← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း (၃၀၈)

လုပ်ခဲ့သည်ကို နောင်တမရဘဲ ပေါ်သွားသည်ကိုသာ နောင်တရခြင်း

အမျိုးသမီး၏ အော်ဟစ်လိုက်မှုကြောင့် အမျိုးသားဖြစ်သူမှာ အနည်းငယ် ကြောင်အမ်းသွားခဲ့လေသည်။

သို့သော် သူ၏ချစ်သူက ဗိုက်ရွှဲရွှဲ ထိပ်ပြောင်ပြောင်နှင့် လူဖြူနိုင်ငံခြားသားတစ်ဦးကို နမ်းနေသည့် မြင်ကွင်းက သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ကျန်ရှိနေဆဲပင် ဖြစ်သည်။

ထို့ကြောင့် သူသည် ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားပြီး အံကြိတ်ကာ မေးခွန်းထုတ်လိုက် လေသည်။

"မင်းက ငါ့မျက်စိရှေ့မှာတင် တခြားယောကျ်ားတစ်ယောက်ကို နမ်းနေပြီးတော့ အခု ငါက မင်းကို အော်တယ်လို့ စွပ်စွဲနေတာလား...၊ မင်းမှာ အရှက်အကြောက်ဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူးလား...။”

အမျိုးသမီးက သူမလက်ထဲရှိ ပန်းစည်းကို ပစ်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"နင့်မျက်လုံးတွေ ကန်းနေတာလား...၊ သူက နိုင်ငံခြားသားဆိုတာကို နင် မမြင်ဘူးလား...။”

"နမ်းတယ်ဆိုတာ နိုင်ငံခြားယဉ်ကျေးမှုတွေမှာ သာမန်ကိစ္စတစ်ခုပဲ...။ ငါ အမုန်းဆုံးက နင့်ရဲ့ အသိဉာဏ်ကင်းမဲ့ ပြီး အောက်တန်းကျတဲ့ အပြုအမူတွေပဲ...။”

မိမိ ပေးထားသော ပန်းစည်း မြေပြင်ပေါ်တွင် ပြုတ်ကျနေသည်ကို မြင်လိုက်ရသောအခါ အမျိုးသားဖြစ်သူမှာ နှလုံးကွဲကြေမတတ် ဖြစ်သွားလေသည်။

ဘေးမှ ရပ်ကြည့်နေသော လျန်ထျန်းမှာ ဆက်၍ မကြည့်နိုင်တော့သဖြင့် တရားမျှတမှုအတွက် ဝင်ရောက်ပြော ဆိုလိုက်လေသည်။

"နိုင်ငံခြား ယဉ်ကျေးမှုမှာတောင် လျှာတွေထုတ်ပြီး နမ်းတဲ့ထုံးစံ မရှိပါဘူး...။ များသောအားဖြင့် လက်ဖမိုးကို နမ်းတာ ဒါမှမဟုတ် ပါးကို နမ်းတာလောက်ပဲ ရှိတာပါ...။”

"ပြီးတော့ ဒီနေရာက တရုတ်နိုင်ငံပါ…၊ နိုင်ငံခြား မဟုတ်ဘူး...။ နိုင်ငံခြားကို အထင်ကြီး ကိုးကွယ်နေတာကိုပဲ ကမ္ဘာကြီးအကြောင်း နားလည်သယောင်ယောင် မထင်လိုက်ပါနဲ့...။ ဒါက တကယ်ကို အရှက်ရစရာ ကောင်း လွန်းပါတယ်...။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးမှာ အမွေးများ ထောင်နေသော ကြောင်ရိုင်းတစ်ကောင်ကဲ့သို့ တုံ့ပြန်လာ ခဲ့လေသည်။

"နံစော်နေတဲ့ ပို့ဆောင်ရေးသမား...။ နင် ဘာလို့ မထွက်သွားသေးတာလဲ...။”

"ပို့စရာရှိတာတွေ ပို့ပြီးပြီပဲ...။ နင် ထပ်ပြီး ဝင်ပါနေရအောင် နင်နဲ့ ဘာဆိုင်လို့လဲ...၊ နင် ဆက်ပြီး ဝင်စွက်ဖက်နေ မယ်ဆိုရင် ငါ နင့်ကို အဆိုးမြင် မှတ်ချက် ပေးပစ်မယ်ဆိုတာ ယုံလိုက်စမ်း...။”

အမျိုးသားဖြစ်သူက အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်သွားပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေ သည်။

"ငါက မင်းအတွက် ပန်းတွေ မှာပေးခဲ့တာ အမှာစာက ငါ့ဖုန်းထဲမှာ ရှိတာလေ...။ မင်းက ဘာလို့ ပို့ဆောင်ရေး သမားကို အဆိုးမြင် မှတ်ချက် သွားပေးမှာလဲ...။”

အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်လေသည်။

"ဒါ ဘာသဘောလဲ...၊ နင်က ငါ့ကို ပြန်ခံပြောနေတာပေါ့လေ...။”

"နင် ငါ့ကို လိုက်ဖို့အတွက် ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ မမေ့နဲ့...။ နောက်ဆုံးတော့ ငါက နင့်ကို သနားလို့သာ တွဲပေးခဲ့တာပဲ...။”

ထိုစကားကို ကြားသောအခါ အမျိုးသားဖြစ်သူမှာ ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။

ထိုအခြေအနေကို မြင်သောအခါ လျန်ထျန်းက သူ၏ အကြံဉာဏ်ကို လေးနက်စွာ ပေးလိုက်လေသည်။

"အစ်ကို...၊ ကျွန်တော် နားလည်ပါတယ်...။ အစ်ကို အခု အရှုံးပေါ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ သက်ရောက်မှုတွေကို ခံစားနေရတာပါ...။”

"ခုနက ဖြစ်သွားတာတွေကို ကြည့်ပြီးနောက်မှာတော့ အစ်ကို့ရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေအတွက် ကျွန်တော် တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်...။ ဆက်ရှုံးမယ့်အစား ဒီမှာတင် ရပ်လိုက်တာက အကောင်း ဆုံး ထွက်ပေါက် ဖြစ်နိုင်ပါတယ်...၊ အစ်ကို ဘယ်လိုထင်လဲ...။”

လျန်ထျန်း၏ စကားကို ကြားပြီးနောက် အမျိုးသားဖြစ်သူမှာ အလင်းရသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ခိုင်မာလာလေသည်။

နောက်တစ်စက္ကန့်တွင် သူသည် လျန်ထျန်းကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်လေသည်။

ဖုန်းဝင်ရန် စောင့်နေစဉ် အမျိုးသမီးက သူ့ကို မောက်မာစွာ မေးလိုက်လေသည်။

"ငါ နင့်ကို စကားပြောနေတယ်လေ...၊ နင်က ဘယ်သူ့ဆီ ဖုန်းခေါ်နေတာလဲ...။”

အမျိုးသားဖြစ်သူမှာ တည်ငြိမ်သွားပြီး အမျိုးသမီးနှင့် ဆက်လက် မငြင်းခုံတော့ဘဲ အလွန် တည်ငြိမ်သော ဟန် ဖြင့် စကားအနည်းငယ်သာ ပြောလိုက်လေသည်။

"ခဏလောက် စောင့်ပါဦး...၊ ခဏလောက် စောင့်ပါ...။”

ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသားက ချက်ချင်း ပြောလိုက်လေသည်။

"ဟယ်လို...၊ ခင်ဗျားတို့ စားသောက်ဆိုင်ကနေ ကျွန်တော် မှာထားတဲ့ ဝိုင်နီနဲ့ ပုစွန်တုပ်ကြီး အမှာစာကို ပယ်ဖျက် ပေးလို့ ရမလားခင်ဗျာ...။”

"အော်...၊ ရှစ်ဆယ် ရာခိုင်နှုန်းပဲ ပြန်အမ်းလို့ ရမယ်ဆိုတာလား...။ ကောင်းပါပြီ ရှစ်ဆယ် ရာခိုင်နှုန်းဆိုလည်း ရပါတယ် ကျေးဇူးပါပဲ...။ ဟုတ်ကဲ့ ကျွန်တော် သေချာပေါက် မယူတော့ပါဘူး...။”

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလျင်စလို ပြောလိုက်လေသည်။

"ငါ ဒီစားသောက်ဆိုင်မှာ စားချင်နေတာ ကြာလှပြီ...။ နင်ကလည်း ကြိုပြီး စချန်းကတည်းက မှာထားတာ မဟုတ်ဘူးလား...၊ ဘာလို့ မယူတော့တာလဲ...။”

အမျိုးသားက အမျိုးသမီးကို ဂရုမစိုက်ဘဲ ဖုန်းချလိုက်ပြီးနောက် သူ၏ နောက်ကျောဘက်မှ ဘူးမဖောက်ရ သေးသော အိုင်ဖုန်း အသစ်စက်စက် တစ်လုံးကို ထုတ်ယူလိုက်လေသည်။

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လျန်ထျန်းကို ပြောလိုက်လေသည်။

" ပို့ဆောင်ရေးသမား အစ်ကို ...၊ ဒီနောက်ဆုံးပေါ် အိုင်ဖုန်း ပရိုမက်စ် အမြင့်ဆုံးမော်ဒယ်ကို ကြည့်လိုက်ပါဦး...။”

"ကျွန်တော် ဒီဖုန်းကို နာ့ဒင်္ဂါး တစ်သောင်းတစ်ထောင်ကိုးရာရှစ်ဆယ်နဲ့ ဝယ်ခဲ့တာ...၊ အစ်ကို့ကို နာ့ဒင်္ဂါး ရှစ်ထောင်နဲ့ ရောင်းပေးမယ်ဆိုရင် ဘယ်လိုလဲ...။”

ထိုအရာကို မြင်လိုက်ရသောအခါ အမျိုးသမီးမှာ လုံးဝ ထိတ်လန့်သွားတော့သည်။

"ဟေ့...၊ နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။ ဒီဖုန်းက ငါ အမြဲတမ်း လိုချင်နေတဲ့ ဖုန်းလေ... ။ နင်က ငါ့ကို ဝယ်ပေးမယ်လို့ ပြောထားခဲ့တာလေ...။”

အမျိုးသားဖြစ်သူက တည်ငြိမ်နေဆဲဖြစ်ကာ အမျိုးသမီးကို ပြောလိုက်လေသည်။

"စကားမပြောနဲ့...၊ ကျေးဇူးပြုပြီး စကားမပြောပါနဲ့...။”

ထို့နောက် သူသည် လျန်ထျန်းဘက်သို့ ပြန်လှည့်ကာ ဆက်ပြောလိုက်လေသည်။

"အစ်ကို...၊ တကယ်လို့ စိတ်မချဘူးဆိုရင် ဒီနေရာမှာတင် စစ်ဆေးကြည့်လို့ ရပါတယ်...။ ဘူးမဖောက်ရသေးတဲ့ အသစ်စက်စက်ပါ...၊ ဈေးကြီးလွန်းတယ်လို့ ထင်ရင် ကျွန်တော် ဈေးနည်းနည်း ထပ်လျှော့ပေးပါ့မယ်...။”

လျန်ထျန်းက ဖုန်းဘူးကို လှမ်းယူလိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"ကောင်းပါပြီ...၊ ကျွန်တော် ခဏနေရင် ငွေလွှဲပေးလိုက်ပါ့မယ်...။”

နောက်ဆုံးတွင် အမျိုးသားက နောက်ထပ် ဖုန်းတစ်ကော ထပ်ခေါ်လိုက်ပြီး ဖုန်းဝင်သွားပြီးနောက် ပြောလိုက် လေသည်။

"အဖေ...၊ အဖေတို့ ထုတ်ထားတဲ့ ယွမ်ငါးသိန်းကို ဘဏ်စာရင်းထဲ ပြန်ထည့်လိုက်ပါတော့...။ အဲ့ဒါက အဖေနဲ့ အမေတို့အတွက် အငြိမ်းစားယူရင် သုံးဖို့ စုထားတဲ့ ပိုက်ဆံတွေလေ...။”

ပထမနှစ်ကြိမ်တွင် အမျိုးသမီးမှာ စိုးရိမ်ရုံသာ စိုးရိမ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အမျိုးသား၏ စကားများ ကို ကြားပြီးနောက် သူမမှာ လုံးဝ ရူးသွပ်သွားကာ စုန်းမတစ်ကောင်ကဲ့သို့ အော်ဟစ် ဟိန်းဟောက်လေ တော့သည်။

"ငွေ ယွမ်ငါးသိန်းက နင် ငါ့ကို ပေးရမယ့် တင်တောင်းငွေလေ...။ ဒီအဘိုးကြီးအဘွားကြီး နှစ်ယောက်ကို ဘဏ် ထဲ ဘယ်လိုလုပ် ပြန်ထည့်ခိုင်းရက်ရတာလဲ...။”

"နင် ငါ့ကို မလက်ထပ်ချင်တော့ဘူးလား...။ နင် ငါနဲ့ လမ်းခွဲချင်တာလား...။ ငါက တခြားလူကို နမ်းလိုက်မိရုံလေး နဲ့လေ...။”

"နင်က ဘယ်လိုလုပ် ဒီလောက်တောင် သဘောထား သေးသိမ်ရတာလဲ...၊ နင်က တကယ့် ယောကျ်ားရော ဟုတ်ရဲ့လား...။”

မိဘများကို နှစ်သိမ့်ပြီးနောက် အမျိုးသားက ဖုန်းချလိုက်ကာ အမျိုးသမီးကို အေးစက်စွာ လှည့်ကြည့်လိုက်ပြီး မည်သည့် ခံစားချက်မျှ မပါဘဲ ပြောလိုက်လေသည်။

"မင်းက ဒီနေ့ အရှက်မရှိ တခြားလူကို နမ်းနိုင်တယ်ဆိုရင် မနက်ဖြန်ကျရင် တခြားလူနဲ့ အိပ်နိုင်တယ် မဟုတ် လား...။”

"ဒီပို့ဆောင်ရေးသမားက ငါ့ကို သတိဝင်သွားအောင် လုပ်ပေးလိုက်တာပဲ...။ မင်းလို မိန်းမမျိုးနဲ့ ဆက်မပတ် သက်ဘဲ ဒီမှာတင် ရပ်လိုက်ဖို့ တကယ် လိုအပ်နေပြီ...။”

"မဟုတ်ရင် ငါ့ခေါင်းပေါ်မှာ ဂျိုဘယ်နှချောင်း ထပ်ထွက်လာမလဲ ဆိုတာကိုတောင် ငါ သိမှာ မဟုတ်ဘူး...။”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမျိုးသားက ဆက်ပြောလိုက်ရာ သူ၏ ခံစားချက်များမှာ အနည်းငယ် လှုပ်ခတ်နေလေသည်။

"ငါ့ဆီကနေကျတော့ မင်းက ကားတစ်စီး၊ အိမ်တစ်လုံးနဲ့ တင်တောင်းငွေ ယွမ်ငါးသိန်း လိုချင်ခဲ့တယ်...။ ဒါပေမဲ့ တခြားသူတွေ အထူးသဖြင့် နိုင်ငံခြားသားတွေကျတော့ရော...။”

"သူတို့ကျတော့ မင်းက ဘာမှမတောင်းဘဲ အလကား ပေးနေပြီး ငါ့ဆီကကျတော့ အဆမတန် တောင်းဆိုနေ တာလား...။ ငါက ဘာလို့ ဒီလောက်တောင် အောက်ကျနောက်ကျ ခံပြီး မိုက်မဲနေရမှာလဲ...။”

ထိုသို့ ပြောပြီးနောက် အမျိုးသားက ဒေါသတကြီးဖြင့် ထွက်ခွာရန် လှည့်ထွက်သွားလေသည်။

သို့သော် အမျိုးသားမှာ တကယ် ထွက်သွားတော့မည်ကို မြင်သောအခါ အမျိုးသမီးမှာ ထိတ်လန့်သွားလေသည်။ သူမသည် ဒေါက်မြင့်ဖိနပ်ဖြင့် ကမန်းကတန်း လိုက်သွားကာ သူ၏ လက်မောင်းကို ဆွဲကိုင်၍ သနားစဖွယ် ပြော လိုက်လေသည်။

"ငါ တောင်းပန်ပါတယ် ငါ မှားသွားပါတယ်...၊ ကျေးဇူးပြုပြီး ငါနဲ့ လမ်းမခွဲပါနဲ့…။ ငါ ဒီ ယွမ်ငါးသိန်းကို တကယ် လိုအပ်နေလို့ပါ...။ အို မဟုတ်ပါဘူး…၊ ငါ နင့်ကို တကယ် ချစ်လို့ပါ...။”

အမျိုးသားက သူမကို ရက်စက်စွာ တွန်းဖယ်လိုက်ပြီး သူ အချိန်ကြာမြင့်စွာ မျိုသိပ်ထားခဲ့ရသော ဒေါသစကား များကို ဖွင့်ဟလိုက်လေသည်။

"မင်း နှုတ်ကျွံသွားပြီ မဟုတ်လား...။ မင်း ငါနဲ့ တွဲဖို့ သဘောတူခဲ့တာက ဒီတင်တောင်းငွေ ယွမ်ငါးသိန်းကြောင့်ပဲ လေ...။”

"မင်းမှာ အွန်လိုင်းအကြွေးတွေ အများကြီး ရှိနေပြီး ပြန်မဆပ်နိုင်တာ ကြာပြီဆိုတာကို ငါ မသိဘူးလို့ မထင်နဲ့...။”

"ငါက အရမ်းကို စိတ်ကူးယဉ်ဆန်ခဲ့တာပါ...။ မင်းရဲ့ အွန်လိုင်းအကြွေးတွေကို ဆပ်ပေးလိုက်ရင် မင်း စိတ်လှုပ် ရှားသွားပြီး ငါနဲ့အတူ ဘဝကို သာသာယာယာ ဖြတ်သန်းသွားလိမ့်မယ်လို့ ထင်ခဲ့မိတာ...။”

"ဒါပေမဲ့ ဒီနေ့တော့ မင်းရဲ့ စစ်မှန်တဲ့ သရုပ်မှန်ကို ငါ မြင်တွေ့ခဲ့ရပြီ...၊ ထွက်သွားစမ်း...။”

ဤတစ်ကြိမ်တွင်မူ အမျိုးသားက နောက်လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့ရာ အမြင်အာရုံထဲမှ လျင်မြန် စွာ ပျောက်ကွယ်သွားလေတော့သည်။

မြေပြင်ပေါ်တွင် ခေတ္တမျှ ငိုဟန်ဆောင်နေပြီးနောက် အမျိုးသားမှာ တကယ်ပင် စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက် ပြီး သူမထံ ပြန်မလာတော့မည်ကို အမျိုးသမီးက မြင်သွားလေသည်။ သူမသည် မျက်ရည်များကို သုတ်ကာ ထရပ်လိုက်ပြီး ခြေဆောင့်၍ ညည်းညူလိုက်လေသည်။

"နံစော်နေတဲ့ ယောကျ်ား...။ ကောင်းပြီလေ ထွက်သွားလိုက်တော့...၊ ငါ့လို ရုပ်ရည်မျိုးနဲ့ ငါ့အတွက် ပိုက်ဆံရှင်း ပေးမယ့် ယောကျ်ားတစ်ယောက် မရှာနိုင်ဘူးလို့ ထင်နေလား...။”

"သွားချင်လည်း သွားပေါ့...၊ နောက်တစ်ယောက်က ချမ်းသာပြီး ရုပ်ချောတဲ့သူ ဖြစ်ရမယ်...။ အခုပဲ အရန်လူ တွေကို ဖုန်းဆက်လိုက်မယ်...၊ ငါ့ကို လိုချင်တဲ့သူ သေချာပေါက် ရှိမှာပဲ...။”

ထိုစကားများကို ကြားသောအခါ လျန်ထျန်းက ရယ်မောလိုက်လေသည်။

အမျိုးသမီးမှာ ဒေါသထွက်နေသော်လည်း ပေါက်ကွဲရန် လူမရှိသဖြင့် လျန်ထျန်းကို ချက်ချင်း ပစ်မှတ်ထားလိုက် လေသည်။

"နံစော်နေတဲ့ ပို့ဆောင်ရေးသမား...၊ နင် ဒီနေရာမှာ ရှိနေတုန်းပဲလား...။”

"ဒါတွေ အကုန်လုံး နင့်အပြစ်တွေချည်းပဲ...။ နင်သာ ငါ့ကို ခဏခဏ ဝင်မတားခဲ့ရင် ငါ နိုင်ငံခြားသား သူငယ်ချင်း ကို နမ်းနေတာကို သူ ဘယ်တော့မှ သတိထားမိမှာ မဟုတ်ဘူး...။”

*ဝိုး...။*

လျန်ထျန်းက စိတ်ထဲမှ တွေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ကိစ္စအချို့၏ အမှန်တရားကို ဖွင့်ချလိုက်လေသည်။

"မင်းချစ်သူက မင်း နိုင်ငံခြားသားကို ခိုးနမ်းနေတာကို မိသွားတာ တိုက်ဆိုင်မှုလို့ မင်း ထင်နေတုန်းပဲလား...။”

"ငါ မင်းကို ပြောပြမယ်...၊ မင်းချစ်သူ...၊ အို မဟုတ်ဘူး…၊ အခုတော့ ရည်းစားဟောင်းလို့ ပြောရမှာပေါ့...။ သူက မူလက မင်းကို အံ့အားသင့်သွားအောင် လုပ်ပြီး လက်ထပ်ခွင့် တောင်းချင်နေခဲ့တာ...။”

"သူက နည်းနည်းလေးတောင် နောက်မကျခဲ့ဘူး...။ သူက ဒီအနီးအနားမှာ အချိန်ပြည့် ရှိနေခဲ့ပြီး အရာအားလုံးကို မြင်တွေ့နေခဲ့တာ...။ ငါ ဒီကိစ္စတွေကို သိနေလို့ မင်းကို အခွင့်အရေး ပေးချင်တဲ့အနေနဲ့ ခဏခဏ ဝင်တားခဲ့တာ... ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက အသုံးမကျခဲ့ဘူးလေ...။”

ခေတ္တရပ်ပြီးနောက် လျန်ထျန်းက ဆက်ပြောလိုက်လေသည်။

"ငါ နောက်ဆုံးအနေနဲ့ ဒါကို ပြောလိုက်မယ်...။ ငါ့ကို အပြစ်တင်ဖို့ မင်းပြောခဲ့တဲ့ စကားတွေအရဆိုရင် မင်းက နိုင်ငံခြားသားကို နမ်းခဲ့တာကို နောင်တမရဘဲ မင်းချစ်သူ သိသွားတာကိုပဲ နောင်တရနေတာဆိုတာ သိသာ တယ်...။”

"မင်းလို မိန်းမမျိုးကိုတော့ တကယ်ကို ရက်စက်လွန်းတယ်လို့ပဲ ပြောနိုင်တော့တယ်...။ ပြီးတော့ မင်းက အရန်လူတွေကိုတောင် ရှာနေသေးတယ် မဟုတ်လား...။”

"ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက ခက်ခဲလိမ့်မယ် ထင်တယ်...။ ဘာလို့လဲဆိုတော့ ခုနကနိုင်ငံခြားသားက မင်းကို နမ်းနေတဲ့ ဗီဒီယိုက မကြာခင် အွန်လိုင်းမှာ ပျံ့နှံ့သွားတော့မှာမို့လို့ပဲ...။”

"အဲ့အချိန်ကျရင် မင်းက ဘယ်နိုင်ငံခြားသားမဆို အလွယ်တကူ နမ်းလို့ရတဲ့ မိန်းမဆိုတာ လူတိုင်း သိသွား လိမ့်မယ်...။ ဒါဆိုရင် ဘယ်သူက မင်းကို လိုက်ပြီး အရူးအမူး ဖူးဖူးမှုတ် ထားချင်တော့မှာလဲ...၊ တခြားခွေးတွေ စားထားတဲ့ အညစ်အကြေးကိုတောင် လမ်းဘေးခွေးတွေက သွားမလျက်ကြဘူး...။ နိုင်ငံခြားခွေးတွေရဲ့ ယက် တာကို ခံထားရတဲ့ မင်းလို မိန်းမမျိုးဆိုရင် ပိုဆိုးတာပေါ့...။”

ထိုစကားများကို ကြားသောအခါ အမျိုးသမီးမှာ မှင်တက်သွားပြီး မျက်လုံးအပြူးသားဖြင့် ခေါင်းခါကာ သူမ ကိုယ်သူမ ရေရွတ်နေတော့သည်။

"ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ...၊ မဖြစ်နိုင်ပါဘူး...။”

လျန်ထျန်းက သူ၏ဖုန်းကို ဖွင့်ကာ တောက်ရင် ဗီဒီယိုအတို အက်ပ်ကို ရှာဖွေလိုက်ပြီး အနီးအနားရှိ လူများ တင်ထားသော ဗီဒီယိုများကို ရှာဖွေလိုက်လေသည်။

စာမျက်နှာ အနည်းငယ်ခန့် ဆွဲကြည့်ပြီးနောက် အမျိုးသမီးကို လူဖြူနိုင်ငံခြားသားက နမ်းနေသည့် ဗီဒီယိုကို ရှာတွေ့သွားခဲ့ရာ ကြည့်ရှုသူ အရေအတွက်မှာ အလွန် များပြားနေပြီ ဖြစ်သည်။

အမျိုးသမီးကို ထိုဗီဒီယို ပြလိုက်သောအခါ သူမ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်လာလေသည်။

ဤအချိန်တွင် လျန်ထျန်းက သူမကို ဆက်ပြောလိုက်လေသည်။

"မင်းကိုယ်မင်းတောင် သန့်ရှင်းအောင် မနေနိုင်ရင် တခြားဘယ်သူကမှ မင်းကို ရတနာတစ်ပါးလို ဆက်ဆံပေးဖို့ မမျှော်လင့်နဲ့...။”

"ဒီနိုင်ငံခြားသားတွေရဲ့ မျက်နှာကို သေချာကြည့်စမ်း...။ သူတို့က မင်းကို ဘယ်လိုများ သဘောထားနေလဲဆိုတာ ...၊ အလွယ်တကူ ရနိုင်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနေတာလေ...။”

"အခု သူတို့က တခြား မိန်းကလေးတွေဆီ သွားနေကြပြီ...။ ဝိုး...၊ တော်တော်များများတောင် ကျော့ကွင်းထဲ မိကုန်ပြီပဲ...။ ဒီမိန်းကလေးတွေ တကယ်ကို ဘာတွေ တွေးနေကြတာလဲ...။”

"ဒါက ပိုဆိုးသေးတယ်...၊ နိုင်ငံခြားသား နမ်းတာကို ခံရပြီးနောက်မှာ သူမက ခင်ဗျားက လူကောင်းလား လူဆိုး လားတော့ ကျွန်မ မသိဘူး ဒါပေမဲ့ ခင်ဗျားက တော်တော် ဟာသဉာဏ်ရွှင်တာပဲတဲ့လေ...။”

"ဟားဟား...၊ သူစိမ်းတစ်ယောက်ကို အဲ့ဒီလို နမ်းတာက ရယ်စရာကောင်းပြီး ဟာသဉာဏ်ရွှင်တယ်လို့ သတ်မှတ် ကြတယ်...။ ဒါပေမဲ့ တရုတ်နိုင်ငံက ကိုယ့်လူမျိုးအချင်းချင်းက တစ်ချက်လောက် လှမ်းကြည့်လိုက်ရင်တောင် နှာဘူးလို့ စွပ်စွဲခံရဦးမယ်...။ ဒါက တကယ့်ကို စံနှုန်းနှစ်မျိုးပဲ...။”

"သူတို့က ကိုယ့်လူမျိုးတွေအပေါ်ဆို အမြဲတမ်း အထက်စီးက ဆက်ဆံတတ်ပေမဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ရင် တော့ ဖားယားတတ်ကြတယ်...။ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ...။”

"ငါ့မျက်စိနဲ့တပ်အပ် မမြင်ခဲ့ရရင် ဒါကို ငါ တကယ် ယုံမှာ မဟုတ်ဘူး...။ ဒီခေတ်ဒီအခါကြီးမှာတောင် ဒူးထောက် ပြီး ပြန်မတ်တတ်မရပ်နိုင်တဲ့ လူတွေ အများကြီး ရှိနေသေးတာပဲ...။”

"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ငါတို့နိုင်ငံ ကျူးကျော်ခံခဲ့ရတယ်...။ ငါတို့ အသက်တွေ ဆုံးရှုံးခဲ့ရပေမဲ့ ဂုဏ်သိ က္ခာတော့ ရှိခဲ့သေးတယ်...။ အခုတော့ ငါတို့ဆီမှာ ကျန်နေတာက အလဟဿဖြစ်နေတဲ့ အခွံချည်းပဲလား...။”

နိုင်ငံခြားသား တင်ထားသော ဗီဒီယိုကို ကြည့်လေလေ လျန်ထျန်းမှာ ဒေါသပိုထွက်လာလေလေ ဖြစ်သည်။

အမျိုးသမီးမှာ အလွန် အရှက်ရသွားသဖြင့် မျက်နှာကို ဖုံးကွယ်ကာ ပြေးထွက်သွားလေတော့သည်။ သူမအနေ ဖြင့် နိုင်ငံခြားပစ္စည်းများကို ထိုမျှလောက် အရူးအမူး ဖြစ်နေဦးမည်လား ဆိုတာကိုတော့ မသိနိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေ သူမကို နိုင်ငံခြားသားတစ်ဦးက နမ်းနေသည့် ဗီဒီယိုကို ကြည့်ပြီးနောက် မည်သည့် အမျိုးသား ကမျှ သူမ၏ နောက်မှ အရူးအမူး လိုက်လံပူဆာသူ ဖြစ်ချင်တော့မည် မဟုတ်ပေ။

ပုံမှန်မဟုတ်သော ဝါသနာများရှိသည့် ထူးဆန်းသော လူများ မဟုတ်ခဲ့လျှင်ပေါ့...၊

နိုင်ငံခြားသားများ တင်ထားသော ဗီဒီယို ဆယ်ခုကျော်ခန့်ကို ကြည့်ပြီးနောက် လျန်ထျန်းမှာ ဒေါသထွက်လွန်း သဖြင့် တစ်ကိုယ်လုံး တုန်ရီလာလေသည်။

"ဒီနိုင်ငံခြားသား နှစ်ယောက်က သူတို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းဖို့ အဆင်မပြေလို့ တရုတ်နိုင်ငံကို လာပြီး ပိုက်ဆံရှာ မိန်းကလေး ဖြားယောင်းနေကြတာ ဖြစ်ရမယ်...။”

"သူတို့အတွက် တရုတ်နိုင်ငံမှာ ပိုက်ဆံရှာရတာ အရမ်းလွယ်ကူလွန်းတယ်...။ အွန်လိုင်းပေါ်မှာ တရုတ်နိုင်ငံကို ချီးကျူးပြီး ကောင်းကြောင်းလေးတွေ ပြောလိုက်တာနဲ့ ချက်ချင်းကို ပရိသတ်တွေ အများကြီး ရနိုင်တယ် လေ...။”

"ဒါပေမဲ့ သူတို့ရဲ့ သရုပ်မှန်ကို ဘယ်နှယောက်က သိကြမှာလဲ...။ သူတို့က ငါတို့ရဲ့ အမျိုးသမီးတွေကို အခမဲ့ ကစားစရာတွေလို သဘောထားပြီး အခုဆိုရင် အမြတ်အစွန်း ရဖို့အတွက် ဗီဒီယိုတွေတောင် ရိုက်ပြီး အွန်လိုင်း ပေါ် တင်နေကြပြီ...။ ဒါက တရုတ်လူမျိုး အားလုံးကို စော်ကားလိုက်တာပဲ...။”

"ငါ ဒီနိုင်ငံခြားသားတွေရဲ့ သရုပ်မှန်ကို ဖွင့်ချပြီး မရေမတွက်နိုင်တဲ့ တရုတ်လူမျိုးတွေရဲ့ စိတ်ကို နိုးကြားလာ အောင် လုပ်ရမယ်...။”

All Chapters