← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း ၄၇ ရေထသောက်ခြင်း

ချီရင်ရွှေးက ယန်ကွမ်းအား မော့ကြည့်ကာ ပြောလို က်သည်။

"လျှောက်ပြီး ဇွတ်မလုပ်စမ်းပါနဲ့... အဆိုးဆုံးဖြစ်ရင် လည်း နင် ဆိုဖာပေါ်မှာပဲ အိပ်လိုက်ပေါ့.. ဘာပဲဖြစ် ဖြစ် အစ်မ နင့်ကို အင်တာနက်ကဖေးဆိုင်ကိုတော့ အသွားမခံနိုင်ပါဘူး.. .”

အစ်မချင်းရွှေက သူ့အကျိုးကို မျှော်ကိုး၍ ပြောဆို နေခြင်းဖြစ်ကြောင်း သိသဖြင့် ယန်ကွမ်းလည်း ရင် ထဲ၌ လှိုက်လှဲစွာ ကရုဏာသက်မိပြီး မမေးဘဲ မနေနို င်အောင် ဖြစ်သွားရ၏။

"ဒါဆိုရင် အစ်မကရော ဘယ်လိုလုပ်မှာလဲ"

ချီချင်းရွှေက ခေတ္တမျှ မှင်တက်သွားပြီးနောက် အိပ် ခန်းဆီသို့ လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"နောက်မှပဲ အခြေအနေကြည့်ရတာပေါ့..ရှောင်ဝမ် သက်သာသွားရင် ငါ အိမ်ပြန်လို့ရတာပဲ.."

“ဟုတ်ကဲ့.. “

ယန်ကွမ်းက စိတ်ထဲ၌မူ သူမအား မပြန်စေလိုသော် လည်း တားမြစ်ရန် အကြောင်းပြချက် မရှိသကဲ့သို့ တိုက်ရိုက်လည်း မပြောရဲသဖြင့် မချိပြုံးသာ ပြုံးနေ လိုက်သည်။

ချီရင်ရွှေးသည် အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး မိနစ် အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ ပြန်ထွက်လာ ၏။သူမနှင့်အတူ ချူချင်းပါ တစ်ခါတည်း ပါလာခဲ့ သည်။

ချီချင်းရွှေက အကူအညီတောင်းလိုက်၏။

"ရှောင်ကွမ်း... ညဉ့်လည်း တော်တော်နက်နေပြီဆို တော့ ချင်းချင်းလည်း အိမ်ပြန်ဖို့ အချိန်တန်ပြီ.. သူ တစ်ယောက်တည်း ပြန်ရင် အစ်မ စိတ်မချလို့.နင်လို က်ပို့ပေးလို့ ရမလား.."

ယန်ကွမ်းလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။

"ရတာပေါ့ဗျာ.. “

ချူချင်းကမူ သူတစ်ယောက်တည်း ပြန်နိုင်ကြောင်း နှင့် ဘာမှမဖြစ်နိုင်ကြောင်း ငြင်းပယ်ရန် ကြိုးစား သော်လည်း ယန်ကွမ်းနှင့် ချီချင်းရွှေတို့ နှစ်ဦးလုံးက ပြိုင်တူပင် ငြင်းဆန်ကြပြီး အိမ် အရောက်လိုက် ပို့ရမည်ဟုသာ ပြောလိုက်၏။

ထိုမျှ လှပချောမောသော မိန်းကလေးတစ်ဦးအဖို့ မြို့ထဲတွင် ဥပဒေစိုးမိုးရေး မည်မျှပင် ကောင်းမွန်သ ည် ဆိုစေကာမူ ညဉ့်နက်သန်းခေါင်၌ တစ်ယောက် တည်း ပြန်ရမည်ကို အားလုံးက စိုးရိမ်မကင်း ဖြစ် ကြသည်မှာ ဓမ္မတာပင်။

ထို့ကြောင့် နောက်ဆုံးတွင် ယန်ကွမ်းနှင့် ချူချင်းတို့ သည် အတူတကွ အပြင်သို့ထွက်၍ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

သူမ၏ နေအိမ်မှာ မြို့စွန်၌ ရှိသဖြင့် ယန်ကွမ်းက

အငှားယာဉ်တစ်စီးကို တားလိုက်ပြီး နှစ်ဦးသား အ တူတူ စီးလာခဲ့၏။လမ်းခရီးတစ်လျှောက်တွင်မူ သူ တို့နှစ်ဦးအကြား၌ စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ ချေ။

လိုရာခရီးသို့ ရောက်ရှိသောအခါ ယန်ကွမ်းက ကား ခ ရှင်းပေးလိုက်ပြီး ပျဉ်ထောင်အိမ်များ အစီအရီ ရှိ နေသော လူနေရပ်ကွက်လေးတစ်ခုထဲသို့ ချူချင်း နှင့်အတူတူ လိုက်ပါလာခဲ့သည်။

ဤနေရာတဝိုက်ရှိ ပတ်ဝန်းကျင်အခြေအနေကို ကြ ည့်ရင်း မိမိတို့ကျေးရွာနှင့် များစွာမခြားနားလှဘဲ အိမ်တွေက ပိုမိုစိပ်လွန်းနေလို့သာ ကွာခြားသည်ဟု ယန်ကွမ်း တစ်ယောက် ခံစားမိလိုက်၏။

မှောင်ရိပ်ကျနေသော လမ်းကြားလေးထဲသို့ ဝင် လာ ပြီးနောက် ချူချင်းက ယန်ကွမ်အား လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ကိစ္စတွေအတွက် မောင်လေးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်နော်.. “

ယန်ကွမ်းက ရယ်ရင်း ပြန်ပြောလိုက်၏။

"အာ မမချင်းကလည်း... အားနာမနေပါနဲ့ဗျာ ကျေး ဇူးတင်ပါတယ်ဆိုတဲ့ စကားကို ဘယ်နှကြိမ်ရှိပြီလဲ ပြောနေတာ မလိုပါဘူးဗျာ…ဟီး.."

ချူချင်းက တိုးတိုးလေး ရေရွတ်ရှာသည်။

"မဟုတ်တာ တကယ်လို့ မောင်လေးနဲ့ ရှောင်ဝမ်သာ မရှိခဲ့ရင် မ မ ဘာဆက်လုပ်ရမှန်းတောင် သိမှာမဟု တ်ဘူး"

ယန်ကွမ်းလည်း ခေတ္တမျှ မှင်တက်သွားပြီး သူနှင့် မု ရှောင်ဝမ်သာ မရှိခဲ့ပါက သူမ၏ ကံကြမ္မာသည် မ ည်သို့ဖြစ်သွားမည်နည်းဟု တိတ်တဆိတ် တွေးနေမိ မိသည်။

သူမတွင် ကျောထောက်နောက်ခံပေးမည့်သူ တစ်ဦး မျှမရှိဘဲ နောက်ဆုံးတွင် ယွမ်သုံးသောင်းကြောင့် ဟ ယ်ဇီတုန်း ထံ၌ ဒူးထောက် အရှုံးပေးလိုက်ရမည် လော။

ထိုသို့ တွေးမိသည်နှင့် ယန်ကွမ်း၏ ရင်ထဲ၌ အလို လို စိတ်မကောင်းဖြစ်သွားရပြီး ကမန်းကတန်း ပြန်ပြောလိုက်၏။

"အများကြီး လျှောက်မတွေးပါနဲ့တော့ မမချင်း.. ကိ စ္စတွေအားလုံး ပြေလည်သွားပြီပဲဟာ.. နောက်နောင် မမကို အနိုင်ကျင့်မယ့်သူ ရှိလာရင် ကျွန်တော့်ကိုသ ာ ချက်ချင်းဖုန်းဆက်လိုက်..သူတို့ သွားတွေတစ် ချောင်းမှ မရှိအောင် ပညာပေးပစ်မယ်လို့ ကျွန်တော် ကတိပေးတယ်..”

ချူချင်းမှာမူ သဘောကျကာ ပြုံးလိုက်ရင်းပြန်ပြော လိုက်သည်။

"မမမှာ တကယ်ပဲ မောင်လေးလိုလူမျိုး တစ်ယော က်လောက် ရှိရင် သိပ်ကောင်းမှာပဲနော်.."

ယန်ကွမ်လည်း ပြုံးကာ ပြန်စလိုက်သည်။

"အာ..မမက မောင်လေးတစ်ယောက် လိုချင်တယ် ဆိုရင် ကျွန်တော်က အချိန်မရွေး ဖြစ်ပေးနိုင်ပါတ ယ်ဗျာ..ဟီး..”

ထိုစကားကြောင့် ချူချင်းက ခြေလှမ်းများကို ရပ် တန့်လိုက်ပြီး ယန်ကွမ်းကို လှည့်ကြည့်ကာ ပြောလို က်၏။

"ဒါပေမဲ့ မောင်လေးမှာ ချီချင်းရွှေနဲ့ ရှောင်ဝမ်တို့လို အစ်မတွေ ရှိနေပြီပဲဥစ္စာ..

"လှပတဲ့ အစ်မတွေ အများကြီးရှိတာကို ဘယ်လို လူ က မကြိုက်ပဲနေမှာလဲဗျာ..”

ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်သည်။

"မမကသာ ငါ့ကို စိတ်မကွက်ဘူးဆိုရင် ရပါပြီဗျာ .”

"မမက ဘာလို့ စိတ်ကွက်ရမှာလဲ.."

ချူချင်းက ပြုံးပြီးနောက် ခေါင်းညိတ်ပြကာ ကတိ ပြုလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင် မမက နင့်ကို မောင်လေ း အရင်းတစ်ယောက်လိုပဲ သတ်မှတ်လိုက်ပြီနော်"

ယန်ကွမ်းလည်း ပျော်ရွင်သွားကာ ကမန်းကတန်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

"သိပ်ကောင်းတာပေါ့... နောက်ဆိုရင် မမကို ကျွန် တော်က မမချင်းလို့ပဲ ခေါ်တော့မယ်နော်.. ဒါမှ မမ လည်း စိတ်လုံခြုံမှုအပြည့် ရှိမှာဖြစ်သလို မုရှောင်ဝ မ် ဘေးကနေ ပွစိပွစိ ပြောနေမှာကိုလည်း ကြောက် စရာမလိုတော့ဘူးပေါ့…”

ထိုသို့ စကားတပြောပြောဖြင့် လျှောက်လာခဲ့ကြရာ နှစ်ဦးသား ချူချင်း၏ နေအိမ်တံခါးဝသို့ ရောက်လ ာခဲ့ကြသည်။သူမက ခြေလှမ်းများကို ရပ်တန့်လို က်ပြီး ယန်ကွမ်းအား လှည့်ကြည့်ကာ ပြောလိုက်၏။

"ညဉ့်လည်း တော်တော်နက်နေပြီဆိုတော့ မောင်လေ းကို အိမ်ထဲမဖိတ်တော့ဘူးနော်.. ဟိုတယ်ကိုပဲ အ မြန်ပြန်နားတော့နော်.."

ယန်ကွမ်းက ခေါင်းညိတ်ပြလိုက်သည်။

"အင်းပါ... မမ အိမ်ထဲဝင်သွားတာကို ကြည့်ပြီးမှ ကျွန်တော် ပြန်ပါ့မယ်.. “

ချူချင်း၏ နှုတ်ခမ်းအစုံသည် အသာအယာ ကွေး ညွတ်သွားပြီး ရင်ထဲ၌ နွေးထွေးမှုတစ်မျိုး လှိုက်တ က်လာခဲ့သည်။သူမက ပြုံးလျက် ခေါင်းညိတ်ပြကာ ခြံဝင်းတံခါးကို တွန်းဖွင့်၍ ဝင်ရောက်သွား၏။

သူမ တံခါးပိတ်လိုက်သည်ကို မြင်မှသာ ယန်ကွမ်း လည်း ပြန်လှည့်လာခဲ့သည်။ခုနက သူ စီးလာခဲ့သေ ာ အငှားကားကလည်း ထိုနေရာ၌ပင် ရှိနေဆဲ ဖြစ်ရ ာ ကားပေါ်သို့ တက်လိုက်သည်နှင့် ယာဉ်မောင်းက သူ့အား လှည့်ကြည့်ပြီး မေးလိုက်၏။

"လူငယ်လေး... ခုနက မိန်းကလေးက မင်းရဲ့ ရည်း စားလားဟ.. “

"ဟီး..ဖြစ်ချင်တာပေါ့ဗျာ... ဒါပေမဲ့ နှမြောစရာကော င်းတာက မဟုတ်ပါဘူးဦးဘေးရာ.."

ယန်ကွမ်းလည်း စိတ်မကောင်းသလို သက်ပြင်းချရ င်း မကြာသေးမီက သူ့ထံသို့ လှပချောမောသော မိန် းကလေးများစွာ ရောက်လာခဲ့သော်လည်း အားလုံး က အစ်မများသာ ဖြစ်ချင်နေကြသည်ဟူ၍ ရင်နာစွ ာ တွေးမိလိုက်သည်။

ထိုစကားကို ကြားသောအခါ ယာဥ်မောင်းက ကား ကို မောင်းထွက်လိုက်ရင်း ပြောလိုက်၏။

"မင်းကလည်းကွာ..မိန်းကလေးတွေဆိုတာ ချော့မေ ာ့တတ်ဖို့ လိုတယ်ကွ..အချိန်လေး ပိုပေးလိုက်ရင် သူတို့နှလုံးသားကို သိမ်းပိုက်ဖို့ လွယ်ကူသွားလိမ့်မ ယ်..ငါကြည့်ရသလောက်တော့ မင်းက လူရည်သန့် လေးတစ်ယောက်ပဲ..အခွင့်အရေး ရှိမှာသေချာပါတ ယ်ကွာ…”

ယန်ကွမ်းလည်း သဘောကျသွားပြီး ကမန်းကတန်း ခေါင်းညိတ်လျက် ပြန်လည်ပြောဆိုလိုက်သည်။

"ဒါဆိုရင်တော့ ဦးလေးရဲ့ သင်ပြမူကြောင့် ကျွန် တော် အဆင်ပြေမှာပါဗျာ..ဟီး.."

ဟိုတယ်အောက်ထပ်သို့ ပြန်လည်ရောက်ရှိသောအ ခါ စိတ်ရွှင်လန်းနေသဖြင့် ယန်ကွမ်းက ယာဉ်မောင်း အား ပိုက်ဆံ ပို၍ ပေးကမ်းလိုက်ရာ နှစ်ဦးစလုံး ကြ ည်နူးပီတိ ဖြစ်သွားကြရသည်။

အပေါ်ထပ်သို့ တက်၍ အခန်းထဲသို့ ယန်ကွမ်း ပြန် ရောက်လာခဲ့ရာ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက် နေပြီး မည်သည့်လှုပ်ရှားသံမျှ မကြားရချေ။

အိပ်ခန်းအတွင်းရှိ မီးများကို ပိတ်ထားပြီး ဖြစ်သော် လည်း ဧည့်ခန်း၌မူ မီးလင်းနေဆဲ ဖြစ်၏။

ထို့ကြောင့် ယန်ကွမ်းလည်း ဧည့်ခံစားပွဲဆီသို့ လျှော က်လှမ်းသွားရာ စာတိုလေးတစ်စောင်အား သူ တွေ့ လိုက်ရသည်။

ထိုစာကား အစ်မချီချင်းရွှေ ရေးသားထားခြင်းဖြစ် ပြီး စာထဲတွင် ဤကဲ့သို့ ရေးသားထား၏။

"ရှောင်ကွမ်း..နင် ပြန်ရောက်ရင် ဆိုဖာပေါ်မှာပဲ အနာ းယူလိုက်ပါတော့နော်..ဒီနေ့အတွက် မောင်လေး တ ကယ် ပင်ပန်းသွားရပါပြီ.."

ထိုစာကို မြင်လျှင် ယန်ကွမ်းလည်း ပြုံးလိုက်မိပြီး အိပ်ခန်းတံခါးဝဆီသို့ လှည့်ပတ်ကြည့်မိလိုက်သည် ။

ထို့နောက်တွင်မူ သူသည် ဧည့်ခန်းမီးကို ပိတ်လိုက်ပြီ း ဆိုဖာပေါ်၌ လှဲလျောင်းလိုက်ရာ အလွန်ပင် နူးညံ့ အိစက်၍ သက်တောင့်သက်သာ ရှိလှပေသည်။

ညဉ့်နက်သန်းခေါင်ယံသို့ ရောက်နေပြီဖြစ်သော်လ ည်း ရန်ကွမ်သည် လုံးဝအိပ်ချင်စိတ် မရှိသေးဘဲ မျ က်နှာကြက်ကို ငေးမောကြည့်ရင်း ယနေ့တစ်နေ့တာ လုံး ဖြစ်ပျက်ခဲ့သမျှသော ကိစ္စများအား တသသဖြ င့် ပြန်လည်တွေးတော နေမိပေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ အိပ်ခန်းတံခါး ဆီမှ ခေါက်သံသဲ့သဲ့နှင့်အတူ ရှပ်ရှပ် ရှပ်ရှပ်နှင့် အ သံတစ်သံအား ယန်ကွမ်းကြားလိုက်ရ၏။

ယန်ကွမ်းတစ်ယောက် အံ့အားသင့်ကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

"အမ်..အစ်မချီချင်းရွှေက ငါ့ကို တိတ်တိတ်လေး လာရှာတာများလား မသိဘူး.."

သို့သော်လည်း သူ ပြန်လည်ဆင်ခြင်ကြည့်သောအ ခါ မဖြစ်နိုင်ဘူးဟူ၍ ယူဆမိလိုက်၏။သူနှင့် အစ်မ ချင်းရွှေကြားတွင် ထိုမျှအထိ ရင်းနှီးကျွမ်းဝင်မှု မရှိ သေးရာ ယခုကဲ့သို့ တွေးတောမိခြင်းမှာ စိတ်ကူးယ ဉ် ဆန်လွန်းရာ ကျနေပေလိမ့်မည်။

ထို့ကြောင့် မည်သူထွက်လာသည်ကို အကဲခတ်ရန် သူ မော့ကြည့်လိုက်၏။ထိုအချိန်ခဏ၌ မြင်တွေ့လို က်ရသော မြင်ကွင်းကြောင့် ယန်ကွမ်းတစ်ယောက် လျှပ်စစ်စီးကြောင်းတစ်ကြောင်း ဖြတ်သန်းသွားသ လို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဆတ်ခနဲ တောင့် တင်းကာ မလှုပ်မယှက် ဖြစ်သွားရသည်။

ပြတင်းပေါက်ပြင်ပမှ လရောင်နှင့် လမ်းမီးရောင်မျာ း ဖြာကျနေသဖြင့် အခန်းထဲတွင်မူ လုံးဝ မှောင်မ ည်းမနေပေ။လူတစ်ဦးချင်းစီ၏ မျက်နှာကို ရှင်းလ င်းစွာ မြင်နိုင်သကဲ့သို့ ဝတ်ထားသည့် အဝတ်အစား ကိုလည်း အထင်အရှား မြင်တွေ့နေရသည်။

ယခု ယန်ကွမ်းတစ်ယောက် မျက်ဝါးထင်ထင် မြင် တွေ့နေရသည်မှာ အတွင်းခံဘောင်းဘီတစ်ထည်တ ည်းသာ ဝတ်ဆင်ထားသော မုရှောင်ဝမ် ဖြစ်နေသည်

။ထိုမိန်းကလေး၏ အပေါ်ပိုင်းမှာ လုံးဝ ဗလာ ဖြစ် နေ၏။

ယန်ကွမ်း၏ အကြည့်တို့သည် သူမထံ၌သာ သံမှို ရို က်ထားသကဲ့သို့ စွဲငြိသွားပြီး အကြည့်ကို လွှဲဖယ်ရန် လုံးဝ မတတ်နိုင်တော့ပေ။

မုရှောင်ဝမ်တစ်ယောက် အိပ်ချင်မူးတူး ဖြစ်နေ၍လ ားတော့မသိ သူမက မျက်လုံးကို ဖိပွတ်ရင်း ထွက် လာပြီးနောက် ရေစင်ရှိရာသို့ စမ်းတဝါးဝါး လျှောက် လှမ်းကာ ရေခွက်ကို ငှဲ့၍ တကျိုက်ကျိုက် သောက် လိုက်သည်။ရေငတ်မပြေသေးဟု ခံစားရသဖြင့် နေ ာက်ထပ် တစ်ခွက်ကိုလည်း သူမ ထပ်မံငှဲ့သောက် ပြန်သည်။

ယန်ကွမ်းမှာမူ အသက်ပင် မရှူဝံ့ဘဲ မှင်တက်မိလျက် စိုက်ကြည့်နေမိ၏။သူ့ နှာခေါင်းထဲမှ ပူနွေးလာသလို ခံစားလိုက်ရပြီး နှာခေါင်းသွေးပင် လျှံထွက်လုနီးပါး ဖြစ်သွားရသည်။

မုရှောင်ဝမ်ကို ယခုကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့ခွင့်ရလိမ့်မည်ဟု ယန်ကွမ်းက တစ်ခါမျှ မ တွေးမိခဲ့ချေ။

ထို့အပြင် ထိုမိန်းကလေးမှာ အပြင်ပန်းတွင် ပိန်ပိန်ပ ါးပါးလေးဟု ထင်ရသော်လည်း တကယ်တမ်း၌မူ အဝတ်အစားအောက်တွင် အဆီအဆိမ့်အပြည့်ရှိ သော အလှတရားများဖြင့် ဆွဲဆောင်မှုရှိနေလိမ့်မည် ဟူ၍ သူ မမျှော်လင့်ထားမိခဲ့ပေ။

သူမကို ခိုးကြည့်နေရင်း ယန်ကွမ်းက စိတ်ထဲမှ စိုးရိ မ်တကြီး တွေးနေမိသည်။

"ဘုရား..ဘုရား..ကျေးဇူးပြုပြီး ငါ့ကို မမြင်ပါစေနဲ့.. မဟုတ်ရင် ဒီည ငါ့ဘဝတော့ ဇာတ်သိမ်းပြီပဲကွာ အ ပေါ်ပိုင်းတစ်ခုလုံး ကွင်းကွင်းကွက်ကွက် မြင်လိုက် ရတာဆိုတော့ ဒီမုရှောင်ဝမ်သာ တွေ့ရင် ငါ့ကို သတ် ပစ်မလား မသိဘူးပဲ..”

ထိုသို့တွေးမိကာ တံတွေးတစ်ချက်ကို ခက်ခဲစွာ မျို ချလိုက်သော်လည်း မျက်လုံးကိုမူ လွှဲဖယ်ခြင်းမပြု ဘဲ ထိုအလှတရားကိုသာ သူ ဆက်လက်စိုက်ကြည့် နေမိ၏။

မုရှောင်ဝမ်သည် ရေနှစ်ခွက်ကို သောက်ပြီးနောက် ကျေနပ်သွားသည့်အလား ဖန်ခွက်ကို ပြန်လည် ချ ထားကာ လှည့်၍ အိပ်ခန်းထဲသို့ ပြန်လည်ဝင်ရောက် သွားခဲ့သည်။

အစမှအဆုံးတိုင်အောင် သူမသည် ဆိုဖာရှိရာဘက် သို့ တချက်ကလေးမျှ လှည့်လည်ကြည့်ရှုခြင်း မရှိ ခဲ့ပေ။

“ဟူး..တော်ပါသေးရဲ့ကွာ..”

တံခါးပိတ်သွားသည့် အခါမှ ယန်ကွမ်းတစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်က ရင်ထဲမှ အလုံးကြီ း ကျသွားပေသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် စောစောက မြ င်တွေ့ခဲ့ရသည့် ရင်ဖိုစရာ မြင်ကွင်းမှာ သူ့အာရုံထဲ၌ ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်နေခဲ့၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ ယန်ကွမ်း တစ် ယောက် ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားခဲ့ရသည်။ ခေတ္တမျှသာ သူ အိပ်လိုက်ရသလို ခံစားလိုက်ရချိန် တွင်မူ အိပ်ခန်းတံခါး ပြန်လည်ပွင့်လာသည့် အသံ အား ယန်ကွမ်း ကြားလိုက်ရပြန်သည်။

မျက်လုံးကို သူ ဖွင့်ကြည့်လိုက်သောအခါ အရုဏ်ဦး အလင်းရောင် ဖြာကျနေပြီဖြစ်ကြောင်း ယန်ကွမ်း တွေ့လိုက်ရသည်။ချီချင်းရွှေက သပ်သပ်ရပ်ရပ် ဝ တ်ဆင်ကာ ထွက်လာပြီး ယန်ကွမ်းကို ကြည့်၍ ပြုံး ကာ နူတ်ဆက်လိုက်၏။

"အာ..နိုးပြီလား အစ်မ နှိုးလိုက်သလို ဖြစ်သွားတာ လား.."

အခန်း ၄၈ စကားနာထိုးခြင်း

ယန်ကွမ်းက ချက်ချင်းပင် လူးလဲထထိုင်လိုက်ရင်း ပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး... ကျနော် နိုးနေတာ ကြာပါပြီ"

ချီချင်းရွှေက ယန်ကွမ်းအနားသို့ တိုးကပ်လာပြီး အ ကဲခတ်ကာ မေးလိုက်၏။

"အယ် ရှောင်ကွမ်း နင့် မျက်ကွင်းတွေ ညိုနေပါလား .နေရာ အစိမ်းမို့လို့ အိပ်မပျော်တာလား.."

ယန်ကွမ်းခမျာ စိတ်ထဲရှိသည်အား ဖွင့်မပြောရဲသဖြ င့် မချိပြုံးပြုံးရင်း ခေါင်သာ ညိတ်ပြလိုက်သည်။

"ဟုတ်တယ်..အစ်မချင်းရွှေ ကျနော်က နေရာစိမ်းရ င် အိပ်မပျော်တတ်တဲ့ လူမို့လို့ပါဗျာ..”

"ခစ်ခစ် နင်က မထင်ရဘူးနော်.."

ချီချင်းရွှေက ပြုံးကာ ဆက်ပြောလိုက်၏။

“နိုးပြီဆိုရင်လည်း သွားမျက်နှာသစ်ချေဦးတော..ငါ မနက်စာ မှာထားလိုက်မယ်..”

ယန်ကွမ်းတစ်ယောက် ဟိုတယ်တွင် တစ်ခါမျှ မတ ည်းခိုဖူးသဖြင့် ခေတ္တမျှ ကြောင်အသွားသည်။

"ဗျာ..ဒီမှာ မနက်စာပါ စားလို့ရတာလား.."

ချီချင်းရွှေက ခေါင်းညိတ်ရင်း စားပွဲပေါ်မှာရှိသော ဖု န်းကို ကောက်ကိုင်ကာ ပြောလိုက်၏။

"အင်းလေ... ဒီဟိုတယ်က ကြယ်လေးပွင့် ရှိတာ ဆို တော့ ဒီလိုဝန်ဆောင်မှုမျိုး ရှိတာပေါ့ဟဲ့.."

"ဩော်... ဟုတ်ကဲ့"

ယန်ကွမ်းလည်း ထပ်မံမေးမြန်းခြင်းမပြုတော့ဘဲ ရေချိုးခန်းထဲသို့ ခပ်သွက်သွက် ဝင်လာခဲ့သည်။သူ မျက်နှာသစ်၊ သန့်စင်ပြီး ထွက်လာချိန်တွင်မူ မုရှော င်ဝမ်လည်း အိပ်ရာမှ ထလာသည်။

ထိုမိန်းကလေးက လက်ဖမိုးဖြင့် မျက်လုံးကို ပွတ်သ ပ်ရင်း ထွက်လာသည်ကို မြင်ရသောအခါ ယန်ကွမ်း ခမျာ စိတ်ထဲတွင် အပြစ်မကင်းသလို ရင်တထိတ် ထိတ် ခံစားနေရသည်။

ကံကောင်းသည်မှာ မုရှောင်ဝမ်သည် မနေ့ညက သူ မဘာသာ ရေထွက်သောက်ခဲ့သည့် ကိစ္စအား သတိ ရမိပုံမပေါ်ဘဲ သူ့ကို တစ်ချက်မျှသာ ဝေ့ကြည့်ကာ မျက်နှာသစ်ရန် ဝင်သွားခဲ့ပေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် မနက်စာ ရောက်လ ာချိန်တွင်မူ သူမသည်လည်း လန်းဆန်း တက်ကြွ သော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားကာ ဧည့်ခန်း ထဲသို့ ထွက်လာ၏။သုံးယောက်သား စားပွဲတွင် ထိုင် ၍ မနက်စာ စားနေစဥ် မုရှောင်ဝမ်ကို တစ်လှည့် ယ န်ကွမ်းကို တစ်လှည့် ကြည့်ကာ ချီချင်းရွှေက မေးမြ န်းလိုက်သည်။

"ဟဲ့ နင်တို့နှစ်ယောက်က ဘာလို့ စကားတစ်ခွန်းမှ မ ပြောကြတာလဲ.."

ယန်ကွမ်းက ခြောက်ကပ်ကပ် ရယ်မောရင်း ငြင်းဆ န်လိုက်၏။

"ဟား..ဘာမှ... ဘာမှမဟုတ်ပါဘူး.. “

မုရှောင်ဝမ်ကမူ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ဆံ ပင်များကို ဖွဖွလေး ပွတ်သပ်ရင်း ပြောလိုက်သည်။

"မနေ့ညက ကျွန်မ အရက်တွေ အရမ်း သောက်မိသွ ားလို့..အခုထိ အရှိန်မသေသေးဘဲ နေလို့မကောင်း ဘူး ဖြစ်နေတာမို့ပါ.."

"နင်ကတော့လေ... အမြဲတမ်း အားမနာတမ်း သော က်တာကိုးဟ..”

ချီချင်းရွှေက သူမကို အလိုမကျသလို စိုက်ကြည့်ပြီ း မှ ဆက်ပြောလိုက်၏။

"မတတ်နိုင်ဘူးလေ... ငါ အဝတ်အစားလဲပြီးရင် နင် သောက်ဖို့အတွက် စားဖိုမှူးကို အရက်နာပြေတဲ့ စွပ် ပြုတ်တစ်ခွက် လုပ်ခိုင်းပေးမယ်.."

"ဟုတ်.. အဲဒါဆို ကောင်းတာပေါ့.."

မုရှောင်ဝမ်က အစားအသောက်ပျက်နေသည့်အလာ း တူကို ကိုင်ကာ ဟိုရမ်းဒီရမ်း လုပ်နေပေသည်။ယ န်ကွမ်းကမူ သူမနှင့်မတူပေ။

စားပွဲပေါ်ရှိ လက်ရာမြောက်လှသော ဆန်ပြုတ်နှင့် ပေါက်စီပူပူနွေးနွေးများကို မြင်ရုံမျှဖြင့် သူ့ ဗိုက်ထဲမှ ဆာလောင်လာသည်။သို့သော်လည်း မနက်စာ စား နေစဉ်မှာပင် ချီချင်းရွှေက ရုတ်တရက် မေးမြန်းလို က်၏။

"ရှောင်ကွမ်း..နင်. မနေ့ညက ဘယ်အချိန်လောက်မှ ပြန်ရောက်တာလဲ..”

"ဆယ်နာရီကျော်လောက် ထင်တယ်ဗျ. မမချူချင်း ကို လိုက်ပို့ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့တာပဲ.."

ချီချင်းရွှေက ပြုံးကာ ပြောလိုက်သည်။

"အင်း..နင်လည်း ပင်ပန်းသွားပြီနော်..တစ်ညလုံး ဆိုဖာပေါ်မှာ အိပ်လိုက်ရတာကိုး.."

“ချလွမ်...”

သူမစကား ဆုံးသည်နှင့်တပြိုင်နက် မုရှောင်ဝမ် ကို င် ထားသော တူမှာ စားပွဲပေါ်သို့ လွတ်ကျသွားပေ သည်။

ထို့ကြောင့် ယန်ကွမ်းတို့နှစ်ဦးစလုံးက သူမအား ပြို င်တူကြည့်လိုက်ရာ ချီချင်းရွှေက မသင်္ကာသလိုဖြင့် မေးလိုက်၏။

“အမ်.နင်က ဘာဖြစ်တာလည်း..”

မုရှောင်ဝမ်သည် ယန်ကွမ်းကို စိုက်ကြည့်ရင်း ပြန် မေး လိုက်သည်။

"ဟဲ့ မနေ့ညက နင် ဆိုဖာပေါ်မှာ အိပ်တာလား.."

သူမ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီး စောစောက အိပ်ချင်မူးတူး ပုံစံမျိုး လုံးဝ မရှိတော့ပေ။

အစကတည်းက ယန်ကွမ်း၏ စိတ်ထဲတွင် အပြစ်မ ကင်းသလို ဖြစ်နေသောကြောင့် သူမ၏ မျက်လုံးမျ ားကို မြင်လိုက်သောအခါ ခေါင်းညိတ်ကာ ဝန်ခံလို က်ရသည်။

"ဟုတ်ပါတယ်.."

မုရှောင်ဝမ်က မျက်မှောင်ကျုံ့ကာ မေးလိုက်၏။

"ဒါဆို... မနေ့ညက တစ်ခုခု ဆူညံသံကြားတော့ နင် နိုးမလာဘူးလား.."

ယန်ကွမ်းက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ရင်ထဲမှ ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း ပြန်မေးလိုက်သည်။

"အာ..မနိုးပါဘူး... ဘာဖြစ်လို့လဲဗျ.."

"ဘာလဲ...ခဗျားက အိပ်ရင် ဟောက်တတ်လို့လား"

"အံမယ်... နင်သာ ဟောက်တာပါ.."

မုရှောင်ဝမ်က ယန်ကွမ်းကို စိုက်ကြည့်ကာ ဒေါသ တကြီး ပြောလိုက်သည်။

"မနိုးတာ အကောင်းဆုံးပဲ..တကယ်လို့ မနေ့ညက နင် မမြင်သင့်တာတစ်ခုခုကို မြင်လိုက်တယ် ဆိုရင် တော့ အကျိုးဆက်က ကောင်းမှာမဟုတ်ဘူးနော် .. ဟမ့်..”

ယန်ကွမ်းက အလျင်အမြန်ပင် အကြောင်းပြချက် ပေးလိုက်ရ၏။

"ဩော်... ကျနော်က အိပ်ပြီဆိုရင် မိုးလင်းတဲ့အထိ တစ်ရေးမှ မနိုးဘူးဗျ..”

ဘေးမှ အကဲခတ်နေသော ချီချင်းရွှေ၏ မျက်ဝန်းအ စုံမှာမူ ရုတ်တရက် ထူးခြားစွာ ပြောင်းလဲသွားပေသ ည်။မုရှောင်ဝမ် အိပ်သည့်အခါ မည်သို့သော အလေ့ အထ ရှိသည်ကို သူမ အသိဆုံး မဟုတ်ပေလော။

ထို့အပြင် ယန်ကွမ်းတစ်ယောက် မနေ့ညက ကောင်း ကောင်းမအိပ်ရဘဲ မျက်ကွင်းညိုနေသည်ကိုလည်း သူမ သတိထားမိသည်။ထိုအချက်နှစ်ချက်ကို ပေါင် းကြည့်လိုက်သောအခါ ချီချင်းရွှေတစ်ယောက် အ ဖြစ်မှန်ကို ရိပ်မိလာ၏။

သို့သော် ပိုမိုသေချာစေရန်အတွက် ချီချင်းရွှေက မု ရှောင်ဝမ်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။

"မနေ့ညက နင် အိပ်ပျော်သွားပြီးမှ ထလာသေး လို့ လား.."

မုရှောင်ဝမ်မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ကပျာ ကယာ ခေါင်းခါရင်း ငြင်းဆန်လိုက်သည်။

"မ... မဟုတ်ပါဘူး..ကျွန်မလည်း မိုးလင်းတဲ့အထိ တစ်ဆက်တည်း အိပ်ပျော်သွားတာပါ.."

သူမကထိုသို့ ငြင်းဆိုလိုက်သော်လည်း မျက်နှာတစ် ပြင် လုံး ရဲခနဲ ဖြစ်သွားသည်ကိုမူ ဖုံးကွယ်၍ မရခဲ့ ပေ။

ချီချင်းရွှေမှာမူ အစက မသေချာသော်လည်း ယခု ကဲ့သို့ သူမ ပုံစံကို မြင်လိုက်ရသောအခါ စိတ်ထဲမှ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားပြီး ယန် ကွမ်းအား စနောက်လိုသော မျက်ဝန်းများဖြင့် လှမ်း ၍ ဝေ့ကြည့်လိုက်သည်။

ထိုအကြည့်ကို မြင်လိုက်ရသောအခါ ယန်ကွမ်း၏ မျက်နှာမှာလည်း ရုတ်တရက် ဆိုသလိုပင် နီမြန်းလ ာ၏။ကံကောင်းသည်မှာ ချီချင်းရွှေက ပြုံးရုံသာ ပြုံးနေပြီး အဖြစ်မှန်ကို ဖွင့်မပြောခဲ့ပေ။

မနက်စာ သုံးဆောင်ပြီးနောက် သုံးဦးစလုံး အခန်း ထဲမှထွက်၍ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ဟိုတယ်အခန်းအပ်နှံခြင်း လုပ်ငန်းစဉ်များကို ဆော င်ရွက်ပြီးစီးချိန်တွင် ပြန်လည်ကောင်းမွန် လာသော မုရှောင်ဝမ်က ယန်ကွမ်းအား ကြည့်ကာ မေးလိုက် သည်။

"နင်က ရွာပြန်တော့မလို့လား.."

"ဟုတ်တယ်လေ... မနေ့ညကတည်းက ပြန်မလို့ ဟာ ကို အစ်မတို့က ပေးမပြန်တာ"

မုရှောင်ဝမ်က ယန်ကွမ်းကို စိုက်ကြည့်ရင်း ပြန်ပြော လိုက်သည်။

"ကဲပါ... ဒါဆိုရင်လည်း ငါပဲ လူကောင်းအဖြစ်နဲ့ အ ဆုံးထိ တာဝန်ယူပြီး နင့်ကို ကားနဲ့ လိုက်ပို့ပေးပါ့မ ယ်.. "

ယန်ကွမ်းက ကပျာကယာ ခေါင်းခါရင်း ငြင်းဆန် လိုက်၏။

"ရပါတယ်ဗျာ..ခဗျားက အခုထိ အရက်မူးမပြေသေ း တာနဲ့ ကားကို လမ်းဘေးမြောင်းထဲ မောင်းချမ လားမသိဘူး…မလိုပါဘူးဗျာ.."

"သွားစမ်းပါ... ငါ့ရဲ့ ကားမောင်းစွမ်းရည်က အဲလော က် မညံ့ပါဘူး..ပြီးတော့ အရက်နာပြေတဲ့ စွပ်ပြုတ် သောက်ပြီးရင် အကောင်းတိုင်း ပြန်ဖြစ်သွားမှာ.."

ချီချင်းရွှေကလည်း ဝင်ရောက်၍ ဖျောင်းဖျလိုက် ၏။

"ဟုတ်တယ် ယန်ကွမ်း... ဝမ်အာကိုပဲ လိုက်ပို့ခိုင်းလို က်ပါ..မနက်စောစောစီးစီးဆိုတော့ လိုင်းကားတွေလ ည်း ရှိ ဦးမှာမဟုတ်ဘူး.."

အစ်မချင့်းရွှေကပါ ထိုသို့ပြောလာသဖြင့် ယန်ကွမ်း လည်း ငြင်းဆန်ရန် မတတ်နိုင်တော့ဘဲ ခေါင်းညိတ် လက်ခံလိုက်ရသည်။

"အဲဒါဆိုလည်း. လိုက်ပို့ဗျာ.."

ချီချင်းရွှေက ယခုကဲ့သို့ စီစဉ်ပေးရခြင်းမှာ ဤလူင ယ်နှစ်ဦးမှာ မြင်သည်နှင့် တကျက်ကျက် ရန်ဖြစ်နေ သောကြောင့် ရေရှည်တွင်မူ သံယောဇဉ်မီးပွားလေး များ ပွင့်လာနိုင်သည်ဟူ၍ တွေးမိသောကြောင့် ဖြစ် ၏။သူတို့နှစ်ဦး ဖူးစာဆုံအောင် ဖန်တီးပေးနိုင်လျှင် အလွန်ကောင်းမွန်မည်ဟု သူမ စိတ်ကူးမိလိုက်သည် ။

ချီချင်းရွှေကိုယ်တိုင်ကလည်း ခေတ်လူငယ်တစ်ဦး ဖြစ်ရာ အတွေးအခေါ် ပွင့်လင်းကာ ဂုဏ်ဒြပ်ဆိုသ ည်များကို အလေးမထားတတ်ပေ။

ယန်ကွမ်းက စိတ်ထားကောင်းမွန်သော လူရည်မွန် လေးတစ်ဦးဖြစ်ပြီး မုရှောင်ဝမ်မှာလည်း စိတ်ဆတ် သော်ငြား ဖြူစင်ရိုးသားသော မိန်းကလေးတစ်ဦး ဖြစ်သည်ဟု သူမ ခံယူထားသောကြောင့် ယခုကဲ့သို့ လမ်းခင်းပေးရခြင်း ဖြစ်ပေသည်။

ထို့နောက် သုံးဦးစလုံး အရက်နာပြေစွပ်ပြုတ် သော က်ရင်း ခေတ္တမျှ ထိုင်နားကြပြီးမှ မုရှောင်ဝမ်နှင့် ယ န်ကွမ်းတို့ အတူတူ ထွက်လာခဲ့၏။

ယန်ကွမ်းကို လိုက်ပို့ပေးခြင်းမှာ တစ်ကြောင်း မုရှော င်ဝမ်ကိုယ်တိုင်ကလည်း ယန်ကွမ်း လုပ်ကိုင်နေသ ည်သော စိုက်ပျိုးရေးလုပ်ငန်းမှာ မည်သို့မည်ပုံ ရှိသ ည်အား သိစေရန်အတွက် ချုံရှန်းကျေးရွာသို့ လိုက် လံကြည့်ရှုလိုခြင်းကြောင့် ဖြစ်၏။

ချီချင်းရွှေမှာမူ ယနေ့တွင် စားသောက်ဆိုင်၌ ကော င်တာ ထိုင်နေ ရသဖြင့် လိုက်ပါနိုင် ခြင်းမရှိဘဲ နော က်ရက်မှသာ သွားရောက်ရန်သာ သူမ ဆုံးဖြတ်လို က်ရသည်။

ကားပေါ်သို့ ရောက်ပြီးနောက် သူ မှာထားသော မှို မျိုးစေ့များအား ယန်ကွမ်းက သတိရသွားသဖြင့် မု ရှောင်ဝမ်ကို လှမ်းပြောလိုက်၏။

“ခဗျား ကျွန်တော့်ကို လိုက်ပို့ပေးမှာဆိုတော့ ကုန်စ ည်ပို့ဆောင်ရေးဂိတ်ကို အရင် ဝင်ပေးပါဦး..ကျွန် တော် အိမ်ကို သယ်သွားရမယ့် ပစ္စည်းအချို့ ရှိနေ လို့ဗျ..”

မုရှောင်ဝမ်က ကားစက်နှိုးရင်း မေးလိုက်သည်။

"ဘာပစ္စည်းမလို့လဲ.."

"တောင်သုံးလုံးဆေးမြစ် စိုက်ပျိုးဖို့အတွက် မရှိမဖြ စ်လိုအပ်တဲ့ မှိုမျိုးစေ့တွေလေ.."

"ဟဲ့... နင်က အခုထိ အဲဒီဆေးမြစ်တွေကို မစိုက်ရ သေးဘူးလား"

ထိုစကားကို ကြားသောအခါ မုရှောင်ဝမ်က လှောင် ပြုံးပြုံးလိုက်ပြီး အချိန်ကို တွက်ချက်ကာ ဝင့်ဝင့်ကြွ ားကြွား ပြောလိုက်သည်။

"ဒါဆိုရင်တော့ သွားပြီပဲ... နင်နဲ့ငါ လောင်းကြေးထ ပ်ထားတဲ့ပွဲမှာ နင် အရှုံးကြီး ရှုံးတော့မှာ သေချာတ ယ်..ခစ်ခစ်ခစ်.."

ယန်ကွမ်းက မျက်ခုံးကို ပင့်လျက် ပြန်ပြောလိုက်သ ည်။

"နေပါဦး...ခဗျား ဆန္ဒမစောသေးပါနဲ့အုံး..ကျွန်တော် လုံးဝ မရှုံးစေရဘူး.."

"ဟွန့်...နင် မယုံရင်လည်း စောင့်ကြည့်ရုံပေါ့ဟာ.."

"စောင့်ကြည့်လိုက်လေ..ဟမ့်.."

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ တစ်ယောက်တစ်ခွန်း စကားနာထိုး ငြင်းခုံရင်း ကုန် စည်ပို့ဆောင်ရေးဂိတ်သို့ ရောက်လာ၏။

မှိုမျိုးစေ့သေတ္တာကို အတူတကွ သယ်ယူပြီးနောက် မုရှောင်ဝမ်သည် ကားကို မြို့ပြင်သို့ ဦးတည်၍ မော င်းနှင်ကာ ချုံရှန်းရွာသို့ တန်းတန်းမတ်မတ် မောင်း လာခဲ့ပေသည်။

လမ်းခရီးတွင် ကားမောင်းနေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက လှမ်း၍ မေးမြန်းလိုက် ၏။

“ဒါနဲ့... ရွှီလင်းက နင့်အိမ်မှာပဲ နေတာမဟုတ်လား.."

ယန်ကွမ်းက ပြန်မေးလိုက်သည်။

"အင်းလေ...အဲ့တာ ဘာဖြစ်လို့လဲ"

မုရှောင်ဝမ်က မဲ့ပြုံးပြုံးရင်း မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... ငါ သူ့ကို မြင်ဖူးတယ်လေ တ ကယ့်ကို အလှလေးပဲ..နင့်အိမ်မှာ နေ့တိုင်း အတူတူ နေနေရတာဆိုတော့ နင့်ဆီမှာ မဟုတ်တဲ့ အတွေး တွေဘာတွေများ မရှိဘူးလားလို့.."

ယန်ကွမ်းတစ်ယောက် ပြောစရာစကား ဆွံ့အသွား ကာ သူမကို ဒေါသတကြီး ကြည့်လိုက်မိသည်။

"ခဗျားကတော့လေ... ကျွန်တော့်ကို ဘယ်လိုလူစား မျိုးများ မှတ်နေလဲမသိဘူး.."

မုရှောင်ဝမ်က တခစ်ခစ် ရယ်မောကာ ပြောလိုက်၏ ။

"နင်က လူဆိုးကြီးတော့ မဟုတ်ပါဘူး…ဒါပေမဲ့ မိ န်းမငမ်းတဲ့အကျင့် ရှိတာကိုတော့ ငါ အပိုင်သိတယ် "

ယခုမူ ယန်ကွမ်းတစ်ယောက် စိတ်တိုသွားရပြီး သူ မဘက်သို့ လှည့်ကာ ပြန်ပြောလိုက်သည်။

"ခဗျားက ကျွန်တော့်ကို ခဗျားပေါင်တံတွေ ခိုးကြည့် တယ်ဆိုပြီး ထပ်ပြောချင်ပြန်ပြီ မဟုတ်လား…ကျွန် တော် တမင်ကြည့်တာ မဟုတ်ပါဘူးလို့ ပြောထားပြီ းသားပဲ..နင်ကိုယ်တိုင်ကမှ အတိုအပြတ်တွေ ဝတ် ထားတာကိုး.."

မုရှောင်ဝမ်က ဇွတ်ငြင်းဆန်ရင်း စိန်ခေါ်သည့် အလ ား ပြန်ပြောလိုက်၏။

"အတိုအပြတ် ဝတ်တာက ငါ့လွတ်လပ်ခွင့်လေ.. အဲ ဒါကို စိုက်ကြည့်နေတဲ့ နင်ကမှ နာဗူးကြီး.."

ယန်ကွမ်းမှာ စိတ်ဆိုးဒေါသထွက်သွားရပြီး သူမကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်ပေသည်။

"အံမယ် မနေ့ညက ခဗျား တစ်ကိုယ်လုံး ဗလာကျင် းနေတာတောင် ကျွန်တော်က စိုက်မကြည့် မိပါဘူး ဗျာ.."

All Chapters