← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း ၄၃ ထမင်း သွားစားခြင်း

ယန်ကွမ်းက လှမ်းအော်လိုက်သောကြောင့် ဟယ်ဇီ တုန်းတစ်ယောက် ခေါင်းကလေးငုံ့လျက် အပြင်သို့ တရွေ့ရွေ့ ထွက်လာခဲ့သည်။.

ထိုလူ၏ ကြောက်ဒူးတုန်နေသော ပုံစံကို ကြည့်ကာ ယန်ကွမ်းက ပြုံးရင်းပြောလိုက်၏။

"မကြောက်ပါနဲ့ဗျာ..ဒီနားလာခဲ့ဦး..ခဗျားကို ပိုက်ဆံ ပေးမလို့ပါဗျ.. “

ဟယ်ဇီတုန်း ခေတ္တမျှ ကြောင်အသွားပြီးမှ ခေါင်းမေ ာ့ကြည့်လာသည်။ယန်ကွမ်း၏ လက်ထဲတွင် ပိုက် ဆံ ကိုင်ထားသည်ကို မြင်မှသာ အနားသို့ လျှောက် လာကာ မေးလိုက်၏။

"ဘာ... ဘာပိုက်ဆံလဲဗျာ.. “

"ကျုပ်တို့က အကျိုးအကြောင်း သိတတ်တဲ့ လူတွေ ပါဗျာ.. ချူချင်းက ခဗျားဆီက ပိုက်ဆံချေးထားတ ာဆိုတော့ ခဗျားကို ပြန်ဆပ်ရမှာပေါ့ဗျ.. “

ထိုသို့ပြောရင်း ယန်ကွမ်းက ပိုက်ဆံအထပ်လိုက်ကို ဟယ်ဇီတုန်းထံ ကမ်းကာ ပြောလိုက်၏။

"ရော့... ယူလိုက်.. “

"......."

ဟယ်ဇီတုန်းတစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး ခဏ မျှ စဉ်းစားကာ ငြင်းဆန်နေသည်။

"ရပါတယ်..... ကျွန်တော် အဲ့ဒီပိုက်ဆံကို မယူတော့ ပါဘူးဗျာ.."

"အာ ဘယ်လိုဖြစ်နိုင်မှာလဲ..”

ယန်ကွမ်းက သူ့အသံကို မြှင့်ကာ ခပ်ကျယ်ကျယ် အော်ပြောလိုက်၏။

"မင်းက ငါတို့ကို မင်းလို လူမိုက်တွေများ မှတ်နေ လားမြန်မြန် ယူစမ်း..”

ဟယ်ဇီတုန်းလည်း အခြားရွေးချယ်စရာမရှိတော့ဘဲ ထိုပိုက်ဆံအား မတတ်သာဘဲ လက်ခံလိုက်ရသည်။

ထိုအချိန်တွင်မူ မုရှောင်ဝမ်က ဝင်ပြောလိုက်၏။

"ပိုက်ဆံလည်း ပြန်ဆပ်ပြီးပြီဆိုတော့ စာချုပ်ကို ငါ ယူသွားပြီ..နင် နောက် ချူချင်းကို ထပ်ပြီး နိုင်ထက် စီးနင်း မလုပ်ရဘူးနော်…"

ဟယ်ဇီတုန်းက အရှက်မရှိသော မျက်နှာပေးဖြင့် သူ မကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့၍ ကတိပေးလိုက် သည်။

"စိတ်ချပါ..နောက်. မလုပ်တော့ပါဘူးဗျာ…"

ထိုပုံစံကို မြင်လိုက်ရသဖြင့် မုရှောင်ဝမ်၏ နှုတ်ခမ်း မှာ အလိုလို ကွေးညွှတ်သွားကာ ယန်ကွမ်းအား မသိ မသာ ဝေ့ကြည့်မိလိုက်သည်။

သို့သော်လည်း မမျှော်လင့်ဘဲ ယန်ကွမ်းကလည်း ထို အချိန်တွင် ဟယ်ဇီတုန်းကို စိုက်ကြည့်ကာ ပြောလို က်၏။

"မုလေးနဲ့ ခဗျားကြားက ကိစ္စကတော့ ပြီးသွားပြီ အခု ကျုပ်တို့နှစ်ယောက်ကြားက ကိစ္စကို ဆက်ပြေ ာကြရအောင်လား..”

ဟယ်ဇီတုန်းတစ်ယောက် ကြောင်အသွားပြီး သံသ ယစိတ်ဖြင့် ပြန်မေးလိုက်သည်။

"ဗျာ... ကျွန်တော်တို့လား... ကျွန်တော်တို့ကြားမှာ ဘာကိစ္စ ကျန်သေးလို့လဲဗျ.. “

"ကိစ္စရှိတာပေါ့ဟ..”

ယန်ကွမ်းက တည်တည်တံ့တံ့ မျက်နှာပေးဖြင့် ထို လူကို ကြည့်ကာ ပြန်ဖြေလိုက်၏။

"စောစောကလေးတင် မင်းရဲ့ လက်အောက်ငယ်သ ားတွေကို ပညာပေးဖို့ ငါ အားတွေ အများကြီး သုံး လိုက်ရတယ်….အဲ့ဒီတော့ မင်းဘက်က ကျေးဇူးတုံ့ ပြန်တဲ့အနေနဲ့ တစ်ခုခု ပေးသင့်တယ် မဟုတ်ဘူးလ ား.."

ဟယ်ဇီတုန်း "......."

ဟယ်ဇီတုန်းတစ်ယောက် ဆွံ့အလျက် မှင်တက်ခဲ့ရ သည်။ယန်ကွမ်း၏ သူ့ လက်ထဲက ဝမ် ၁၀၀၀ တန် ငွေအထပ်ကြီးကို စိုက်ကြည့်နေသည်ကို မြင်မှသာ သူ လုံးဝ သဘောပေါက်ခဲ့ရ၏။

ဟယ်ဇီတုန်းက စိတ်ထဲတွင် မကျေနပ်သော်လည်း အခြေအနေကို သိတတ်စွာဖြင့် ပိုက်ဆံအထပ်လိုက် ကို ယန်ကွမ်းအား ပေးလိုက်ရသည်။

"ကောင်းပါပြီ... ကျွန်တော့်ဆီမှာ အခုလောလောဆ ယ် ဒီလောက်ပဲ ရှိတာမို့ ဆရာကြီးပဲ အကုန် ယူလိုက် ပါတော့ဗျာ.. “

"ကျေးဇူးပဲနော်.."

ရန်ကွမ်က ပြုံးစိစိဖြင့် ပိုက်ဆံကို ဆတ်ခနဲ လုယူလို က်ပြီး သူ့အိတ်ကပ်ထဲသို့ တန်းထည့်လိုက်တော့သ ည်။သူ လှည့်ကြည့်လိုက်သောအခါ မုရှောင်ဝမ်မှာ မျက်လုံးအဝိုင်းသားဖြင့် သူ့အား စိုက်ကြည့်နေသည် ကို တွေ့ရသဖြင့် ပြုံးကာ မေးလိုက်၏။

"ဘာတွေ ငေးကြည့် နေတာလဲ မပြန်တော့ဘူးလား ..”

ကားဆီသို့ ယန်ကွမ်း ပြန်လျှောက်သွားသည်ကို ကြ ည့်ပြီး မုရှောင်ဝမ်က နှုတ်ခမ်းကိုက်ကာ ခပ်တိုးတိုး လေး ပြန်ပြောလိုက်သည်။

"တကယ်ပဲ..ဒီကောင်က ဘယ်လို ကောင်မှန်း မသိ ဘူး..”

မကြာမီမှာပင် သူမသည်လည်း ကားပေါ်သို့ ပြန်တ က်ကာ ထိုနေရာမှ မောင်းထွက်လာခဲ့သည်။သိပ်မ ဝေး သောနေရာသို့ ရောက်သောအခါ ယန်ကွမ်းက လှမ်းမေးလိုက်၏။

"ကဲ သခင်မလေးမု...ကျုပ် တာဝန်က ပြီးပြီဆိုတော့ အခု ပြန်လို့ရပြီမလား..”

မုရှောင်ဝမ်က မျက်စောင်းထိုးရင်း မကျေမချမ်း ပြ န်ပြောလိုက်သည်။

”ရှင်က ဘာတွေ အသည်းအသန် ဖြစ်နေရတာလဲ.."

ယန်ကွမ်းက ပခုံးတစ်ချက် တွန့်ကာ ပြောလိုက်၏။

"အာ..မိုးမချုပ်ခင် ကားမီအောင် လို့ပါဗျာ..”

"ဒါဆိုရင်တော့ အိမ်ပြန်ဖို့ စိတ်ကူးကို ဖျောက်လိုက် လူဆိုတာ ကတိတည်ရတယ်လေ..နောက်ထပ် လုပ် စရာတွေ ကျန်သေးတယ်.."

ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က ဆက်ပြောလို က်သည်။

"ပြီးတော့... နောင်ကို ငါ့ကို မမလေးမုလို့ ခေါ်စရာမ လိုတော့ဘူး..'ဝမ်အာ' လို့ပဲ ခေါ်..”

ယန်ကွမ်းက ခေါင်းကုန်ကာ မေးလိုက်၏။

"ဟောဗျာ... အဲ့လိုခေါ်တာ သင့်တော်ပါ့မလား..”

မုရှောင်ဝမ်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လီဗာကို နင်းကာ မြို့ထဲသို့ ကား မောင်းလာခဲ့သည် ။

"ငါက သင့်တော်တယ်ဆိုရင် သင့်တော်တာပဲပေါ့ လျှာရှည်လိုက်တာ..”

ညနေ ခြောက်နာရီပင် မခွဲသေးသော်လည်း ရုံးဆင်း ချိန်ဖြစ်သဖြင့် လမ်းပေါ်တွင် ကားများ ပိတ်ဆို့နေက ာ နာရီဝက်နီးပါး မောင်းနှင်ပြီးနောက်တွင်မူ ကား ားအား လမ်းဘေးတစ်နေရာ၌ မုရှောင်ဝမ်က ထိုး ရပ်လိုက်၏။

ကားရပ်လိုက်သည့် နေရာကို ကြည့်ပြီးနောက် ယန် ကွမ်းက အံ့အားသင့်စွာ မေးလိုက်သည်။

"အမ် ဒီကို ဘာလာလုပ်တာလဲဗျ.."

"ထမင်းစားမလို့လေ…”

မုရှောင်ဝမ်က သူ့ကို ဂရုမစိုက်ဘဲ ကားတံခါးဖွင့်ကာ ဆင်းသွားခဲ့သည်။စားသောက်ဆိုင်၏ ဆိုင်းဘုတ် အကြီးကြီး ပေါ်တွင်မူ "သဘာဝ စားသောက်ကုန် " ဟူသော စာလုံးကြီးများ ထင်းနေသည်ကို ကြည့်ပြီး ယန်ကွမ်း တစ်ယောက် အသံတိတ် ပြုံးမိလိုက်၏။

မုရှောင်ဝမ် ထမင်းစားရန် ရွေးချယ်မည့်နေရာက ဤနေရာဖြစ်လိမ့်မည်ဟူ၍ သူ လုံးဝ ထင်မှတ်မထာ းခဲ့မိချေ။

သို့သော်လည်း ယခုအချိန်သည် စားသောက်ဆိုင်၌ လူ စည်ကားချိန် ဖြစ်သဖြင့် အစ်မချီချင်းရွှေ တစ် ယောက် အလုပ်ရှုပ်နေနိုင်ပြီး သူတို့နှင့် ဆုံချင်မှ ဆုံနို င်လိမ့်မည်။

ယန်ကွမ်းက ပြုံးပြီးနောက် ကားပေါ်မှ ဆင်းကာ နေ ာက်မှ လိုက်လာခဲ့ပြီး နှစ်ဦးစလုံး စားသောက်ဆိုင် ထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။

ထိုအချိန်တွင် ပထမထပ်၌ ဧည့်သည်များဖြင့် ပြည့် နှက်နေပြီး အလွန်ပင် စည်ကားဆူညံနေ၏။

ဤမျှ လူအုပ်ကြီး လာရောက်စားသောက်ကြသည် ကို ကြည့်ပြီး ယန်ကွမ်းတစ်ယောက် စိတ်ထဲမှ တအံ့ တဩ ဖြစ်မိနေသည်။အစ်မချီချင်းရွှေ၏ စားသော က်ဆိုင်မှာယခုလောက်အထိ အောင်မြင်နေလိမ့်မည် ဟူ၍ သူ လုံးဝ မထင်ထားခဲ့မိချေ။

ထိုမျှ စည်ကားနေလျှင် တစ်နေ့တစ်နေ့ ပိုက်ဆံ မည် မျှတောင် ဝင်နေမည်နည်း။မုရှောင်ဝမ်က အပေါ်ထ ပ်သို့ လှေကားအတိုင်း တက်သွားရင်း ယန်ကွမ်းတစ် ယောက် ကြောင်အအဖြင့် ရပ်ကျန်ခဲ့သည်ကို မြင် သောအခါ လှမ်းအော်ပြောလိုက်သည်။

"ဟဲ့.. နင် ဘာတွေ ငေးနေတာလဲ..”

"လာပြီ လာပြီ.."

ပြန်ပြောပြီးနောက် သူမနောက်သို့ ခပ်သွက်သွက် ယန်ကွမ်း လိုက်လာခဲ့သည်။ဒုတိယထပ်သို့ ရောက် သွားသည့်အခါ မုရှောင်ဝမ်က အကျွမ်းတဝင်ရှိလှ သော ခြေလှမ်းများဖြင့် သီးသန့်ခန်းသို့ ဦးဆောင်၍ ခေါ်လာကာ မှာလိုက်၏။

"နင် အထဲအရင်ဝင်နှင့်လိုက်..ငါ ခဏနေမှ လာခဲ့ မယ်.."

"ဘာသွားလုပ်မလို့လဲ..”

"ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ.. စေ ာင့်နေဆို စောင့်နေပေါ့.."

မုရှောင်ဝမ်က ယန်ကွမ်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် လှည့်ထွက်သွားသည်။ယန်ကွမ်း

လည်း ဘာပြောရမှန်းမသိဘဲ ဆွံ့အကျန်ရစ်ခဲ့ကာ ဤမိန်းကလေးမှာ အဘယ်ကြောင့် ဤမျှအထိ ဇွတ် တရွတ်နိုင်ရသနည်း။

“ ဒါက တကယ့်ပြဿနာပဲ..ငါ သေသေချာချာ ပြု ပြင်ပေးရမယ်…”ဟူ၍ စိတ်ထဲမှ တွေးလိုက်မိသည် ။

တံခါးဖွင့်၍ အထဲသို့ ဝင်လိုက်သောအခါ သီးသန့်ခန် းလေးထဲတွင် စားပွဲစတုရန်းတစ်လုံးနှင့် ကုလားထို င် ခြောက်လုံး ရှိနေသည်ကို ယန်ကွမ်း တွေ့လိုက်ရ သည်။ထို့အပြင် ပြတင်းပေါက်အနီးတွင်လည်း ဆိုဖ ာတစ်လုံးနှင့် လက်ဖက်ရည်စားပွဲငယ်တစ်ခုကိုပါ ပြင်ဆင်ထားပေးသေးသည်။

ဆိုဖာပေါ်တွင် ယန်ကွမ်းက ဝင်ထိုင်လိုက်ပြီး အချိန် ကို ကြည့်လိုက်သည့်အခါ နောက်ဆုံး ထွက်ခွာမည့် ဘတ်စ်ကားမှာ ထွက်သွားလောက်ပြီဖြစ်ရာ ယနေ့ ည သူ အိမ်ပြန်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း သ ဘောပေါက်မိလိုက်၏။

ညဘက် ဘယ်မှာ တည်းခိုရမလဲဟု စဉ်းစားကြည့် သည့်အခါ အင်တာနက်ကဖေးဆိုင် တစ်ဆိုင်သို့ သွ ားလိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယ န်ကွမ်း တွေးထားလိုက်သည်။

ထိုနေရာတွင် တစ်ညလုံး အိပ်စက်နားနေရန်အတွက် ၁၀ ဝမ်ခန့်သာ ကျသင့်သဖြင့် ဟိုတယ်တွင် တည်းခို သည်ထက် များစွာ ပိုမိုတွက်ခြေကိုက်လှသည်လေ။

သူ့အိတ်ကပ်ထဲတွင် ပိုက်ဆံ ဝမ် ၁၀၀၀ ရှိနေသည် ဆိုသော်လည်း ဖြုန်းတီးပစ်ရန် နှမြောလှသဖြင့် ထို ငွေများကို အိမ်ပြန်ရောက်လျှင် မရီးဖြစ်သူထံ အပ် နှံရန်သာ ယန်ကွမ်းက စိတ်ကူးထားခဲ့သည်။

သို့သော်လည်း မျှော်တလင့်လင့်ဖြင့် သူ စောင့်ဆိုင်း နေခဲ့ရာ နာရီဝက်နီးပါး ကြာမြင့်သွားသည့်တိုင်အော င် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာသေး သဖြင့် ယန်ကွမ်းတစ်ယောက် ဆက်၍ မထိုင်နိုင် တော့ဘဲ ဂနာမငြိမ် ဖြစ်လာ၏။

ဤမုရှောင်ဝမ်က သူ့ကို ပစ်ထားခဲ့ပြီး တိတ်တိတ် လေး ထွက်ပြေးသွားလေသလားဟုပင် ယန်ကွမ်းက သံသယဝင်လာမိသည်။သူ ထိုင်ရာမှထပြီး အပြင် သို့ ထွက်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် တံခါးဖွင့်သံ ထွက်ပေါ်လာကာ မိန်းကလေးနှစ်ဦးသည် ရယ်မော ကာ စကားပြောရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။

ယန်ကွမ်းနှင့် ချီချင်းရွှေတို့နှစ်ဦးစလုံး အံ့အားသင့် သွားကြ၏။

"အစ်မချင်းရွှေ…”

"ဟယ် ယန်ကွမ်းပါလား…”

နှစ်ယောက်စလုံးက ပြိုင်တူအော်ဟစ်ကာ နှုတ်ဆ က်လိုက်ကြသည်။အခြားတစ်ဖက်တွင်မူ မုရှောင်ဝမ် မှာ ကြောင်အသွားပြီး မေးမြန်းလိုက်၏

"အမ်..ရှင်တို့နှစ်ယောက်က သိနေကြတာလား..”

"သိတာပေါ့..ယန်ကွမ်းက အစ်မရဲ့ မောင်လေး အ သစ်လေ..”

ချီချင်းရွှေက ပြုံးကာ ဆက်ပြောလိုက်သည်။

"ဒါကြောင့်မလို့... စောနက အထိုးအကြိတ် တော် တော်တော်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ဆုံ ခဲ့တယ်လို့ ဝမ်အာ ပြောကတည်းက အစ်မက ယန် ကွမ်းကိုပဲ တန်းသတိရမိတာ..တကယ်လည်း သူ ဖြ စ်နေလိမ့်မယ်လို့ မထင်ထားဘူး..”

သူမ၏ စကားကြောင့် မုရှောင်ဝမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး မျက်လုံးအဝိုင်းသားဖြင့် မေးလို က်သည်။

"တကယ်ကြီးလား.. ရှင်တို့က တကယ့်မောင်နှမတွေ လား အစ်မချင်းရွှေ... ညီမဖြင့် အစ်မ တခြားဘယ် သူ့ကိုမဆို ဒီလောက်အထိ ရင်းရင်းနှီးနှီး ဆက်ဆံတ ာ တစ်ခါမှ မမြင်ဖူးဘူး.."

"ခစ်ခစ် ယန်ကွမ်းက သာမန်လူမှ မဟုတ်တာ.."

ချီချင်းရွှေက ပြုံးလျက်ပင် ဆက်ပြောလိုက်၏။

"သူက အစ်မရဲ့ ရောဂါကို ကုသဖူးတဲ့အပြင် အစ်မ အတွက် အခက်အခဲကြီးတစ်ခုကိုပါ ကူညီဖြေရှင်း ပေးခဲ့တာလေ.."

မုရှောင်ဝမ်မှာ ထိုစကားကို ကြားပြီးနောက် ပို၍ပင် အံ့ဩသွားကာ ယန်ကွမ်းကို သေချာစိုက်ကြည့်ရင်း မေးလိုက်သည်။

"နင်က ကြည့်ရတာတော့ ရိုးရိုးလေးနဲ့... ဒီလောက် တောင် စွမ်းဆောင်ရည် ရှိတာလား..”

ယန်ကွမ်းက မြှောက်ပေးလျှင် အမြီးကွေးအောင် က တတ်သူ ဖြစ်တတ်သည့် ဗီဇရှိသူပီပီ ချက်ချင်းပင် လေလုံးထွား ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

"ဒါပေါ့..ကျွန်တော်က ပါရမီရှင်လေဗျာ ဟဲဟဲ..”

ယန်ကွမ်းပုံစံကို မြင်တော့ မုရှောင်ဝမ်က မျက်စောင် းတစ်ချက် ထိုးရင်း ပြောလိုက်သည်။

"ကဲပါ... တော်ပါတော့ရှင်..နင်က ပါရမီရှင်လူငယ် လေးပဲ ဖြစ်ဖြစ်..ဒုစရိုက်နှိမ်နင်းရေးသူရဲကောင်းပဲ ဖြစ်ဖြစ်..နင်ပြောသမျှ အကုန်မှန်ပါတယ်.."

ထိုသို့ ခနဲ့တဲ့တဲ့ ပြောဆိုပြီးနောက် သူမက ယန်ကွမ်း

ထံသို့ အိတ်တစ်အိတ် လှမ်းပစ်ပေးကာ ဆက်ပြော လိုက်သည်။

"ရော့... ဒါက စောစောက ရှင်ကူညီပေးခဲ့လို့ ဝယ်ပေ းတဲ့ ဆုလာဒ်..”

"ဟင် ဘာများပါလိမ့်.."

ယန်ကွမ်းတစ်ယောက် အံ့အားသင့်သွားပြီး လက်ဖြ င့် အိတ်ကို ချိန်ဆကြည့်လိုက်သည့်အခါ အထဲတွင် စတုရန်းပုံစံ ဘူးတစ်ဘူး ရှိနေကြောင်း ခံစားလိုက်ရ သဖြင့် မေးမြန်းလိုက်သည်။

"ဒါက ဘာလဲဗျ..”

"ဖွင့်ကြည့်လိုက်ရင် သိရမှာပေါ့ဟာ…”

မုရှောင်ဝမ်က သူ့ကို တစ်ချက်စောင်းကြည့်ကာ ချီ ချင်းရွှေကို အတင်းဆွဲခေါ်ပြီး စားပွဲတွင် ဝင်ထိုင်လို က်သည်။

အိတ်ထဲမှ ဘူးအား ယန်ကွမ်း ထုတ်ယူလိုက်သည့် အခါ ဘူးပေါ်တွင် ရိုက်နှိပ်ထားသော စာလုံးများကို မြင်ပြီး ပို၍ပင် အံ့ဩမှင်သက်ခဲ့ရ၏။

"အမ် ဟမ်းဖုန်းလား..”

အခန်း ၄၄ နင်ကတော့လေ တကယ်ကို လူလည်လေးပဲ

ယန်ကွမ်း၏ လက်ထဲတွင် ရှိနေသည်မှာ ပြည်တွင်း ဖြစ် အဆင့်မြင့် ဟန်းဆက်အမျိုးအစား ဖြစ်သည်။

ဤဖုန်း၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားလှ၏။

သူ ယခင်က ကြားဖူးနားဝ ရှိခဲ့သော်လည်း ဈေးနှုန်း က အလှမ်းဝေးလွန်းသဖြင့် ဝယ်ယူရန် စိတ်ကူးပင် မယဉ်ဝံ့ခဲ့ချေ။

နောင်တွင်လည်း ယန်ကွမ်းက ငွေများစွာ ရှာဖွေနိုင် ခဲ့သည့်တိုင်အောင် ထိုမျှ ဈေးကြီးသော ဖုန်းတစ်လုံး ကို ဝယ်ယူရန် နှမြောတွန့်တိုနေမိဦးမည်သာ ဖြစ်သ ည်။

သူ့အမြင်တွင်တော့ ဖုန်းဟူသည်မှာ ဆက်သွယ်ရေး ကိရိယာတစ်ခုမျှသာ ဖြစ်ပြီး မည်သည့် စွမ်းဆောင် ရည်မြင့် ဒီဇိုင်းမျိုးပဲ ဖြစ်ဖြစ် အသုံးမဝင်လှပေ။

သို့သော်လည်း ယခုမူ မုရှောင်ဝမ်က ဤတန်ဖိုးကြီး ပစ္စည်းကို သူ့ထံသို့ လက်ဆောင်အဖြစ် ပေးလာ သောကြောင့် ယန်ကွမ်းက အံ့အားသင့်သွားပြီး က ပျာကယာ မေးလိုက်မိသည်။

"တကယ်ကြီးလား..ဒီလောက် ဈေးကြီးတဲ့ ပစ္စည်း ကို ကျွန်တော့်ကို ဒီအတိုင်းပဲ လက်ဆောင်ပေးလိုက် တာလားဗျ..”

"ဟုတ်ပ တခြားလူဆိုရင်တော့ မရနိုင်ဘူးပေါ့. .ဒါ ပေမဲ့ ရှင်ကတော့ ရထိုက်တဲ့ အရည်အချင်း ရှိပါတ ယ်..”

ထိုသို့ ပြောပြီးမှ သူမ၏ စကားလုံးများက အဓိပ္ပာ ယ် ကောက်လွဲသွားနိုင်သည်ဟု ခံစားလိုက်ရသဖြင့် မုရှောင်ဝမ်က ချက်ချင်းပင် လေသံပြင်ကာ ရှင်းပြ လိုက်ရ၏။

"အဓိကကတော့ ရှင်က ကျွန်မအတွက် အခက်အခဲ ကြီးတစ်ခုကို ကူညီဖြေရှင်းပေးခဲ့လို့ ကျေးဇူးတုံ့ပြန် တဲ့အနေနဲ့ ပေးတာပါ..”

စကားဆုံးသည်နှင့် သူမက မျက်စောင်းတစ်ချက် ထိုးလိုက်သေးသည်။

"ဒါ့အပြင် ရှင့်ကိုကြည့်ရတာ အခုထိ ဟိုခေါက်ဖုန်း အစုတ်ကြီးကို သုံးနေတုန်းပဲ..အပြင်သွားရင် သူများ တွေ အထင်သေးမှာ မကြောက်ဘူးလား ရှင်က"

ယန်ကွမ်းကလည်း အရှုံးမပေးဘဲ ပြန်လည် ချေပလို က်၏။

"အံမယ်... ဖုန်းကောင်းကောင်း သုံးနိုင်ရုံနဲ့ အထင် ကြီးရမှာလား..ဒါဆိုရင်လည်း ဖုန်းနဲ့ပဲ အဝတ်အစား တွေပါ ချုပ်ဝတ်လိုက်မယ်လေ..အဲ့ဒါဆို ပိုပြီး မျက် နှာပွင့်တာပေါ့ မဟုတ်ဘူးလား”

"ကဲ.. တော်စမ်းပါ.ရှင် တကယ်ချုပ်ဝတ်နိုင်မှပဲ ပြော ပါဦး..”

သူမ၏ စကားကို ယန်ကွမ်းက ထိပ်တိုက်ပြန်လည် ငြင်းခုံနေသည်ကို မြင်ရသဖြင့် မုရှောင်ဝမ်မှာ ပို၍ပ င် စိတ်တိုသွားရပြန်သည်။

လူငယ်နှစ်ဦး အပြန်အလှန် စကားနာထိုးကာ ရန်ဖြစ် နေကြသည့် ပုံစံကလေးကို ကြည့်ပြီး ချီချင်းရွှေတစ်

တစ်ယောက် ရုတ်တရက် ပြုံးမိသွားတော့သည်။ထို့ နောက် သူမက စနောက်လိုက်၏။

"နင်တို့နှစ်ယောက် ကြည့်ရတာ တကယ့်ကို လိုက်ဖ က်တဲ့ စုံတွဲလေးအတိုင်းပဲနော်.."

"အမ်..”

ယန်ကွမ်းက ခေတ္တမျှ ကြောင်အသွားပြီးမှ ခန္ဓာကို ယ် တစ်ခုလုံး တောင့်တင်းသွားသည်။ မုရှောင်ဝမ် ၏ မျက်နှာကလေးမှာမူ ချက်ချင်းပင် ရဲရဲနီသွားကာ ချီချင်းရွှေ၏ လက်မောင်းကို ကပျာကယာ တွဲလျ က် ချွဲနွဲ့လိုက်၏။

"အစ်မရွှေနော်... လျှောက်မပြောပါနဲ့ ညီမက ဒီကော င်လေးကို လုံးဝ သဘောမကျပါဘူး..ဒီကောင်က တော်တော်ဆိုးတာ..မမရ.."

ထိုစကားကို ကြားရသည့်အခါ ယန်ကွမ်းက မကျေ မနပ်ဖြစ်သွားပြီး ချက်ချင်းပင် ပြန်လည် အော်ဟစ် လိုက်မိတော့သည်။

"ဟေ့... ရှက်ရင်လည်း ရှက်တယ်ပေါ့ဗျာ.. လူကို အ ပုပ်ချ တိုက်ခိုက်တာမျိုးတော့ မလုပ်သင့်ဘူး မဟု တ်လား.."

“ဒေါက် ဒေါက် ဒေါက်..”

မုရှောင်ဝမ်က ယန်ကွမ်းကို ပြန်လည်ရန်တွေ့ရန် ပြင် လိုက်စဉ်မှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လ ာပြီး မိန်းခလေးအသံ တစ်သံကို လူတိုင်းကြားလို က်ရ၏။

"လူရှိပါသလားရှင်..”

ယန်ကွမ်းနှင့် ရန်ဖြစ်နေသည်ကို မုရှောင်ဝမ်က ချက် ချင်းမေ့သွားကာ ထိုင်ရာမှထ၍ တံခါးအား အပြေး အလွှား သွားဖွင့်ပေးလိုက်သည်။

တံခါးပွင့်သွားသည်နှင့် အမျှ မျက်ဝန်းဝိုင်းဝိုင်းကြီး များနှင့် မိန်းကလေးတစ်ဦးက စိုးရိမ်ထိတ်လန့်နေ သော အမူအရာဖြင့် အခန်းထဲသို့ ဝင်လာခဲ့၏။

သူမကို မြင်လိုက်ရသည့်အခါ ယန်ကွမ်းနှင့် ချီချင်း ရွှေတို့နှစ်ဦးစလုံး၏ မျက်ဝန်းများမှာ ရုတ်တရက် အ ရောင်တောက်ဘာကြရ၏။ထိုမိန်းကလေးက ရိုး ရိုးရှင်းရှင်းပင် ဝတ်ဆင်ထားကာ သာမန်အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုသာ တွဲဖက်ဝတ်ဆ င် ထားပြီး ဆံပင်ကို မြင်းမြီးပုံစံ စုချည် ထားပေသ ည်။

သို့သော်လည်း သူမ၏ ဝိုင်းစက်သော မျက်ဝန်းအစုံ မှ ဟန်ဆောင်မှုကင်းမဲ့သော အိန္ဒြေရှိမှုနှင့် အနည်းင ယ် စေ့ထားသော နှုတ်ခမ်းကလေးကို ကြည့်ရုံမျှဖြင့် မည်သူမဆို ထိုသို့ မချီးကျူးဘဲ မနေနိုင်လောက် အောင် ဖြစ်နေပေလိမ့်မည်။

"ဝိုး..တကယ့်ကို အေးချမ်းလှပတဲ့ မိန်းကလေးပဲ" ဟူ၍ပင်။

ယန်ကွမ်းတစ်ယောက် မျက်မှင်ကုတ်လျက် ငေးကြ ည့်နေမိရာ ကံကောင်းထောက်မစွာဖြင့် ချီချင်းရွှေက စားပွဲအောက်မှ သူ့ခြေထောက်ကို လှမ်းကန်လိုက်မှ သာ သတိပြန်ဝင်လာသည်။

ထို့နောက် ချီချင်းရွှေက ထိုင်ရာမှထကာ ပြုံးလျက် နူတ်ဆက်လိုက်၏။

"ညီမလေးက ချူချင်းမလား ရှောင်ဝမ်က ညီမလေး အကြောင်း မကြာခဏ ပြောပြဖူးတယ်.. “

ချူချင်း၏ လက်ကလေးကို ကိုင်ကာ မုရှောင်ဝမ်က

ပြုံးရွှင်စွာ မိတ်ဆက်ပေးလိုက်သည်။

"ချင်းချင်း... ဒါက အစ်မချင်းလေ.. ငါ့ဝမ်းကွဲအစ် ကိုရဲ့ အစ်မရင်းပေါ့..ပြီးတော့ သူက ယန်ကွမ်း.. “

ချူချင်းမှာမူ သိသိသာသာပင် စိုးရိမ်စိတ်ဝင်နေရှာ ပြီး ချီချင်းရွှေ၏ မျက်နှာကို ခပ်မြန်မြန် ကြည့်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အစ်မချင်းရွှေရှင့်.”

ယန်ကွမ်းကိုမူ သူမက ခေတ္တမျှသာ ဝေ့ကြည့်လိုက် ပြီး ဘာမှ ထွေထွေထူးထူး မပြောရှာပေ။

သူမ၏ နီမြန်းနေသော ပါးပြင်ကလေးနှင့် နားရွက် ဖျားကလေးများကို ကြည့်ခြင်းအားဖြင့် အလွန်အမ င်း ရှက်ရွံ့ပြီး စိတ်လှုပ်ရှားနေကြောင်း ယန်ကွမ်းက ရိပ်မိလိုက်သဖြင့် စိတ်ထဲမထားဘဲ ခပ်ပြုံးပြုံးသာ စိုက်ကြည့်နေမိသည်။

အားလုံး ထိုင်မိကြပြီးနောက် မုရှောင်ဝမ်က စကားဝို င်းကို စတင်လိုက်ပြီး ယနေ့မွန်းလွဲပိုင်းက ဖြစ်ပျက် ခဲ့သမျှ အကြောင်းအရာအားလုံးကို အားရပါးရ ဖော က်သည်ချလိုက်၏။

နားထောင်ပြီးသွားသည့်အခါ ချူချင်းက ခေါင်းမေ ာ့ကာ ယန်ကွမ်းကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေး ဇူးတင်ပါတယ်ရှင်"

ယန်ကွမ်းက ရွှတ်နောက်နောက်ဖြင့် ရယ်ကာ ပြန် ပြောလိုက်၏။

"အာ မမချင်းချင်းကလည်း..အားနာစရာမလိုပါဘူး ဗျာ.. ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ ဟာကို..ဟီး”

ထိုအခါ မုရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်း ထိုးက ဒေါသတကြီး ဖြတ်ပြောလိုက်သည်။

"ဟမ့် မမချင်းချင်းဆိုတဲ့ .နာမည်ကိုများ.. ရှင်အလွ ယ်တကူ ခေါ်လို့ရတဲ့ နာမည် မှတ်နေလား.."

"အာ... ဒါဆိုရင် ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲ ဗျာ”

ယန်ကွမ်းလည်း မတတ်သာတော့ဘဲ စိတ်ပျက်လက် ပျက် အပြုံးဖြင့်သာ မေးခွန်းထုတ်လိုက်ရသည်။

"ဟောဗျာ... ခဗျားကိုကျတော့ ဝမ်အာလို့ ခေါ်လို့ရ ပြီး..သူ့ကိုကျတော့ မမချင်းချင်းလို့ ခေါ်လို့မရဘူး လား.."

"မရဘူး.."

မုရှောင်ဝမ်က ရုတ်တရက်ပင် စိတ်ကောက်သွားပြီး ယန်ကွမ်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ငါ အခုပဲ စိတ်ပြောင်းသွားပြီ..နောက် ရှင့်ကို ဝမ် အာလို့ ခေါ်ခွင့်မပြုတော့ဘူး..အနည်းဆုံးတော့ 'မမ ဝမ်အာ'လို့ ခေါ်ရမယ်.."

ယန်ကွမ်းကလည်း ခေါင်းမာသည့်ဗီဇအတိုင်း ပြန် လည်ငြင်းခုံလိုက်၏။

"ဘာဖြစ်လို့လဲ ခဗျားက ကျုပ်ထက် အသက်ကြီးလို့ လား ကျုပ်က ၁၉ နှစ်ရှိပြီနော်.."

ထိုစကားကြောင့် မုရှောင်ဝမ်တစ်ယောက် ချက်ချင်း ပင် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည် ။

"နင်က မမလို့ ခေါ်ဖို့ ကံပါလာတာပဲ..ချင်းချင်းနဲ့ ငါ က အသက် ၂၂ နှစ်ရှိပြီ ဘွဲ့ရခါစပဲ ရှိသေးတယ် ခ စ်ခစ်ခစ်"

ယန်ကွမ်း "..."

ယန်ကွမ်းတစ်ယောက် ဆွံ့အသွားသည်ကို မြင်တော့ မုရှောင်ဝမ်က ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားပြီး ချူ ချင်းနှင့် ချီချင်းရွှေတို့ကို မျက်ရိပ်ပြကာ စနောက်လို က်သည်။

"ဒီမောင်လေးက တော်တော်တော့ အသုံးဝင်သားပဲ ရောဂါလည်း ကုတတ်သလို၊ အထိုးအကြိတ်လည်း တော်တယ်.. ကြည့်ရတာ နောက် ငါတို့ သူ့ကို ပိုပြီး ဂရုစိုက်ပေးရတော့မယ် ထင်တယ်"

ယန်ကွမ်းက ခါးကို မတ်မတ်ဆန့်လျက် တည်တည် တံ့တံ့ဖြင့် လှမ်းပြောလိုက်၏။

"ဟောဗျာ... ကျွန်တော်က ယောကျာ်းရင့်မကြီးပါဗျာ ကလေးတစ်ယောက်လို လာမဆက်ဆံပါနဲ့ဗျ.."

ယန်ကွမ်းက အတည်ပေါက် ပြောလိုက်သော်လည်း ထိုပုံစံ က ချီချင်းရွှေနှင့် ချူချင်းတို့ကို သဘောကျ ကာ ရယ်မောမိစေခဲ့သည်။

မိန်းကလေးနှစ်ဦးစလုံးမှာ ကိုယ်စီအလှတရားများ ရှိကြရာ သူတို့ ပြုံးရယ်လိုက်သည့်အခါ ပန်းကလေး များ ပွင့်လန်းသွားသကဲ့သို့ လှပလွန်းသဖြင့် ယန်ကွ မ်းတစ်ယောက် ငေးမောကြည့်နေမိပြန်သည်။

သူ့ဘဝတွင်လည်း အလှလေးတစ်ယောက်နှင့် အတူ ထမင်းစား ရရုံမျှဖြင့်ပင် အတော်လေး ကံကောင်း သည်ဟု ဆိုရမည်ဖြစ်ရာ ယခုမူ အလှမျိုးစုံသည့် မိန်းမပျိုသုံးဦးနှင့် ဆုံတွေ့နေရသဖြင့် ယန်ကွမ်းတစ် ယောက် ဗိုက်ပြည့်ရုံ တင်မကဘဲ အလှအပများ သုံး ဆောင်နေရသလို ခံစားနေရ၏။

စနောက်ပြီးနောက် ချီချင်းရွှေက ချူချင်းကို စိတ်ဝ င်တစား ကြည့်ကာ မေးလိုက်သည်။

"ချင်းချင်း... ညီမလေးရဲ့ အကြောင်းတွေကို အစ်မ သိထားပြီးသားပါ..ဒါပေမဲ့ အဲ့ဒီတုန်းက ဘာဖြစ်လို့ အဲ့ဒီ ဟယ်ဇီတုန်းဆီက ပိုက်ဆံ ချေးလိုက်ရတာလဲ "

ထိုစကားကို ကြားရသောအခါ ချူချင်း၏ မျက်နှာ လေးမှာ ရဲခနဲ ဖြစ်သွားပြီး အားနာစွာဖြင့် ခေါင်းက လေးငုံ့ကာ ပြန်ဖြေလိုက်သည်။

"အဲ့ဒီတုန်းက အိမ်မှာ အရေးပေါ်ကိစ္စတစ်ခု ရှိလို့ပ ါ..အိမ်က ဆေးရုံတက်ဖို့အတွက် ဝမ် ၁၀၀၀ လိုနေ တာလေ.. ဟယ်ဇီတုန်းက အဲ့ဒီအကြောင်းကို ဘယ် ကနေ ကြားလဲမသိဘူး ကျွန်မဆီကို သူကိုယ်တိုင်လ ာပြီး ချေးခဲ့တာပါ..”

သူမက ခေတ္တမျှ စကားဖြတ်ပြီးမှ ဆက်ပြောလိုက် သည်။

"အရင်က တက္ကသိုလ်အတန်းဖော်လည်း ဖြစ်ဖူးတေ ာ့ ပြီးတော့ ပိုက်ဆံကလည်း အရေးတကြီး လိုနေ တာနဲ့ ဘာမှ မစဉ်းစားဘဲ ချေးလိုက်မိတာ.. ဘယ် သူသိမှာလဲ... တစ်ပတ်ပဲ ရှိသေးတယ်..သူက လူလွှ တ်ပြီး လာတောင်းတော့တာပဲ..သတ်မှတ်ရက် ပြည့် ပြီဆိုပြီး ယွမ်သုံးကျပ် (ဝမ် ၃၀၀၀ ) ပြန်ဆပ်ခိုင်းတ ာလေ…”

ထိုအကြောင်းကို ကြားရသောအခါ ချီချင်းရွှေက အ လွန်ပင် ဒေါသထွက်သွားပြီး မျက်နှာတစ်ပြင်လုံး တ င်းမာသွားပေသည်။

"တောက် သွေးစုပ်ဖုတ်ကောင်ပဲ.."

ယန်ကွမ်းကလည်း ဒေါသတကြီး ဝင်ပြောလိုက်၏။

"သွေးစုပ်ဖုတ်ကောင်တင် ဘယ်ကမလဲ အစ်မရဲ့.. ဒီ ကောင်က မရိုးသားတဲ့ စိတ်ကူးရှိနေတာဗျ.. သူ လို ချင်တာက ပိုက်ဆံမဟုတ်ဘဲ မမချင်းချင်းကိုယ်ပဲ လေ..”

ဘေးနားမှ မုရှောင်ဝမ်ကလည်း ထောက်ခံလိုက်၏။

"ဟုတ်တယ်..အဲ့ကောင်ဟယ်ဇီတုန်းကကျောင်းတုန်း ကတော့ လူကြီးလူကောင်းလိုလိုနဲ့.. အခုမှ သူ့ဗီဇအ မှန် ပေါ် လာတာ..နင် မသိပါဘူး..ချင်းချင်းရယ်.. သူ့ လူတွေ ငါ့ကို ကြည့်တဲ့ အကြည့်တွေက တကယ့်ကို ကြောက်စရာကောင်းတာဟာ.”

ထိုစကားကို ကြားသောအခါ ယန်ကွမ်းက ခေါင်းငုံ့ ပြီး မုရှောင်ဝမ်၏ ခြေတံရှည်လေးများကို မသိမသ ာ ဝေ့ကြည့်မိလိုက်ရင်း စိတ်ထဲမှ တွေးမိလိုက်သ ည်။

'မင်းကလည်း ဒီလို ဝတ်ဆင်ထားတာကိုးဗျ..ယော ကျာ်းစစ်စစ် ဖြစ်နေသရွေ့ ဘယ်သူကကော အကြ ည့် လွှဲနိုင်မှာလဲဗျာ…”

ဤသည်မှာ ယန်ကွမ်းတစ်ယောက် စိတ်ထဲမှာသာ တွေးဝံ့ခြင်း ဖြစ်သည်။တကယ်လို့ သူသာ အပြင်ထု တ် ပြောလိုက်လျှင် မုရှောင်ဝမ်ဆိုသည့် ဒေါသအိုးမ လေး ပေါက်ကွဲသွားမည်ကို ကောင်းကောင်းသိနေ သောကြောင့် ဖြစ်၏။

ထို့ကြောင့် ယန်ကွမ်းက ခပ်ပြုံးပြုံးဖြင့်ပင် စကားလ မ်းကြောင်းကို အမြန်လွှဲလိုက်သည်။

"ကဲပါ... ထားလိုက်ပါတော့..ကျွန်တော်လည်း မမချ င်းချင်းအတွက် အဲ့ဒီကောင်ကို ကောင်းကောင်းကြီး ပညာပေးပြီး ကလဲ့စားချေပေးခဲ့ပြီးပြီပဲ..ဆက်ပြီး စိ တ်ညစ်မခံနေပါနဲ့တော့ဗျာ.."

"ဒါနဲ့ ပတ်သက်လို့ ပြောရဦးမယ်..."

မုရှောင်ဝမ်က မျက်လုံးလေး ကလယ်ကလယ်လုပ်ရ င်း ချူချင်းနှင့် ချီချင်းရွှေတို့အနားသို့ တိုးကပ်သွား ကာ လျှို့ဝှက်စကား တချို့အား တိုးတိုးလေး ပြော လိုက်၏။

သူမပြောသည်ကို နားထောင်ပြီးနောက် မိန်းကလေး နှစ်ဦးစလုံး ခေတ္တမျှ မှင်တက်သွားကြပြီးမှ ခေါင်း မော့ကာ ယန်ကွမ်းအား ကြည့်လိုက်ကြသည်။သူတို့ တပြန်စီ ကြည့်လာကြသည့် အကြည့်များမှာမူ အဓိ ပ္ပာယ်များစွာ ရှိနေ၏။

ယန်ကွမ်းက ရုတ်တရက် ထိတ်လန့် တုန်လှုပ်သွားက ာ မုရှောင်ဝမ်ကို ကပျာကယာ စိုက်ကြည့်ရင်း မေး လိုက်သည်။

"ခဗျားက ကျွန်တော့် အတင်းတွေ လျှောက်ပြော နေတာမလား..”

"မဟုတ်ပါဘူး...ဝမ်အာက မင်းကို ချီးမွမ်းခန်းဖွင့် နေတာပါဟ..”

ချီချင်းရွှေက ပြုံးလျက် ယန်ကွမ်းကို ကြည့်ကာ မ ချီးကျူး လိုက်မိသည်။

"နင်ကတော့လေ... တကယ့်ကို လူလည်လေးပဲ.ခစ် ခစ်.”

All Chapters