အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ အကြောင်းပြချက်
ယန်ကွမ်းတစ်ယောက် ဆွံ့အလျက် မုရှောင်ဝမ်ကို ကြည့်ကာ ပြန်မေးလိုက်၏။
"လခွမ်း ခဗျားတစ်ယောက်တည်းလား ..ဒီလောက် လူအများကြီးကို ခဗျားတစ်ယောက်တည်း ရင်ဆိုင် မလို့လား.."
မုရှောင်ဝမ်က နှုတ်ခမ်းကလေးဆူကာ ရွဲ့ပြောလို က်သည်။
"အေး ဟုတ်တယ်..မနိုင်ရင်လည်း နေပါစေ…အလွန် ဆုံးရှိလှ သူတို့လက်ချက်နဲ့ ဒုက္ခိတဖြစ်သွားရုံပဲပေါ့.. ငါ့ကို ဘယ်သူမှလည်း ကူညီမှာမှ မဟုတ်တာ.."
"အာ... ကျွန်တော်က အဲ့ဒီသဘောနဲ့ ပြောတာမ ဟုတ်ပါဘူးဗျာ.."
သူမ၏ စိတ်ကောက်နေသည့် ပုံရိပ်ကလေးကို မြင် တော့ ယန်ကွမ်းလည်း အလျှော့ပေးလိုက်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ ပြန်ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော်.ကူညီမယ်..ဒါပေမဲ့ ခဗျားမှာ ခို င်လုံတဲ့ အကြောင်းပြချက်ရှိရမယ်နော်..ပြီးတော့ ကျွန်တော်က အားနည်းသူကို နိုင်ထက်စီးနင်းလုပ် တာမျိုးတော့ လက်မခံနိုင်ဘူးဗျ…”
မုရှောင်ဝမ်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ယန် ကွမ်းဘက်သို့လှည့်ကာ ပြောလိုက်၏
"အမ် ငါက တခြားလူက်ု အဲ့လိုမျိုး လိုက်လံ ဗိုလ် ကျနေတာ နင်မြင်ဖူးလို့လား.."
"အင်း... အဲ့ဒါလည်း ဟုတ်သားပဲ.."
ယန်ကွမ်း ပြုံးရုံသာပြုံးပြီး ဘာမှထပ်မပြောတော့ ပေ။
သူ လှည့်ကြည့်လိုက်သည့်အခါ ထိပ်ပြောင်ကြီး လွဲ ၍ ကျန်ရှိသော ခြောက်ယောက်စလုံးက သူ့ကို မဖေ ာ်ရွေသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ပုခုံးတွန့်ကာ ပြောလိုက်၏။
"ကျွန်တော့်ကို အဲ့လို ကြည့်မနေနဲ့.. ကျွန်တော်က ဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူးဗျ..”
ထိုလူစုထဲမှ တစ်ယောက်က မေးလိုက်သည်။
"ကောင်လေး… ဒီမိန်းကလေးနောက်ကို မင်း လိုက် ရင် မင်းခြေထောက်တွေ ကျိုးသွားနိုင်တယ်ဆိုတာ မင်းမသိဘူးလား.."
"မကြောက်ပါဘူး..ကျွန်တော်ကယ. ဆင်းရဲတော့ မိ န်းမယူဖို့ ပိုက်ဆံမရှိဘူးလေ..ခင်ဗျားတို့က ကျွန်တေ ာ့်ခြေထောက်ကို ရိုက်ချိုးလိုက်ရင် လျော်ကြေးပေး ရမှာပဲ.. အဲ့ဒါဆိုရင် ကျွန်တော် ချမ်းသာသွားပြီပေါ့”
"ဘယ်ရွာက ရူးကြောင်ကြောင်ကောင် ရောက်လာ တာလဲဟ ဒီကြားထဲ ပိုက်ဆံတောင် လိုချင်နေသေး တယ်ကွာ..ဟားဟားဟား.."
ထိုစကားတစ်ခွန်းကြောင့် တစ်ဖက်လူများမှာ ပြက် လုံးတစ်ခု ကြားလိုက်ရသလို ကျယ်လောင်စွာ ဟား တိုက်ရယ်မောလိုက်ကြသည်။ယန်ကွမ်းကလည်း အားကျမခံ ထပ်ပြောလိုက်၏။
"ဘာလဲ…ခင်ဗျားတို့က လျော်ကြေးမပေးဘဲ ကလိ မ်ကကျစ်လုပ်မလို့လား…"
မုရှောင်ဝမ်က မကျေမချမ်းဖြင့် ဝင်ပြောလိုက်သည် ။
"လျော်ကြေးမပေးရုံတင်မကဘူး..သူတို့က ရွံစရာ ကောင်းတဲ့ အလုပ်မှန်သမျှ အကုန်လုပ်ရဲတာ..ငါ့ရဲ့ အတန်းဖော်တစ်ယောက်ဆို သူတို့ကြောင့် တိုက်ပေါ် ကနေ ခုန်ချသေကြောင်းကြံတဲ့အထိ အကျပ် ကိုင်ခံ ခဲ့ရတာ.နင်သိလား.အဲ့တာတွေ..."
"အော်... အဲ့လိုမျိုးအထိတောင် ရှိတာလား?"
ယန်ကွမ်းတစ်ယောက် အံ့အားသင့်သွားပြီးနောက် သူမဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အမ်..ဘာလို့လည်း..”
မုရှောင်ဝမ်က အံကြိတ်ကာ ရှင်းပြလိုက်၏။
"ဟယ်ဇီတုန်းနဲ့ ဒီကောင်တွေအကုန်လုံးက ငွေအတိုး
တိုးကြီးစားတဲ့ ကောင်တွေလေ..သူတို့က ကျွန်မ အ တန်းဖော်ကို လှည့်စားပြီး တစ်ကျပ်ချေးရင် သုံးကျ ပ်ကျော် ပြန်ဆပ်ခိုင်းတာ..”
"တောက်... သွေးစုပ်ဖုတ်ကောင်တွေပဲ..”
ယန်ကွမ်း၏ မျက်လုံးများက ပြောင်းလဲသွားပြီး တ စ်ဖက်လူများကို မျက်မှောင်ကုတ်ကာ စိုက်ကြည့်လို က်သည်။ထိုအချိန်တွင် ထိပ်ပြောင်ကြီးမှာ ဖုန်းချလို က်ပြီးနော က် ပြုံးစိစိဖြင့် လျှောက်လာကာ ပြောလို က်၏။
"မမလေးမု... သခင်လေးဟယ်က မကြာခင် ပြန် ရောက်တော့မှာပါ..သူက မမလေးကို ရုံးခန်းထဲမှာ လက်ဖက်ရည်သောက်ရင်း စောင့်နေဖို့ မှာလိုက်တ ယ်.. မိနစ်ပိုင်းအတွင်း ပြန်ရောက်လာမှာပါ…”
မုရှောင်ဝမ်က လက်ပိုက်ကာ ခပ်အေးအေး လေသံ ဖြင့် တုံ့ပြန်လိုက်၏။
"မလိုဘူး.. နင်တို့လက်ဖက်ရည်ထဲ အဆိပ်ပါမှာ ကြောက်တယ်..ငါ ဒီမှာပဲ စောင့်မယ်”
"ဘာပဲဖြစ်ဖြစ် မမလေးတို့က အတန်းဖော်တွေပဲဟာ အဲ့လိုမပြောပါနဲ့..ရောက်တုန်းရောက်ခိုက် အထဲ ဝင် ထိုင်ပါ့လား.. သခင်လေးဟယ်က မမလေးမုကို သေ သေချာချာ ဧည့်ခံဖို့ အထူးတလည် မှာထားတာဗျ”
ထိပ်ပြောင်ကြီးက ထိုသို့ပြောရင်း ဘေးမှ လူများကို မျက်ရိပ်ပြလိုက်သည်။
ထိုအခါ လူခုနစ်ယောက်စလုံးသည် ယပ်တောင်ပုံစံ အစီအရီနေရာယူလိုက်ပြီး မုရှောင်ဝမ်နှင့် ယန်ကွမ်း
တို့နှစ်ဦးအား မသိမသာ ဝိုင်းရံထားသည့် ပုံစံမျိုး ပြုလုပ်လိုက်၏။
မုရှောင်ဝမ်က မျက်မှောင်ကုတ်လျက် အေးစက်စွာ မေးလိုက်သည်။
"ဘာလဲ.. ငါက..အထဲမဝင်ရင် နင်တို့က အတင်း အ ဓမ္မ ခေါ်မလို့လား..”
ထိပ်ပြောင်ကြီးက ယုတ်မာညစ်ညမ်းသော လေသံ ဖြင့် ရယ်ကာ ပြောလိုက်၏။
"သခင်လေးဟယ်က ပြောတယ်..မမလေးမုက ကို ယ့် ဒီကို ရောက်လာတာ ရှားမှရှားမို့လို့..အတိတ်က အကြောင်းတွေ ပြောချင်လို့ပါတဲ့ ဟီးဟီးဟီး…”
ယန်ကွမ်းတစ်ယောက် ဆက်၍ နားမထောင်နိုင်တော့ ဘဲ ဖြတ်ပြောလိုက်သည်။
"ဟေ့ကောင်တွေ... ငါ့တစ်ယောက်လုံး ရှိနေတာကို မင်းတို့ မမြင်တာလား.."
ထိပ်ပြောင်ကြီးက ဒေါသတကြီး ပြန်မေးလိုက်သည် ။
"မင်းက ဘယ်ကောင်လည်း.. မင်းက ငါ့ အကြောင်း ကို မသိသေးဘူးနဲ့တူတယ်…”
"ခဗျား ဘယ်သူဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး..”
ပြောပြီးနောက် ယန်ကွမ်းက လျှပ်ခနဲ လှုပ်ရှားလိုက် ကာ သူသည် တစ်ဖက်လူ၏ ရှေ့သို့ ရုတ်တရက်ရော က်လာခဲ့သည်။
“ဖြောင်း…”
ထိပ်ပြောင်ကြီးမှာ မျက်လုံးအပြူးသားဖြင့် တုံ့ပြန် ရန် အချိန်ပင်မရလိုက်ဘဲ ပါးရိုက်ချက်တစ်ခု ဖြန်း ခနဲ ကျလာခဲ့သည်။ထိုပါးရိုက်သံမှာ မည်မျှပင် ပြင်း ထန်သလဲဆိုလျှင် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး ၌ ပဲ့ တင်ထပ်သွားရသည်အထိပင်။
"အကိုကြီးကွမ်..”
သူ့လက်အောက်ငယ်သားများက အလန့်တကြား အော်ကာ ချက်ချင်းပင် ယန်ကွမ်းအား ဝိုင်းလိုက်ကြ သည်။ယန်ကွမ်းက လက်ဦးမှုယူလိမ့်မည်ဟူ၍ မုရှေ ာင်ဝမ်က အိပ်မက်ပင် မမက်ခဲ့မိပေ။
သူမ၏ အစီအစဉ်အရဆိုလျှင် ဟယ်ဇီတုန်းနှင့် တွေ့ ဆုံပြီး အခြေအတင် စကားများကြသည့်အခါကျမှ ယန်ကွမ်းအား တစ်ဖက်လူများထဲမှ တစ်ယောက် ယောက်နှင့် စိန်ခေါ်ထိုးသတ်ခိုင်းရန် စိတ်ကူးထားခြ င်းဖြစ်၏။
သို့သော်လည်း ကောင်စုတ်လေးက စကားအရှည် ကြီး ပြောမနေဘဲ လူခုနစ်ယောက်စလုံးကို စိန်ခေါ် လိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။
ထို့ကြောင့် မုရှောင်ဝမ်တစ်ယောက် ခဏမျှ ကြောင် အသွားပြီးမှ မျက်လုံးအဝိုင်းသားဖြင့် အလန့်တကြာ း အော်ပြောလိုက်မိသည်။
"ယန်ကွမ်း...မလုပ်နဲ့.. “
ယန်ကွမ်းက သူမကို မျက်စောင်းတစ်ချက် ထိုးလို က်ပြီးနောက် သူ့ထံသို့ ပြေးဝင်လာသော လူတစ်ယေ ာက်ကို အရှိန်ပြင်းပြင်းဖြင့် ကန်ထုတ်လိုက်သည်။
“ဖောင်း.. “ဖြောင်း..ဖြောင်း ဖြောင်း..”
“အားယိုး…သေပါပြီ…” “အောင်မလေးဗျ..”
ထို့နောက်တွင်တော့ မုရှောင်ဝမ်၏ မှင်သက်နေသော အကြည့်များအောက်၌ ယန်ကွမ်းသည် မျက်စိတစ် မှိတ်အတွင်း ထိုလူခုနစ်ယောက်စလုံးကို မြေပြင်ပေါ် သို့ လှဲသိပ်ပစ်လိုက်၏။
ယန်ကွမ်းက ထိုသို့ အရိုက်အနှက်ကြမ်းရုံတင် အား မရသေးဘဲ စောစောက သူ့ခြေထောက်ကို ရိုက်ချိုး မည်ဟု ကြုံးဝါးခဲ့သော ကောင်၏အနားသို့ လျှောက် လာကာ စိန်ခေါ်လိုက်သည်။
"ဟရောင်....စောနက.. ငါ့ခြေထောက်ကို မင်း ချိုး မယ်ဆို..ကဲ... အခု မင်းကို အခွင့်အရေးပေးမယ် လာချိုးလေကွာ..”
"......."
ထိုလူမှာမူ ဝမ်းဗိုက်ကို အကန်ခံထားရသဖြင့် အစာ များပင် အန်ထွက်မတတ် ဖြစ်နေကာ စကားတစ်ခွန်း ပင် ပြန်မပြောနိုင်ရှာပေ။
"မင်းက မချရဲဘူးဆိုတော့လည်း ငါပဲ စလိုက်တော့ မယ် ရော့ကွာ...."
ယန်ကွမ်းက ပြုံးလိုက်ပြီးနောက် ခြေထောက်ကို မြှောက်ကာ ကန်ထည့်လိုက်၏။
"အု့.."
ထိုအသံနှင့်အတူ မြေပြင်ပေါ်တွင် လဲကျနေသော ထို လူ၏ ခန္ဓာကိုယ်မှာ အရှိန်ဖြင့် လိမ့်ထွက်သွားပြီး ခုန စ်ကိုးမီတာခန့် အကွာအဝေးသို့ ရောက်မှသာ ရပ်တ န့် သွားပေသည်။
ယန်ကွမ်းက ထိုလူ၏ ခြေထောက်ကို တကယ်တမ်း ချိုးပစ်ခြင်းမျိုး မဟုတ်ဘဲ စောစောက သူ့အား ရူး ကြောင်ကြောင်ကောင်ဟု ဆဲဆိုခဲ့သောကြောင့် ရန် ငြိုးဖွဲ့ကာ နှိပ်ကွပ်လိုက်ခြင်းသာ ဖြစ်၏။
ထိုလူကို ကန်ထုတ်ပြီးနောက် သူက ထိပ်ပြောင်ကြီး ဘက်သို့ လှည့်ကာ တစ်လှမ်းချင်း လျှောက်လာပြန် သည်။
ထိပ်ပြောင်ကြီးမှာ မျက်လုံးအိမ်များ ကျုံ့ဝင်သွားက ာ အလန့်တကြား ထထိုင်ပြီး လက်နှစ်ဖက်ကို ခါ လျက် ကပျာကယာတောင်းပန်လိုက်၏။
"မလုပ်ပါနဲ့... ဒီကို မလာပါနဲ့တော့.. ကျွန်တော် အရှုံး ပေးပါတယ်ဗျာ.."
"အမ်..ဒီလောက်လေးနဲ့လား..ငါ မင်းကို ပါးတစ်ချ က်ပဲ ရိုက်ရသေးတာလေ.."
"မဟုတ်ပါဘူး..အကိုကြီးရာ... ကန်လည်း ခံရပါသေ းတယ်..ကျွန်တော့်တင်ပါးလည်း အကန်ခံလိုက်ရပ ါသေးတယ်ဗျာ.."
"အော်... စောစောက တင်ပါးတွေ အများကြီးဆိုတေ ာ့ ဘယ်သူ့ဟာလဲဆိုတာ ငါ သေချာမမြင်မိလိုက် လို့ပါကွာ.."
ထိုသို့ပြောပြီးနောက် ယန်ကွမ်းက ဆက်မေးလိုက် သည်။
"အစ်ကိုကွမ်ဆိုတာလား..... မင်းကို ငါရိုက်တာ မှန် လား.."
"......."
ဤမေးခွန်းကြောင့် အကိုကွမ်တစ်ယောက် ခေတ္တမျှ ကြောင်အသွားပြီးနောက်မှ အသည်းအသန် ခေါင်း ညိတ်ပြာကာ ပြန်ဖြေလိုက်၏။
"မှန်ပါတယ်...အရမ်း မှန်ပါတယ်ခင်ဗျာ..”
" ဒါဆို ငါက ဘာဖြစ်လို့ မင်းကို ရိုက်တာလဲ မင်း သိ လား..”
"ကျွန်တော် အတင့်မရဲသင့်ပါဘူး.. မမလေးမု အပေ ါ် ကိုလည်း မရိုမသေ မလုပ်သင့်ပါဘူး"
"အိုး..မင်းက. အကွက်မြင်သားပဲ..”
ယန်ကွမ်းက လက်မထောင်ပြကာ ဆက်ပြောလိုက် ၏။
"မင်းက ခေါင်းဆောင်ဖြစ်နေတာ မဆန်းပါဘူး.. ဒီ လောက်အထိ အတွေးအခေါ် မြင့်မားနေတာကိုး..”
အစ်ကိုကွမ်.."……."
ယန်ကွမ်း လှည့်ကြည့်လိုက်သောအခါ မုရှောင်ဝမ် က သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသ ည်ကို တွေ့ရသဖြင့် အနားသို့ လျှောက်သွားကာ မေး လိုက်သည်။
"အခြေအနေကတော့ ပြီးသလောက်ရှိပြီ..အခု ဟို ဟယ်ဆိုတဲ့ကောင် ပြန်လာတာကိုပဲ စောင့်ကြမလား”
"အင်း..”
မုရှောင်ဝမ်၏ မျက်လုံးများမှာမူ ပြုးရင်း ယန်ကွမ်း ကို ကြည့်ကာ ပြောလိုက်၏။
"သူ့လက်ထဲမှာ စာချုပ်တစ်စောင်.. ရှိတယ်..အဲ့ဒါ ကို ယူပေးပါ..ဒါဆိုရင် ငါ့ အတန်းဖော်ရဲ့ ကိစ္စက ပြီး ပြတ်သွားပြီ.."
"ကောင်းပြီလေ... ကျွန်တော် ကြိုးစားကြည့်ပေးပါ့ မယ်.."
ယန်ကွမ်းက ခေါင်းညိတ်ပြပြီးနောက် ဆက်မေးလို က်သည်။
"ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပေးပြီးရင် ကားမှ န်ကိစ္စက ကျေသွားပြီ မဟုတ်လား…”
"ဒါကတော့..."
မုရှောင်ဝမ်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ခြေ ဖျားကလေးတစ်ဖက်ဖြင့် မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ လှည့်ပတ်ဆော့ကစားရင်း ပြန်ဖြေလိုက်သည်။
"ဒါလေးတင်ဆိုရင်တော့ မလောက်သေးဘူး ထင် တယ်..”
ယန်ကွမ်းတစ်ယောက် အံ့အားသင့်သွားကာ ဒီမုရှော င်ဝမ်က သူ့အား သေတွင်းထဲဆွဲခေါ် ရန် ကြံစည်နေ သည်ဟု ခံစားလိုက်ရသဖြင့် ကပျာကယာ ဖြတ်ပြေ ာလိုက်သည်။
"ဟေ့... ခဗျား ကတိဖျက်လို့မရဘူးလေ.. အစတုန်း က သေသေချာချာ သဘောတူထားပြီးသားဥစ္စာ.."
မုရှောင်ဝမ်က မျက်လုံးအဝိုင်းသားဖြင့် ပြန်မေးလို က်၏။
"ဘယ်သူက ကတိဖျက်လို့လဲ..ရှင် ကျွန်မရဲ့ သက် တော်စောင့်လုပ်ပေးဖို့ သဘောတူထားတာလေ.. ဒါ ပေမဲ့ တစ်ခါတည်းနဲ့ ပြီးသွားမယ်လို့ ကျွန်မ မပြောခဲ့ ပါဘူး..အနည်းဆုံးတော့ ဒီနေ့တစ်နေ့ ကုနတဲ့ အထိ တော့ ဖြစ်ရမယ် မဟုတ်ဘူးလား…”
"ဒါဆိုရင် ကျွန်တော်က ခဗျားနဲ့အတူ တစ်ညလုံး ရှိ နေပေးရမှာလားဗျ..ဟီးဟီး..”
မုရှောင်ဝမ်၏ မျက်နှာကလေးမှာ ရုတ်တရက် နီမြန်း သွားကာ ယန်ကွမ်းအား နှာခေါင်းရူပ်ကာ ပြန်ပြော လိုက်သည်။
"အံမယ်... စိတ်ကူးယဉ်နေလိုက်တာ သွားစမ်းပါ..”
ထို့နောက် သူမက ချက်ချင်းပင် ဆက်ပြောလိုက်၏။
"အဲ့လောက်အထိလည်း နောက်မကျပါဘူး.. အလွန် ဆုံးရှိလှ ဒီနေ့ည ဆယ်နာရီဆိုရင် ရှင့်ကို အိမ်ပြန်လွှ တ်ပေးမှာပါ.."
"ကောင်းပြီလေ... ဒါဆိုရင်လည်း ခဗျား ကတိတည် ရမယ်နော်..မဟုတ်လို့ကတော့ ကျွန်တော် တကယ် စိတ်ဆိုးမိမှာဗျ.."
“ဝူး..ဝူး..”” ကျွီ…”
သူတို့ စကားပြောနေစဉ်မှာပင် ခြံဝင်းထဲသို့ အဖြူ ရောင် ဇိမ်ခံကားတစ်စီး မောင်းနှင်ဝင်ရောက်လာပြီး ဘရိတ်ကို အရှိန်ပြင်းပြင်း နင်းလျက် ရပ်တန့်သွား ခဲ့သည်။
ကားထဲမှ လူသည် ကွင်းအတွင်းရှိ မြင်ကွင်းကို မြင် လိုက်ရသည့်အခါ ခေတ္တမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် အနောက်ဂီယာထိုးကာ မောင်းပြေးရ န် ပြင်တော့သည်။
အခန်း ၄၂ ညှိနိူင်းခြင်း
ထိုမြင်ကွင်းကို ကြည့်ကာ ယန်ကွမ်းက လှောင်ပြုံး ပြုံးကာ ပြောလိုက်၏။
"ဒီအထိ ရောက်လာပြီးမှတော့ ပြန်လှည့်ပြေးဖို့ မစဉ် းစားနဲ့တော့ အဲ့လောက် မလွယ်ဘူး..”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် ကားရှိရာ သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
မုရှောင်ဝမ်က "သတိထားဦး" ဟူ၍ လှမ်းအော်ရန် ပြ င်လိုက်စဉ်မှာပင် ယန်ကွမ်းက ကားခေါင်းခန်းပေါ်သို့ ခုန်တက်ကာ ရှေ့လေကာမှန်ကြီးအား ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်၏။
"ခွမ်း.. " ”ကျွီ..”
ထိုနှင့်အတူ ကားမှန်ကြီးမှာ ပင့်ကူအိမ်သဖွယ် အက် ကွဲကြောင်းများ ဗရပွ ဖြစ်သွားရသဖြင့် ကားမောင်း နေသူမှာလည်း ထိတ်လန့်တကြား ဘရိတ်ကို ကပျာ ကယာ နင်းကာ ရပ်လိုက်ရသည်။
မှန်တစ်ချပ်လုံး ကြေမွသွားပြီဖြစ်ရာ ဆက်လက်မေ ာင်းရန်မှာမူ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ကားထဲမှလူမှာ ဒေါသအိုးပေါက်ကွဲလျ က် ကားတံခါးကို ဆောင့်ဖွင့်ကာ အော်ပြောလိုက်သ ည်။
"ဘယ်က ကောင်လဲ.. ငါ့နေရာမှာ လာပြီး ရမ်းကား ရဲတယ်ပေါ့လေ..”
"မင်းက ဟယ်ဇီတုန်းလား.."
ယန်ကွမ်းက မျက်မှောင်ကုတ်လျက် အေးအေးဆေး ဆေး မေးလိုက်၏။
"အေး... ငါပဲ..မင်းကရော ဘယ်သူလဲ.."
ဟယ်ဇီတုန်းသည် သူ့လူများ၏ သနားစဖွယ် လဲကျ နေသော ပုံစံကို မြင်လိုက်ရသဖြင့် ရှေ့ကလူငယ်မှာ သူကိုင်ရလွယ်ကူမည် လူ မဟုတ်ကြောင်း ရိပ်မိလို က်သည်။
သို့သော်လည်း သူသည် ဤမြို့နယ်အတွင်း၌ ဩဇာ အာဏာရှိပြီး လူသိများသူတစ်ဦး ဖြစ်သဖြင့် ပုံမှန် အတိုင်းပင် လေသံတင်းတင်းဖြင့် ပြန်လည် တုံ့ပြန် လိုက်ခြင်းဖြစ်သည်။
သို့ရာတွင် ယန်ကွမ်းကမူ သူ့အား အရေးပင် မစိုက် ဘဲ ပြုံးစိစိဖြင့် တစ်လှမ်းချင်း လျှောက်သွားကာ ဟ ယ်ဇီတုန်း၏ လည်ပင်းကို ဆတ်ခနဲ လှမ်းညှစ်ပြီး မု ရှောင်ဝမ် ရှေ့သို့ ခွေးသေတစ်ကောင်လို ဆွဲခေါ်လာ ၏။
"မင်း... မင်းက ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့လေ.."
မိန်းကလေးတစ်ယောက်၏ ရှေ့တွင် ခွေးတစ်ကော င်လို အတင်းဆွဲခေါ်ခြင်း ခံလိုက်ရသဖြင့် ဟယ်ဇီတု န်း၏ မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့သည်။
အထူးသဖြင့် မုရှောင်ဝမ်၏ ခနဲ့တဲ့တဲ့ အကြည့်ကို မြ င်လိုက်ရသည့်အခါ သိက္ခာကျလွန်းသဖြင့် သူသည် ဒေါသများ ထွက်လာခဲ့သည်။
သို့သော်လည်း ယန်ကွမ်းကမူ ဂရုမစိုက်သည့်အပြင် အေးစက်စွာ လှောင်ပြောင်လိုက်၏။
"ဟယ်ဇီတုန်း... မင်း ဘယ်သူပဲဖြစ်ဖြစ်..မင်း နောက် ခံက ဘာပဲရှိရှိ... ဒီနေ့ ငါခိုင်းတာကို မလုပ်ရင်တော့ မင်းဘဝ ပျက်ပြီသာမှတ်.."
"အမ်..မင်း... မင်း ဘာလုပ်မလို့လဲ.."
ဟယ်ဇီတုန်းသည် ထိုစကားကို ကြားလိုက်ရသည်နှ င့် အလိုလို ထိတ်လန့်သွားကာ နောက်သို့ နှစ်လှမ်းခ န့် ဆုတ်မိလိုက်သည်။
ယန်ကွမ်းက ထိုလူအား ဆက်ပြီး အရေးမစိုက်တော့ ဘဲ မုရှောင်ဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ကဲ...အခု ခဗျား..အလှည့် ရောက်ပြီ.."
"ဟဲ့..ဟယ်ဇီတုန်း... ငါ ဒီကိုလာတာ ချူချင်းရဲ့ စာ ချုပ်အတွက်ပဲ..အဲ့ဒါကို နင် အခုချက်ချင်း ထုတ် ပေးစမ်း .."
"အော် ဒီကိစ္စမှန်း ငါ သိသားပဲ.."
ဟယ်ဇီတုန်းက မျက်မှောင်ကုတ်လိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ ဆက်ပြောလိုက်၏။
"ဟက်ဟက်..မုရှောင်ဝမ်... နင့်မိသားစုက အင်အား တောင့်တင်းတယ်ဆိုပေမဲ့ ဒီလောက်အထိ အနိုင်ကျ င့်လို့မရဘူးလေ. ဟုတ်တယ်မလား.."
မုရှောင်ဝမ်က ဒေါသတကြီး ပြန် ပြောလိုက်သည်။
"ငါက နင့်ကို ဘာလို့ အနိုင်ကျင့်ရမှာလဲ.. ငါတို့ အား လုံးက အတန်းဖော်တွေပဲဥစ္စာ.. နင်က ဘာဖြစ်လို့ ချူချင်းကို ဒီလောက်အထိ နှိပ်စက်ညှဉ်းပန်းနေရ တာလဲ”
"အလုပ်တစ်ခုမှာ သူ့စည်းကမ်းနဲ့သူ ရှိတယ်..သူက ပိုက်ဆံချေးပြီး စာချုပ်ချုပ်ထားတာပဲ သဘောတူ ညီချက်အတိုင်း ပြန်ဆပ်ရမှာပေါ့..ဒါက နင် ဝင်ပါလို့ ရတဲ့ကိစ္စ မဟုတ်ဘူး..”
မုရှောင်ဝမ်က အသံကျယ်ကျယ်ဖြင့် သတိပေးလို က်၏။
"ဒါဆိုရင်လည်း အဲ့ဒီပိုက်ဆံကို ငါပဲ အစားလျော်ပေ းမယ်။ နောက်တစ်ခါ နင် ချူချင်းကို ထပ်ပြီး နှော င့်ယှက်ရဲရင်တော့ နင်နဲ့ငါ အသေအကြေပဲဆိုတာ မှ တ်ထား.."
ဟယ်ဇီတုန်းက ခနဲ့တဲ့တဲ့ ပြုံးပြီး ပြောလိုက်သည်။
"နင်က သူ့ကိုယ်စား ဆပ်ပေးမလို့လား.. ငါက အဲ့ဒီ ပိုက်ဆံကို လက်မခံနိုင်ဘူး..”
"တောက်... ဘာကွ.."
ယန်ကွမ်းက ထိုလူကို စိုက်ကြည့်လိုက်ပြီးနောက် မု ရှောင်ဝမ်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ခဗျားရဲ့ အတန်းဖော်လေးက တော်တော်လေး ချေ ာတယ်မလား.."
"အေး အဲ့ဒါကို နင်က ဘာလို့ မေးတာလဲ.."
"ဟမ့်.. အခုထိ ခဗျားက သဘောမပေါက် သေးဘူး ပဲ ဒီကောင်က တကယ်တမ်း ပိုက်ဆံလိုချင်နေတာ မ ဟုတ်ဘူး.. ဒီလူက အကြပ်ကိုင်ပြီး အကွက်ဆင်နေ တာ ဗျ..သူ ဘာတွေ စိတ်ကူးယဉ်နေလဲဆိုတာ ခဗျာ း မသိဘူးလို့တော့ မပြောနဲ့..”
မုရှောင်ဝမ်မှာမူ ဒေါသတကြီးဖြင့် ဟယ်ဇီတုန်းကို စို က်ကြည့်ကာ အော်ဟစ်ဆဲဆိုလိုက်၏။
"လူမဆန်တဲ့ ကောင်စုတ်.. နင်က တကယ့်ကို တိရစ္ဆ ာန်ထက် မိုက်ရိုင်းတဲ့ကောင်ပဲ..”
"......."
ဟယ်ဇီတုန်းမှာ ဆဲဆိုခံလိုက်ရသဖြင့် အောင့်သက် သက်ဖြစ်သွားပြီး ယန်ကွမ်းဘက်သို့ လှည့် မေးလို က်သည်။
"မင်းက ဘာကောင်လည်း..ဒါ မင်းနဲ့ ဘာဆိုင်လည်း ..”
"ငါက မုလေးရဲ့ ယာယီသက်တော်စောင့်ပဲ.. ဒီနေ့ သူ မရဲ့ ကိစ္စအဝဝကို ရှင်းပေးဖို့ ရောက်လာတာ..”
ယန်ကွမ်းက အေးအေးဆေးဆေး ပြောဆိုရင်း ရှေ့ သို့ တစ် လှမ်း တိုးလာကာ သတိပေးလိုက်၏။
"အမှိုက်ကောင်...ခဗျား အသိတရားရှိရင် စာချုပ် ကို ချက်ချင်း ပေးစမ်း.. မဟုတ်ရင်တော့ မင်း နောင် တ ရသွားမယ်.."
ဟယ်ဇီတုန်းသည် မူလကတည်းက ဒေသခံ လူမိုက် တစ်ဦးလည်း ဖြစ်၏။ယန်ကွမ်း၏ လွှမ်းမိုးမှုရှိသော အရှိန်အဝါကြောင့် စိုးရိမ်စိတ် အနည်းငယ် ဝင်သွား သော်လည်း သူ၏ ခေါင်းမာသော ဗီဇအတိုင်း ပြန် လည် အော်ဟစ်လိုက်သည်။
"မင်းမှာ အစွမ်းရှိရင် ယူသွားလိုက်လေ.."
"အဟက်...ခဗျားလို ခွေးအသက်ကို ယူဖို့ ကျုပ်က ပျင်းတောင် ပျင်းတယ်
ယန်ကွမ်း မျက်လုံးတစ်ချက် ဝေ့ ကြည့်လိုက်ပြီးနော က် လျှပ်စီးလက်သဖွယ် မြန်ဆန်လှသော လက်ဟန်
ဖြင့် ဟယ်ဇီတုန်း၏ ရင်ညွန့်နှင့် ဝမ်းဗိုက်ကြားရှိ သွေးကြောပိတ်အမှတ်တစ်ခုကို ဆတ်ခနဲ လှမ်း နှိပ် လိုက်၏။
ထိုလူမှာ အံ့အားသင့်သွားပြီး သူ့အား ယန်ကွမ်း ဘာ လုပ်သွားသလဲ ဆိုသည်ကို မေးရန် ပြင်လိုက်သော် လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ချက်နားတစ်ဝိုက်မှ စတင်ကာ သူ့ တစ်ကိုယ်လုံးသို့ စူးစူးရှရှနှင့် ကျဉ်စိမ့် သော ဝေဒနာဆိုးကြီးက ပျံ့နှံ့လာခဲ့သည်။
"အားး..နာလိုက်တာဗျာ..”
ဟယ်ဇီတုန်းတစ်ယောက် အော်ဟစ်ညည်းညူရင်း မြေပြင်ပေါ်သို့ လဲကျကာ လူးလိမ့်နေတော့သဖြင့် သူဝတ်ဆင်ထားသော တန်ဖိုးကြီး အဝတ်အစားများ မှာလည်း ချက်ချင်းပင် ဖုန်တထောင်းထောင်း ပေ ကျံသွားရရှာသည်။
မုရှောင်ဝမ်မှာမူ ခေတ္တမျှ ကြောင်အသွားပြီးနောက် ကပျာကယာ မေးလိုက်၏။
"ယန်ကွမ်း... ရှင် သူ့ကို ဘာလုပ်လိုက်တာလဲ.."
"ဘာမှမလုပ်ပါဘူး သူ့ရဲ့ ကျဉ်စိမ့်သွေးကြောအမှတ် ကို နှိပ်ပြီး ဒီကောင်စုတ်ကို နည်းနည်း ပညာပေးလို က်တာပါ.."
ယန်ကွမ်းက ပြုံးလျက် ထိပ်ပြောင်ကြီးဘက်သို့ လှ ည့်ကြည့်ကာ မေးလိုက်သည်။
"မင်းတို့သူဌေးရဲ့ စာချုပ်တွေကို ဘယ်မှာ သိမ်းထား လဲ..”
"......."
အစ်ကိုကွမ်တစ်ယောက် ဆွံ့အမှင်တက်သွားပြီး မြေ ပြင်ပေါ်တွင် လူးလိမ့်နေသော ဟယ်ဇီတုန်းကို ကြည့် ကာ တံတွေးတစ်ချက် အသာမျိုချလိုက်ရင်း ကပျာ ကယာ ဖြေလိုက်ရ၏။
"ဟို... ဟို အထဲက အခန်းထဲက သေတ္တာထဲမှာပါ.."
"ကောင်းပြီ... အဲ့ဒါဆို ငါ့ကို လမ်းပြစမ်း..”
ယန်ကွမ်းက ထိုလူ၏သန်မာသော ခန္ဓာကိုယ်ကို ဆွဲ ထူလိုက်ပြီး ရုံးခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။
သို့သော်လည်း အစ်ကိုကွမ်က သနားကမား ပြောလို က်၏။
"ဆ... ဆရာကြီး..ကျွန်တော့်မှာ သော့လည်း မရှိဘူး ..လျှို့ဝှက်နံပါတ်လည်း မသိဘူးဗျ..”
" အာ... ဟုတ်သားပဲ..”
ယန်ကွမ်းက သဘောပေါက်သွားပြီး ထိုလူ့ကို ပစ်ချ ထားခဲ့ကာ ဟယ်ဇီတုန်းအနားသို့ ပြန်သွားပြီး ခြေ ထောက်ဖြင့် တစ်ချက် ဆောင့်ကန်လိုက်သည်။ထို ကန်ချက်က သွေးကြောအမှတ်ကို တည့်တည့် ထိသွ ားသဖြင့် ဟယ်ဇီတုန်းမှာ ချက်ချင်းပင် ငြိမ်ကျသွာ းသည်။
ယန်ကွမ်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကိုစို က်ကြည့်ကာ မေးလိုက်၏။
"ပြောစမ်း... ကာကွယ်ရေးသေတ္တာကို ဘယ်လိုဖွင့် ရမလဲ..”
"အားယိုး..နာလိုက်တာဗျာ..မင်း... မင်းက ဘယ်သူ လဲ.."
ဟယ်ဇီတုန်းမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ် နေရရှာသည်။စောစောက ခံစားလိုက်ရသည့် ဝေဒန ာမှာ မည်မျှအထိ ပြင်းထန်သလဲဆိုလျှင် ကိုယ့်လျှာ ကိုယ်ကိုက်ပြီး သေပစ်ချင်စိတ်ပေါက်သည်အထိပင် ဆိုးရွားလွန်းလှသည်။
ထို့ကြောင့် ယခုအချိန်တွင် သူ၌ စောစောကလို အ တင့်ရဲမှုများ အစအနပင် မရှိတော့ဘဲ လုံးဝကို ရိုး ကျိုးခဲ့ရ၏။
ယန်ကွမ်းကမူ ထိုလူ၏ မေးခွန်းကို ပြန်မဖြေဘဲ ကေ ာ်လံမှ ဆွဲမကာ ပြောလိုက်သည်။
“ငါ့မှာ 'ဒုစရိုက်နှိမ်နင်းရေးသူရဲကောင်း' ဆိုတဲ့ နာမ ည်ပြောင် တစ်ခု ရှိတယ်..မင်း အဲ့ဒါကို သေသေချာ ချာ မှတ်ထား..”
ယန်ကွမ်းက စကားပြောရင်းနှင့်ပင် ထိုလူကို အတင် းဆွဲမကာ ရုံးခန်းထဲသို့ ခေါ်လာခဲ့သည်။မုရှောင်ဝမ် မှာမူ အပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ယန်ကွမ်း၏ စ ကားကို ကြားရသည့်အခါ မျက်စောင်းတစ်ချက် ခပ် ပြင်းပြင်းထိုးရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"ဖွီး..ဒီကောင်လေးကတော့ တကယ့်ကို အရှက်မ ရှိတာပဲ.. ဒုစရိုက်နှိမ်နင်းရေးသူရဲကောင်းတဲ့...တော် တော် အသားအရေ ထူတဲ့ကောင်ပဲကွ..”
သို့သော်လည်း သူမ၏ ရင်ထဲ၌မူ ယန်ကွမ်း၏ ပြော င်မြောက်လှသော လက်ရုံးရည်အပေါ် အံ့ဩတုန်လှု ပ်မိနေဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမျှများပြားသော လူအုပ်စုအားလုံးကို ကျိုးနွံသွားအောင် နှိမ်နှင်း နိုင် ခြင်းမှာ သူမ အတွက်မူ တကယ်ပင် အံ့သြစရာ ကောင်းလှ၏။
ထိုကောင့်စုတ်၏ လူလည်ကျကျ ပြုံးစိစိမျက်နှာပေ းက ကြည့်မရချင်စရာ ကောင်းလှသော်လည်း မု ရှောင်ဝမ်၏ ရင်ထဲတွင်မူ ယန်ကွမ်းအပေါ် ထူးဆန်း သော ခံစားချက်တစ်မျိုး အကြောင်းရင်းမရှိဘဲ ရို က်ခတ်သွားခဲ့ရသည်။
သို့သော်လည်း ဂုဏ်သရေရှိသော မိန်းမပျို တစ်ဦး ပီပီ ထိုခံစားချက်အား အပြင်သို့ ထုတ်ပြရန်မှာမူ မ ဖြစ်နိုင်သည်မှာ အမှန်ပင်။ထို့ထက် ပိုသည်မှာ မု ရှောင်ဝမ်သည် သိက္ခာကို အလွန်တန်ဖိုးထားပြီး အ ဇွတ်တရွတ် နိုင်လှသော သခင်မလေးတစ်ဦး ဖြစ် လေရာ ဤကဲ့သို့သော ခံစားချက်မျိုးအား လုံးဝ အ သိခံမည် မဟုတ်ချေ။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ယန်ကွမ်းသည် ရုံးခ န်းထဲမှ ပြုံးစိစိဖြင့် ပြန်လည်ထွက်ခွာလာပြီး သူ့ လ က်ထဲတွင် ပါလာသော စာရွက်စာတမ်းအထပ်လိုက် ကြီးကို သူမထံ ကမ်းကာ ပြောလိုက်၏။
"စာချုပ်တွေအကုန်လုံး ဒီမှာပဲ..ခဗျားအတန်းဖော်ရဲ့ စာချုပ်က ဘယ်တစ်ခုလဲဆိုတာ ရှာကြည့်လိုက်ဦး”
မုရှောင်ဝမ်က တည်ငြိမ်သော မျက်နှာပေးဖြင့် စာ ချုပ်များကို ယူလိုကိကာ လိုက်လံရှာဖွေရင်း ပြော လိုက်၏။
"အင်း... ငါ့ကားထဲက ပစ္စည်းထည့်တဲ့သေတ္တာထဲမှာ ကျေးဇူးပြုပြီး ဝမ် ၃၀၀၀ ဝမ်လောက် သွားယူ ပေး ပါလား…”
ယန်ကွမ်းက အံ့အားသင့်ကာ ပြန်မေးလိုက်သည်။
"အမ် တကယ်ကြီးလား.. ခဗျားက ဒီလူတွေကို ပိုက် ဆံ တကယ်ပြန်ပေးမလို့လား..”
"အေး.ငါ .ချူချင်းကို အကြွေးတင်နေတယ်လို့ မခံစ ားရစေချင်ဘူး..ပြီးတော့ ဟယ်ဇီတုန်းကိုလည်း သူ မကို ဆက်ပြီး နှောင့်ယှက်ဖို့ အကြောင်းပြချက် မ ပေးချင်တော့ဘူး..”
"ခဗျားက တကယ့်ကို သူငယ်ချင်းကောင်းပဲဗျာ.."
ယန်ကွမ်းက စကားအရှည်ကြီး ဆက်မပြောတော့ဘဲ ကားဆီသို့ ခပ်သွက်သွက် လှည့်လျှောက်သွားကာ ငွေအထပ်လိုက်ကြီးတစ်ထပ်ကို သယ်ဆောင်၍ ပြန် လာခဲ့သည်။သူက ဝမ် ၁၀၀၀ ဝမ်သာ ယူလာသည် ကို မြင်လိုက်ရသဖြင့် မုရှောင်ဝမ်က ကြောင်အသွား ပြီး ဇဝေဇဝါ မေးလိုက်ရ၏။
"ငါက ဝမ်သုံးခေါင် ယူခိုင်းတာလေ..ဘာလို့ ဒါပဲ ယူလာတာလည်း..”
"စိတ်မပူပါနဲ့..ဒါနဲ့တင် ဟယ်ဇီတုန်းက ခဗျားကို ဒူး ထောက်ပြီး ကျေးဇူးတင်နေဦးမှာ..”
ထိုသို့ပြောပြီးနောက် ယန်ကွမ်းက ရုံးခန်းထဲသို့ လှ မ်း၍ အော်ပြောလိုက်၏။
"ဟိတ်လူ ခဗျားက.. ဘာလုပ်နေတာလဲ.. အခုချက် ချင်း အပြင်ကို ထွက်မလာသေးဘူးလား..”