Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း ၂၉၁ - မင်းလည်း သူတို့နောက်ကို လိုက်သွားချင်သေးလား။

"ဘုန်းးးး"

ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူများသည် အရင်ကဲ့သို့ မဟုတ်တော့ဘဲ ဒဏ်ရာများဖြင့် နာကျင်နေကြသည်။

အခြားတစ်ဖက်တွင်လည်း မိစ္ဆာဘိုးဘေးက လွမ် အား ပြင်းထန်စွာ ထိုးနှက်နေသည်။

"မင်းလို ဖရိုဖရဲအဆင့် အလယ်အဆင့်ရှိတဲ့သူက ဒီလောက်တောင် အားနည်းနေတာလား။ ငါတို့ တာအိုပြည်နယ် ၃၀၀၀ အတွက်တော့ ရှက်စရာပဲ။"

မိစ္ဆာဘိုးဘေးက လှောင်ပြောင်လိုက်သည်။

လွမ်သည် ဒေါသတကြီးဖြင့် ပြန်လည်ခုခံရန် ကြိုးစားသော်လည်း နောက်မှ ထွက်ပေါ်လာသော အေးစက်စက် အသံတစ်ခုကြောင့် ရပ်တန့်သွားသည်။

"သူ့ကို ရှင်းထုတ်ဖို့ ဘိုးဘေးတို့ လက်ပါစရာ မလိုပါဘူး။ ကျွန်တော့်လက်ချက်နဲ့တင် လုံလောက်ပါတယ်... လွမ် မင်းသေဖို့ ပြင်ထားပြီလား။"

လင်းချန်သည် ကောင်းကင်ဘုံအပြင်ဘက်သို့ တက်လာခဲ့ပြီဖြစ်သည်။ လွမ်မှာ အလွန်ပင် အံ့အားသင့်သွားသည်။

လင်းချန်၏ ခွန်အားမှာ ဖရိုဖရဲအဆင့်နှင့် ညီမျှနေသည်ကို သိလိုက်ရသောအခါ သူ ကြောက်ရွံ့သွားသည်။

လင်းချန်၏ အရှိန်အဝါသည် ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူအားလုံးကို တုန်လှုပ်သွားစေသည်။

ထျန်းယီနန်းတော်၏ ဘိုးဘေး လျူကျွင်းချန်က လင်းချန်အား

"ကောင်လေး... ငါတို့ ထျန်းယီနန်းတော်က ကျွမ်းကျင်သူတွေ အခု ဘာဖြစ်သွားပြီလဲ။"

လင်းချန်က လျူကျွင်ချန်အား ပြုံးပြရင်း

"သူတို့လား... သူတို့က တကယ်ကို ပျင်းဖို့ကောင်းပါတယ်။ ကျွန်တော် သူတို့ကို တစ်နာရီလောက် ညှဉ်းပန်းပြီးတဲ့နောက်မှာ အားလုံးကို သတ်ပစ်လိုက်ပါပြီ။"

ထို့နောက် လင်းချန်သည် လျူကျွင်းချန်ကို ကြည့်ကာ နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးဖြင့် မေးလိုက်သည်။

"ဘာလဲ... အဘိုးကြီး ခင်ဗျားလည်း သူတို့နောက်ကို လိုက်သွားချင်လို့လား။"

အခန်း ၂၉၂ - ခွေးအိုကြီး မင်းသေရမယ့်အချိန် တန်ပြီ။

"သူတို့ကို တစ်နာရီလောက် ညှဉ်းပန်းပြီးမှ အကုန်သတ်လိုက်တာ... သူတို့ အော်ဟစ်သံတွေက တကယ့်ကို နားထောင်လို့ကောင်းတယ်... အခုတော့ မင်းလည်း သူတို့နောက်ကို လိုက်သွားလိုက်တော့..."

လင်းချန်၏ စကားသံအဆုံးတွင် လျူကျွင်းချန်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

ထျန်းယီနန်းတော်မှ ကျွမ်းကျင်သူအားလုံး သေဆုံးသွားပြီဟူသော သတင်းသည် သူတို့အတွက် အကြီးမားဆုံးသော ထိုးနှက်ချက် ဖြစ်သည်။

"ကောင်လေး... မင်း သေသင့်တယ်။"

လျူကျွင်းချန်က ဒေါသတကြီး အော်ဟစ်သည်။ သူတို့တွင် လင်းချန်ကို ပြန်လည် တိုက်ခိုက်ရန် အင်အား မရှိတော့ပေ။ အားလုံးမှာ ကိုယ့်ရန်သူကိုယ် ရင်ဆိုင်နေရပြီး အသာစီးရရန်ပင် ခက်ခဲနေသည်။

"ဟားဟား ကောင်လေး လင်းချန် မင်း စကားက ငါ့စိတ်ကြိုက်ပဲ။"

မိစ္ဆာဘိုးလေးကရယ်မောလျက်ပြောသည်။

"လွမ် ကို သတ်ပြီးရင် ငါလည်း ဖရိုဖရဲအဆင့်ကို တက်လှမ်းနိုင်တော့မယ်။"

လင်းချန်သည် လျူကျွင်းချန်ကို ကြည့်ကာ လင်းတုံအား

"ဘိုးဘေး အခုနက ခွေးဟောင်သံ ကြားလိုက်သေးလား။ သူ ဘာပြောနေတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ လူဖြစ်နေတော့ ခွေးစကားကို နားမလည်နိုင်ဘူးဗျာ။"

လင်းတုံက သဘောကျစွာ ရယ်မောလိုက်

သည်။ လျူကျွင်းချန်သည် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကာ

"ကောင်စုတ်လေး သေစမ်းးး"

အော်ဟစ်လျက် လင်းချန်အား အားကုန်သုံး၍ တိုက်ခိုက်တော့သည်။ သို့သော် တာအိုဘိုးဘေး လီအာက လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုစွမ်းအားများကို အမှုန်အမွှားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

"ခွေးအိုကြီး ခွေးလို့ ခေါ်တာကို မကျေနပ်ဘူးလား လာခဲ့လေ ခွေးအိုကြီး လျူကျွင်းချန်ရေ မင်း သေရမယ့်အချိန် တန်

ပြီ။"

"မြန်မြန်အဆုံးသတ်ကြရအောင်။ ငါတို့ တာအိုပြည်နယ် ၃၀၀၀ ရဲ့ ရလဒ်ကို တစ်ကမ္ဘာလုံးကို ကြေညာပေးလိုက်ကြမယ်။"

"ကျွန်တော်တို့လည်း စောင့်ရတာ ပျင်းလာပြီ။"

လင်းချန်တို့ သုံးဦးက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ပြီးနောက် မိမိတို့၏ ရန်သူများကို အမြစ်ပြတ် ချေမှုန်းရန်အတွက် အားအပြည့်ဖြင့် ခုန်ဝင်သွားကြတော့သည်။