ဟုန်ယွိသည် ရုတ်တရက် ဟစ်ကြွေးလိုက်ပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏စွမ်းအားမှာ တစ်ဖန် တိုးလာပြန်သည်။ သူသည် လက်သီးတစ်ချက်ဖြင့် ပျက်သုဉ်း ခြင်းနတ်ဘုရားကို နောက်သို့ တွန်းပို့လိုက်ပြီး တစ်ချိန်တည်းမှာပင် ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်ကို သူ၏အစွမ်းရှိသမျှဖြင့် ဖိနှိပ်လိုက်လေသည်။
နောက်ဆုံးတွင် မိုးကြိုးရေကန်မှာ ဆန်စေ့တစ်စေ့ခန့် အရွယ်အစားအထိ သေးငယ်သွားပြီး ဟုန်ယွိ၏ နဖူးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
“ဟီးဟီး”
ထိုခဏတွင် သခင်လေးရှူ၏ အသံမှာ ရက်စက်သည့် အပြုံးနှင့်အတူ ထွက်ပေါ်လာလေ သည်။ ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်သည် ဟုန်ယွိ၏ နဖူးအတွင်းသို့ ဝင်သွားပြီး သည်နှင့် ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ ၎င်းမှာ "အစွန်းရောက်ကိုးသွယ် အဆောင်" စစ်မှန်သော မှော်စာလုံးများ’ ကြောင့် ဖြစ်ပေသည်။
“မင်း အခု မသေနိုင်ဘူးလား ထင်လား။ ‘ဖန်ဆင်းရှင်’ တစ်ပါးတောင်မှ ဒီဒဏ်နဲ့ဆိုရင် သေကို သေရမယ်။” သခင်လေးရှူ၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ၏ အကြံအစည် အောင်မြင်သွားပြီဖြစ်ကြောင်း ဖော်ပြနေလေတော့သည်။
အခန်း (၆၃၆)။
“ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ဒီသခင်လေးရှူဆိုတဲ့လူက တကယ့်ကို လုပ်ငန်း ကြီးတွေ လုပ်မယ့်သူပဲ။ ငါ့ကို သတ်ဖို့အတွက် ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ကို တောင် ဖျက်ဆီးပစ်ဝံ့တဲ့အထိ ရက်စက်တာပဲ။ ကံကောင်းလို့ ငါက ကြိုတင်ပြင်ဆင်ထား တာ၊ မဟုတ်ရင် ဖန်ဆင်းရှင်တစ်ပါးတောင် ဒီပေါက်ကွဲမှုအောက်မှာ အစိပ်စိပ်အမွှာမွှာ ကွဲထွက်သွားမှာ အသေအချာပဲ။”
မိုးကြိုးရေကန်တစ်ခု ပေါက်ကွဲခြင်း၏ စွမ်းအားမှာ အဘယ်မျှ ပြင်းထန်သနည်း။
ရှေးဦးကာလကတည်းက ဤအရာကို လက်တွေ့စမ်းသပ်ခဲ့သူ ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ အကြောင်းမှာ မိုးကြိုးရေကန်ဟူသည် အလွန်တရာ အဖိုးတန်လှသော ရတနာ ထူးဖြစ်သောကြောင့်ပင်။ ရန်သူကို သတ်ဖြတ်ရန်အတွက် ဤမျှတန်ဖိုးရှိသော အရာကို ဖျက်ဆီးပစ်ရန် မည်သူကမှ စိတ်ကူးဝံ့မည် မဟုတ်ပေ။ သို့သော် မိုးကြိုးကန်အတွင်းရှိ အစီအရင်များ ချက်ချင်း ပျက်စီးသွားသည့်အခါ ထွက်ပေါ်လာသော စွမ်းအားမှာ မည်သည့် အဆင့်ရှိ တည်ရှိမှုကိုမဆို ချေမှုန်းပစ်နိုင်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
‘ဖန်ဆင်းရှင်’ ဟူသော တည်ရှိမှုသည်လည်း ထိုအထဲ၌ ပါဝင်နေလေသည်။
ဟုန်ယွိသည် လျှို့ဝှက်ဆန်းပြားသော သခင်လေးရှူက မိုးကြိုးရေကန်ကို ဤမျှ လွယ်လွယ် ကူကူနှင့် စွန့်လွှတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
မိုးကြိုးရေကန်ကြီး တစ်ခဏအတွင်း ပျက်စီးသွားသည်ကို မြင်တွေ့နေရသော်လည်း ထိုသူ၏ မျက်လုံးများအတွင်း၌မူ နှမြောတသဖြစ်သည့် အရိပ်အယောင် လုံးဝမရှိပေ။ အဆိုပါမျက်လုံးများအတွင်း၌ တိကျသေချာသော တွက်ချက်မှုများသာ ကိန်းအောင်းနေပါ သည်။
သခင်လေးရှူ၏ မျက်လုံးများကို ကြည့်လိုက်သည့် ခဏမှာပင် ဤလူသည် သူ၏ ရည်မှန်း ချက်အောင်မြင်ရန်အတွက်ဆိုလျှင် မည်သည့်အရာကိုမဆို ပြုလုပ်ဝံ့သူ ဖြစ်ကြောင်း ဟုန်ယွိ သိမြင်လိုက်လေသည်။
သခင်လေးရှူ၏ စိတ်အာရုံထဲတွင် တိကျသော တွက်ချက်မှုများမှလွဲ၍ အခြားခံစားချက် ဟူ၍ မရှိပေ။
ထိုအချိန်မှာပင် ဟုန်ယွိ၏ နဖူးပြင်အလယ်ရှိ ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်း၌ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ပြင်းထန်လှသော လှိုင်းဂယက် များ ပျံ့နှံ့နေပြီး ဟုန်ယွိ၏ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ခန္ဓာကိုယ်ကြီးပင် လျှင် ပြိုလဲပျက်စီးတော့မည့်အလား ခံစားနေရလေသည်။
အကြောင်းရင်းမှာ ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ပေါက်ကွဲသွားခြင်းကြောင့်ပင် ဖြစ်သည်။
ခုနလေးတင် ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ကို ဟုန်ယွိက ဆွဲသွင်းလိုက်ပြီး ‘ထိုက်ကျိမိုးကြိုးရေကန်’ နှင့် ထိတွေ့လိုက်သည့် ခဏမှာပင် သခင်လေးရှူက "အစွန်းရောက်ကိုးသွယ် အစစ်မှန်အဆောင်" ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အစီအရင်များအားလုံး ဆင့်ကဲတုံ့ပြန်ကာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား ခြင်း ဖြစ်သည်။ ၎င်းသည် ဆီအိုင်အတွင်းသို့ မီးပွားတစ်စက် ကျလိုက်သကဲ့သို့ မြေကမ္ဘာ တုန်ဟည်းသွားစေမည့် မုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်ပါသည်။
ဖျက်ဆီးခြင်း စွမ်းအားများနှင့်အတူ စက်ဝိုင်းပုံစံ လှိုင်းဂယက်များ အဆက်မပြတ် ထွက်ပေါ် လာလေသည်။
မိုးကြိုးရေကန် ပေါက်ကွဲသည့် စွမ်းအားကို ဟုန်ယွိအနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ ဖူးခြင်းဖြစ်ရာ သူ အမှန်တကယ်ပင် တုန်လှုပ်သွားပါသည်။ သူ၏စိတ်ထဲတွင် ကမ္ဘာကြီး ပျက်စီးတော့မည့်အလား ဝေဒနာကို ခံစားနေရပြီး မျှော်လင့်ချက်ကင်းမဲ့မှုများက နှလုံးသားအထိ စီးဝင်လာလေသည်။
သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ နက်မှောင်သော တွင်းနက်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသလို ခန်းမအတွင်းရှိ အစီအရင်များစွာကိုလည်း ဆုတ်ဖြဲပစ်လိုက်ပါသည်။ မိုးကြိုးရေကန်၏ ပေါက်ကွဲမှုစွမ်းအားအောက်၌ ခိုင်ခံ့မှုအားနည်းသော ခန်းမဆောင်၏ ကာကွယ်ရေး အစီအရင်များသည် ကြက်ဥခွံများကဲ့သို့ လွယ်ကူစွာ ပျက်စီးသွားကြလေ သည်။
တစ်ချိန်တည်းမှာပင် အလွန်တရာ ပြင်းထန်လှသော သံမဏိများ လောင်ကျွမ်းနေသည့် အငွေ့အသက်များ၊ သံမဏိမှိုပွင့် တိမ်တိုက်များ၊ မိုးကြိုးမှိုပွင့် တိမ်တိုက်များ၊ မီးပင်လယ် မှိုပွင့်တိမ်တိုက်များနှင့် သံလိုက်စွမ်းအင် မှိုပွင့်တိမ်တိုက်များ အဆက်မပြတ် ထွက်ပေါ်လာ သည်။ ရာနှင့်ချီသော မှိုပွင့်တိမ်တိုက်များမှာ ကောင်းကင်ယံသို့ မြင့်တက်လာပြီး အဆိုပါ တိမ်တိုက် တစ်ခုချင်းစီသည် ထာဝရပျက်သုဉ်းခြင်းနှင့် အဆုံးသတ်ခြင်းကို ကိုယ်စားပြုနေ ကြလေသည်။
ဤအရာမှာ ကမ္ဘာကြီး ပျက်စီးတော့မည့် အဆုံးသတ်ကာလနှင့် တူလေမလားဟုပင် ဟုန်ယွိ တွေးတောမိလိုက်ပါသည်။
အကယ်၍ ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်၏ ပေါက်ကွဲမှုကို အပြည့်အဝ လွှတ်ပေး လိုက်မည်ဆိုပါက သူတော်စင်ပေါင်းစုံ ခန်းမဆောင်သည် လုံးဝပျက်စီးမသွားလျှင်တောင် ပြန်လည်ပြုပြင်၍ မရနိုင်သော ထိခိုက်မှုများ ရရှိသွားပေလိမ့်မည်။ အကျိုးဆက်အားဖြင့် ‘ထာဝရနိုင်ငံတော်’ နှင့် ‘ဖန်ဆင်းခြင်းသင်္ဘော’ တို့ ထိပ်တိုက် တိုက်မိစဉ်ကကဲ့သို့ ပြန်လည် ကုစား၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။
အမှန်စင်စစ် နတ်ဘုရားဘိုးဘေးတောင်မှ တာအိုဘိုးဘေး သုံးဦးသည် ဤမိုးကြိုးရေကန် ကို သန့်စင်ခဲ့ခြင်းမှာ သူတော်စင်ပေါင်းစုံခန်းမ၊ ဖန်ဆင်းခြင်းသင်္ဘောနှင့် ထာဝရနိုင်ငံတော် တို့ကို ခြိမ်းခြောက်ရန်အတွက် ‘ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်း’ အစီအစဉ်အတွက်ပါ ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
“ပျက်သုဉ်းခြင်းနတ်ဘုရား... ဆုတ်ခွာစမ်း”
သခင်လေးရှူသည် မိုးကြိုးရေကန်က ဟုန်ယွိ၏ နဖူးအတွင်းသို့ ဝင်ရောက်ကာ ပေါက်ကွဲ သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ အကြံစည် အောင်မြင်သွားပြီဖြစ်ကြောင်း သိမြင်လိုက်လေသည်။ သို့သော် သူသည် တိုက်ခိုက်မှု မပြုသေးဘဲ လျှို့ဝှက် လွတ်မြောက်ခြင်းပညာရပ်ကို အသုံးပြုကာ ကီလိုမီတာ ထောင်ချီဝေးကွာသော နေရာသို့ ချက်ချင်း ဆုတ်ခွာသွားပါသည်။ တစ်ချိန်တည်းမှာပင် သူ၏ အနှိုင်းမဲ့ရုပ်သေးရုပ် ‘ပျက်သုဉ်းခြင်းနတ်ဘုရား’ ကိုလည်း သူ၏ အမိန့်ဖြင့် ချက်ချင်း ဆုတ်ခွာခိုင်းလိုက်ပါသည်။
သူသည် ဟုန်ယွိကို မသတ်ဖြတ်လိုခြင်း မဟုတ်ပေ။ ပေါက်ကွဲမှုဒဏ် သူ၏ဆီသို့ ကူးစက် ရိုက်ခတ်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်လေသည်။ ပေါက်ကွဲမှုပြီးဆုံးပါက ဟုန်ယွိသည် မသေဆုံးလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရရှိမည်ဖြစ်ပြီး ခန္ဓာကိုယ် ပျက်စီးကာ စိတ်ဝိညာဉ်ပါ သေလုမျောပါး ဖြစ်သွားမည်ဖြစ်ရာ သခင်လေးရှူက အဆိုပါအချိန်ကျမှ အေးဆေးစွာ အဆုံးစီရင်ရန် ကြံစည်ထားခြင်း ဖြစ်လေသည်။
သို့သော် သူ ဆုတ်ခွာနေစဉ်မှာပင် ထူးဆန်းသော အပြောင်းအလဲတစ်ခုကို တွေ့ရှိလိုက်ရပါ သည်။ ကောင်းကင်ယံရှိ ဟုန်ယွိထံမှ မီးတောင်ပေါက်ကွဲတော့မည့်အလား ဖျက်ဆီးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း ပေါက်ကွဲမလာပေ။ ကြီးမားသော စွမ်းအား တစ်ခုက ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေလေသည်။
“ဖိနှိပ်ထားလို့ ဘာထူးမှာလဲ”
သခင်လေးရှူသည် မိုးကြိုးရေကန် ပေါက်ကွဲမှု၏ စွမ်းအားကို ကောင်းစွာ နားလည်ထားပါ သည်။ သူသည် နောက်ထပ် တွက်ချက်မှုများကို ထပ်မံလုပ်ဆောင်လိုက်လေသည်။
ဤအရာများ အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်ပါသည်။
“အင်မော်တယ် ကျောက်စာတိုင်။ အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအား... လွတ်မြောက်စေ”
သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ မိုးကြိုးရေကန်သည် ပေါက်ကွဲနေပြီ ဖြစ်သည်။ ၎င်းသည် ခဏလေးအတွင်းမှာ ပေါက်ကွဲသွားနိုင်သော်လည်း ဟုန်ယွိ၌ အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သော အစွမ်းရှိပါသည်။ သူသည် အစီအရင်ကို လှုံ့ဆော် လိုက်ပြီး ပေါက်ကွဲမှုကို ခဏတာ ဆိုင်းငံ့ထားလိုက်ပါသည်။ ပေါက်ကွဲမှုကို လုံးဝဖိနှိပ်ရန် မဖြစ်နိုင်သော်လည်း သူ၏အတွက် ‘အင်မော်တယ် ကျောက်စာတိုင်’ အပေါ် ဖိနှိပ်ထားမူကို လွှတ်ပေးရန် အခွင့်အရေး ရရှိသွားလေသည်။
ယခင်က တိုင်ကျိမိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာ၌ ဖိနှိပ်ထားသော အင်မော်တယ် ကျောက်စာတိုင်ကြီးသည် ဟုန်ယွိ၏ အစီအရင်များကြားမှ လွတ်မြောက်လာသော မြွေနဂါးကြီးတစ်ကောင်ကဲ့သို့ ဝုန်းကနဲ ထွက်ပေါ်လာပါသည်။ မိုးကြိုးသံများ၊ အလင်းတန်း များနှင့်အတူ ကျောက်စာတိုင်ကြီးသည် အထက်သို့ ပျံတက်သွားပါသည်။ ၎င်းသည် ‘ကောင်းကင်အပြင်ပနယ်မြေ’ ၏ ‘ဗဟိုကမ္ဘာ’ ဆီသို့ ဦးတည်ကာ ပျံတက်သွားခြင်း ဖြစ်လေသည်။
သို့သော် ကျောက်စာတိုင်ကြီး လွတ်မြောက်ကာ ပျံတက်သွားသော နေရာမှာ ဘိုးဘေး နတ်ဘုရား မိုးကြိုးရေကန် ပေါက်ကွဲနေသည့် အလယ်ဗဟိုတည့်တည့် ဖြစ်နေလေသည်။
ဤသည်မှာ အမှန်တကယ်ပင် ကြည်နူးဖွယ် ကောင်းလှပေသည်။
မိုးကြိုးရေကန်၏ ဖျက်ဆီးခြင်း စွမ်းအားအားလုံးကို အင်မော်တယ် ကျောက်စာတိုင်က တိုက်ရိုက် ခံယူလိုက်ရလေသည်။ ဤသို့ ဖျက်ဆီးခြင်း စွမ်းအားများနှင့် ရင်ဆိုင်လိုက်ရ သည့်အခါ ကျောက်စာတိုင်ပေါ်ရှိ မှော်စာလုံးပေါင်း သန်း ၄၈၀ သည် အလိုအလျောက် နိုးထလာကာ ဆန်းကြယ်သော ကျမ်းစာသားများ ပေါ်ထွက်လာတော့လေသည်။
“တာအိုဟု ခေါ်ဆိုနိုင်သော တာအိုသည်... အစစ်အမှန် တာအို မဟုတ်ပေ...”
ဤမပြည့်စုံသေးသော ဆန်းကြယ်သည့် ကျမ်းစာသားများသည် ကမ္ဘာဦးဖန်ဆင်းခြင်း မှတ်တမ်းထက်ပင် ပိုမိုအစွမ်းထက်နေပါသည်။ အဆိုပါကျမ်းစာသားများက မိုးကြိုး ရေကန်၏ ပေါက်ကွဲမှုကို အားကောင်းစွာ ဖုံးအုပ်လိုက်ပြီး ထိုက်ကျိမိုးကြိုးရေကန်၏ အထက်၌ လည်ပတ်နေကာ ရှုပ်ထွေးလှသည့် စွမ်းအင်လုံးကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပါ သည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးတော့မည့် မှိုပွင့်တိမ်တိုက်များ၊ တွင်းနက်ကြီး များနှင့် အက်ကြောင်းကြီးများ အားလုံး ပျောက်ကွယ်သွားလေသည်။
သို့သော် အဆိုပါဆန်းကြယ်သည့် ကျမ်းစာသားများသည် ပေါက်ကွဲမှုကို အစွမ်းကုန် ချိပ်ပိတ်ရန် ကြိုးစားနေရခြင်းဖြစ်ရာ အချိန်မရွေး ပြိုကွဲသွားနိုင်သည့် အခြေအနေ၌ ရှိနေလေသည်။
“ကောင်းတယ်... ကောင်းတယ်! ငါဖြစ်စေချင်တဲ့အတိုင်း။ ‘တာအိုလို့ ခေါ်ဆိုနိုင်တဲ့ အရာမှန်သမျှ အစစ်မှန် တာအိုမဟုတ်သေးဘူး’ ဆိုတဲ့ ကျမ်းစာပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ငါ့ရဲ့ ‘စကြာဝဠာပြောင်းလဲခြင်း နိယာမကိန်းဂဏန်း’ တွက်ချက်မူကနေ မလွတ် မြောက်နိုင်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ‘ဧကရာဇ်ချန်ရှန်း’ ဟာ နိဗ္ဗာနနယ်ပယ်အထိ မလွတ်မြောက်သေးဘူးဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်။ သူက ပြောင်းလဲခြင်း နိယာမတွေကြားထဲမှာပဲ ရှိနေသေးတာပဲ။”
ဟုန်ယွိသည် ဤမြင်ကွင်းကို ကြည့်ကာ သူ၏ ‘ပြောင်းလဲခြင်းကျမ်း’ ၏ တွက်ချက်မှုများ သည် ရှုပ်ထွေးလှသော အနာဂတ်ကို ထပ်မံ၍ ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရ လေသည်။ မရေမတွက်နိုင်သော အနာဂတ်လမ်းကြောင်းများထဲမှ အကောင်းဆုံးလမ်းကို သူ ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝုန်း... ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် အပြောင်းအလဲ ထောင်ပေါင်းများစွာ ဖြစ်ပေါ်သွားလေ သည်။
နောက်ဆုံးတွင် အင်မော်တယ် ကျောက်စာတိုင်ကြီးသည် ပြင်းထန်စွာ ကွဲအက်သွားတော့ သည်။ မပြည့်စုံသော ကျမ်းစာသားများသည်လည်း ပေါက်ကွဲသွားပြီး ခန်းမဆောင်၏ ထောင့်တိုင်းသို့ လေပြင်းများ တိုက်ခတ်သွားလေသည်။ အင်မော်တယ် ကျောက်စာတိုင်နှင့် ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်... တစ်ခုမှာ အပြင်းအထန် ပျက်စီးသွားပြီး နောက်တစ်ခုမှာမူ လုံးဝ ပျောက်ကွယ်သွားပါသည်။
“ဗျိုင်းနှင့် ခရု တိုက်ခိုက်နေစဉ် တံငါသည်က အမြတ်ထုတ်လိုက်သကဲ့သို့” ပင် ဟုန်ယွိ သည် အကျိုးကျေးဇူးများ အားလုံးကို ရရှိလိုက်လေသည်။
အင်မော်တယ် ကျောက်စာတိုင်၏ မှော်စာလုံးပေါင်း သန်း ၄၈၀ သည် ခန်းမအနှံ့ ပျံနှံ့သွား ပါသည်။ မိုးကြိုးရေကန်၏ ပေါက်ကွဲမှုနှင့်အတူ ၎င်းတို့သည် သူတော်စင်ပေါင်းစုံ ခန်းမကို လိုက်လံဖျက်ဆီးနေကြလေသည်။ သို့သော် မိုးကြိုးရေကန်၏ စွမ်းအားမှာ အင်မော်တယ် ကျောက်စာတိုင်၏ ဖုံးအုပ်မှုကို ခံလိုက်ရသည့်အတွက် ကိုးဆယ်ကိုးရာခိုင်နှုန်းခန့် လျော့ကျသွားပြီ ဖြစ်ပါသည်။ ထို့ကြောင့် သူတော်စင်ပေါင်းစုံခန်းမကိုတော့ အခြေခံကျကျ မဖျက်ဆီးနိုင်တော့ပေ။
“မိုးကြိုးအရှိန်အဝါတွေကို ဖယ်ရှားပြီး အေးချမ်းမှုကို ပြန်ယူဆောင်စမ်း။”
ဟုန်ယွိသည် ဤအရာကို မြင်တွေ့လိုက်သည့်အခါ တွန့်ဆုတ်မနေဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမကြီးမှာ တုန်ခါသွားပြီး အဆုံးမဲ့ ဟင်းလင်းပြင် စွမ်းအားများက ပေါက်ကွဲမှု၏ လှိုင်းဂယက်များကို သုတ်သင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အားကောင်းပြင်းလှသော စိတ်ဝိညာဉ် အတွေးစများ ထွက်ပေါ်လာသည်။ ဖန်ဆင်းရှင်တစ်ပါး၏ စိတ်ဝိညာဉ် အတွေးစပေါင်း ၁၂၉,၆၀၀ သည် ကွဲထွက်သွားသော ကျောက်စာတိုင်၏ မှော်စာလုံးများကို ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးလိုက်ပါသည်။
“ချီဝိညာဉ်ဝဲဂယက်... စုပ်ယူစမ်း”
၎င်းနှင့်အတူ ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုလိုက်ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းစီမှာ မှော်စာလုံးများကို စုပ်ယူနိုင်သော ဝဲဂယက်ကြီးများအဖြစ် ပြောင်းလဲသွားလေသည်။ မှော်စာလုံးပေါင်း သန်း ၄၈၀ သည် ခဏချင်းအတွင်းမှာပင် အကုန်လုံး စုပ်ယူခြင်း ခံလိုက်ရပါသည်။ တစ်လုံးမျှ မလွတ်မြောက်ပေ။ ၎င်းတို့ အားလုံးသည် ဟုန်ယွိ၏ စိတ်အာရုံအတွင်း၌ ကျောက်စာတိုင်အဖြစ် ပြန်လည် စုစည်းသွား ကြလေသည်။
သို့သော် အဆိုပါကျောက်စာတိုင်မှာ ယခင်ကကဲ့သို့ ခမ်းနားသော ရုန်းကန်နိုင်စွမ်း မရှိတော့ပေ။
ယခင်က အင်မော်တယ် ကျောက်စာတိုင်သည် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်နှင့် နီးကပ်နေသည့် အစွမ်းထက် လူသားအင်မော်တယ်တစ်ဦးကဲ့သို့ ဖြစ်ခဲ့သော်လည်း ယခုမူ သိုင်းသူတော်စင် အဆင့်ခန့်သာ ရှိတော့သည်။ ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသော ပညာရှင်တစ်ဦးပင်လျှင် ဤအရာကို အေးဆေးစွာ ဖိနှိပ်ထားနိုင်ပြီ ဖြစ်ပါသည်။ ဟုန်ယွိအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။
“အင်မော်တယ် ကျောက်စာတိုင်ဆိုတဲ့ အမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။ မိုးကြိုး ရေကန်ရဲ့ ပေါက်ကွဲမှုကို တိုက်ရိုက် ခံလိုက်ရပေမဲ့ ကျောက်စာတိုင်က ထိခိုက်မှုမရှိသလို မှော်စာလုံးတွေလည်း မပေါက်ကွဲသွားဘူး။ အတွင်းထဲက အသိစိတ်တစ်ခုပဲ အပြင်းအထန် ဒဏ်ရာရသွားတာ။ ဒါက ပိုတောင် ကောင်းပါသေးတယ်။ ငါ အချိန်နည်းနည်း ထပ်ပေးပြီး အတွင်းထဲက အသိစိတ်တွေကို သန့်စင်လိုက်ရင် ဒီမှော်စာလုံးပေါင်း သန်း ၄၈၀ ကို ငါ အမှန်တကယ် ထိန်းချုပ်နိုင်တော့မယ်။ ဒါပေမဲ့ သူတော်စင်ပေါင်းစုံ ခန်းမဆောင်လည်း တော်တော်လေး ထိခိုက်သွားပြီ။ အစီအရင်တွေ အများကြီး ပျက်စီးသွားလို့ ပြန်ပြင်ရဦး မယ်”
ကျောက်စာတိုင်များကို တစ်ခုပြီးတစ်ခု ဖိနှိပ်လိုက်ပြီးနောက် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို ခန်းမထဲမှ ပြန်ထုတ်ကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သွင်းလိုက်သည်။ ခန္ဓာကိုယ်ထဲ ပြန်ရောက်သည်နှင့် သူသည် အားရပါးရ ရယ်မောလိုက်လေသည်။
...
“ဘာတွေ ဖြစ်နေတာလဲ”
သခင်လေးရှူသည် ‘ပျက်သုဉ်းခြင်းနတ်ဘုရား’ ကို မိုင်ပေါင်းထောင်ချီဝေးသော နေရာ၌ ဆုတ်ခွာခိုင်းထားပြီး ဟုန်ယွိ ပေါက်ကွဲသွားမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပါသည်။ သို့သော် အသက်ရှူအနည်းငယ်ကြာသည့်တိုင် ဘာမျှ ဖြစ်မလာပေ။
အစားထိုးအနေဖြင့် ဟုန်ယွိ၏ ခန္ဓာကိုယ်ထံမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး မှော်စာလုံးများနှင့် စွမ်းအင်များ ထွက်ပေါ်လာသည်။ တောင်တန်းများ၊ သမုဒ္ဒရာများကဲ့သို့ ကြီးမားသော အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်လာပြီး တဖြည်းဖြည်း တည်ငြိမ် သွားကာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားသည်။ မိုးကြိုးရေကန်၏ ပေါက်ကွဲမှုကို သူက ချက်ချင်းပင် ဖိနှိပ်လိုက်နိုင်သည့်အလား ဖြစ်နေလေသည်။
ဤသို့သော အပြောင်းအလဲများသည် သခင်လေးရှူ၏ တွက်ချက်မှုများအတွင်း၌ ရှိမနေခဲ့ ပေ။ သူ၏ မျက်လုံးအတွင်းရှိ မှော်စာလုံးများသည် ရုတ်တရက် ပြောင်းပြန် လည်ပတ်သွား ကြသည်။ သူ၏ စိတ်ထဲ၌ ထင်မြင်ချက်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလေသည်။
“ဟားဟားဟား... သခင်လေးရှူ၊ မင်းက တကယ့်ကို သူတော်ကောင်းတစ်ယောက်ပဲ။ ကိုယ့်ကျိုးအတွက် ဘာမှမငဲ့ဘဲ သူများကို ကူညီပေးတာပဲ။ ငါ့ရဲ့ တွက်ချက်မှုတွေက တကယ် မှန်သွားပြီ။ မင်းကို ကျေးဇူးအများကြီး တင်ပါတယ်ကွာ။ မင်းသာ မိုးကြိုးရေကန် ကို မဖောက်ခွဲလိုက်ရင် ငါ ဒီ အင်မော်တယ် ကျောက်စာတိုင်ကို သန့်စင်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ကွာ။ မင်းရဲ့ စေတနာကို တကယ်ပဲ ချီးကျူးမိတယ်။”
ဟုန်ယွိ၏ ရယ်မောသံများက သခင်လေးရှူ၏ သံသယများကို အဆုံးသတ်ပေးလိုက်လေ သည်။
“မကောင်းတော့ဘူး၊ ငါ အလှည့်စားခံလိုက်ရပြီ၊ ဒီလူရဲ့ တွက်ချက်မှုတွေက ဘယ်လို တောင် တိကျနေရတာလဲ...” သခင်လေးရှူ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီ ဖြစ်လေသည်။
ဟင်းလင်းပြင်အတွင်း ရပ်နေသော ဟုန်ယွိကမူ သူ့ကို လက်နှစ်ဖက်ကာ ကျေးဇူးတင် စကားပင် ပြောကြားနေသေးသည်။
“သို့သော်..” ဟုန်ယွိ၏ အသံမှာ ရုတ်တရက် အေးစက်သွားသည်၊ “သခင်လေးရှူ... မင်းရဲ့ ဒီ ‘ပျက်သုဉ်းခြင်းနတ်ဘုရား’ ရုပ်သေးရုပ်က တကယ့်ကို အစွမ်းထက်တာပဲ။ ဒီလောက် သန်မာတဲ့ လူသားရုပ်သေးရုပ်ကို ဘယ်လိုများ ဖန်တီးခဲ့လဲဆိုတာ ငါ တကယ် သိချင်မိ တယ်။ အဲဒီရုပ်သေးရုပ်ကို ငါ့ကို ခဏလောက် လေ့လာခွင့် ပေးမလား။ မင်း မပေးချင်ရင် လည်း ငါ အတင်းအဓမ္မ လုယူရမှာပဲ။”
ဟုန်ယွိသည် သူ၏ စွမ်းအားအားလုံးကို စုစည်းလိုက်ပါသည်။ သူ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များ အားလုံးသည် လေဆင်နှာမောင်းများကဲ့သို့ ဖြစ်လာပြီး စွမ်းအင်များကို စုပ်ယူနေကြလေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ အလင်းတန်းများပင်လျှင် ပုံပျက်ယွင်းနေပြီ ဖြစ်လေသည်။
“မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယမ်ငှက်၊ လိပ်နက်၊ နိမိတ်လေးပါးသတ်ဖြတ်ခြင်း... သံလိုက်စွမ်းအင် ကြယ်စွမ်းအင်... သေခြင်းရှင်ခြင်းအတားဆီး”
ဟုန်ယွိသည် စွမ်းအားများကို ရူးသွပ်မတတ် စုစည်းလိုက်ပါသည်။ အသက်ရှူကြိမ် သုံးကြိမ်စာခန့် ကြာမြင့်ပြီးနောက် မိုင်ပေါင်းထောင်ချီဝေးသော သခင်လေးရှူထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပါသည်။ အဆိုပါလက်သီးချက်အတွင်း၌ သံလိုက် စွမ်းအင်များ ပါဝင်နေပြီး ကောင်းကင်ယံ၌ နတ်ဘုရားသားရဲလေးပါး၏ ပုံရိပ်များ ပေါ်ထွက် လာသည်။ အဆိုပါနတ်ဘုရားသားရဲ ဝိညာဉ်လေးပါးသည် ဟိန်းဟောက်ကာ သခင်လေးရှူ ထံသို့ ပြေးဝင်သွားကြလေသည်။
“ဟင်၊ နိမိတ်လေးပါး မဟာသံလိုက်အစီအရင်ပါလား။ ဒါ ငါတို့ရဲ့ အစွမ်းထက်ဆုံး လျှို့ဝှက် ပညာရပ်တွေထဲက တစ်ခုပဲ။ မင်း ဒါကို ဘယ်လို သိသွားတာလဲ။ ပြီးတော့ မင်းရဲ့ သိုင်းပညာထဲမှာ ဘယ်လို ပေါင်းစပ်လိုက်တာလဲ” သခင်လေးရှူ တစ်ဖန် အံ့ဩသွားပြန် လေသည်။
“ပျက်သုဉ်းခြင်းနတ်ဘုရား။”
ဘေးရှိ ပျက်သုဉ်းခြင်းနတ်ဘုရားသည် လှုပ်ရှားလိုက်ပါသည်။ ၎င်းသည်လည်း ဟစ်ကြွေး ကာ လက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်လေသည်။ ကောင်းကင်ယံ၌လည်း နတ်ဘုရားသားရဲ ဝိညာဉ် လေးပါး ပေါ်ထွက်လာပြီး ဟုန်ယွိ၏ နတ်ဘုရားပုံရိပ်များနှင့် ထိပ်တိုက် တွေ့ဆုံသွားကြလေသည်။
“ဟက်၊ ပြောင်းလဲခြင်းဆိုတာ ဘာလဲဆိုတာ မင်းကို ငါ ပြရသေးတာပေါ့။ ဗာမီလီယံငှက် ကနေ ဖီးနစ်အဖြစ် ပြောင်းလဲစမ်း။ ဖီးနစ်အဆုံးသတ်သံစဉ်။”
ဟုန်ယွိသည် သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်ကာ လက်ချောင်းငါးချောင်းကို လက်သည်း များကဲ့သို့ ပြောင်းလဲလိုက်ပါသည်။ ထိုအချိန်တွင် အမြန်ဆုံး ပျံသန်းနေသော ဗာမီလီယံ ငှက်သည် ရုတ်တရက် တေးဆိုလိုက်ရာ အလွန်လှပ၍ ဝမ်းနည်းဖွယ်ကောင်းသော သံစဉ်တစ်ပုဒ်က ကောင်းကင်ဘုံကိုးထပ်အထိ ပျံ့နှံ့သွားလေသည်။
ဤသည်မှာ ဝမ်မိသားစု၏ အစွမ်းထက်ဆုံး ပညာရပ်ဖြစ်ပြီး ဟုန်ယွိက သူ၏ သိုင်းပညာ အတွင်း၌ ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ အဆိုပါ ‘အဆုံးသတ်ဖီးနစ်သံစဉ်’ ထွက်ပေါ် လာသည့် ခဏမှာပင် ပင်လယ်ပြင်ထက်၌ ကြီးမားလှသော ‘နတ်ဘုရားဘိုးဘေးတောင်’ ၏ ပုံရိပ်ကြီး ဝိုးတဝါး ပေါ်ထွက်လာလေတော့သည်။