← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း (၃၀၉)

ဒူးရင်းသီး အငြင်းပွားမှု

လျန်ထျန်းသည် ထိုနိုင်ငံခြားသား နှစ်ဦး၏ သရုပ်မှန်ကို ဖွင့်ချချင်နေခဲ့ပြီး သူ၌ တကယ်ပင် ထိုသို့လုပ်ရန် နည်းလမ်း ရှိနေခဲ့လေသည်။

ယခုအခါ အစားအသောက် ပို့ဆောင်သူများအားလုံး၏ ဦးထုပ်များတွင် အချိန်မရွေး နေရာမရွေး ဗီဒီယိုရိုက်ကူး နိုင်သော ကင်မရာငယ်လေးများ တပ်ဆင်ထားလေသည်။

မူလ ရည်ရွယ်ချက်မှာ ထူးဆန်းသော ဖောက်သည်အချို့၏ အနှောင့်အယှက်ပေးမှုများကို ရှောင်ရှားရန်အတွက် အထောက်အထားအဖြစ် ဗီဒီယို မှတ်တမ်းတင်ထားရန် ဖြစ်သည်။

ထို့အပြင် ဗီဒီယိုအထောက်အထားကို လမ်းပေါ်တွင် ဖြစ်ပွားသော အဖြစ်အပျက်များကို မှတ်တမ်းတင်ရန် သို့မဟုတ် အာမခံကုမ္ပဏီများသို့ တိုင်ကြားရာတွင် အသုံးပြုနိုင်ပြီး ယင်းမှာ တကယ်ပင် အသုံးဝင်လှပေသည်။

ထိုကင်မရာများအားလုံးအတွက် လျန်ထျန်းက သူ၏ ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူပေးခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်သူများ ဘက်မှ တစ်ပြားတစ်ကျပ်မျှ ကုန်ကျခြင်း မရှိခဲ့ပေ။

ဤအရာက သန်းနှင့်ချီသော အစားအသောက် ပို့ဆောင်သူများအတွက် အခမဲ့ အကျိုးခံစားခွင့်နှင့် အာမခံချက် တစ်ခုပင် ဖြစ်လေသည်။

ထို့အပြင် ကင်မရာက သူတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ထိပါးမည်ကို ဖောက်သည်များအနေဖြင့် လုံးဝ စိုးရိမ်စရာ မလိုပေ။

ဦးထုပ်များတွင် ကင်မရာများ တပ်ဆင်ထားသောကြောင့် ပို့ဆောင်သူများသည် အစားအသောက် ပို့ဆောင်သော အခါ သတိထား၍ တံခါးအပြင်ဘက်တွင်သာ ရပ်နေမည်ဖြစ်ပြီး တံခါးပွင့်လာမှသာ အစားအသောက်များကို လှမ်းပေးမည် ဖြစ်သည်။

အငြင်းပွားမှုများ သို့မဟုတ် အခြားပြဿနာများ ပေါ်ပေါက်လာမှသာ အချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အထောက်အထားအဖြစ် ဗီဒီယိုရိုက်ကူးမည် ဖြစ်သည်။

ထိုကင်မရာလေးကြောင့်ပင် ဓာတ်လှေကားခန်းမထဲ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လျန်ထျန်းက မှတ်တမ်း တင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုနိုင်ငံခြားသား နှစ်ဦးသည် ဈေးဝယ်စင်တာထဲရှိ အခြားသော တရုတ်မိန်းကလေးများကို ရှာဖွေကာ သူတို့၏ ရွံရှာဖွယ်ကောင်းသော စိန်ခေါ်မှုကို ဆက်လက် ပြုလုပ်နေကြလေသည်။

လျန်ထျန်းက သူတို့နောက်သို့ လိုက်ကာ အရာအားလုံးကို မှတ်တမ်းတင်ခဲ့ပြီးနောက် ပြန်လာ၍ မှတ်တမ်းများကို စုစည်းကာ အွန်လိုင်းတွင် တင်၍ ဖွင့်ချပစ်လိုက်လေသည်။

အချက်အလက် မလုံလောက်မည်ကို စိုးရိမ်နေသလား...၊

လျန်ထျန်းက အွန်လိုင်းနာမည်ကျော်များကို ပျိုးထောင်ပေးသည့် ဝူလု မီဒီယာ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထား ကြောင်း မမေ့ပါနှင့်။

သန်းနှင့်ချီ သို့မဟုတ် သန်းဆယ်ချီသော ဖော်လိုဝါ များရှိသည့် အွန်လိုင်း နာမည်ကျော် အများအပြား ရှိလေ သည်။ တစ်စုံတစ်ရာကို လူကြည့်အများဆုံးဖြစ်အောင် တွန်းတင်ပေးရန်မှာ သူတို့အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။

အကယ်၍ ထိုသို့လုပ်၍ မရပါက လျန်ထျန်းက ပရိုမိုးရှင်းအတွက် ငွေပိုသုံးနိုင်သည်။ အစားအသောက် အမှာစာ တစ်ခုတည်းမှ ရသော ကော်မရှင်ခကပင် လုံလောက်နေပြီ မဟုတ်ပါလား။ ယွမ်တစ်ဘီလီယံဆိုလျှင် လုံလောက် ပြီ ဖြစ်သည်။

အချိန်တိုအတွင်းမှာပင် ဤဖြစ်ရပ်မှာ လူပြောအများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့လေသည်။

အွန်လိုင်းပေါ်တွင် အလွန် သဘောကောင်းဟန်ဆောင်နေသော ဤနိုင်ငံခြားသား နှစ်ဦးသည် တရုတ်မိန်းကလေး များ၏ ကွယ်ရာတွင် ဤကဲ့သို့ စကားမျိုးများ ပြောဆိုနေကြကြောင်း လူအများ သိသွားသောအခါ ချက်ချင်းပင် ပြည်သူလူထု၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

လူတိုင်းက ထိုနိုင်ငံခြားသား နှစ်ဦးကို သပိတ်မှောက်ကြသောအခါ သူတို့မှာ စိုးရိမ်တကြီးဖြစ်သွားပြီး လုပ်နေကျ လှည့်ကွက်ဟောင်းများကို ထပ်မံ အသုံးပြုရန် ကြိုးစားလာကြလေသည်။

သူတို့သည် တရုတ်နိုင်ငံတွင် ဆက်လက် ငွေရှာနိုင်ရန်အတွက် ခွင့်လွှတ်မှုရရန် ကြိုးပမ်းသည့်အနေဖြင့် အွန်လိုင်း ပေါ်တွင် "ကျွန်တော် တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဆိုသည့် စကားများကို အော်ဟစ်နေကြလေသည်။

ဤအရာက အင်တာနက် အသုံးပြုသူများကြားတွင် အချေအတင် ဆွေးနွေးမှုအချို့ကို ဖြစ်ပေါ်စေခဲ့လေသည်။

[ဘာကြောင့် နိုင်ငံခြားသား အများအပြားက တရုတ်နိုင်ငံကို လာပြီး ငွေရှာချင်ကြတာလဲ...။]

[နိုင်ငံခြားမှာတော့ တရုတ်နိုင်ငံကို အပုပ်ချတာက သူတို့ရဲ့ နိုင်ငံရေး လှည့်ကွက်ပဲ ဒါပေမဲ့ ပြည်တွင်းမှာကျတော့ တရုတ်နိုင်ငံကို ချီးကျူးတာက သူတို့ရဲ့ ချမ်းသာကြွယ်ဝဖို့ လျှို့ဝှက်ချက်ဖြစ်နေတယ်လေ...။]

[ငွေအတွက် သက်သက်လား... ငါတော့ မယုံဘူး...။]

[မယုံဘူးလား...၊ နိုင်ငံခြားသား တစ်ယောက်က အရူးဟန်ဆောင်ပြီး တရုတ်နိုင်ငံက အမိုက်စားပဲ...၊ တရုတ်နိုင်ငံ က အင်အားကြီးတယ်...။ ပြီးတော့ ကျွန်တော် တရုတ်နိုင်ငံကို ချစ်ပါတယ်လို့ နင့်ကို နေ့တိုင်း လာပြောနေတယ် လို့ မြင်ယောင်ကြည့်လိုက်...၊ နင် ဘယ်လိုထင်လဲ...။]

[ဒါပေမဲ့ တချို့လူတွေကတော့ ဒါကို သဘောကျကြတယ်လေ...။]

[ဟားဟား...၊ နိုင်ငံ့ကြီးပွားရေး၊ လူမျိုးရေး ကြွယ်ဝမှုနဲ့ နဂါးရဲ့ သွေးဆက်တွေ ဖြစ်တယ်ဆိုတဲ့ အယူအဆတွေက ငါတို့ ငယ်ငယ်ကတည်းက စွဲထင်နေခဲ့တာလေ...။ နိုင်ငံခြားသားတွေကလည်း ဤလိုပဲ ခံစားရမယ်လို့ နင် ထင်နေ တာလား...။]

[ဘာလို့ သူတို့ နိုင်ငံကို သူတို့ ပြန်ပြီး ငွေမရှာကြတာလဲ...။]

[ကျယ်ပြောလှတဲ့ မြစ်တွေ သမုဒ္ဒရာတွေကို မြင်ဖူးသွားတဲ့ ငါးတွေက ရေကန်ထဲကို ပြန်သွားချင်ပါဦးမလားလို့ မင်း ထင်လား...။]

တစ်ချိန်တည်းမှာပင် အွန်လိုင်းတွင် "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု အော်ဟစ်နေကြသော နိုင်ငံခြားသား အချို့သည် တရုတ်နိုင်ငံကို တကယ် မချစ်ကြကြောင်း သက်သေပြရန် လျန်ထျန်းက အထောက်အထား အများ အပြားကို ရှာဖွေခဲ့လေသည်။

ဤအရာက မိမိနိုင်ငံအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်း မဟုတ်ဘဲ ယုံကြည်မှု ရှိသော်လည်း မောက်မာမှု မရှိခြင်းသာ ဖြစ်သည်။

ထိုဗီဒီယိုများကို သေချာကြည့်မည်ဆိုလျှင် အကြောင်းအရာများမှာ အလွန် ဆင်တူကြောင်း တွေ့ရမည် ဖြစ်သည် ။ နိုင်ငံခြားသားများက တရုတ်နိုင်ငံကို ချီးကျူးပြီး "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု အော်ဟစ်နေကြခြင်းပင် ဖြစ်သည်။

မှတ်ချက်ပေးသည့် နေရာကို ကြည့်လိုက်လျှင်လည်း Like များနှင့် ချီးကျူးမှုများ ပြည့်နှက်နေပြီး အရေးအကြီး ဆုံးမှာ ကြည့်ရှုသူ အရေအတွက်က တစ်သန်းနှင့် ဆယ်သန်းကို အလွယ်တကူ ကျော်လွန်နေခြင်းပင် ဖြစ်သည်။

ဤအရာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလှပေသည်။ မည်သည့် နည်းပညာ ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းမျှ မရှိဘဲ "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု ပြောရုံဖြင့် ဤမျှလောက် ကြည့်ရှုသူ အများအပြား ရရှိနေခြင်းပင် ဖြစ်သည်။

သူတို့အတွက်တော့ စကားအနည်းငယ် ပြောရုံဖြင့် ချမ်းသာသွားသကဲ့သို့ပင် ဖြစ်သည်။ ငွေရှာရန် အလွန် လွယ်ကူနေသောကြောင့် နိုင်ငံခြားသားများ အုံနှင့်ကျင်းနှင့် လာကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။

နိုင်ငံခြားသား အနည်းငယ်က "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု အော်ဟစ်နေသည်ကို မြင်ရခြင်းက မင်းရဲ့ အချည်းနှီးဖြစ်သော ဂုဏ်မောက်မှုကို ကျေနပ်စေနိုင်သော်လည်း မိမိကိုယ်ကိုယ် အလိုလိုက်ခြင်းနှင့် မိမိကိုယ် ကိုယ် လှည့်စားခြင်းတို့က နောက်ဆုံးတွင် အသုံးမဝင်ပေ။ အရူးအနှမ်း တစ်ယောက်လို မနေပါနှင့်တော့။

မျိုးချစ်စိတ်ဓာတ် ဆိုသည်မှာ တိုင်းပြည်ကို တည်ဆောက်ခြင်း ဖြစ်ပြီး စစ်မှန်သော အင်အားသည် မိမိကိုယ် ကိုယ် အားကိုးခြင်းမှ လာခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တရုတ်လူမျိုး များစွာသည် သတိပြန်ဝင်လာကြပြီး နိုင်ငံခြားသားများက အွန်လိုင်းတွင် "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု ပြောရုံဖြင့် မျက်ကန်းတစ္ဆေ လက်ဆောင်များ ပေးခြင်း သို့မဟုတ် ထောက်ပံ့မှုများ ပေးခြင်းကို ရပ်တန့်လိုက်ကြလေသည်။

တရုတ်နိုင်ငံသည် အလွန် အင်အားကြီးမားနေပြီ ဖြစ်သည်။ လူတွေက တရုတ်နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်း များကို လိုက်နာသရွေ့ အရည်အချင်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော နိုင်ငံခြားသားများကို ကျွန်ုပ်တို့ သေချာပေါက် ကြိုဆိုမည် ဖြစ်သည်။

မိမိတို့ နိုင်ငံတွင် အလုပ်အကိုင် မရှာနိုင်ဘဲ တရုတ်နိုင်ငံသို့ လာ၍ လွယ်လွယ်ကူကူ အမြန်ငွေရှာချင်သူ သို့မဟုတ် တရုတ်ဥပဒေများကိုပင် ချိုးဖောက်ချင်သော အရည်အသွေးနိမ့် နိုင်ငံခြားသားများကိုမူ ပြင်းပြင်းထန်ထန် အပြစ် ပေးသင့်သည် သို့မဟုတ် နိုင်ငံမှ နှင်ထုတ်သင့်ပေသည်။

နောက်ဆုံးတွင် ထိုနိုင်ငံခြားသား နှစ်ဦးမှာ သူတို့ ရင်ဆိုင်ရသော သပိတ်မှောက်မှုများကြောင့် တရုတ်နိုင်ငံတွင် ဆက်လက် ရပ်တည်ရန် မဖြစ်နိုင်တော့ဘဲ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြလေသည်။

တရုတ်နိုင်ငံရှိ အခြားသော နိုင်ငံခြားသား သြဇာလွှမ်းမိုးသူများမှာမူ စစ်မှန်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ရှိကြသည် သို့မဟုတ် လက်တွေ့ကျသော အရာများကို လုပ်ဆောင်ကြကာ အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိကြလေသည်။

အတိုချုပ်ပြောရလျှင် နိုင်ငံခြားသားများက "တရုတ်နိုင်ငံကို ချစ်ပါတယ်...။” ဟု အော်ဟစ်ရုံဖြင့် ငွေရှာနိုင်သ ည်ဟု ထင်ခဲ့သော ခေတ်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ တရုတ်လူမျိုးများမှာ သူတို့ ထင်သလောက် မတုံးအကြ ပေ။

ထိုကိစ္စကို ဖြေရှင်းပြီးနောက် လျန်ထျန်းသည် သူ၏ နေ့စဉ် အစားအသောက် ပို့ဆောင်ရေး ဘဝသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။

ရာသီဥတု ပိုပူလာသည်နှင့်အမျှ ရာသီပေါ် သစ်သီးများ ပိုမို ထွက်ပေါ်လာလေသည်။

မကြာသေးမီ နှစ်များအတွင်း မည်သည့်သစ်သီးက လူကြိုက်အများဆုံးလဲဟု မေးလာလျှင် သံသယဖြစ်စရာ မလိုဘဲ ဒူးရင်းသီးပင် ဖြစ်လိမ့်မည်။ ၎င်း၏ ထူးခြားသော အရသာမှာ တကယ်ကို စွဲမက်ဖွယ် ကောင်းလှပေ သည်။

လူတိုင်း သိကြသည့်အတိုင်း ဒူးရင်းသီးမှာ ဈေးမပေါပေ။ တစ်လုံးလျှင် ပြားတစ်ရာကျော် ကျသင့်နိုင်ပြီး မှည့်ခြင်း မမှည့်ခြင်းနှင့် အသားထွက်ခြင်း မထွက်ခြင်းမှာ ကံတရားပေါ်တွင်သာ မူတည်လေသည်။

တစ်နေ့တွင် လျန်ထျန်းသည် ဒူးရင်းသီး အမှာစာ တစ်ခုကို လက်ခံရရှိခဲ့လေသည်။ ဆိုင်မှ သွားယူပြီးနောက် ဖောက်သည်ထံသို့ သွားပို့ပေးခဲ့လေသည်။

ဖောက်သည်မှာ အသက် နှစ်ဆယ်အရွယ် အမျိုးသမီးငယ် တစ်ဦးဖြစ်ပြီး သူမက ဒူးရင်းသီးကို လက်ခံရယူ ချိန်တွင် တောင်းဆိုမှုလေး တစ်ခု ပြုလုပ်ခဲ့လေသည်။

"ကျွန်မ မဝယ်ခင် ဒီဒူးရင်းသီးကို တစ်ချက်လောက် အရင်ကြည့်လို့ ရမလား...၊ မကောင်းမှာကို စိုးရိမ်လို့ပါ...။”

"ဘာပဲဖြစ်ဖြစ် ကူပွန် သုံးလိုက်တာတောင်မှ ဤဒူးရင်းသီးက ပြား တစ်ရာ့ငါးဆယ်ကျော် ကျတယ်လေ...။ ကျွန်မရဲ့ တစ်နေ့လုပ်အားခက ပြား တစ်ရာ့လေးဆယ်ပဲ ရှိတာ...။”

"ကျွန်မ တစ်လကို အများဆုံး ဒူးရင်းသီး တစ်လုံးပဲ ဝယ်စားနိုင်တာ...။ တကယ်လို့ အပုပ်ကို ဝယ်မိရင် ကျွန်မ တကယ် စိတ်ဆင်းရဲရမှာ...၊ အရင်က လမ်းဘေးဈေးသည်ဆီကနေ အပုပ်တစ်လုံး ဝယ်မိဖူးတယ်...၊ ဒါပေမဲ့ ကျွန်မ ပြန်သွားတော့ ဈေးသည်က မရှိတော့ဘူး...။”

ထိုမိန်းကလေး မည်မျှ ရိုးသားဖြူစင်ကြောင်းကို မြင်တွေ့ရပြီး လျန်ထျန်းတွင်လည်း လောလောဆယ် အခြား အမှာစာများ မရှိသေးသောကြောင့် အချိန်အနည်းငယ် ထပ်ပေးရမည်ကို ဂရုမစိုက်ဘဲ သဘောတူသည့်အနေဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။

"ရပါတယ်...၊ ဖွင့်ပြီး ကြည့်လိုက်ပါ...။ အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းတွေကနေ ဝယ်တာ ပြဿနာ မရှိနိုင်ဘူးလို့ ထင်ပါတယ်... သူတို့အားလုံးမှာ ဆိုင်အစစ်တွေ ရှိကြတယ်လေ... တကယ်လို့ မကောင်း ဘူးဆိုရင်လည်း သူတို့ကို အစားထိုးပေးဖို့ ဒါမှမဟုတ် ငွေပြန်အမ်းပေးဖို့ တောင်းဆိုလိုက်ရုံပဲလေ...။”

ဤအချိန်တွင် လျန်ထျန်းမှာ ယုံကြည်မှု အပြည့်ရှိနေဆဲပင် ဖြစ်သည်။ ဒူးရင်းသီး ပို့ဆောင်ရဲသည်ဆိုလျှင် တခြားသူများကို ဒူးရင်းသီး အပုပ်များ ရောင်းရဲမည် မဟုတ်ဟု သူ ထင်ထားခဲ့လေသည်။

သို့သော် မမျှော်လင့်ဘဲ လက်တွေ့ဘဝ၏ သင်ခန်းစာက လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။

လျန်ထျန်းက ဆိုင်မှ ဒူးရင်းသီးကို သွားယူစဉ်က အလွန် သေချာစွာ ထုပ်ပိုးထားခဲ့လေသည်။

ထိုစဉ်က ဆိုင်ရှင်မှာ အလွန် ဂရုစိုက်တတ်သည်ဟု လျန်ထျန်း ထင်ခဲ့သည်။ ထုပ်ပိုးမှုက အလွန် ခိုင်ခံ့သော ကြောင့် မကောင်းစရာ အကြောင်း မရှိနိုင်ဟု ယူဆခဲ့လေသည်။

သို့သော် အားလုံး၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာ ထုပ်ပိုးမှုကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကစော် ဖောက် နေသော အယ်လ်ကိုဟော အနံ့ပြင်းပြင်းကြီး ထွက်ပေါ်လာလေသည်။

အသားကို ကြည့်လိုက်လျှင်လည်း စေးကပ်ကာ ပျော့အိနေသည်အထိ ပုပ်သိုးနေပြီး အဖြူရောင် အနှစ်များနှင့် ပင် တူနေကာ လုံးဝ စား၍မရနိုင်သည်မှာ သေချာလှပေသည်။

ဒူးရင်းသီးမှာ ဤမျှလောက် ဆိုးရွားနေသည်ကို မြင်လိုက်ရသောအခါ မိန်းကလေး၏ မျက်လုံးများတွင် ချက်ချင်း ပင် မျက်ရည်များ ဝဲတက်လာတော့သည်။

ဤဒူးရင်းသီး ဆုံးရှုံးသွားမှုက သူမကို တကယ်ပင် အလွန် ဝမ်းနည်းသွားစေခဲ့ပုံ ရလေသည်။

ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်းမှာ အစပိုင်းတွင် အနည်းငယ် ရှက်သွားသော်လည်း လျင်မြန် စွာပင် နှစ်သိမ့်စကားများ ဆိုလိုက်လေသည်။

"အစ်မ... စိတ်မပူပါနဲ့... ကျွန်တော် ပြောခဲ့သလိုပဲ ဒီဆိုင်က အပြင်မှာ တကယ်ရှိပါတယ်...။ သူတို့ ပျောက်သွား မှာ မဟုတ်ပါဘူး...။”

"ရပါတယ်...၊ ငွေပြန်အမ်းဖို့ တိုက်ရိုက် လျှောက်ထားလိုက်ပါ...။ ကျွန်တော် ဒီဒူးရင်းသီးကို ဆိုင်ကို ပြန်ယူသွား ပြီး သူတို့ကို ပြန်ပေးလိုက်ပါမယ်...။ အစ်မ ဘာမှ နစ်နာမှာ မဟုတ်ပါဘူး...။”

"ဆိုင်ရှင်ကိုလည်း ရှင်းပြခိုင်းပြီး ကောင်းတဲ့အလုံးနဲ့ အစားထိုးပေးဖို့ ဒါမှမဟုတ် တစ်ခုခု လုပ်ပေးဖို့ တောင်းဆို လိုက်ပါ့မယ်...။ အစ်မရဲ့ အချိန်တွေကို ဖြုန်းတီးမိပြီး မျှော်လင့်ချက်တွေကို ပျက်စီးသွားစေတဲ့အတွက် တကယ် ကို တောင်းပန်ပါတယ်...။”

လျန်ထျန်း၏ ကြင်နာသော သဘောထားကို မြင်တွေ့ပြီးမှသာ အမျိုးသမီးငယ်လေးက မျက်ရည်များကို သုတ် ကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ရှင်းလင်းစွာပင် ဤသူမှာ ရိုးရှင်းပြီး အေးချမ်းသော ဖောက်သည်တစ်ဦး ဖြစ်လေသည်။

ဤကဲ့သို့သော ဖောက်သည်များနှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်းသည် သူတို့၏ ပြဿနာများကို ဖြေရှင်းပေး ရန် အမြဲတမ်း အစွမ်းကုန် ကြိုးစားပေးလေ့ရှိသည်။

အခြားသူများကဲ့သို့ စကားပြောရ လွယ်ကူသူများကို သူ မည်သည့်အခါမှ အခွင့်အရေး မယူတတ်ပေ။

အမျိုးသမီးငယ်လေးက ငွေပြန်အမ်းရန် လျှောက်ထားသည်ကို ကြည့်ပြီးနောက် လျန်ထျန်းသည် ဒူးရင်းသီး အပုပ်ကို ယူကာ ဆိုင်ဘက်သို့ ပြန်ထွက်လာခဲ့လေသည်။

လမ်းတွင် လျန်ထျန်းက ဒူးရင်းသီးမှာ အမှာစာတွင် ဖော်ပြထားသလောက် မလေးသလို ခံစားရလေသည်။

ထို့ကြောင့် လမ်းတစ်ဝက်တွင် ဆိုင်ငယ်လေး တစ်ဆိုင်ကို ရှာတွေ့ပြီး ချိန်ခွင်ငယ်တစ်ခု ဝယ်ကာ ကိုယ်တိုင် ပြန်ချိန်ကြည့်လိုက်လေသည်။

ကိုယ်တိုင် မချိန်ကြည့်မချင်း ရလဒ်ကို သင် ယုံကြည်နိုင်မည် မဟုတ်ပေ။

အမှာစာတွင် (၆) ဒသမ (၃) ကျင်း ဟု ဖော်ပြထားသော ဒူးရင်းသီးမှာ ချိန်ခွင်ငယ်ဖြင့် ချိန်ကြည့်သောအခါ( ၅) ကျင်း ကျော်ကျော်လေးသာ ရှိပြီး (၁) ကျင်းကျော် လျော့နေလေသည်။

ဒူးရင်းသီး တစ်ပေါင်လျှင် ပြားနှစ်ဆယ် သို့မဟုတ် ပြားသုံးဆယ်ခန့် ပေးရကြောင်း သင် သိထားသင့်သည်။

ဒူးရင်းသီးက ပုပ်နေရုံသာမက အလေးချိန်ပါ လျော့နေသေးသည်။ ဤအရာက တကယ်ကို ဒေါသထွက်စရာ ကောင်းလွန်းလှပေသည်။

လျန်ထျန်းက ဒေါသတကြီးဖြင့် ဆိုင်သို့ ပြန်ရောက်လာချိန်တွင် တံခါးဝ၌ ရပ်နေသော အခြား မိန်းကလေး တစ်ဦးကို တွေ့လိုက်ရလေသည်။

ထိုမိန်းကလေးမှာလည်း ဒူးရင်းသီး တစ်လုံးကို ကိုင်ထားပြီး ဆိုင်နောက်ဘက်ရှိ အရောင်းစာရေးကို ပြောနေ လေသည်။

"ကြည့်ပါဦး...၊ ဓါက မနေ့ညက ရှင့်ဆီက ဝယ်သွားတဲ့ ဒူးရင်းသီးလေ...။”

"အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ပိုးကောင်တွေ အပြည့်ဖြစ်နေပြီး အသားကလည်း လုံးဝ ပုပ်နေပြီ...။ ရှင်တို့ ငွေပြန်အမ်းပေးမလား ဒါမှမဟုတ် အစားထိုးပေးမလားဆိုတာ မြန်မြန်လေး ပြောပေးလို့ ရမလား...။”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိန်းကလေး၏ လေသံမှာ သိပ်မကောင်းလှပေ။

ဒူးရင်းသီး အပုပ်ကို ဝယ်မိသွားသည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ မည်သူက စိတ်ကြည်လင်နိုင်မည်နည်း။

ငွေပြန်အမ်းရန် သို့မဟုတ် အစားထိုးပေးရန် တောင်းဆိုမှုမှာ သာမန် တောင်းဆိုမှုသာ ဖြစ်ပြီး တမင်သက်သက် အခက်တွေ့အောင် လုပ်နေခြင်း မဟုတ်ပေ။

သို့သော် ဆိုင်နောက်ဘက်ရှိ အရောင်းစာရေးက ခေါင်းပင် မမော့ကြည့်ဘဲ ပေါ့ပျက်ပျက် ပြန်ဖြေလိုက်လေ သည်။

"ရောင်းပြီးသား ပစ္စည်း ပြန်မလဲပေးပါဆိုတဲ့ ဆိုင်းဘုတ်ကို မမြင်ဘူးလား...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက မော့ကြည့်လိုက်ရာ သစ်သီးဆိုင် အထက်တွင် အနက်ရောင် စာလုံး များဖြင့် ရေးသားထားသော အဖြူရောင် ဆိုင်းဘုတ်တစ်ခုကို တကယ်ပင် မြင်တွေ့လိုက်ရလေသည်။

ရိုးသားသော စီးပွားရေး လုပ်ငန်းစဉ်၊ တိကျသော အလေးချိန်နှင့် အရေအတွက်၊ ရောင်းပြီးသား ပစ္စည်း ပြန်မ လဲပေးပါ။

“ဟားဟား...”

ဤဆိုင်းဘုတ်ကို မြင်ပြီးနောက် လျန်ထျန်းပင်လျှင် မနေနိုင်ဘဲ ရယ်မောလိုက်မိလေသည်။

"သူတို့က ရိုးသားစွာ အလုပ်လုပ်ပြီး တိကျတဲ့ အလေးချိန်နဲ့ အရေအတွက်ကို ပေးတယ်လို့ ပြောထားပေမဲ့ ရောင်းပြီးသား ပစ္စည်း ပြန်မလဲပေးဘူးလို့လည်း ရေးထားသေးတယ်... အဲ့ဒါက ရှေ့နောက် မညီဘူး မဟုတ်လား...။”

ထိုစကားကို ကြားသောအခါ အရောင်းစာရေးက မော့ကြည့်လိုက်ရာ ပို့ဆောင်ရေး ဝတ်စုံ ဝတ်ဆင်ထားသော လျန်ထျန်းကို မြင်တွေ့လိုက်ရလေသည်။ သူက မထီမဲ့မြင် နှာမှုတ်လိုက်ပြီး ခေါင်းပြန်ငုံ့သွားလေသည်။

အစားအသောက် ပို့ဆောင်သူမှန်း သိသောကြောင့် လုံးဝ လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။

မိန်းကလေးမှာလည်း သေချာပေါက် အလွယ်တကူ အလျှော့ပေးမည် မဟုတ်ဘဲ ချက်ချင်းပင် ထပ်ပြောလိုက် လေသည်။

"ရောင်းပြီးသား ပစ္စည်းကို တာဝန်မယူဘူးဆိုရင် စားသုံးသူတွေကို လိမ်ညာနေတာ မဟုတ်ဘူးလား...။ ရှင်တို့ ခုလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်မ စျေးကွက်ကြီးကြပ်ရေးဌာန က လူတွေကို ခေါ်ရလိမ့်မယ်...။”

စျေးကွက်ကြီးကြပ်ရေးဌာန ကို အကြောင်းပြလာသည့်တိုင် အရောင်းစာရေးမှာ အံတုနေဆဲဖြစ်ပြီး တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ခေါ်ချင်လည်း ခေါ်လိုက်လေ...။ မနေ့က မင်းဘာသာမင်း ရွေးသွားတာလေ…၊ ငါ ရွေးပေးလိုက်တာမှ မဟုတ် တာ...။ ဘယ်သူ့ကို ခေါ်ခေါ် ဘာမှ ထူးလာမှာ မဟုတ်ဘူး...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက သူ၏ လက်ထဲရှိ ဒူးရင်းသီးကို ချက်ချင်း ထုတ်ပြလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒီဒူးရင်းသီး အမှာစာကို ခင်ဗျားပဲ ရွေးပေးလိုက်တာ မဟုတ်လား...။ ဖောက်သည်က ငွေပြန်အမ်းဖို့ လျှောက်ထားပြီးပြီ...။ ခင်ဗျား အမြန်ဆုံး အတည်ပြုပေးသင့်တယ် မဟုတ်ရင် ပိုကောင်းတဲ့ အလုံးနဲ့ အစားထိုးပေးရလိမ့်မယ်...။”

ထိုအရာကို မြင်လိုက်ရသောအခါ အရောင်းစာရေးမှာ ခေတ္တမျှ စကားဆွံ့အသွားလေသည်…။ ပို့ဆောင်သူ လျန်ထျန်းကပါ ဒူးရင်းသီးကို လာပြန်ပေးမည်ဟု သူ ထင်မထားခဲ့ပုံ ရလေသည်…။

သို့သော် သုံးစက္ကန့်အကြာတွင် သူက ထပ်မံ ငြင်းဆိုလိုက်ပြန်သည်။

"ဆိုင်အပြင်ဘက် ရောက်သွားတဲ့ သစ်သီးတွေအတွက် ကျွန်တော်တို့ တာဝန်မယူဘူး...။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ သစ်သီး ပြောင်းထားတာ ဟုတ်မဟုတ် ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ...။”

All Chapters