အခန်း ၂၉၉-၃၀၀ (ဇာတ်သိမ်း)
Vol. 30 Ch. 299-300
အခန်း ၂၉၉ - လျူကျွင်းချန် ပုန်းအောင်းနေသည့်နေရာ။
လင်းချန်သည် သူကိုယ်တိုင်ပင် မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို အတိအကျ မသိရှိပေ။ ၎င်းသည် ဖရိုဖရဲအဆင့်နှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားခြားနားနေသည်။
ယခင်က သူတွေ့ဆုံခဲ့ဖူးသည့် ဖရိုဖရဲအဆင့် ကျွမ်းကျင်သူတို့၏ ကမ္ဘာ များသည် တာအိုပြည်နယ် ၃၀၀၀ တစ်ခုစာမျှသာ ရှိကြသည်။
သို့သော် လင်းချန်၏ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာတိုင်းသည် အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်လှပြီး တာအိုပြည်နယ် ၃၀၀၀ ပေါင်း ရာဂဏန်းထက်ပင် ပိုမိုကြီးမားနေသည်။
အရေးအကြီးဆုံးအချက်မှာ လင်းချန်သည် ကမ္ဘာ၏ အနှစ်သာရများ အချိန်စီးဆင်းမှုများနှင့် သက်ရှိတို့၏ ကံကြမ္မာကိုပါ ထိန်းချုပ်နိုင်သည့်အလား အားလုံးကို အာရုံခံနိုင်လာသည်။
ဤသည်မှာ သူသည် သာမန် ဖရိုဖရဲအဆင့် မဟုတ်ဘဲ ထိုအဆင့်ကို ကျော်လွန်နေသည့် အဆင့်သစ်တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
"ကောင်းပြီ ငါ့ရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရအောင်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ ထျန်းယီနန်းတော်ရဲ့ ခေါင်းဆောင် လျူကျွင်းချန် ကို ရှာတွေ့နိုင်မလား။"
ယခင်က တာအိုဘိုးဘေး လီအာနှင့် မိစ္ဆာဘိုးဘေးတို့ပင် ရှာဖွေ၍မရခဲ့သော လျူကျွင်းချန်ကို လင်းချန်သည် စိတ်အာရုံဖြင့် ချက်ချင်းပင် ရှာတွေ့လိုက်သည်။
လျူကျွင်းချန်သည် အာကာသလွှာအတွင်းရှိ လျှို့ဝှက်သော အာကာသနယ်မြေတစ်ခုတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။
ဝေးလံလှသော ထိုလျှို့ဝှက်နယ်မြေအတွင်း၌ လျူကျွင်းချန်သည် ဒဏ်ရာများကို ကုသနေရင်း ရုတ်တရက် တုန်လှုပ်သွားသည်။
တစ်စုံတစ်ယောက်က သူ့ကို အာရုံခံနေသယောင် ခံစားလိုက်ရသည်။
"တာအိုပြည်နယ် ၃၀၀၀ အထူးသဖြင့် အဲ့ဒီကောင်လေး လင်းချန်... ငါ ပြန်ကောင်းလာရင် မင်းကို အနှစ်သန်းပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်မယ်။"
လျူကျွင်းချန်က ဒေါသတကြီး ကြုံးဝါးနေသည်။
နန်းတော်အတွင်း၌ ရှိနေသော လင်းချန်သည် လျူကျွင်းချန်၏ စကားများကို ကြားလိုက်ရပြီးနောက်တွင် အနည်းငယ် ပြုံးလိုက်သည်။
သူသည် လျူကျွင်းချန်ကို ရှာတွေ့ရုံတင်မကဘဲ သူ၏ စကားများကိုပါ ကြားနေရသည်။
သူသည် အချိန်ဆွဲမနေတော့ဘဲ လျူကျွင်းချန်ရှိရာသို့ ချက်ချင်းပင် ခုန်ဝင်သွားလိုက်သည်။
လျှို့ဝှက်နယ်မြေအတွင်းသို့ လင်းချန် ရောက်ရှိသွားသောအခါ လျူကျွန်းချန်မှာ တုန်လှုပ်သွားပြီး
"ဘယ်သူလဲ။"
လင်းချန်သည် အေးဆေးစွာ ပြုံးလိုက်ပြီး
"မင်းကို ဖမ်းဖို့ လာတဲ့သူ။"
အခန်း ၃၀၀ - ငါသည်... ထာဝရ အမြင့်မြတ်ဆုံး ဖြစ်သည်။
လျူကျွင်းချန်သည် လင်းချန်ကို ကြည့်ကာ ဒေါသတကြီးဖြင့်
"လင်းချန် မင်း... မင်း ဘယ်လိုလုပ် ဒီနေရာကို ရှာတွေ့တာလဲ။"
"မင်း သိစရာမလိုဘူး။ မင်း သိရမှာက မင်းကို တာအိုပြည်နယ် ၃၀၀၀ ဆီ ပြန်ခေါ်သွားတော့မယ်ဆိုတာပဲ။"
လျူကျွင်းချန်သည် လင်းချန် တစ်ဦးတည်းလာသည်ကို မြင်သောအခါ
"လီအာနဲ့ လင်းတုံ မပါဘူးလား။ မင်းလို နတ်ဘုရားဧကရာဇ်အဆင့် ကောင်လေးက ငါ့ကို ဘာလုပ်နိုင်မှာလဲ။"
ဖရိုဖရဲအဆင့်၏ အထွတ်အထိပ် အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။
သို့သော် လင်းချန်အတွက်မူ ထိုဖိနှိပ်မှုမှာ လေနုအေးမျှသာ ဖြစ်နေသည်။
"မင်း ငါ့ကို နတ်ဘုရားဧကရာဇ်အဆင့်ပဲလို့ ထင်နေတာလား။ မင်းက ဝက်တစ်ကောင်လိုပဲ ဉာဏ်နည်းတာပဲ။"
လင်းချန်သည် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ဝါးသည် လျူကျွင်းချန်၏ ခေါင်းပေါ်သို့ ကျရောက်သွားရာ လျူကျွင်းချန်၏ စွမ်းအားများမှာ ချက်ချင်းပင် ပျက်ပြယ်သွားသည်။
လင်းချန်သည် လျူကျွင်းချန်ကို ကြက်ကလေးတစ်ကောင်ကဲ့သို့ အလွယ်တကူ ဆွဲမလိုက်သည်။
"မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး ငါက ဖရိုဖရဲအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်လေ။"
လျူကျွင်းချန်မှာ ယုံကြည်နိုင်ဖွယ်မရှိသော ထိတ်လန့်မှုဖြင့် အော်ဟစ်နေသည်။
လင်းချန်သည် သူ့ကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး
"ငါကတော့ ကမ္ဘာကို ထိန်းချုပ်နိုင်တဲ့ အဆင့်သစ်တစ်ခုကို ရောက်သွားပြီထင်တယ်။"
ထို့နောက် သူသည် လျူကျွင်းချန်ကို ဆွဲယူကာ တာအိုပြည်နယ် ၃၀၀၀ ၏ နန်းတော်သို့ ပြန်လည်ရောက်ရှိသွားသည်။
နန်းတော်ရှိ ကျွမ်းကျင်သူများမှာ လျူကျွင်းချန်ကို မြင်လိုက်ရသည့်အခါ အလွန်အံ့ဩသွားကြသည်။
"လျူကျင်းချန် သူက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့သူလေ။"
လင်းချန်က သူသည် ဖရိုဖရဲအဆင့်ထက် ကျော်လွန်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် လောကတစ်ခုလုံးကို စောင့်ကြည့်နိုင်စွမ်း ရှိကြောင်း ပြောပြလိုက်သည်။
ထိုစဉ် လင်းတုံ၏ ကျင့်ကြံရာနေရာမှ အောင်မြင်စွာ တက်လှမ်းနိုင်ကြောင်း ရယ်မောသံ ထွက်ပေါ်လာသည်။
"ဟားဟား ဒီနေ့ ငါ လင်းတုံ ဖရိုဖရဲအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပြီ။"
တာအိုပြည်နယ် ၃၀၀၀ မှ ကျွမ်းကျင်သူများမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ လီအာနှင့် မိစ္ဆာဘိုးဘေး တို့သည်လည်း လင်းချန်၏ အဆင့်မှာ သာမန်မဟုတ်ကြောင်း သိရှိသွားကြသည်။
"မင်းက ဖရိုဖရဲအဆင့်ကို ကျော်လွန်သွားတာလား။"
လင်းချန်က ခေါင်းညိတ်သည်။
"ကျွန်တော် ကမ္ဘာ့အရာအားလုံးကို မြင်နိုင်တယ်။ ထိန်းချုပ်နိုင်တယ်လို့ ခံစားရတယ်"
သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် ကြီးမားသော ပုံရိပ်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။
"ငါ့နာမည် လင်းချန် တာအိုပြည်နယ် ၃၀၀၀ က လာတာ။ ဒီနေ့မှာ ငါ ထာဝရ အမြင့်
မြတ်ဆုံးအဆင့်ကို ရောက်ရှိသွားပြီ။"
"ဒီနေ့ကစပြီး တစ်ကမ္ဘာလုံးရဲ့ အရာအားလုံးဟာ ငါ့ရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်။ ငါ့ရဲ့ စိတ်ဆန္ဒဟာ ထာဝရရဲ့ စိတ်ဆန္ဒပဲ။"
သူ၏ အသံမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။ သက်ရှိအားလုံးမှာ သူ၏ တန်ခိုးတော်ကို အသိအမှတ်ပြုကာ ဒူးထောက်ရိုသေကြသည်။ တာအိုပြည်နယ် ၃၀၀၀ သည်လည်း စကြဝဠာ၏ အင်အားအကြီးဆုံး အင်အားစုအဖြစ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
လင်းချန်သည် ကောင်းကင်ဘုံအပြင်
ဘက်ကို ကြည့်ကာ...
"ဒီထက် ပိုဝေးတဲ့ နေရာမှာ ဘာတွေရှိဦးမလဲ။"
{ဇာတ်သိမ်းပါပြီ}