အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆)
အမှန်တရား ပေါ်ပေါက်လာခြင်း
လျန်ထျန်းသည် ပြဿနာဖြစ်ပွားခဲ့သော ကျောင်းသားလေးကို အလုပ်ရှုပ်စွာ ရှာဖွေနေချိန်တွင် ကျောင်းမီးဖို ချောင်အတွင်း၌ ကြက်သီးထဖွယ် စကားပြောဆိုမှုတစ်ခု ထွက်ပေါ်နေလေသည်။
စားဖိုမှူးတစ်ဦးက စားသောက်ဆိုင် ကန်ထရိုက်တာသူဌေးထံ ချဉ်းကပ်ကာ သတိပေးစကား ဆိုလိုက်သည်။
"ရာသီဥတုက ပိုပူလာတော့ ကြွက်တွေကလည်း ပိုများလာတယ်...။ တစ်ခါတလေ ကျွန်တော် ဟင်းသီးဟင်းရွက် တွေ လှီးနေတုန်း ခြေထောက်နားကနေ ဖြတ်ပြေးသွားတာကို မြင်နေရတယ်...။ တစ်ခါကဆိုရင် အသားကြိတ် စက်ထဲမှာ ကြွက်တစ်ကောင် ကြိတ်ခံရပြီး သေသွားတာကိုတောင် မြင်လိုက်ရသေးတယ်...၊ အဲ့အသားခွက်ကို လွှင့်ပစ်ဖို့ လုပ်တော့ အဖွဲ့ခေါင်းဆောင်က ဖြုန်းတီးရာကျတယ်ဆိုပြီး ကျွန်တော့်ဆီကနေ လုယူသွားတယ်...။”
စားဖိုမှူးက တောင်းပန်တိုးလျှိုးစွာ ဆက်ပြောလေသည်။
"ကျွန်တော်တို့ ကြွက်နှိမ်နင်းရေး တစ်ခုခုတော့ လုပ်သင့်တယ်...၊ ကြွက်သတ်ဆေးဖြစ်ဖြစ် အကာအရံတွေဖြစ်ဖြ စ် တစ်ခုခုပေါ့...။ ဒီပစ္စည်းတွေက ဈေးမကြီးပေမဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကိုတော့ ကာကွယ်ပေးနိုင်ပါ လိမ့်မယ်...။”
ကန်ထရိုက်တာသူဌေးက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ငြင်းဆန်လိုက်လေသည်။
"လုံးဝ မဖြစ်ဘူး...၊ ကျွန်တော်တို့က ကြွက်တွေကို မကာကွယ်ဘူးဆိုရင် ကြွက်ရှိတယ်ဆိုတာကို ဝန်ခံစရာ မလို ဘူး...။ တကယ်လို့ ကာကွယ်ရေးတွေ လုပ်လိုက်ရင် ကန်တင်းမှာ ကြွက်တွေ ပြည့်နှက်နေပါတယ်လို့ ကြေညာ နေသလို ဖြစ်သွားလိမ့်မယ်...။ ပြီးတော့ ဘဲလည်ပင်း ပြဿနာကလည်း အခုမှ ငြိမ်သွားကာစရှိသေးတာ အခုလို လုပ်တာက ကိုယ့်ပါးကိုယ် ရိုက်သလို ဖြစ်သွားမှာပေါ့...။”
စားဖိုမှူးမှာ ဒေါသထွက်သွားရလေသည်။
"သူဌေးရဲ့ ဂုဏ်သိက္ခာနဲ့ ထောင်ပေါင်းများစွာသော ကျောင်းသားတွေရဲ့ ကျန်းမာရေး ဘယ်အရာက ပိုအရေးကြီး သလဲ...။”
သူဌေးဖြစ်သူက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်လေသည်။
"ဂုဏ်သိက္ခာက ပိုအရေးကြီးတာပေါ့...။ ငါတို့က အပြင်က အစားအသောက်တွေ ညစ်ပတ်တယ်ဆိုပြီး အကြောင်းပြပြီး ဒီနေရာမှာပဲ စားဖို့ ဖိအားပေးပြီး ပို့ဆောင်ရေးကို တားမြစ်ထားတာလေ...။ တကယ်လို့သာ ကန်တင်းမှာ ကြွက်တွေ ပြည့်နေပြီး အပြင်စာထက် ပိုညစ်ပတ်နေတယ်ဆိုတာကို သူတို့ သိသွားရင် တားမြစ် ချက်ကို ဘယ်လိုလုပ် ဆက်ထားနိုင်တော့မလဲ...။ သူတို့အားလုံး ဒီနေရာမှာ မစားတော့ရင် ငါတို့ ဘယ်လိုလုပ် ပိုက်ဆံရှာနိုင်တော့မလဲ...၊ မင်း အလုပ်ကောဆက်လုပ်ချင်သေးရဲ့လား...။”
စားဖိုမှူးမှာ သူ၏ လိပ်ပြာနှင့် ရုန်းကန်နေရလေသည်။
"ဒါပေမဲ့...၊ ကျွန်တော်တို့ ပိုက်ဆံရှာဖို့ လိုတယ်ဆိုရင်တောင် ကိုယ်ကျင့်တရားကိုတော့ လျစ်လျူမရှုနိုင်ပါဘူး... ။ သူဌေး ရွံစရာကောင်းတယ်လို့ မခံစားရဘူးလား...။”
သူဌေးဖြစ်သူက လှောင်ပြောင်လိုက်လေသည်။
"ဒီလောကမှာ လိပ်ပြာသန့်ပြီး ချမ်းသာသွားတဲ့သူ ဘယ်သူရှိလို့လဲ...။ ရွံဖို့ကောင်းတယ် ဟုတ်လား...၊ မင်း မကြားဖူးဘူးလား...။ ကိုယ်ရောင်းတဲ့ပစ္စည်း ကိုယ်မစားဘူး ဆိုတာလေ...။ မင်းက တကယ်ပဲ စည်းကမ်းကြီး ချင်တယ်ဆိုရင် ဘာမှ စားလို့ရမှာ မဟုတ်ဘူး...။"
"မျက်စိနဲ့ မမြင်ရရင် စိတ်ထဲမှာလည်း မခံစားရဘူး...။ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကျောင်းသားတွေက အရမ်း နူးညံ့လွန်းနေတာပါ...။ ကြွက်ဆိုတာလည်း အသားပါပဲ...၊ အပူချိန် ပြင်းပြင်းနဲ့ ချက်ပြုတ်ပြီးသွားရင် ဘက်တီးရီး ယားတွေ မကျန်တော့ဘဲ ပရိုတင်းဓာတ်တွေပဲ ပိုရလာမှာပေါ့...၊။ အပိုတွေ ဝင်မပါစမ်းပါနဲ့... မင်းအလုပ်ကိုသာ မင်းလုပ်ပြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါ...။”
*အရှက်မရှိလိုက်တာ တကယ်ကို အရှက်မရှိတာပဲ…။*
စားဖိုမှူးသည် စိတ်ထဲမှ ကြိတ်ဆဲလိုက်သော်လည်း မိသားစုကို ကျွေးမွေးရန် လစာငွေ လိုအပ်နေသဖြင့် အသံထွက်၍ မပြောရဲချေ။ သူသည် နောက်ဆုံးအနေဖြင့် အန္တရာယ်များလှသော မေးခွန်းတစ်ခုကို မေးရန် သတ္တိမွေးလိုက်လေသည်။
"သူဌေး... ကျောင်းသားတစ်ယောက်ယောက် ဖျားနာသွားရင် သူဌေးမှာ တာဝန်မကင်းဘူး မဟုတ်လား...။”
သူဌေးဖြစ်သူက ယုံကြည်မှုအပြည့်ဖြင့် ရယ်မောလိုက်လေသည်။
"တာဝန်ယူရမယ် ဟုတ်လား...၊ ဘယ်သူ့ကို တာဝန်ယူရမှာလဲ...။ ကျောင်းရဲ့ အထက်လူကြီးက ငါ့ရဲ့ ဝမ်းကွဲ အစ်ကိုဆိုတာ မမေ့နဲ့လေ...။ ငါ့အစ်ကိုရဲ့ နောက်ကွယ်မှာလည်း ပိုပြီး အင်အားကြီးတဲ့သူတွေ ရှိသေးတယ်...။ ပြီးခဲ့တဲ့ ပြဿနာကို ငါတို့ အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့တယ် မဟုတ်လား...၊ အရာအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်...။ မင်းနဲ့မဆိုင်တာတွေကို စိတ်ပူမနေဘဲ အလုပ်သာ သွားလုပ်တော့...။”
သာမန်လူတစ်ဦးအနေဖြင့် ဤကဲ့သို့သော စနစ်ကို ပြောင်းလဲရန်မှာ မဖြစ်နိုင်သလောက် ရှိနေသဖြင့် စားဖိုမှူး၏ ကန့်ကွက်မှုမှာ ထိုနေရာတွင်ပင် ပြီးဆုံးသွားခဲ့ရလေသည်။ သို့သော် အချိန်တန်သောအခါ ဤအမှားများကို ပြင်ဆင်ရန် ပိုမိုများပြားသော သူများ ထွက်ပေါ်လာပေလိမ့်မည်။
ထိုနေ့တွင်ပင် ပြဿနာဖြစ်ပွားခဲ့သော ကျောင်းသားလေးသည် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသူ အချို့နှင့်အတူ လူလုံးထွက်ပြလာခဲ့လေသည်။
ဗီဒီယိုဖိုင်အတွင်း၌ ကျောင်းသားလေးက ပြောကြားထားလေသည်။
"ကျွန်တော် တောင်းပန်ပါတယ်...။ ပြင်းထန်တဲ့ ဖိအားတွေကြောင့် ကျွန်တော် အမှန်တရားကို ဖုံးကွယ်ပြီး လိမ် ညာခဲ့မိပါတယ်...၊ အခုတော့ ကျွန်တော် အမှန်တရားကို ပြောပြဖို့ ရောက်လာခဲ့တာပါ...။ ကျွန်တော်နဲ့အတူ ပါလာတဲ့သူတွေက တရားဝင် အသိအမှတ်ပြုထားတဲ့ ဓာတ်ခွဲခန်း ပညာရှင်တွေပါ...။”
ထိုဗီဒီယိုဖိုင်မှာ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။ ကျောင်း၏ အထက်လူကြီးနှင့် ကန်ထရိုက်တာသူဌေးတို့မှာ ၎င်းတို့၏ နောက်ကွယ်မှ အင်အားကြီးမားသော ငွေကြေးအဖွဲ့အစည်းမှ အစည်း အဝေးတစ်ခုသို့ ခေါ်ယူခြင်း ခံလိုက်ရလေသည်။
အစည်းအဝေးခန်းမအတွင်း၌ ဗီဒီယိုကို ကြည့်ရှုရင်း အစုရှယ်ယာရှင်များက ကျောင်းအထက်လူကြီးကို စူးရဲစွာ စိုက်ကြည့်နေကြလေသည်။ အထက်လူကြီးမှာ နဖူးမှ ချွေးစေးများကို သုတ်ကာ ကန်ထရိုက်တာသူဌေးကို စူးရှသော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ကန်ထရိုက်တာသူဌေးမှာ စကားများ ထစ်အသွားလေသည်။
"အစ်ကို...၊ ကျွန်တော် ကြွက်ခေါင်းကို သေချာပေါက် ယူလိုက်တာပါ...။ အဲ...၊ ဘဲလည်ပင်းကို ပြောတာပါ...။ စျေးကွက်ကြီးကြပ်ရေးဌာန က အရာရှိ အတည်ပြုပြီးတာနဲ့ အဲ့ဒါကို ကျွန်တော် ယူပြီး ဖျက်ဆီးပစ်လိုက်တာပါ။ သူ့ဆီမှာ စစ်ဆေးဖို့ သက်သေအထောက်အထား ကျန်နေစရာ အကြောင်းကို မရှိတာ...။”
ကျောင်းအထက်လူကြီးမှာ သက်ပြင်းချလိုက်ပြီး အစုရှယ်ယာရှင်များကို ရှင်းပြလိုက်လေသည်။
"ကျွန်တော် ကိုယ်တိုင် ဒီကျောင်းသားကို စကားပြောပြီး သူ့ရဲ့ ပညာရေးအခြေအနေနဲ့ ခြိမ်းခြောက်ခဲ့တာပါ...။ သူ စကားပြောင်းစရာ အကြောင်းမရှိဘူး...။ သူက နမူနာအတုကို စစ်ဆေးပြီး ဘဲလည်ပင်း ဆိုတဲ့ စွပ်စွဲချက်ကို ခိုင်မာအောင် လုပ်နေတာ ဖြစ်ရမယ်...။ တကယ်လို့ သူသာ ဒီကိစ္စကို နှုတ်ပိတ်နေပေးမယ်ဆိုရင် သူ့ကို အမှတ်ပို ပေးမယ့်အပြင် ဘွဲ့လွန်ကျောင်း တက်ခွင့်ကိုပါ အာမခံပေးမယ်လို့ ကတိပေးထားခဲ့တာပါ...။ သူက နောက်ဆုံး တော့ ဒီသဘောတူညီချက်ကို ဂရုမစိုက်တော့တဲ့ ပုံပဲ...။”
အဓိက အစုရှယ်ယာရှင်၏ မျက်နှာမှာမူ မည်းမှောင်နေဆဲပင် ဖြစ်သည်။
"ဆက်ကြည့်ကြတာပေါ့...၊ မင်း ပြောသလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်...။”
ဗီဒီယိုမှာ ဆက်လက် ပြသနေခဲ့လေသည်။
"ဒီမသင်္ကာဖွယ် အရာကို တွေ့ပြီးနောက် ကျွန်တော် မှတ်တမ်းတင်ထားခဲ့ပေမဲ့ စားသောက်ဆိုင်သူဌေးက လုယူဖို့ ကြိုးစားခဲ့ပါတယ်...။ သူက ကျွန်တော့်ကို မယုံရင် စျေးကွက်ကြီးကြပ်ရေးဌာန ကို ခေါ်လိုက်လို့ ပြောခဲ့ပါတယ်..၊ သူတို့က တရားဝင် ဌာနတစ်ခုလို့ ထင်ပြီး ကျွန်တော် သဘောတူလိုက်မိတာပါ...။"
"ဒါပေမဲ့ သူတို့ထဲမှာ သူဌေးရဲ့ လူတွေ ရှိနေတယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူးလေ...၊ ညွှန်ကြားရေးမှူး ဆိုသူက ဒါကို ယူပြီး စစ်ဆေးဟန်ဆောင်ပြီးတော့ သေချာ နှိုင်းယှဉ်စစ်ဆေးပြီးနောက်မှာ ဒါဟာ ဘဲလည်ပင်း ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်...။”
"ဒေါသထွက်ထွက်နဲ့ပဲ ကျွန်တော် ထိုဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်ပါတယ်...။ နောက်ပိုင်းမှာ ဆရာတွေ အတိုင်ပင်ခံတွေနဲ့ ဌာနမှူးတွေက ကျွန်တော့်ကို ဘွဲ့လိုချင်သေးရဲ့လားဆိုပြီး ဝိုင်းဝန်း ခြိမ်းခြောက်ကြပါတယ်...။ ကျွန်တော် ဘွဲ့ရချင်တာကြောင့် ဗီဒီယိုကို ဖျက်လိုက်ပြီး အတင်းအကျပ် ဖြေရှင်းချက် တစ်ခုကို တင်ပေးခဲ့ ရတာပါ...။”
ကျောင်းအထက်လူကြီးနှင့် ကန်ထရိုက်တာသူဌေးတို့၏ မျက်နှာများမှာ ဖြူရော်သွားလေသည်။ အထက်လူကြီး ဒေါသပေါက်ကွဲမလာမီမှာပင် အစုရှယ်ယာရှင်များ၏ အေးစက်သော အကြည့်များက သူ့ကို နှုတ်ပိတ်သွားစေခဲ့ သည်။
"နားလည်မှုလွဲတာပါ...၊ ကျွန်တော့်ဘက်က သဘောတူညီချက်က ပြီးပြည့်စုံပါတယ်...။ အစ်ကို...၊ အစ်ကိုများ အမှားလုပ်ခဲ့တာလား...။”
အထက်လူကြီးက တောင်းပန်တိုးလျှိုးစွာ ဆိုလိုက်လေသည်။
ကန်ထရိုက်တာသူဌေးမှာ တုန်ရီနေလေသည်။
"ကျွန်တော် မလုပ်ခဲ့ပါဘူး...။ ဒီကောင်လေး ရူးနေတာ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ကြိုးကိုင်မှုကို ခံထားရ တာ ဖြစ်ရမယ်...။ အစုရှယ်ယာရှင်တို့ စိတ်မပူပါနဲ့...၊ သက်သေအထောက်အထားကို ဖျက်ဆီးပစ်လိုက်ပါပြီ...။ ကျွန်တော်တို့ ငြင်းလိုက်လို့ ရပါတယ်...၊ စားဖိုမှူးက အပြင်က ပို့လိုက်တဲ့ အစားအသောက်တွေထဲက တစ်ခုခုကို မတော်တဆ ပြုတ်ကျသွားတာလို့ အကြောင်းပြလိုက်လို့ ရပါတယ်...။”
သူဌေးဖြစ်သူက လွတ်လမ်းရှာရန် အကြံပြုနေစဉ်မှာပင် ဗီဒီယိုထဲမှ ကျောင်းသားလေးသည် ခိုင်လုံသော သက်သေ ကို ထုတ်ပြလိုက်လေသည်။
"ကံကောင်းချင်တော့ ကျွန်တော် သတိထားမိလိုက်တယ်...။ စျေးကွက်ကြီးကြပ်ရေးဌာန က လူတွေနဲ့ ကန်တင်း သူဌေးတို့က မိတ်ဆွေဟောင်းတွေလို နှုတ်ဆက်နေကြတာကို မြင်လိုက်ရလို့ ကျွန်တော် လက်သည်းနဲ့ ဒီဟာရဲ့ အစိတ်အပိုင်း သေးသေးလေးကို ခြစ်ယူပြီး အိတ်ကပ်ထဲ ဖွက်ထားလိုက်ပါတယ်...။ သူတို့ စစ်ဆေးဖို့ ဆိုပြီး ယူ သွားတဲ့အခါ ပြန်မပေးတော့သလို ရလဒ်တွေကိုလည်း ဖုံးကွယ်ထားခဲ့ပါတယ်....။ ဒါပေမဲ့ ယခုအခါမှာတော့ ကျွန်တော့်ရဲ့ နမူနာကို ဘက်မလိုက်တဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ စစ်ဆေးပြီးပါပြီ...။”
ကျောင်းသားလေးက ဓာတ်ခွဲခန်းပညာရှင်ကို ခေါင်းညိတ်ပြလိုက်ရာ ပညာရှင်က အစီရင်ခံစာကို ဖတ်ပြ ခဲ့လေသည်။
"ဒီအင်န်အေ ထုတ်ယူပြီးနောက်...၊ နောက်ဆုံးရလဒ်အရ နမူနာမှာ ကြွက်မှ ဆင်းသက်လာနိုင်ခြေ ကိုးဆယ့်ကိုး ဒသမ ကိုးကိုး ရာခိုင်နှုန်း ရှိပါတယ်...။ ဒီအရာက ဘဲနဲ့ ဇီဝဗေဒအရ ဘာပတ်သက်မှုမှ မရှိပါဘူး...။”
ဓာတ်ခွဲခန်း အစီရင်ခံစာကို ဖန်သားပြင်ပေါ်တွင် ရှင်းလင်းစွာ ပြသထားလေသည်။ ကျောင်းအထက်လူကြီးနှင့် ကန်ထရိုက်တာသူဌေးတို့မှာ သရဲတစ္ဆေများကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြလေသည်။
အဓိက အစုရှယ်ယာရှင်က နှာမှုတ်ကာ ဟိန်းဟောက်လိုက်လေသည်။
"အသုံးမကျတဲ့ အမှိုက်တွေ...။ ငါတို့ရဲ့ ပြိုင်ဘက်တွေကို အကွက်ဆင်ဖို့ အခွင့်အရေး ရနေပြီကို မင်းတို့ လူမိုက် နှစ်ယောက်က ဖျက်ဆီးပစ်လိုက်တာပဲ...။ အခုတော့ သူတို့က ငါတို့ကို စတင် တူးဆွကြတော့မှာပေါ့...။”
ကျောင်းအထက်လူကြီးမှာ တုန်ရီနေလေသည်။
"ကျွန်တော်တို့...၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ...။”
အဓိက အစုရှယ်ယာရှင်က သူ့ကို အေးစက်စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
"မင်းတို့နှစ်ယောက်က သူများတွေကို အပြစ်ပုံချဖို့ အသားကျနေပြီပဲ...။ ဒီတစ်ခါတော့ မင်းတို့အလှည့် ရောက် ပြီ...။ စိတ်မပူပါနဲ့ မင်းတို့ရဲ့ မိသားစုတွေကို ငါတို့ စောင့်ရှောက်ပေးပါ့မယ်...၊ ဘာလုပ်ရမယ်ဆိုတာ မင်းတို့ သေချာ သိတယ် မဟုတ်လား...။”
ထိုလူနှစ်ဦးမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကာ ကြက်သေ သေသွားကြလေသည်။ သူတို့သည် တောင်းပန်ရန် ပါးစပ်ဟလိုက်သော်လည်း အစုရှယ်ယာရှင်များ၏ အကြည့်တစ်ချက်ကြောင့် စကားရပ်သွားခဲ့ရသည်။
နောက်ဆုံးတွင် သူတို့သည် မျက်ရည်များ ဝဲကာဖြင့် ခေါင်းညိတ်၍ ၎င်းတို့၏ ဆိုးရွားလှသော ကံကြမ္မာကို လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။