← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း ၄၅ မသောက်ရဲရင် ခွေးပဲဗျာ

မုရှောင်ဝမ်က ယန်ကွမ်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ပြန်ရန်တွေလိုက်သည်။

"ရှင်က ကျွန်မကို ဘယ်လိုလူများ အောက်မေ့နေလဲ ကျွန်မက သူတစ်ပါးအတင်းကို အဲ့လောက်တောင် လျှောက်ပြောချင်နေတဲ့သူ ထင်လို့လား..”

ယန်ကွမ်းက ရယ်မောကာ ပြောလိုက်၏။

"ဟဲဟဲ... မပြောရင်လည်း ပြီးတာပါပဲဗျာ.. ကျွန်တေ ာ်ကလည်း တခြားရည်ရွယ်ချက်ရှိလို့ မဟုတ်ပါဘူး ဘူး အဲ့ဒီ 'ဟယ်' ဆိုတဲ့ကောင်ကို ကောင်းကောင်းကြီ း ပညာပေးချင်လို့ပါ.. မဟုတ်ရင် ဒီလူက အကျော တင်းနေဦးမှာလေ.. ဒါကြောင့်မလို့ ပိုက်ဆံကို ပြန် တောင်းလိုက်တာပေါ့.."

"တော်စမ်းပါ..နင်က တကယ်တမ်း ပိုက်ဆံမက်တာ ပဲဟာ.."

မုရှောင်ဝမ်က ယန်ကွမ်းကို တစ်ချက်ကြည့်ပြီးနော က် ထပ်ပြောလိုက်၏။

"ပြီးတော့.နင်က.. လူရှုပ်လေးလည်း ဖြစ်သေးတယ် "

ယန်ကွမ်း "..."

ထိုသို့ အပြောခံရသဖြင့် ယန်ကွမ်းက မကျေမနပ်ဖြ စ်သွားရကာ ချက်ချင်းပင် မျက်လုံးအဝိုင်းသားဖြင့် ပြန်လည်ချေပလိုက်၏။

"လျှောက်မပြောနဲ့ဦးနော်..ကျွန်တော် ဘယ်အချိန် က လူရှုပ် ဖြစ်သွားလို့လဲ…"

မုရှောင်ဝမ်က မကျေမချမ်း မေးခွန်းထုတ်လိုက်ပေ သည်။

"ဟွန်း... ရှင် ဒီနေ့ ကျွန်မရဲ့ ပေါင်တွေကို အနည်းဆုံး ဆယ်ကြိမ်မက ခိုးကြည့်ခဲ့တာလေ..အဲ့ဒါကိုမှ လူရှုပ် မဟုတ်ဘူးလို့ ငြင်းချင်သေးတာလား.."

ယန်ကွမ်းက မျက်နှာတစ်ပြင်လုံး ရုတ်တရက် ရဲခနဲ ဖြစ်သွားရကာ ထုံးစံအတိုင်း စကားအပြောကောင်း လှသော သူသည် ယခုတစ်ကြိမ်တွင်မူ စကားတစ် ခွန်းမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရရှာသည်။

ယန်ကွမ်း၏ အနေရခက်သော ပုံစံကို မြင်လိုက်ရသ ဖြင့် ချီချင်းရွှေမှာ ရယ်မောမိကာ ကပျာကယာပင် ဝ င်၍ ဖျန်ဖြေပေးလိုက်ရ၏။

"ခစ်ခစ်ခစ်..ကဲပါ... တော်ကြပါတော့ရှင် ..အချင်း ချင်း ရန်မဖြစ်ကြပါနဲ့တော့..ဝမ်အာ... ညီမလေးက လည်း..ဝတ်ထားတဲ့ အဝတ်အစားက တိုလွန်းနေတာ ကိုး၊ သူများတွေက မကြည့်ဘဲ နေနိုင်ပါ့မလား.."

သူမ၏ ဤစကားကြောင့် ယန်ကွမ်းတစ်ယောက် စိ တ်သက်သာရာရသွားကာ ချီချင်းရွှေအား ကျေးဇူး တင်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်မိသ ည်။

မုရှောင်ဝမ်သည်လည်း သူမ၏ စနောက်မှုမှာ အနည် းငယ် လွန်သွားသည်ကို ရိပ်မိလိုက်သဖြင့် ယန်ကွမ် းကို လျှာကလေးထုတ်ပြကာ ပြောင်ပြကာ ပြောလို က်၏။

"ကောင်းပါပြီ..ကောင်းပါပြီ..အစ်မရွှေကတောင် ဒီ လိုပြောမှတော့ ညီမလည်း ရှင့်ကို ဆက်မပြောတော့ ပါဘူး.."

ယန်ကွမ်းက မျက်စောင်းထိုးလျက် ပြန်ရွဲ့လိုက်၏။

"ဒါဆို ကျွန်တော်က ခဗျားကိုပါ ကျေးဇူးတင်ရဦးမှ ာလား.."

မုရှောင်ဝမ်က ယန်ကွမ်းကို ဆက်၍ အရေးမစိုက် တော့ဘဲ ချီချင်းရွှေဘက်သို့ လှည့်ကာ ပူဆာလိုက် သည်။

"အစ်မ... ညီမ ဒီနေ့ အရမ်းပျော်နေတယ်..အရက် သောက်ချင်တယ်နော် ရမလား.."

"အယ်..ဒါကတော့..."

ချီချင်းရွှေက ခေတ္တမျှ မှင်တက်သွားသော်လည်း အ လိုက်သင့်ပင် ပြုံးကာ သဘောတူလိုက်၏။

"ကောင်းပါပြီလေ..ဒီနေ့က ပျော်စရာနေ့ပဲဥစ္စာ... ဒါ ဆိုရင်လည်း နည်းနည်းပါးပါး သောက်ကြတာပေါ့.."

သူမက သဘောတူလိုက်သည့်အခါ ယန်ကွမ်းနှင့် ချူချင်းတို့နှစ်ဦးစလုံး ထိတ်လန့်သွားကြရသည်။

ချူချင်းမှာမူ အရက်မသောက်ချင်ပေ။

သူမ ရင်ထဲက အပူထုပ်ကြီး ပြေပျောက်သွားခဲ့ပြီ ဆို သော်ငြားလည်း ယခုကဲ့သို့သော အချိန်တွင် သော က်စားမူးယစ်နေခြင်းမှာ မသင့်တော်ဘူးဟူ၍ ခံစား နေရသည်။

ယန်ကွမ်းသည်လည်း ပုံမှန်အားဖြင့် အရက်သောက် လေ့သောက်ထ မရှိသူ ဖြစ်လေရာ မိမိ၏ အရက်ဒ ဏ် ခံနိုင်ရည်ရှိသည့်အပေါ် လုံးဝ ယုံကြည်ချက် မရှိ ချေ။

သူနှင့် မုရှောင်ဝမ်မှာလည်း အမြဲတစေ ရန်ဘက်တွေ လို ဖြစ်နေကြရာ ဤမိန်းကလေးက သူ့ကို မရရအေ ာင် အတင်းတိုက်ပြီး မူးအောင် လုပ်လိုက်လျှင် မ ည်သို့ လုပ်ရမည်နည်း။

ယောကျာ်းရင့်မကြီးတစ်ယောက်အနေဖြင့် အလွန် အမင်း မူးယစ်ရူးသွပ်သွားပါက သိက္ခာကျစရာကော င်းလှ၏။အထူးသဖြင့် သူသည် အစ်မချီချင်းရွှေ၏ ရှေ့မှောက်တွင် သူ၏ ရုပ်ပျက်ဆင်းပျက် ပုံစံကို လုံး ဝ အမြင်မခံလိုခြင်း ဖြစ်ပေသည်။

သို့သော်လည်း ယန်ကွမ်း၏ ငြင်းဆန်မှုမှာ အရာမ ထင်ခဲ့ပေ။

သူက အရက်မသောက်ချင်ကြောင်း စကားစလိုက် သည်နှင့် မုရှောင်ဝမ်က မျက်စောင်းခဲကာ စိုက်ကြ ည့်လာသောကြောင့် ဖြစ်၏။ဆိုင်ဝန်ထမ်းကလေးက တရုတ်အရက်ဖြူတစ်ပုလင်းကို ခပ်သွက်သွက်ပင် လာချပေးလိုက်သည်။

ပုလင်းပေါ်က တံဆိပ်ကို မြင် လိုက်ရသည့်အခါ မု ရှောင်ဝမ်က ဝမ်းသာအားရ ပြုံးကာ မေးလိုက်၏။

"ယေး..အစ်မရွှေကတော့ တကယ့်ကို သဘောကော င်းတာပဲ..ဒီအရက်တစ်ပုလင်းတင် အနည်းဆုံး ဝမ်နှ စ်ထောင် ကျော်တန်တယ် မဟုတ်လား..”

"ညီမလေးတို့ ပျော်ဖို့က အဓိကပါပဲ..ဈေးနှုန်းကို ဘ ာလို့ ဂရုစိုက်နေမှာလဲ.."

ချီချင်းရွှေက ပြုံးလျက် ပုလင်းဖုံးကို လှမ်း၍ ဖွင့်က ာ ထိုအရက်တစ်ပုလင်းကို ခွက်လေးခွက်ထဲ ခွဲထ ည့်လိုက်ရာ ပုလင်းထဲတွင် အနည်းငယ်သာ ကျန် တော့သဖြင့် သူမက ပြုံး၍ ပြောလိုက်သည်။

"ဒါက အဆင့်မြင့်အရက်ဆိုပေမဲ့ သောက်လို့တော့ လောက်ချင်မှ လောက်လိမ့်မယ်..မလောက်ရင် နော က်ထပ်တစ်ပုလင်း ထပ်မှာပေးမယ်လေ.."

ယန်ကွမ်းက ထိုစကားကို ကြားပြီး ကြောင်အသွား ကာ မေးမိလိုက်၏။

"အစ်မ... အစ်မက အရက် ဒီလောက်တောင် သော က်နိုင်တာလား.."

ချီချင်းရွှေကာ ရယ်မောရင်း ပြောလိုက်၏။

"အစ်မကတော့ အသင့်အတင့်ပါပဲ..အဓိကက ဝမ်အ ာ ကြောင့်ပါ..ခစ်ခစ်ခစ်..”

မုရှောင်ဝမ်ကလည်း မငြင်းဘဲ ခေါင်းငြိတ်ကာ ကြွား လိုက်သည်။

"မမချင်းရွှေပြောတာ မှန်တယ်..ငါက သုံးနှစ်အရွ ယ်တည်းက အရက်ဖြူကို စမြည်းဖူးတာ. ငါးနှစ်အ ရွယ်မှာ ဘီယာသောက်ဖူးတယ်.. အဲ့ဒါကြောင့် ကြီး လာတော့ ဖေဖေနဲ့ အတူတူ ခဏခဏ သောက်ဖြစ် တယ်လေ.."

ထိုသို့ပြောပြီးနောက် သူမက ယန်ကွမ်းကို စိန်ခေါ်သ လို ကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလဲ..နင် ကြောက်သွားပြီလား..အခု လက် နက်ချရင်တော့ အချိန်မီသေးတယ်နော်.."

"အဟက်... ဘာလို့ ကြောက်ရမှာလဲဗျ..စိန်လိုက်လေ ..”

မုရှောင်ဝမ်က လာရောက်စိန်ခေါ်လိုက်သဖြင့် ယန် ကွမ်း၏ ယောကျာ်းမာန်က ရုန်းကြွလာခဲ့သည်လေ။ ထိုနောက်ယန်ကွမ်းက စိတ်ထဲမှ တွေးလိုက်မိ၏။

“ အရက်ဒဏ် ခံနိုင်ရည်ကို တစ်ခါမှ ငါ မစမ်းသပ်ဖူ းသေးဘူးဆိုပေမဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ ရှန်းနူန်းကျွယ် လျို့ဝှက်စာအုပ်ရဲ့ ချီတေစွမ်းအင်တွေ ရှိနေတာပဲ.. ဒီမိန်းကလေးတစ်ယောက်တည်းကိုတော့ ကြောက် စရာလိုမလား.ဟမ့်”

ထို့ကြောင့် သူက အရက်ခွက်ကို ကောက်ကိုင်လိုက် ပြီး ကြုံးဝါးလိုက်၏။

"လာလေ.. ဒီနေ့ အသေအလဲ ပြိုင်ကြတာပေါ့ဗျာ.. ဘယ်သူ အရင်ဆုံး မှောက်မလဲ ကြည့်ကြသေးတာ ပေါ့.."

"နင့်ကို ကြောက်ရမှာလား.."

မုရှောင်ဝမ်က ခပ်ပြတ်ပြတ် ပြောပြီးသည်နှင့် ခေါင် းမော့ကာ ခွက်ထဲမှ အရက်များကို တစ်ကျိုက်တ ည်း အကုန် မော့ချပစ်လိုက်သည်။ယန်ကွမ်းနှင့် ချူ ချင်းတို့နှစ်ဦးစလုံး အံ့ဩမှင်တက်သွားကြရ၏။

ထိုခွက်က အနည်းဆုံး အရက်နှစ်ကျပ်သားခန့် ဆန့် သည်ဖြစ်ရာ အရက်မပြောနှင့် ရေတောင် ထိုမျှအထိ တစ်ကျိုက်တည်း သောက်ရန် မလွယ်ကူပေ။

အရက်တစ်ခွက်လုံး ကုန်သွားသည့်အခါ မုရှောင်ဝမ် ၏ မျက်နှာကလေးမှာ ရဲခနဲ ဖြစ်သွားပြီး နှုတ်ခမ်း ကို သပ်လျက် ယန်ကွမ်းကို စိုက်ကြည့်ကာ မေးလို က်သည်။

"ဘယ်လိုလဲ..”

"မသောက်ရဲရင် ခွေးပဲဗျာ..”

ယန်ကွမ်းက မျက်လုံးအဝိုင်းသားဖြင့် စိတ်ထဲမှ ကျိ တ်၍ အံကြိတ်ကာ ခွက်ကို မလျက် တစ်ကျိုက်တ ည်း အကုန် မော့ချလိုက်တော့သည်။သို့သော်လည်း သူ သောက်လိုက်သည်နှင့် တစ်ပြိုင်နက် လည်ချော င်းဝမှ စတင်ကာ အစာအိမ်အထိ မီးတန်းတစ်ခု ဖြ တ်ပြေးသွားသကဲ့သို့ ပူလောင်သွားရုံတင်မကဘဲ ပြ င်းထန်လှသော အရက်နံ့က နှာခေါင်းထဲအထိ အလုံး အရင်း ဝင်လာကာ လျှာတစ်ခုလုံးပါ ထုံကျဉ် ပူလေ ာင်သွားရ၏။

“အဟွတ်..အဟွတ်..အမငီးဗျာ..”

ထို့ကြောင့် အရက်မော့ပြီးသည်နှင့် ယန်ကွမ်းတစ် ယောက် အသည်းအသန် ချောင်းဆိုးမိသွားကာ မျက်ရည်များပင် ဝဲတက်လာခဲ့ရရှာသည်။

မုရှောင်ဝမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သဘောကျလွန်းသဖြင့် စားပွဲကို ဝုန်းခနဲ လက်ဝါးဖြ င့်ရိုက်ကာ လှောင်ပြောင်လိုက်၏။

"ဟားဟား... နင့်ပုံစံကို ကြည့်ရတာ အရက် သိပ်မ သောက်ဖူးတာ သိသာတယ်..ဒါနဲ့များ ငါ့ကို လာပြိုင် ရဲသေးတယ်..ခဏနေရင် စားပွဲအောက်မှာပဲ ခွေအိပ် နေဖို့သာ ပြင်ထားတော့ ဟွန့်.."

"အံမယ်... မမှောက်ပါဘူးဗျာ.."

သူမကို မျက်စောင်းထိုးလိုက်ရင်း ခန္ဓာကိုယ်ထဲမှ ရှ န်းနူန်းကျွယ်ချီအတွင်းအားကို တိတ်တဆိတ် စတင် လည်ပတ်စေလိုက်သည်။

ယန်ကွမ်း၏ မျက်နှာသည် ချက်ချင်းဆိုသလို ဝင်း ခနဲ ဖြစ်သွားသည်နှင့်အမျှ ဦးနှောက်ထဲတွင် ရီဝေေ ဝဖြစ်လာသော ခံစားချက်များမှာ ချက်ချင်းပင် ယူ ပစ်သကဲ့သို့ ပျောက်ကွယ်သွားပြီး မျက်နှာအမူအရာ မှာလည်း ပုံမှန်အတိုင်း ချက်ချင်း ပြန်လည်တည်ငြိ မ်သွားပေသည်။

"အမ်..နင်... အောက်လမ်းနည်းတစ်ခုခု သုံးလိုက်တ ာလား..”

မုရှောင်ဝမ်က မျက်မှောင်ကုတ်ကာ အရက်ပုလင်း ကို လှမ်းယူ၍ လှုပ်ရမ်းကြည့်ပြီးနောက် ပုလင်းထဲ တွင် ကျန်နေသမျှ အရက်များကို ယန်ကွမ်း၏ ခွက် ထဲသို့ အကုန်အစင် ငှဲ့ထည့်ပေးလိုက်သည်။

ဤအရက်တစ်ပုလင်းသည် စုစုပေါင်း ခွက်ငါးခွက် စာခန့်သာ ရှိရာ ဒုတိယမြောက်ခွက် ပြည့်သွားသည် နှင့် မုရှောင်ဝမ်က အပြင်ဘက်သို့ လှမ်း၍ အော်လို က်၏။

"ဝန်ထမ်းလေး... နောက်ထပ်တစ်ပုလင်း ထပ်ယူခဲ့ ဦး.."

ချီချင်းရွှေကာ ရယ်မောရင်း ဝင်ပြောလိုက်၏။

"နှစ်ပုလင်းလောက်သာ တစ်ခါတည်း မှာလိုက်ပါလ ား နင်တို့သောက်နေတဲ့ ပုံစံအတိုင်းဆိုရင် တစ်ပုလ င်း တည်းနဲ့ လောက်မှာမဟုတ်ဘူး ခစ်ခစ်.."

သူမကို ကြည့်ပြီး ယန်ကွမ်းက မေးလိုက်သည်။

"အစ်မရယ်... ဒီအရက်က တော်တော်လေး ဈေးကြီး တာကို..ဒီအတိုင်းကြီး ဖြုန်းပစ်ဖို့ မနှမြောဘူးလား"

"လာပြီး နှမြောသလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်မနေ ပါနဲ့..နင့်အိတ်ထဲက ပိုက်ဆံ ထွက်သွားတာမှ မဟုတ် တာ.."

မုရှောင်ဝမ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ဒီနေ့ ထမင်းဖိုး ဟင်းဖိုး အကုန်လုံးကို ငါပဲ ရှင်းမှာ အစ်မ အလကားချင်းရွှေဆီက အလကား မစားဘူး အဲ့ဒါကြောင့် နင်က ဘာတွေ လာပူနေတာလဲ..”

"အော်... မင်းက အဲ့လိုပြောမှတော့လည်း ကျွန်တော် က အားနာနေစရာ မလိုတော့ဘူးပေါ့.."

ယန်ကွမ်းက ခါးကို မတ်မတ်ဆန့်လိုက်ပြီး "သေရင် သေ၊ မသေရင် အပြတ်အသတ်ပဲချမယ်" ဟူသော ပုံစံမျိုးဖြင့် အသင့်ပြင်လိုက်၏။

မုရှောင်ဝမ်က တခစ်ခစ် ရယ်မောကာ ပြန်လည် ကြုံ းဝါးလိုက်သည်။

"မနာနဲ့... အားနာစရာကို မလိုတာ..ခဏနေရင် စား ပွဲအောက်မှာ ဒူးထောက်ပြီး ငါ့ကို နင် အသနားခံစေ ရမယ်.."

ထိုသို့ပြောနေစဉ်မှာပင် သူမသည် ပြင်းအား ၅၂ ဒီဂ ရီရှိသော အရက်ဖြူကို တစ်ခွက် သောက်ပြီးသွားပြီ ဖြစ်ရာ ယခုအချိန်တွင် သူမ၏ မျက်နှာကလေးမှာ နီမြန်းလျက် ရှိနေသည်။သူမပုံစံ ကြည့်ရသည်မှာ အ လွန်ပင် ချစ်စရာကောင်းလှသော်လည်း တစ်ဖက်တွ င်လည်း သူမအနေဖြင့် အရက်ရှိန် တော်တော်လေး တက်နေပြီဖြစ်ကြောင်း သိသာလှ၏။

ယန်ကွမ်းကလည်း နှာခေါင်းရှုံ့လျက် စိတ်ထဲမှ ကြုံ းဝါးလိုက်သည်။

“နောက်ထပ်တစ်ခွက် သောက်ပြီးရင်တော့ ခဗျား မှောက်သွားစေရမယ်”

ထို့ကြောင့် မုရှောင်ဝမ်က အရက်ထပ်ငှဲ့ပေးပြီးသည် နှင့် သူကပင် ဦးအောင် ခွက်ကို မြှောက်လိုက်ပြီး စိန်ခေါ်လိုက်၏။

"ဘယ်သူက အသနားခံရမလဲဆိုတာ မသေချာသေး ဘူးနော်..”

ပြောပြီးသည်နှင့် ယန်ကွမ်းက ခေါင်းမော့ကာ ခွက် ထဲမှ အရက်ကို တစ်ကျိုက်တည်း အကုန် မော့ချပစ် လိုက်သည်။

မုရှောင်ဝမ်ကလည်း အရှုံးမပေးလိုသဖြင့် သူမခွက် ကို မြောက်ကာ တစ်ကျိုက်တည်း အကုန် သောက် ချလိုက်ပြန်သည်။

သူတို့နှစ်ဦး အပြိုင်အဆိုင် သောက်နေကြသည်ကို ကြည့်ပြီး ချီချင်းရွှေက မတတ်သာသလို ခေါင်းခါ ယမ်းရင်း ဘေးနားမှာရှိသော ချူချင်းအား လှည့် ပြောလိုက်သည်။

"ချင်းချင်းလေးရေ... တို့တွေကတော့ သူတို့လို လို က်မသောက်ဘဲ အေးအေးဆေးဆေးပဲ ဇိမ်နဲ့ သော က် ကြစို့နော်.."

"ဟုတ်... ဟုတ်ကဲ့ပါ အစ်မ..."

ချူချင်းက အနည်းငယ် အားနာနေရှာသည်။ချီချင်း ရွှေက အရက်ကို တစ်ငုံ မြည်းလိုက်သည်ကို မြင်မှ သာ သူမသည်လည်း မိမိခွက်ကို ယူကာ အသာအ ယာ တစ်ငုံ ငုံလိုက်ရရှာသည်။

အရက်က ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ် ပြိုင်နက် သူမ၏ မျက်နှာကလေးမှာ ချက်ချင်းပင် နီမြန်းသွားပေသည်။

အစကတည်းက သနားကရုဏာသက်စရာ ကောင်း လောက်အောင် အေးချမ်းလှပသော သူမ၏ မျက်နှာ လေးသည် နီနီရဲရဲကလေး ဖြစ်သွားသည့်အခါ ပို၍ပ င် ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းလို့ သွားခဲ့ရပြန် သည်။

ချီချင်းရွှေက စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင် းချရင်း ရေရွတ်မိလိုက်၏။

“တကယ့်ကို အလှလေးပဲ... ဒီလို အေးအေးချမ်းချမ် းနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးမျိုးက တက ယ်ကို ရှားမှရှားပဲ..”

အခြားတစ်ဖက်တွင်မူ ယန်ကွမ်းတစ်ယောက် အလှ အပများကို ငေးမောကြည့်ရှုရန် အချိန်မရှိတော့ပေ။

ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ မုရှောင်ဝမ်အား အ နိုင် ပိုင်းလိုစိတ်သာ ပြည့်နှက်နေသဖြင့် ခွက်ထဲမှ အ ရက်ကုန်သွားသည်နှင့် သူ့ဘာသာ နောက်ထပ်တစ်ခွ က် ချက်ချင်း ထပ်ငှဲ့လိုက်ပြန်သည်။

မုရှောင်ဝမ်မှာမူ ဗိုက်ထဲတွင် မည်သည့် အစားအစာ မျှ မရှိသေးဘဲ ပြင်းထန်သော အရက်ဖြူကို နှစ်ခွက် ဆက်တိုက် သောက်လိုက်ရသဖြင့် မကြာခင်မှာပင် ခေါင်းထဲ၌ ရီဝေေဝ ဖြစ်လာကာ မူးတက်လာခဲ့၏။

သို့သော်လည်း သူမက ခေါင်းမာပြီး အရှုံးမပေးချင် သော ဗီဇရှိသူပီပီ ရီဝေေဝဖြစ်နေသော ဝေဒနာကို အောင့်အည်းသည်းခံရင်း ယန်ကွမ်းအား စိုက်ကြည့် ကာ မေးလိုက်သည်။

"နင်... နောက်ထပ်တစ်ခွက် ထပ်ချရဲသေးလား.. “

"ကဲ... တော်ကြပါတော့.."

အခြေအနေကို ကြည့်နေသော ချီချင်းရွှေက ပွဲကြမ်း တော့မည်ကို သိသဖြင့် ကပျာကယာ ဝင်တားလိုက် ရ၏။

"နင်တို့ ဒီပုံစံအတိုင်း ဆက်သောက်နေရင် ဟင်းတွေ တောင် လာမချသေးဘူး.. နှစ်ယောက်စလုံး မှောက် သွားကြတော့မယ်..”

.

.အခန်း ၄၆ ဟိုတယ်၌ တည်းခိုခြင်း

ချီချင်းရွှေ၏ စကားကို ကြားလျှင် ယန်ကွမ်းသည် အခြေအနေကို ကြည့်၍ အလိုက်သင့်ပင် စကားလမ် းကြောင်း လွှဲလိုက်ပေသည်။

"ဟုတ်ကဲ့ပါ...ပြိုင်ပွဲကို ခေတ္တရပ်နားပြီး ဖြည်းဖြည်း ခြင်းပဲ မြည်းစမ်းကြတာပေါ့.."

မုရှောင်ဝမ်က မိမိအား စူးစိုက်ကြည့်နေသည်ကို မြင် သဖြင့် သူက ကမန်းကတန်း ထပ်မံပြောလိုက်ရ၏။

“ကျွန်တော်က ခဗျားကို ကြောက်လို့ မဟုတ်ဘူးနော် ခဏ အရှိန်သတ်ထားတာ.."

"ဟမ့် ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ.."

မုရှောင်ဝမ်က မျက်စောင်းတစ်ချက် ဝေ့ဝဲလိုက်ရင်း အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ကဒ်တစ်ကဒ်အား ယန်ကွမ်းဆီသို့ ပစ်ပေးလိုက်သည်။

"ငါ အမူးလွန်ပြီး မေ့လျော့သွားမှာ စိုးလို့ ဒါကို သိ မ်းထားလိုက်. ဒါ နင့်အတွက် ငါ ခုနလေးတင် အခန်း ဖွင့်ပေးထားတဲ့ ဟိုတယ်အခန်းကဒ်ပဲ..”

ယန်ကွမ်း "..."

ဤမိန်းကလေးသည် ထိုမျှအထိ အသေးစိတ် ဂရုစို က်တတ်လိမ့်မည်ဟု သူ အမှန်ပင် မထင်မှတ်ထားခဲ့ မိချေ။သူ့အတွက် လက်ကိုင်ဖုန်းတစ်လုံး ဝယ်ယူပေ းရုံမျှမက ယခုည နေထိုင်ရေးအတွက်ပါ အစစအ ရာရာ စီမံပေးထားသည် မဟုတ်ပေလော။

ယန်ကွမ်း၏ ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲ ဖြစ်သွားရပြီ းနောက် ကဒ်ကို သိမ်းဆည်းကာ ကျေးဇူးတင်စက ား ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော် ခဗျားနဲ့.. ပြိုင်မသောက် တော့ပါဘူး..ဇိမ်ရှိရှိ စားသောက်ရင်း စကားစမြည် ပြောကြတာပေါ့ဗျာ..ဟဲဟဲ”

မုရှောင်ဝမ်သည် ရီဝေဝေ မျက်ဝန်းများဖြင့် သံသ ယစိတ်ဝင်ကာ မေးမြန်းလိုက်၏။

"နင် အရှုံးပေးပြီပေါ့လေ.."

ယန်ကွမ်းက မချိပြုံး ပြုံးရင်း ပြန်ဖြေလိုက်သည်။

"အင်းပါဗျာ... ကျွန်တော် အရှုံးပေးပါတယ်..”

"တကယ် လိမ္မာတယ် ဟီးဟီး.."

ယန်ကွမ်းလည်း ဘာပြန်ပြောရမှန်းမသိတော့ဘဲ မျ က်မှောင်ကုပ်လျက် သက်ပြင်းချကာ ခေါင်းကိုသာ ရမ်းခါမိသည်။ထို့နောက်တွင်မူ နှစ်ဦးစလုံး ပြိုင် မ သောက်ကြတော့ဘဲ ဟင်းလျာများ စုံလင်စွာ ရောက် လာသည့်အခါ မြိန်ရှက်စွာ သုံးဆောင်ရင်း စကားစ မြည် ပြောဆိုဖြစ်ခဲ့ကြ၏။

ချီရင်ရွှေး အလေးအနက်ထားဆုံး အကြောင်းအရာ မှာ ယန်ကွမ်း၏ စိုက်ပျိုးရေး လုပ်ငန်းအခြေအနေပ င် ဖြစ်သည်။ချုံရှန်းရွာတွင် ဖန်လုံအိမ် စိုက်ခင်းများ စတင်ဆောက် လုပ်နေပြီဖြစ်ကြောင်းနှင့် မကြာမီ အ ချိန်အတွင်း ဆေးဖက်ဝင်ဥများ စတင်စိုက်ပျိုးတော့ မည် ဖြစ်ကြောင်း ကြားသိရသောအခါ သူမက ယုံ ကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ ကတိပေးလိုက် ၏။

"အင်း... နင့်ရဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးအေ ာင်မြင်တဲ့ အချိန်ကျရင် အစ်မ ရွာကို နောက် တစ် ခေါက် အလည်လာခဲ့ဦးမယ်.."

မုရှောင်ဝမ်သည် အရက် နှစ်ခွက်မျှ သောက်ထား သော်လည်း စိတ်အာရုံ စူးစိုက်နိုင်ဆဲ ဖြစ်သဖြင့် ချ က်ချင်းပင် မေးမြန်းလိုက်ပေသည်။

"အမ် အစ်မချင်းရွှေက သူတို့ရွာကို ရောက်ဖူးတယ် လား…”

"ရောက်ဖူးတာပေါ့.. ရွှီလင်းကို နင် မှတ်မိတယ် မ လား..သူက ယန်ကွမ်းတို့ရွာရဲ့ ပါတီအတွင်းရေးမှူး လေ….”

မုရှောင်ဝမ်သည် ခေတ္တမျှ မှင်တက်သွားကာ ရေရွတ် လိုက်၏။

"တကယ်လား? ဒါဆိုရင်တော့ ကျွန်မလည်း အချိန် လုပြီး တစ်ခေါက်လောက် သွားကြည့်ရဦးမယ်..”

ထို့နောက် သူမသည် ယန်ကွမ်အား စိန်ခေါ်သလို စို က်ကြည့်ရင်း မေးလိုက်သည်။

"ဟဲ့ နင်တို့ရွာကို ငါလာရင် ကြိုဆိုမှာလား..”

"အမ် ခဗျားက ဓားပြမှ မဟုတ်တာ... ဘာလို့ မကြို ဆိုရမှာလဲ.."

ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်၏။

"လာခဲ့စမ်းပါ.. ကျွန်တော့် အိမ်ရောက်ရင် ကောင်း ကောင်းမွန်မွန် ဧည့်ခံပေးပါ့မယ်ဗျာ..”

မုရှောင်ဝမ်သည် ချက်ချင်းဆိုသလိုပင် စိတ်အားတ က်ကြွသွားကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက် ပေသည်။

"ကောင်းပြီလေ... ကတိနော်.."

စားသောက်ပြီးကြသောအခါ ပြင်ပ၌ အမှောင်ထုသ ည် လျင်မြန်စွာ ဖုံးလွှမ်းလာခဲ့ပြီး လမ်းမီးတိုင်များမှ ာလည်း လင်းထိန်နေ၏။

အရက် နှစ်ပုလင်းလုံးကို ယန်ကွမ်းနှင့် မုရှောင်ဝမ် တို့က အများဆုံး သောက်ခဲ့ကြသော်လည်း ချီချင်း ရွှေနှင့် ချူချင်းတို့မှာမူ နည်းနည်းပဲ သောက်ခဲ့ကြသ ည်။

သို့သော်လည်း ပျိုမေနှစ်ဦး၏ ပါးပြင်ထက်၌လည်း နီမြန်းသော အသွေးအရောင်များ ယှက်သန်းနေကြ ၏။

မုရှောင်ဝမ်မှာမူ အရက်ဒဏ် အတော်လေး ခံနိုင်ရည် ရှိသော်လည်း အလွန်အကျွံ သောက်မိသွားသဖြင့် ယခုအခါ သူမ စကားပြောရာတွင် လျှာလေးသံပေါ က်နေပြီး မျက်နှာတစ်ပြင်လုံးလည်း ပိုမိုနီမြန်းနေပေ သည်။

ထို့နောက် စားသောက်ပြီးသည်နှင့် ချက်ချင်းပင် သူ မသည် ငွေရှင်းရန်အတွက် ကောင်တာသို့ အပြေးအ လွှား သွားလိုက်သည်။ကောင်တာမှ ဝန်ထမ်းအား ချီ ချင်းရွှေက အထူးလျှော့စျေး ပေးခိုင်းခဲ့သော်လည်း ယွမ် ၃,၀၀၀ ယွမ်ထက်မနည်း ကုန်ကျနေ၏။

ထိုပမာဏကို မြင်လိုက်ရသောအခါ ယန်ကွမ်းက မျ က်ခုံးပင့်မိသွားပြီး ချမ်းသာသောသူများ၏ ဘဝမှာ အမှန်ပင် ကွာခြားလှပါတကား၊ထိုမျှများပြားသော ငွေကြေးကို မျက်တောင်တစ်ချက် မခတ်တမ်း သုံး စွဲနိုင်ကြသည်ဟူ၍ စိတ်ထဲမှ တွေးမိလိုက်သည်။

ငွေရှင်းပြီး အပြင်သို့ ထွက်လာသောအခါ ချီချင်းရွှေ က မုရှောင်ဝမ်အား မေးမြန်လိုက်၏။

"ဝမ်အာ... ညည်း ဒီလောက်တောင် အမူးလွန်နေ တာ အိမ်ကို ဘယ်လိုပြန်မလဲ..”

"အငှားယာဉ်မောင်းတစ်ယောက် ခေါ်ပြီး ချင်းချင်း ကိုပါ တစ်ခါတည်း လိုက်ပို့လိုက်မယ်လေ.."

သူမ၏ စကားလုံးများမှာ အနည်းငယ် လျှာလေး နေ သည်ကို တွေ့ရသဖြင့် ချီချင်းရွှေက စိုးရိမ်တကြီး ဖျောင်းဖျလိုက်သည်။

"ဒါထက်..နင်. ဒီမှာပဲ တစ်ညအိပ်နားပြီး အမူးပြေမှ ပြန်ပါလားဟ..”

"အာ ကျွန်မ တကယ် အဆင်ပြေပါတယ်ဆို.."

မုရှောင်ဝမ်သည် အလွန်ခေါင်းမာလှသဖြင့် စကား လည်းဆုံးရော သက်သေပြသည့်အနေဖြင့် လမ်းမ ထက်၌ တည့်တည့်မတ်မတ် လျှောက်ပြလိုက်သည်။

ချီချင်းရွှေလည်း မတတ်နိုင်သည့်အဆုံး အလျှော့ ပေးလိုက်ရ၏။

သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီး ရုံရှိသေး တိုက်ခတ်လာသော ညလေညင်းကြောင့် မု ရှောင်ဝမ်သည် အရှိန်ပြင်းစွာ မူးဝေလာပြီး တစ်ချ က် ယိမ်းထိုးသွားပေသည်။

“ကောင်းရော့ဟ..”

ယန်ကွမ်းက သူမ၏ဘေးနားတွင် ရှိနေသဖြင့် အချိ န်မီ ဆွဲထိန်းလိုက်နိုင်၍သာ တော်တော့သည်။မဟုတ် လျှင်မူ ထိုမိန်းကလေးမှာ လမ်းမပေါ်သို့ ပစ်လဲသွား ရချေမည်။

ထိုမြင်ကွင်းကို မြင်လျှင် ချီချင်းရွှေက သက်ပြင်း ချကာ ပြောလိုက်၏။

"ညည်းကတော့လေ... တကယ်ပဲ ခေါင်းမာလွန်းတ ယ်..အခုတော့ ငြိမ်သွားပြီမလား.."

အမူးရှိန်က ဝုန်းခနဲ တက်လာသည်နှင့်အမျှ မုရှောင် ဝမ်၏ ရင်ထဲ၌ မအီမသာဖြစ်လာပြီး အော့အန်လု နီး ပါး ဖြစ်သွားရသည်။စိတ်အာရုံများ တဖြည်းဖြည်း ဝေဝါးလာသဖြင့် သူမသည် ယန်ကွမ်း၏ လက်မော င်းကို အသည်းအသန် လှမ်းဖက်လိုက်ရင်း ကမန်း ကတန်း ပြောလိုက်၏။

"မြန်မြန်... ငါ အိမ်မပြန်တော့ဘူး..ငါ့ကို ဟိုတယ် ကိုပဲ ပို့ပေးတော..”

သူမ၏ အသံက ကျယ်လောင်လှသဖြင့် လမ်းသွား လမ်းလာများပင် စောင်းငဲ့ကြည့်နေကြသည်။ယန်ကွ မ်းလည်း အကျပ်ရိုက်ကာ မျက်နှာပူပူဖြင့် အစ်မချီ ချင်းရွှေအား အကူအညီတောင်းသလို လှမ်းကြည့် လိုက်မိသည်။

"ရှောင်ကွမ်း နင် သူ့ကိုပဲ အခန်းထဲ ပို့ပေးလိုက်ပါဟာ ... ဒီပုံစံနဲ့ အိမ်ပြန်ရင် သူ အဆူခံရမှာ သေချာ တယ် ."

ချီချင်းရွှေလည်း မတတ်နိုင်တော့ဘဲ မုရှောင်ဝမ်ကို ကူတွဲရန် ရှေ့သို့တိုးလာသော်လည်း မုရှောင်ဝမ်ကမူ ယန်ကွမ်း၏ လက်မောင်းကိုသာ အတင်းအကျပ် ဖ က်တွဲထားပြီး လွှတ်မပေးတော့ချေ။

သူမ၏ ပြည့်ဖြိုးမို့မောက်သော ကိုယ်လုံးလေးက

သူ့ လက်မောင်းနှင့် အထပ်ထပ် ပွတ်သပ်မိနေသဖြင့် ယန်ကွမ်း၏ ရင်ထဲတွင်လည်း ဗြောင်းဆန်နေပေသ ည်။

အမှန်တော့ သူကိုယ်တိုင်လည်း အရက်ရှိန်တက်နေ သူ ဖြစ်ရာ ဤကဲ့သို့သော အထိအတွေ့ကြောင့် လ ည်ချောင်းများပင် ခြောက်သွေ့ လာရ၏။

နောက်ဆုံးတွင်မူ အခြားနည်းလမ်းမရှိတော့သဖြင့် ချီချင်းရွှေနှင့် ချူချင်းတို့က နောက်မှလိုက်ပါပြီး ယ န်ကွမ်းမှာမူ မုရှောင်ဝမ်ကို တွဲလျက် လေးဦးစလုံး မျ က်နှာချင်းဆိုင်ရှိ ဟောက်ထိုက်ဟိုတယ်ဆီသို့ ဦးတ ည်ခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်တွေ့ရသူများအဖို့ အနည်းငယ် ထူးဆန်းအံ့ဩနေကြပြီး ဘာတွေဖြစ်ပျက်နေလဲဆို သည်ကိုမူ သဲသဲကွဲကွဲ မသိကြဘဲ ယောက်ျားလေး တစ်ယောက်နှင့် မိန်းခသုံးယောက်တို့ ဟိုတယ်၏ အ ပေါ်ထပ်သို့ အပြေးအလွှား တက်သွားကြသည်ကိုသ ာ သူတို့ မြင်လိုက်ရ၏။

အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မုရှောင်ဝ မ်သည် လက်ကိုလွှတ်ကာ သန့်စင်ခန်းထဲသို့ အလေ ာတကြီး ပြေးဝင်သွားပေသည်။ထို့နောက်တွင်မူ သူ မ၏ အော့အန်သံများ ထွက်ပေါ်လာ၏။

ယန်ကွမ်းနှင့် ချီချင်းရွှေတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူပင် သက်ပြင်းချရင်း ခေါင်းရမ်း မိလိုက်ကြသည်။ထို့နောက်တွင်မူ ချီချင်းရွှေကို ချူ ချင်းကို ခေါ်၍ သန့်စင်ခန်းထဲသို့ ဝင်လာခဲ့၏။

ယန်ကွမ်းအနေဖြင့်မူ သန့်စင်ခန်းထဲသို့ လိုက်ဝင်ရန် လုံးဝမဖြစ်နိုင်သဖြင့် အခန်းတွင်းရှိ အပြင်အဆင်ကို သာ လှည့်ပတ်ကြည့်ရှုနေလိုက်သည်။ဤအခန်းကာ း ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်း ပါဝင်သော ဇိမ်ခံအခန်းဖြစ်ကာ အလွန်ပင် ခမ်းနားထည်ဝါစွာ ပြ င်ဆင်ထားပေသည်။

"ဒီလိုအခန်းမျိုးမှာ တစ်ညတည်းဖို့ဆိုရင် ယွမ်နှစ်ရာ လောက်တော့ ပေးရမှာပဲမလား..”

ယန်ကွမ်းက စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်ရင်း အံ့ဩမိနေ၏။သူ့လို လူမျိုးက ဤမျှခမ်းနားထည်ဝါ သော ဇိမ်ခံအခန်း၌ တည်းခိုခွင့်ရလိမ့်မည်ဟု တစ်ခ ါမျှ မတွေးတောခဲ့ဖူးချေ။

သူ့ ခန္ဓာကိုယ်တွင်းရှိ ရှန်းနူန်းကျွယ်ကျင့်စဉ်၏ ထိန်း ချုပ်မောင်းနှင်မှုကြောင့် ခန္ဓာကိုယ်ထဲရှိ အရက်ရှိန် များမှာမူ တဖြည်းဖြည်း ပြယ်လွင့်သွားခဲ့ပြီ ဖြစ်ရာ ဆိုဖာပေါ်၌ ယန်ကွမ်း ဝင်ထိုင်လိုက်ရင်း သက်တော င့်သက်သာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည် ။

မကြာမီအချိန်အတွင်းမှာပင် အမူးလွန်၍ ရီဝေေဝဖြ စ်နေသော မုရှောင်ဝမ်ကို တွဲလျက် သန့်စင်ခန်းထဲမှ ခေါ်လာခဲ့ကြသည်။ချီချင်းရွှေက ရန်ကွမ်အား ကြ ည့်ကာ ပြောလိုက်၏။

"ဒီကောင်မလေး အတော်လေး အမူးလွန်နေတယ်.. ခဏနေရင် ထပ်အန်ဦးမလား မသိဘူး..သူ့ကို ခဏ လောက် လှဲအိပ်ခိုင်းလိုက်ဦးမယ်.."

ယန်ကွမ်းအနေဖြင့်လည်း ငြင်းပယ်ရန် အကြောင်းမ ရှိသဖြင့် ကမန်းကတန်းပင် ခေါင်းညိတ်ပြလိုက်သ ည်။

"ဟုတ်..”

ထို့နောက် အိပ်ခန်းထဲသို့ မိန်းခပျိုလေးသုံးဦး ဝင်သွ ားသည်ကို မြင်သောအခါ ယန်ကွမ်း၏ ရင်ထဲ၌ ရု တ်တရက် ဂဏာမငြိမ် ဖြစ်လာရသည်။

ဟိုတယ်အခန်းတစ်ခန်းတည်း၌ မိန်းကလေးတစ်ဦး နှင့် အတူရှိနေရခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော်လည်း ဤနေရာ၌ သူ ရှိနေခြင်းမှာ မလျော်ကန်ဘူးဟူ၍ ခံစားလိုက်ရ၏။

အနည်းငယ် တွေးတောလိုက်ပြီးနောက် ယန်ကွမ်းက အိပ်ခန်းတံခါးဝသို့ လျှောက်လာကာပြောလိုက်သည် ။

"ဟိုလေ..ကျွန်တော် အင်တာနက်ကဖေးဆိုင်မှာပဲ တ စ်ညလောက် သွားအိပ်လိုက်မယ်လေ..”

"မဖြစ်ဘူး.."

ချက်ချင်းဆိုသလိုပင် ချီချင်းရွှေက တားလိုက်ရင်း အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

"ရှောင်ဝမ်က ဒီမှာအိပ်မှာဆိုတော့ နင့်အတွက် ဘေ းခန်းမှာ အခန်းတစ်ခန်း ထပ်ဖွင့်ပေးမှာပေါ့.. အင် တာနက်ကဖေးကို သွားစရာလား..”

"ရပါတယ်.. ကျွန်တော်ကလည်း အဲဒီကိုပဲ သွားဖို့ အစီအစဉ်ရှိလို့ပါ.ဟီး..”

ချီချင်းရွှေက မျက်မှောင်ကုပ်လိုက်ပြီး အမိန့်ပေးလို က်သည်။

"မရပါဘူး... အစ်မ စကားကိုနားထောင်.. နင် ဒီည ဒီမှာပဲ တည်းရမယ်.."

သူမ၏ လှပသော ပါးပြင်ထက်၌ နီမြန်းသော သွေး ကြောများ ယှက်သန်းနေပြီး တည်ကြည်သော မျက် နှာပေးလေး တမင်တကာ လုပ်ထားသည်မှာ အလွန် ပင် ချစ်စရာကောင်းလှ၏။

ထိုအခြင်းအရာကို မြင်သောအခါ ယန်ကွမ်းလည်း ငြင်းဆန်ရန် ခက်ခဲသွားသဖြင့် ခေါင်းသာညိတ်ပြလို က်သည်။

"ကောင်းပါပြီဗျာ"

"ချင်းချင်းက ရှောင်ဝမ်ကို စောင့်ရှောက်ပေးနေတ ယ် .. ဟိုတယ်မှာ အခန်းလွတ်ရှိသေးလား အစ်မ သွ ား မေးကြည့်လိုက်ဦးမယ်.."

ချီရင်ရွှေးက ပြောပြောဆိုဆိုဖြင့် လှည့်ထွက်ကာ တံ ခါးအပြင်သို့ ထွက်သွားပေသည်။မိနစ်အနည်းငယ် ကြာပြီးနောက် သူမ ပြန်ရောက် လာသောအခါ မျက် နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ကို ယန်ကွမ်း တွေ့လိုက်ရ၏။

ယန်ကွမ်းက မြင်မြင်ချင်း မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ အစ်မချင်းရွှေ.."

"ဘာတွေဖြစ်နေလဲတော့ မသိဘူး... ဒီနေ့ ဟိုတယ်မှာ လူအပြည့်ပဲတဲ့ အခန်းလွတ် တစ်ခန်းမှ မရှိတော့ဘူး ဟ"

ယန်ကွမ်းမှာမူ အံ့အားသင့်ကာ ပြန်ပြောလိုက်၏။

"အမ် ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲဗျာ.."

ချီချင်းရွှေက သေချာ ရှင်းပြလိုက်သည်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲတစ်ခု ရှိနေ လို့ ထင်တယ်... တစ်နိုင်ငံလုံးက စာမေးပွဲဖြေမယ့် လူတွေ ရောက်နေကြတာဆိုတော့ တစ်မြို့လုံးမှာရှိ တဲ့ ဟိုတယ်တွေ အကုန်လူပြည့်နေတာတဲ့"

ယန်ကွမ်းက ကမန်းကတန်း ပြောလိုက်၏။

"အာ... ဒါဆိုရင် ဘယ်လိုလုပ်မလဲ မဖြစ်သေးပါဘူး. . .ကျွန်တော် အင်တာနက်ကဖေးဆိုင်မှာ သွားအိပ်တ ာ ပိုကောင်းမယ် ထင်တယ်နော်..”

All Chapters