အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
အခန်း ၂၈၇ - နတ်ဘုရားဧကရာဇ်ကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးခြင်း။
ထျန်းယီနန်းတော်အနီးတစ်ဝိုက်မှ အင်အားကြီးများစွာတို့သည် ကောင်းကင်ယံတွင် ဖြစ်ပွားနေသော စွမ်းအားကြီးမားသည့် တိုက်ပွဲကို လေ့လာကြည့်ရှုနေကြသည်။
ဖရိုဖရဲအဆင့် ကျွမ်းကျင်သူတို့သည် တိုက်ပွဲကြောင့် အခြားသူများ မထိခိုက်စေရန် ကောင်းကင်ဘုံအပြင်ဘက်သို့ ထွက်ခွာသွားကြသည်။
လင်းတုံသည် လင်းချန်အား အပြုံးတစ်ခု ပေးခဲ့ပြီးနောက်
"ဒီမှာပဲ စောင့်နေပါ ငါ လွမ် ကို မင်းအတွက်အပြစ်ပေးဖို့အတွက် ခေါ်လာပေးမယ်။"
မြေပြင်ပေါ်ရှိ စစ်ပွဲမှာလည်း ပြင်းထန်လှသည်။ တာအိုပြည်နယ် ၃၀၀၀ မှ ကျွမ်းကျင်သူများသည် အင်အားအရေအတွက် နည်းပါးသော်လည်း အလွန်အစွမ်းထက်လှသည်။ လင်းချန်သည် လက်သီးတစ်ချက်တည်းဖြင့် သူ့လမ်းကြောင်းကို ပိတ်ဆို့နေသော ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူအများအပြားကို အလွယ်တကူ ချေမှုန်းလိုက်သည်။
သူသည် နတ်ဘုရားဧကရာဇ် အဆင့် ၄ ရှိသော ကျွမ်းကျင်သူတစ်ဦးက သူ့အား လာရောက်ခြိမ်းခြောက်သည်ကို မြင်လိုက်ရသည့်အခါ ရယ်မောလိုက်သည်။
ထို နတ်ဘုရားဧကရာဇ်အဆင့် ၄ ကျွမ်းကျင်သူက
"မင်းလို အရည်အချင်းရှိတဲ့သူကို ဖမ်းဆီးပြီး တာအိုဘိုးဘေးကို ခြိမ်းခြောက်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။"
လင်းချန်သည် ထိုသူ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ ခေါင်းပေါ်သို့ လက်တစ်ဖက်ဖြင့် ဖိချလိုက်သည်။
"ဘုန်းးး"
ကျယ်လောင်သောအသံနှင့်အတူ ထိုကျွမ်းကျင်သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။
သူ၏ ကျန်ရှိနေသော အစိတ်အပိုင်းများကိုလည်း လင်းချန်၏ ကမ္ဘာ့စွမ်းအားက လုံးဝ ဖျက်ဆီးပစ်လိုက်ရာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်မြေပြင်ရှိ ကျွမ်းကျင်သူများအားလုံး ထိတ်လန့်သွားကြသည်။
နတ်ဘုရားဧကရာဇ်တစ်ဦးကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းမှာ လင်းချန်၏ စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။
တာအိုပြည်နယ် ၃၀၀၀ မှ ကျွမ်းကျင်သူများက ဝမ်းမြောက်စွာ ကြွေးကြော်လိုက်ကြသည်။
လင်းချန်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ
"ဒီနေရာက မင်းတို့ရဲ့ နောက်ဆုံးနေရာပဲ။"
သူ၏ စကားသံနှင့်အတူ ဖရိုဖရဲ တာအိုနိယာမများနှင့် ကမ္ဘာ့စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။
ထိုစွမ်းအားကြောင့် ထိုနေရာရှိ ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူအားလုံးမှာ အစောပိုင်းက တာအိုဘိုးဘေး ဖိနှိပ်ခဲ့သကဲ့သို့ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
၎င်းမှာ ဖရိုဖရဲအဆင့် ကျွမ်းကျင်သူတို့၏ စစ်မှန်သော စွမ်းအားပင် ဖြစ်တော့သည်။
အခန်း ၂၈၈ - စက်ဆုပ်ဖွယ်ရာတို့ကို လောင်ကျွမ်းစေခြင်း။
လင်းချန်သည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ ကောင်းကင်ယံတွင် လှိုင်းလုံးများ ပျံ့နှံ့သွားသည်။
"မင်းတို့ အပြစ်ကို ဝန်ခံကြမှာလား။"
သူ၏ စကားသံသည် ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူများ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားပြီး ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
တာအိုပြည်နယ် ၃၀၀၀ မှ ကျွမ်းကျင်သူများပင်လျှင် လင်းချန်၏ စွမ်းအားကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
နတ်ဘုရားဧကရာဇ် အဆင့် ၃ သာရှိသေးသော လင်းချန်သည် မိမိ၏ အရှိန်အဝါသက်သက်ဖြင့် ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူများအားလုံးကို နေရာတွင် အေးခဲသွားစေသည်။
ဤစွမ်းအားသည် ဖရိုဖရဲအဆင့် ကျွမ်းကျင်သူများပင် အလွယ်တကူ မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။
ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူများမှာ လင်းချန်၏ လက်ချက်ကြောင့် မည်သို့ဖြစ်ပျက်နေမှန်း မသိဘဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
လင်းချန်သည် မည်သူမျှ ပြန်မဖြေသည့်
အခါ၌
"မင်းတို့က အခုထိ နောင်တမရသေးဘူးပေါ့လေ။ အဲဒီတော့ ငါ့နည်းလမ်းနဲ့ မင်းတို့ကို သင်ခန်းစာပေးမယ်။"
ထို့နောက်ကမ္ဘာ့စွမ်းအားများကို မမြင်နိုင်သော မီးတောက်များအဖြစ် ပြောင်းလဲလိုက်သည်။
ထိုမီးတောက်များသည် ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူများ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်စစီ လောင်ကျွမ်းစေသည်။
၎င်းတို့ခံစားရမည့် ဝေဒနာမှာ အသက်ရှင်လျက် အရေခွံခွာခံရခြင်းထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
ယခင်က တာအိုပြည်နယ် ၃၀၀၀ မှ ဘိုးဘေးများနှင့် ကျွမ်းကျင်သူများသည် ထျန်းယီနန်းတော်၏ ရက်စက်မှုကို ခံခဲ့ရဖူးသည်။
ယန်လော့ရှကဲ့သို့သော သူများမှာလည်း ထိုသူတို့၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။
ယခုအချိန်တွင်မူ စားပွဲပြန်လည်လည်ပတ်သွားပြီ ဖြစ်သည်။
"အား... အား... မလုပ်ပါနဲ။"
အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လင်းချန်သည် သူတို့အား မီးတောက်များဖြင့် ညှဉ်းပန်းနေသော်လည်း သူတို့ကို လျင်မြန်စွာ မသတ်ပစ်ပေ။ ၎င်းတို့သည် သေလိုသော်လည်း မသေနိုင်ဘဲ အဆုံးမရှိသော ဝေဒနာကို ခံစားနေရသည်။
ဖရိုဖရဲဧကရာဇ်သည် လင်းချန်၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချကာ
"အရင်တုန်းက ငါနဲ့ ကမ္ဘာ့စွမ်းအား ယှဉ်တုန်းက လင်းချန်က ငါ့ကို အများကြီး မျက်နှာသာ ပေးခဲ့တာပဲ။ဒါမှမဟုတ်ရင် ငါအခု ဒီမှာ ရှိနေနိုင်မှာ မဟုတ်ဘူး"
တာအိုပြည်နယ် ၃၀၀၀ မှ ကျွမ်းကျင်သူများအားလုံးကလည်း လင်းချန်၏ စွမ်းအားမှာ လင်းတုံနှင့်ပင် ယှဉ်နိုင်ကြောင်းနှင့် ဖရိုဖရဲအဆင့် အလယ်အဆင့်ရှိသူများနှင့် ညီမျှကြောင်း သဘောတူညီကြသည်။
နတ်ဘုရားဧကရာဇ် အဆင့် ၃ သာရှိသော လင်းချန်သည် ဖရိုဖရဲအဆင့် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်ခြင်းမှာ တစ်ကမ္ဘာလုံးတွင် တစ်ဦးတည်းသာ ရှိလိမ့်မည်ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်နေသော ကျွမ်းကျင်သူအားလုံးမှာ လင်းချန်၏ အရည်အချင်းနှင့် စွမ်းအားကို လေးစားရိုသေစွာဖြင့် ကြည့်ရှုနေကြတော့သည်။