အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄)
ဤအရာသည် ဘဲလည်ပင်း ဖြစ်သည်
တစ်လကြာပြီးနောက် ဂျုံရိတ်သိမ်းခြင်း လုပ်ငန်းစဉ်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေသည် ။
လျန်ထျန်း ၏ ရင်းနှီးမြှုပ်နှံမှုနှင့် မရေမတွက်နိုင်သော ပို့ဆောင်သူ များက ဂျုံရိတ်သိမ်းရန် ထွက်လာခဲ့ကြခြင်း ကြောင့်သာ ဂျုံများကို အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည် ။
ယခုနှစ်၏ ဂျုံဆုံးရှုံးမှုမှာ သိပ်မကြီးမားလှဘဲ အခြောက်လှန်းထားသော ဂျုုံများကို အောင်မြင်စွာ သိုလှောင် နိုင်ခဲ့သဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအတွက် တစ်နှစ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် ပြဿနာ မရှိ နိုင်တော့ပေ ။
သေချာသည်မှာ ထိုကာလအတွင်း လျန်ထျန်း တစ်ဦးတည်းသာ ရှေ့ထွက်လာခဲ့ခြင်း မဟုတ်ဘဲ အခြားသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် များစွာသည်လည်း တစ်ကိုယ်ကောင်းဆန်မှု ကင်းမဲ့စွာဖြင့် ပါဝင်ကူညီ ခဲ့ကြလေသည် ။
ဥပမာအားဖြင့် နေကြာစေ့ ထုတ်လုပ်သည့် စက်ရုံတစ်ရုံ ရှိလေသည် ။ ထိုစက်ရုံပိုင်ရှင်သည် လယ်သမားများ အတွက် ဂျုံများကို အခမဲ့ အခြောက်လှန်းပေးရန် သူ၏ စက်ရုံရှိ အခြောက်ခံစက် အားလုံးကို အသုံးပြုခဲ့လေ သည် ။
သတင်းထောက်တစ်ဦးကလည်း သူ့အား မေးမြန်းခဲ့သည် ။
"ခင်ဗျား စက်ရုံက အခြောက်ခံစက်တွေ အားလုံးကို ဂျုံလှန်းဖို့ သုံးလိုက်တော့ ခင်ဗျားရဲ့ နေကြာစေ့ လုပ်ငန်းက ဘယ်လိုလုပ်မလဲ...။”
ရိုးသားသော သူဌေးဖြစ်သူက သူ၏ ကြဲနေသော ရှေ့သွားများကို ဖော်ပြကာ ပြုံးရွှင်စွာဖြင့် ပြန်ဖြေခဲ့လေသည် ။
"လူတွေက အရင်ဆုံး စားစရာ ရိက္ခာ ရှိဖို့ လိုတယ်လေ…၊ ဗိုက်ဝမှသာ နေကြာစေ့ စားဖို့ စဉ်းစားနိုင်မှာပေါ့…။ စားစရာမှ မရှိရင် ဘယ်သူက နေကြာစေ့ကို စားမှာလဲ...။”
ဤစကားများသည် လျန်ထျန်း ၏ စကားနှင့် ဆင်တူနေခဲ့လေသည် ။
"ငါတို့တွေ ထမင်းတောင် မစားနိုင်တာ ဘယ်ကနေ အစားအသောက်တွေ မှာစားနိုင်မှာလဲ...။”
သူတို့သည် တူညီသော အတွေးအခေါ်နှင့် တူညီသော စရိုက်လက္ခဏာ ရှိကြကြောင်း သိသာထင်ရှားလှပေသည် ။
ဤကဲ့သို့ ကိုယ်ချင်းစာတရား ရှိသော စီးပွားရေးလုပ်ငန်းရှင် များစွာ ရှိနေသေးပြီး ၎င်းတို့ထဲမှ အများစုမှာ ကျေးလက်ဒေသမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည် ။ သူတို့သည် စားနပ်ရိက္ခာ ထုတ်လုပ်ရန် မည်မျှ ခက်ခဲကြောင်းကို အကောင်းဆုံး နားလည်ထားကြလေသည် ။
အများပြည်သူများကလည်း ဤကဲ့သို့သော သူဌေးမျိုးကို ထောက်ခံအားပေးကြောင်း ပြသခဲ့ကြပြီး အင်တာနက် အသုံးပြုသူ များကလည်း မှတ်ချက်များစွာ ရေးသားခဲ့ကြလေသည် ။
"ဒီနှစ် နှစ်သစ်ကူး ဈေးဝယ်ထွက်ရင် ဘယ်တံဆိပ် နေကြာစေ့ကို ဝယ်ရမလဲဆိုတာ သိပြီ မဟုတ်လား...။”
"ဒီ ဆိုင်ရှင်က နေကြာစေ့စားရင်း သွားတွေ ဟကုန်တဲ့အထိ ဖြစ်နေတာကို ကြည့်လိုက်ဦး သူ့ နေကြာစေ့တွေ မကောင်းဘူးဆိုတာကို ငါ မယုံနိုင်ဘူး…၊ အခုချက်ချင်း စူပါမားကတ်သွားပြီး နှစ်ထုပ်လောက် ဝယ်လိုက် ဦးမယ်...။”
"ပြောနေစရာ မလိုတော့ဘူး…။ ငါတို့တွေ လက်တွေ့ လုပ်ရပ်နဲ့ ထောက်ခံအားပေးရမယ်…၊ နောက်ဆိုရင် ဒီ နေကြာစေ့ တံဆိပ်က ငါတို့ ကုမ္ပဏီရဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေအတွက် မပါမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာတော့ မှာပဲ...။”
"သန်းနဲ့ချီတဲ့ နောက်လိုက် ရှိတဲ့ ဆိုရှယ်မီဒီယာ သြဇာလွှမ်းမိုးသူ ငါတောင်မှ ဒီ သူဌေးရဲ့ ထုတ်ကုန်တွေကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ အခမဲ့ ဝင်ရောက် ပရိုမိုးရှင်း လုပ်ပေးရတော့မယ်…။ ဝယ်ယူရန် လမ်းကြောင်းက ဒီနေရာမှာ ရှိတယ်လေ...။”
ဤ ဂျုံရိတ်သိမ်းခြင်း လုပ်ငန်းစဉ်တွင် ငွေကြေးနှင့် ခွန်အားများ ထည့်ဝင်ကူညီခဲ့ကြသော ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း အားလုံးသည် အများပြည်သူထံမှ ချီးကျူးထောက်ခံမှုများကို ရရှိခဲ့ကြလေသည် ။
ဤအရာက အများအတွက် ငါ ငါ့အတွက် အများ ဆိုသော စိတ်ဓာတ်ကို အမှန်တကယ် ပုံဖော်ပြသနေပြီး ငါတို့ နိုင်ငံနှင့် ငါတို့ ပြည်သူများသည် ကြီးမားသော မေတ္တာတရားနှင့် ကရုဏာတရားတို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ် ကြောင်း သက်သေပြနေလေသည် ။
အရေးအကြီးဆုံးမှာ အဆင့်တိုင်းတွင် သက်ဆိုင်ရာ နိုင်ငံတော် ဌာနများ၏ အာရုံစိုက်မှုမှာ မရှိမဖြစ် လိုအပ်လှပေ သည် ။
မည်သို့ပင်ဆိုစေကာမူ ပြည်သူများအတွက် စားနပ်ရိက္ခာသည် အရေးအကြီးဆုံး ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်ရေး အတွက် ဂျုံသည် အလွန်အရေးပါလှပေသည် ။ နိုင်ငံတော်အနေဖြင့် လက်ပိုက်ကြည့်နေ၍ မရနိုင်ပေ ။
နိုင်ငံတော်ကလည်း အများဆုံး ပါဝင်ကူညီခဲ့သော်လည်း လျန်ထျန်း ကဲ့သို့ပင် ယခင်က အရင်းအမြစ် အားလုံးကို စုဆောင်းကာ ဂျုံရိတ်သိမ်းရန် ဦးစားပေးခဲ့လေသည် ။
အခြေအနေများ တည်ငြိမ်သွားပြီး အားလပ်ချိန် ရလာသည်နှင့် နိုင်ငံတော်၏ အကျပ်အတည်းမှ အမြတ်ထုတ်ခဲ့ သူများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည် ။
ဤကိစ္စနှင့် ပတ်သက်၍ လျန်ထျန်း သည်လည်း ထိုအချိန်က မည်သူတွေ ငွေပေးချေခဲ့သည်ဆိုသော အသေးစိတ် အချက်အလက်များနှင့် မှတ်တမ်းများကို နိုင်ငံတော်ထံသို့ ပေးအပ်ခြင်းဖြင့် ပါဝင်ကူညီခဲ့လေသည် ။
သုံးရက်အတွင်းမှာပင် လူများစွာသည် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံခဲ့ရလေသည် ။
ထို့နောက် သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အချို့သော ပုဂ္ဂိုလ်များသည် နိုင်ငံခြား သူလျှိုများ ဖြစ်နေ ကြောင်း ရှာဖွေတွေ့ရှိခဲ့ရလေသည် ။
ဤ ရှာဖွေတွေ့ရှိမှုက မရေမတွက်နိုင်သော လူများကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့လေသည် ။
သူလျှိုများ၏ ထွက်ဆိုချက်များအရ သူတို့သည် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အာ နိုင်ငံမှ စေလွှတ်လိုက်ခြင်း ဖြစ်လေသည် ။
စိုက်ပျိုးရေးသည် လူသားများ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး ထုတ်လုပ်မှု အားလုံး အတွက် ပထမဆုံးသော အခြေအနေနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကြောင်းရင်း ဖြစ်ပေ သည် ။
အကယ်၍ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးကို နှောင့်ယှက်ဖျက်ဆီးနိုင်ပါက တရုတ်နိုင်ငံတွင် နေ့စဉ် စားသောက်ရန် လိုအပ်နေသော လူဦးရေ သန်းတစ်ထောင့်လေးရာ ရှိနေသောကြောင့် တရုတ်နိုင်ငံ၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေနိုင်ပေသည် ။
အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း အာ နိုင်ငံ သာမက အီးဂဲလ်နိုင်ငံ နှင့် အို တိုက်ကြီးရှိ နိုင်ငံများစွာတို့ သည်လည်း ပါဝင်နေခဲ့လေသည် ။
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ အင်အား လျင်မြန်စွာ တိုးတက်လာမှုကို သူတို့အား လုံး စိုးရိမ်မကင်း ဖြစ်နေခဲ့ကြသည် ။
ထို့ကြောင့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်ပြည်သူများကြားတွင် စိုက်ပျိုးရေးထက် ကူးသန်း ရောင်းဝယ်ရေးကို တန်ဖိုးထားသည့် အယူအဆကို သွတ်သွင်းခြင်းကဲ့သို့သော အခြေခံအုတ်မြစ်များကို အချိန် ကြာမြင့်စွာကတည်းက ချမှတ်ထားခဲ့ကြလေသည် ။
ထို့အပြင် အချို့သော ကုန်စည်များ၏ တန်ဖိုး ကြီးမြင့်လာမှုက စိုက်ပျိုးရေးနှင့် အခြားသော စက်မှုလုပ်ငန်းများ ကြားတွင် အကျိုးအမြတ် ရရှိမှု ကွာဟချက် ကြီးမားလာစေခဲ့ပြီး လူပိုများလာလေ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ရန် ဆန္ဒမရှိလေ ဖြစ်လာစေခဲ့သည် ။
သို့သော်လည်း တရုတ်နိုင်ငံရှိ လူကြီးမျိုးဆက်များသည် မြေယာအပေါ် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှု ရှိကြပြီး လယ်ယာစိုက်ပျိုးရေး ဓလေ့ထုံးတမ်းကို အမြဲတမ်း စောင့်ထိန်းကြကာ စိုက်ပျိုးရေးကို မည်သည့်အခါမျှ အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ပေ ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် အာ နိုင်ငံသည် ရက်စက်ကြမ်းကြုတ်သော အစီအစဉ်တစ်ခုကို ကြံစည်ခဲ့လေ သည် ။ သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူကာ ၎င်းတို့၏ သူလျှိုများသည် လူလုပ် ကပ်ဘေးတစ်ခုကို ဖန်တီးရန် ဖြစ်သည် ။
စိုက်ပျိုးရေး လုပ်ကိုင်နေသော တရုတ်ပြည်သူများအား ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရစေရန်၊ အထူး သဖြင့် စားစရာ သောက်စရာ မရှိတော့သည့် အခြေအနေအထိ ရောက်ရှိစေပြီး လယ်ယာစိုက်ပျိုးရေးကို စွန့်လွှတ်ကာ အခြားနေရာများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဖိအားပေးနိုင်ရန် ဖြစ်သည် ။
အကယ်၍ လူတိုင်း အခြားနေရာများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး မည်သူမျှ လယ်မစိုက်ကြပါက လာမည့်နှစ်တွင် စားနပ်ရိက္ခာ ထုတ်လုပ်မှု ရှိလာတော့မည် မဟုတ်ပေ ။
ရလဒ်အနေဖြင့် ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် ၎င်း၏ ဂျုုံများကို ဝယ်ယူရန် သွင်းကုန်များအပေါ် မှီခိုလာရ ပေလိမ့်မည် ။
လက်ရှိ စားနပ်ရိက္ခာ ဈေးနှုန်းများ သက်သာနေခြင်းကို လှည့်စားမခံကြပါနှင့် ။ အခြားသူများထံမှသာ ဝယ်ယူရ မည့် အချိန်ရောက်လာပါက သူတို့ ဈေးနှုန်းများ မြှင့်တင်မည်လား ဆိုသည်ကို စောင့်ကြည့်လိုက်ပါ ။
ကံကောင်းထောက်မစွာဖြင့် အဖွဲ့အစည်းပေါင်းစုံ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် သူလျှိုများ၏ လျှို့ဝှက် ကြံစည်မှုမှာ ပျက်ပြားသွားခဲ့ရလေသည် ။
တစ်ချိန်တည်းမှာပင် သဲလွန်စများကို ခြေရာခံခြင်းအားဖြင့် သူတို့သည် ပုန်းအောင်းနေသော သူလျှိုများစွာကို ဖော်ထုတ်နိုင်ခဲ့လေသည် ။
အချို့သော သူလျှိုများသည် ကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခများ ကဲ့သို့သော အရေးကြီးသည့် ရာထူးနေရာ များသို့ပင် ရောက်ရှိနေခဲ့ကြလေသည် ။
သူတို့၏ ယခင် ထုတ်ပြန်ချက် အချို့ကို ပြန်လည်ကြည့်ရှုလိုက်သောအခါ ၎င်းတို့မှာ အမှန်တကယ်ပင် ဒေါသ ထွက်ဖွယ် ကောင်းလှပေသည် ။
"ဂျုံက လယ်သမားတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး…။ သူတို့က မြေကြီးထဲ မျိုးစေ့ချရုံပဲ…၊ ပြီးတော့ လယ်သမား တွေ အိပ်နေချိန်မှာ ဂျုုံက သူ့ဘာသာ ကြီးထွားလာတာပဲ...။”
"ထို့ကြောင့် ငါတို့ စားတဲ့ အစားအစာက လယ်သမားတွေနဲ့ သိပ်မပတ်သက်ဘူး…။ လယ်သမားတွေက ဘာမှ လုပ်ပေးတာ မဟုတ်ဘူး…။ ငါတို့တွေ လယ်သမားတွေရဲ့ လုပ်အားကို ကျေးဇူးတင်မယ့်အစား မြေကြီးကိုပဲ ကျေးဇူးတင်သင့်တယ်...။”
"လယ်သမားတွေ အလုပ်ကြိုးစားပြီး ချွေးထွက်များတာက မိုက်မဲမှုတစ်ခုလို့ ငါ ထင်တယ်…။ အလုပ်ကြိုးစား ခြင်းက အစစ်မှန်ဆုံးသော ပျင်းရိခြင်း ပုံစံပါပဲ...။”
"ရိတ်သိမ်းစက်တွေကို အသုံးပြုလို့ မရဘူး…၊ ဘာလို့လဲဆိုတော့ သူတို့ အလုပ်လုပ်တဲ့အခါ ဖုန်မှုန့်တွေနဲ့ အိတ်ဇောငွေ့တွေ အများကြီး ထွက်လာပြီး ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ညစ်ညမ်းစေလို့ပဲ...။”
"လယ်သမားတွေက မြေကြီးကို ဘယ်လို ထွန်ယက်ရမလဲ ဆိုတာကိုပဲ သိကြတယ်…။ သူတို့က တီထွင်ဖန်တီးမှု မလုပ်တတ်ကြဘူး…။ လယ်သမားတွေကို ဖယ်ရှားပြီး မြို့နေလူတန်းစားအဖြစ် ပြောင်းလဲပစ်မှသာ တစ်ခုလုံး သော လူ့အဖွဲ့အစည်းက တကယ်ကို တိုးတက်ဖွံ့ဖြိုးလာမှာပါ...။”
"ပြည်ပက တင်သွင်းတဲ့ ဂျုုံတွေက ဈေးမကြီးဘူး…၊ အရည်အသွေးလည်း ကောင်းတယ်၊ ပြီးတော့ တရုတ် လူမျိုးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ပိုပြီး သင့်တော်တယ်...။”
ဤကဲ့သို့သော ထုတ်ပြန်ချက်များစွာ ရှိနေသေးပြီး သူတို့၏ ရည်ရွယ်ချက်များမှာ လွန်စွာ သိသာထင်ရှားလှကာ အလှည့်တိုင်းတွင် စိုက်ပျိုးရေးကို ပစ်မှတ်ထားနေကြလေသည် ။
ယခုတစ်ကြိမ်တွင်သာ သူတို့ကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါက သူတို့ အဘယ်မျှပင် အဓိပ္ပာယ်မရှိသော စကားများ ဆက်ပြောနေဦးမည်ကို တွေးကြည့်၍ပင် မရနိုင်တော့ပေ ။
အချိန်ကာလ ကြာရှည်စွာ ဦးနှောက်ဆေးခံရပြီးနောက် အချို့သော လူများသည် သူတို့ပြောစကားများကို အမှန် တကယ် ယုံကြည်သွားကြပြီး ထိုအခါ တရုတ်နိုင်ငံသည် ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်သွားပေ လိမ့်မည် ။
သို့သော် မည်သို့ပင်ဖြစ်စေ ဤအရာက ဖြစ်မလာခဲ့ပေ ။ တရုတ်နိုင်ငံတွင် ပညာရှိသူများ ပိုများနေသေးပြီး သူတို့ သည် ပြင်းထန်သော ထိခိုက်မှု မရှိဘဲ ပုန်းကွယ်နေသော အကျပ်အတည်းများကို အမြဲတမ်း ကျော်ဖြတ်နိုင်ခဲ့ ကြလေသည် ။
ပြင်ပ ခြိမ်းခြောက်မှုများကို ဖယ်ရှားလိုက်နိုင်သော်လည်း လျစ်လျူရှု၍ မရနိုင်သော ပြည်တွင်း ပြဿနာအချို့ ရှိနေသေးလေသည် ။
ယနေ့ခေတ်တွင် သက်မွေးဝမ်းကျောင်း ကောလိပ်များစွာသည် ကျောင်းသားများကို ပြင်ပမှ အစားအသောက် မှာယူခွင့် မပြုဘဲ ကျောင်း ကန်တင်းတွင်သာ စားသောက်ကြရန် သတ်မှတ်ထားကြလေသည် ။
အမှန်တကယ်တော့ ဤကိစ္စမှာ ယခင်က ပြဿနာ မဟုတ်ခဲ့ပေ ။ ကျောင်းက ကျောင်းသားများအပေါ် တာဝန်ယူ ပေးခြင်းသာ ဖြစ်ပြီး ပြင်ပမှ မှာယူသော အစားအစာများသည် သန့်ရှင်းမှု မရှိဘဲ ကျောင်းသားများကို ဖျားနာစေ မည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည် ။
သို့သော် အကယ်၍ ပြင်ပ အစားအစာများ၏ သန့်ရှင်းရေးကို စိုးရိမ်နေပါက အနည်းဆုံးတော့ မိမိတို့၏ ကိုယ်ပိုင် ကန်တင်းကို အရင်ဆုံး သန့်ရှင်းရေး လုပ်သင့်သည် မဟုတ်ပါလား ။
မကြာသေးမီက သက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုတွင် ကျောင်းသားတစ်ဦးသည် ကျောင်း ကန်တင်းရှိ ၎င်း၏ အစားအစာထဲမှ ကြွက်ခေါင်းဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့ရလေသည် ။
သူသည် ချက်ချင်းပင် ဗီဒီယို ရိုက်ကူးကာ အွန်လိုင်းပေါ်သို့ တင်ခဲ့ရာ လျင်မြန်စွာပင် ပြင်းထန်သော ဆွေးနွေး ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့လေသည် ။
ဗီဒီယိုထဲတွင် ရှည်လျားချွန်ထက်သော သွားများ၊ အပြည့်အဝ မကျွတ်သေးသော အမွှေးအမျှင်များ နှင့် အပေါ်သို့ ပင့်နေသော နှာခေါင်းငယ်နှင့် တောက်ပနေသော မျက်လုံးများကိုပင် တွေ့မြင်နိုင်ပေသည် ။
သံသယဖြစ်စရာ မလိုဘဲ ဤအရာက ရှင်းလင်းစွာပင် ကြွက်ငယ်လေး တစ်ကောင်၏ ခေါင်းဖြစ်နေပြီး ချက် ပြုတ်လိုက်သည့်တိုင်အောင် မယုံနိုင်လောက်အောင် အသက်ဝင်နေဆဲ ဖြစ်လေသည် ။
သို့သော် ကျောင်းသားများက ကန်တင်းသို့ သွားရောက်ကာ အခြေအနေကို သတင်းပို့သောအခါ ကန်တင်း ဝန်ထမ်းများက ဤအရာဖြစ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ကြလေသည် ။
"ဘဲလည်ပင်းပါ ဒါက ဘဲလည်ပင်းပါ...။”
ထိုကျောင်းသားလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြန်လည် ဖြေကြားလိုက်လေသည် ။
"ဒါပေမဲ့ ကျွန်တော် ဘဲလည်ပင်းထမင်း စားခဲ့တာ မဟုတ်ဘူးလေ…။ ကျွန်တော့် ထမင်းထဲမှာ ဘဲလည်ပင်း ပါလာတာက အဓိပ္ပာယ် မရှိဘူး မဟုတ်လား…။ ခင်ဗျားတို့ ကန်တင်းက သဘောကောင်းပြီး ကျွန်တော့်ကို အလကား ဟင်းတစ်ခွက် ပိုထည့်ပေးလိုက်တာလို့ ပြောချင်နေတာလား...။”
ဤနေရာတွင် ဗီဒီယို ပြီးဆုံးသွားပြီး အဆုံးတွင် ကင်မရာကို ဖုံးကွယ်ထားသော အမည်းရောင် အရိပ်တစ်ခု ပါရှိ ရာ တစ်စုံတစ်ဦးက ဆက်လက် ရိုက်ကူးခြင်းကို တားဆီးနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေပေသည် ။
အစားအစာထဲတွင် ပြင်ပ အရာဝတ္ထုများ တွေ့ရှိရခြင်းမှာ အတော်လေး အဖြစ်များသော ကိစ္စဖြစ်ပြီး တောင်းပန် ခြင်း၊ လျော်ကြေးပေးခြင်း နှင့် အခြေအနေကို ပြုပြင်ရန် ဆုံးဖြတ်ချက်ချခြင်းတို့က များသောအားဖြင့် လုံ လောက်မှု ရှိပေသည် ။
သို့သော် ဤ ကျောင်းသည် မျက်နှာပျက်မည်ကို စိုးရိမ်၍ဖြစ်စေ သို့မဟုတ် အခြား အကြောင်းပြချက် တစ်ခုခု ကြောင့်ဖြစ်စေ ထူးဆန်းသော လုပ်ရပ်များကို အဆက်မပြတ် လုပ်ဆောင်ရန် တင်းခံနေခဲ့လေသည် ။
သူတို့သည် ၎င်းအရာဝတ္ထုကို အကဲဖြတ်ရန် စျေးကွက်ကြီးကြပ်ရေးဌာနကို တိုက်ရိုက် ခေါ်ယူခဲ့ပြီးနောက် ဒေသ ဆိုင်ရာ အရာရှိတစ်ဦးက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့လေသည် ။
"ထပ်ခါတလဲလဲ နှိုင်းယှဉ်ကြည့်ပြီးနောက်မှာ ဒီပြင်ပ အရာဝတ္ထုဟာ အမှန်တကယ်ကိုပဲ ဘဲလည်ပင်း ဖြစ်ပါ တယ်...။”
အင်တာနက်ပေါ်တွင် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့တော့သည် ။
မည်သို့ပင်ဖြစ်စေ ကျောင်းသားလေး အစောပိုင်းက တင်ထားသော ဗီဒီယိုထဲရှိ ပုံများအရ ရှင်းလင်းနေပေသည် ။
ဤ အမည်းရောင် အရာဝတ္ထုသည် ကြွက်ခေါင်းတစ်ခုနှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ထပ်တူကျနေပြီး ၎င်း၏ အောက်ဘက်တွင် အစွယ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည် ။
[ပြောစမ်းပါဦး အစွယ်ပါတဲ့ ဘဲလည်ပင်းကို ဘယ်သူ မြင်ဖူးလို့လဲ ။]
[ဒီ ကျောင်းနဲ့ စျေးကွက်ကြီးကြပ်ရေးဌာနတို့က အများပြည်သူကို မျက်ကန်းတွေလို့ တကယ်ပဲ ထင်နေကြတာ လား ။]
ကျောက်ကောင်း က သမင်ကို မြင်းဟု ခေါ်ဆိုခဲ့သကဲ့သို့ ယနေ့ခေတ် စျေးကွက်ကြီးကြပ်ရေးဌာနကလည်း ကြွက် ကို ဘဲဟု ခေါ်ဆိုနေလေသည် ။ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း ။
ရှေးခေတ်က ကျောက်ကောင်း သည် ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး လူတိုင်းကို နှုတ်ဆိတ်နေစေနိုင်ခဲ့ သော်လည်း စျေးကွက်ကြီးကြပ်ရေးဌာနအနေဖြင့် ထိုကဲ့သို့ တကယ်ပဲ လုပ်နိုင်မည် မဟုတ်ပေ ။ သူတို့ကိုယ်သူ တို့ အလွန်အရေးပါသည်ဟု တကယ်ပဲ ထင်မှတ်နေကြလေသည် ။
အရေးအကြီးဆုံးမှာ ဤကဲ့သို့သော အနှောင့်အယှက်က ဤကျောင်းနှင့် ဤ စျေးကွက်ကြီးကြပ်ရေးဌာနခွဲ၏ ပုံရိပ်ကိုသာ ထိခိုက်စေခြင်း မဟုတ်ပေ ။
၎င်းသည် အာဏာပိုင် ဌာနများ၏ ယုံကြည်စိတ်ချရမှုကိုပါ ထိခိုက်စေလေသည် ။
ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ရန် ခက်ခဲသော်လည်း ၎င်းကို ဖျက်ဆီးပစ်ရန်မှာမူ အလွန် လွယ်ကူ လှပေသည် ။
အာဏာပိုင်များ ပြောသမျှကို လူတိုင်းက ယုံကြည်ရန် ရပ်တန့်သွားသောအခါ အကျိုးဆက်များမှာ လုံးဝကို ဆိုးရွားသွားပေလိမ့်မည် ။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာခဲ့သည့် အရာက ပို၍ပင် တုန်လှုပ်စရာ ကောင်းလှပေသည် ။
အခြေအနေများ ပြင်းထန်လာသည်နှင့်အမျှ သက်ဆိုင်ရာ ကာယကံရှင် ကျောင်းသားလေးသည်လည်း ရှေ့သို့ ထွက်လာခဲ့လေသည် ။
သူက ထိုကိစ္စကို မေးခွန်းမထုတ်တော့ဘဲ သူ အမြင်မှားသွားခဲ့ကြောင်း ဝန်ခံခဲ့လေသည် ။ ထိုအရာသည် ကြွက်ခေါင်း မဟုတ်ဘဲ အမှန်တကယ် ဘဲလည်ပင်းသာ ဖြစ်သည်ဟု ဆိုခဲ့လေသည် ။
ထို့အပြင် အဆုံးမှာ သူက ဤသို့ ပြောကြားခဲ့ခြင်ဖြစ်လေသည် ။
"လူတိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်မတွေးကြဖို့နဲ့ ပြဿနာ ဆက်မရှာကြဖို့ မျှော်လင့်ပါတယ်...။”
ဤသည်က အမှန်တကယ်ပင် အစွန်းရောက်မှုများ၏ လုံးဝ ပြောင်းပြန်လှန်မှု တစ်ခုပင် ဖြစ်တော့သည် ။
သူ့ကို ထောက်ခံအားပေးခဲ့ကြသော တရားမျှတသည့် လူများသည် သူ၏ စကားအရ 'လျှို့ဝှက် ရည်ရွယ်ချက် များဖြင့် ပြဿနာ ရှာနေသူများ' ဖြစ်သွားခဲ့ရလေသည် ။
သူ၏ အခက်အခဲကို ၎င်းတို့အားလုံး နားလည်နိုင်သော်လည်း ၎င်းက လက်ရှိ ပညာရေးကဏ္ဍ၏ အခြေအနေနှင့် ပတ်သက်၍ စိတ်ပျက်အားလျော့မှုကို ခံစားရစေဆဲ ဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သာမန်နေရာ တစ်ခု မဟုတ်ဘဲ ကျောင်းတစ်ကျောင်း ဖြစ်နေပေသည် ။
ကျောင်းအနေဖြင့် ကျောင်းသားများကို ဘွဲ့လက်မှတ်များ၊ အပို အမှတ်များ၊ ပညာသင်ဆုများ နှင့် ဘွဲ့လွန် ပညာသင်ကြားရေးအတွက် ထောက်ခံစာများ ကဲ့သို့သော ကိစ္စရပ်များကို ပြောဆိုခဲ့မည်မှာ တွေးကြည့်ရုံဖြင့် သိနိုင်ပေသည် ။
သို့မဟုတ်ပါက 'ကြွက်ခေါင်း' ဟု အစပိုင်းတွင် ကျောင်းသားများ၏ သေချာနေမှုသည် 'ဘဲလည်ပင်း' အဖြစ်သို့ မည်သို့ ပြောင်းလဲသွားနိုင်မည်ကို စဉ်းစားစရာပင် ဖြစ်သည် ။
သံသယဖြစ်စရာ မလိုဘဲ ဤအရာသည် ကျောင်းက အသုံးပြုသော နည်းဗျူဟာတစ်ခု ဖြစ်ရန် ကိုးဆယ့်ကိုး ရာခိုင်နှုန်း သေချာနေပေသည် ။ အများပြည်သူ၏ ကန့်ကွက်ရှုတ်ချမှုများကို မခံနိုင်တော့သဖြင့် သူတို့သည် ပြဿနာကို အရင်းအမြစ်မှ စတင်ဖြေရှင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည် ။
ကျောင်းသားများကို သင်ကြား ပြုစုပျိုးထောင်ပေးရမည့် ကျောင်းတစ်ကျောင်းသည် ၎င်း၏ မူလ ပညာရေး ရည်ရွယ်ချက်ကို စွန့်လွှတ်ကာ မိမိ၏ ကိုယ်ပိုင် ကျောင်းသားများကို အပြစ်တင်ခံရရန် ရှေ့သို့ တွန်းထုတ်ခဲ့ခြင်း အတွက် စိတ်မကောင်း ဖြစ်ရပေသည် ။
သို့သော် သက်ဆိုင်ရာ ကာယကံရှင်များ ပေးအပ်သော ရှင်းလင်းချက်မှာ ကျောင်း မျှော်လင့်ထားသကဲ့သို့ ကိစ္စ ရပ်ကို အဆုံးသတ်သွားစေခြင်း မရှိခဲ့ပေ ။
ဤအရာက ကိစ္စရပ်၏ ဇာတ်အိမ်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့ပြီး အင်တာနက်အသုံးပြုသူ များ သည် ကျောင်း၏ တရားဝင် ဝဘ်ဆိုဒ်တွင် မှတ်ချက်များဖြင့် ရေလွှမ်းမိုးသွားစေခဲ့လေသည် ။
[အမြော်အမြင်နည်းပါးတယ်၊ ဘဲတစ်ကောင်လို သူရဲဘောကြောင်တယ်၊ ခေါင်းကို လက်နဲ့အုပ်ပြီး ထွက်ပြေးနေ တယ်၊ ကောက်ကျစ်တဲ့ မျက်လုံးတွေနဲ့ ခိုးကြောင်ခိုးဝှက် နိုင်တယ်၊ လမ်းဖြတ်ကူးနေတဲ့ ဘဲအိုကြီး တစ်ကောင်လို လူတိုင်းက သတ်ဖို့ အော်ဟစ်နေကြတယ်...။]
အင်တာနက်အသုံးပြုသူ များ ဤမျှ ဒေါသထွက်နေရခြင်း၏ အကြောင်းရင်းမှာ အစမှ အဆုံးတိုင်အောင် ကြွက် ကို ငြင်းပယ်ခံရခြင်း တစ်ခုတည်းကြောင့် မဟုတ်ပေ ။
၎င်းသည် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော အမှန်တရားကို ရှာဖွေလိုသည့် စိတ်ဓာတ်ကို ငြင်းပယ်ခံလိုက်ရခြင်းကြောင့်ပင် ဖြစ်လေတော့သည် ။